Wednesday, July 24, 2013

ချစ်စံအိမ်



မောင့်မေတ္တာ မေယုံကြည်လို့

မေနဲ့မောင် သစ္စာသက်သေထူလို့

ချစ်စရာအိမ် ထူခဲ့ပြန်

နှစ်ယောက်တစ်ဘ၀ရယ်ပေါ့

လျှောက်ကြမယ် တစ်သက်မခွဲပြီဟု

လက်တွဲကာ အတူတူ

အခက်ခဲတွေ ရှိစမ်းစေတော့

မငြီးမညူ ကြည်ဖြူလက်တွဲလို့

ဘ၀ နေပူပူမှာလည်း

ကျရာဝန် ထမ်းကြမယ်

ချစ်မိုးတွေ အကြိမ်ကြိမ်သွန့်း

မေတ္တာအိမ် အရှည်တည်မြဲစေဖို့

မောင်ထမ်းရင် မယ်ကရွတ်မှာပေါ့

ဘ၀ နှစ်ကိုယ်ယှဉ်ကာတွဲလို့

မေနဲ့မောင် အနာဂတ်ခရီး

အဆီးအတားတွေ ဘယ်လိုများပေမယ့်

နောက်မဆုတ် ရှေ့ကိုလှမ်းကြမယ်

အသစ်ဆန်းမမင် အကြင်နာမိုးတွေနဲ့

ချစ်ပန်းပင် ရင်မှာပျိုးကြမယ်

ချစ်သစ္စာ သက်သေထူ့

ခိုင်မြဲအောင် တည်ဆောက်ကြမယ်

မေနဲ့မောင်တို့ချစ်စံအိမ်လေး။

စာဖတ်သူများအားလေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment