Wednesday, July 24, 2013

လျှောက်လှမ်းဆဲပါ..အမေရယ်



အမေ...

အကွေ့ကောက်လမ်းတွေကြား

ကျနော်လျှောက်နေတယ်

ဘယ်တော့မှပြည့်လာမယ်မသိတဲ့

ရည်မှန်းချက်ပန်းတိုင်

စိတ်ကူးတွေနဲ့ကျနော်ကျောပိုးရင်း

ဒီနေ့လည်း နေဝင်သွားခဲ့ပြန်ပြီ...အမေရယ်။

အမေ

ဘ၀ရဲ့လဲလိုက်ထူလိုက်ထလိုက်ကြား

အနားမှာ အဖော်ကောင်းဆိုတာလည်းမရှိ

အားပေးဖော်မရှိလည်း

ကျနော်လှမ်းဆဲ ခြေတွေမရပ်သေးဘူးအမေ. ။

ဘ၀ကဘ၀ပါပဲ

ဘ၀ဆိုတာ၇ုန်းကန်ခြင်းကြားမှာ

မိသားစု တစ်သိုက်အတွက်

ဖေဖေရဲ့ မျှော်လင့်ချက်

မေမေ ရဲ့ပီတိဖြစ်နေတဲ့

မျက်နှာတွေစားသုံးရင်း

ကျွန်တော့်ဘဝလေးတစ်ခုအတွက်

မျှော်လင့်ချက်နဲ့အသက်ဆက်နေတယ်

ခုတော့ မိသားစုအဝေးမှာ

အိမ်ပြန်ချိန်ကိုငံ့လင့်ရင်း

အထီးကျန်စွာမိဘအဝေးမှာ

ရှေ့တိုးတဲ့ခြေလှမ်းတွေက

အိမ်ပြန်လမ်းတွေမဖြစ်သေးဘူးအမေရယ် ။

လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment