Wednesday, July 24, 2013

ကျေနပ်နေပါ့မယ် ချစ်သူ




အချစ်တွေက တခဏလေး

ခပ်ထွေထွေလေး ယစ်မူးတယ်ဆိုရုံ

လေညှင်းတစ်ချက် လေအဝှေ့မှာ

ဖြုန်းဆိုပစ်ချ ခံရခက်ပေမယ့်

ကျေနပ်ခဲ့ပါတယ် ချစ်သူ.။

နေ့ရက်များစွာ ရင်ထဲတိုးတိတ်

လူမသိအောင် တိုးတိတ်ကိုးကွယ်

အုံ့ ပုန်းအချစ် လူတယောက်လို

အချစ်တခု ကိုးကွယ်ခဲ့ရလည်း

ငါကျေနပ်ခဲ့ပါတယ်ချစ်သူ။

ဟားတိုက်ရယ်မော လှောင်ပြောင်ပြုံးလည်း

ရင်ထဲမနာ ထွက်လို့မပြေး

စိတ်ဝယ်ခံစား သူမသိအောင်

ငါကျေနပ်ခဲ့ပါတယ် ချစ်သူ။

အသစ်မြင်လို့ အဟောင်းပစ်

မင်းပျော်မယ်ဆို ငါ့ဝေဒနာ

ရင်ဝယ်မျိုသိပ် ငါ့ ထက်သာတယ်ဆို

ရင်တွေခါးနေတာတောင်

သေလုမျောပါး အနာတရနဲ့ 

ကျေနပ် နေပါ့မယ် ချစ်သူရယ်။

ချစ်တတ်သူများပြုံးပျော်နိုင်ကြပါစေ။

ရှင်းသန့်မေ

No comments:

Post a Comment