Wednesday, July 24, 2013

((((မေတ္တာတည်တဲ့ရိပ်မြုံ))))




ရင်ဘတ်ချင်းညီ

ချစ်ခွန်းသီဖွဲ့

စွယ်တော်ရွက်လို
 
နှစ်လွှာတစ်ရွတ်

အသဲချင်းထပ်

နှလုံးသွေးနဲ့ကမ္ဗည်းတင်မယ်

သံသရာကွယ် တို့မခွဲဘူးပေါ့


အကြင်နာရယ်

သစ္စာခိုင်မြဲ

ခွင့်လွတ်အနစ်နာခံခြင်း

ပေါင်းစပ်

မေတ္တာရိပ်မြုံတစ်ခုတည်ဆောက်မယ်။


စောင်းကြိုးအသွင်

တင်းတန်ကတင်း

လျော့တန်ကလျော့

မလျှော့မတင်း

မင်းနဲ့ငါ့ကြား

မေတ္တာတွေကို

ယုံကြည်မူနဲ့တည်ဆောက်မယ်။


့မေတ္တာရိပ်မြုံလေး

ထာဝရအမုန်းမဲ့နေရာဖြစ်ပြီး

အချစ်ရိပ်ရောင်အစဉ်လွှမ်းစို့ကွယ်။



ကြိုးစားပါဦးမည်။
လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment