Wednesday, July 24, 2013

(အမိမြေကိုလွမ်းတယ်)



အေးစက်နေတဲ့

ခပ်စိမ့်စိမ့် ကော်ဖီတစ်ခွက်ကိုအာရုံခံမိတိုင်း

ပူပူနွေးနွေး

အမိမြေက ရေနွေးကြမ်းကို လွမ်းတယ်။

စိတ်ကိုယစ်မူးစေတဲ့ ဂီတသံတွေကြားတိုင်း

မြန်မာဆန်ဆန်အမိမြေက

မြန်မာသံစဉ်တွေကိုလွမ်းတယ်

မာယာများတဲ့အပေါ်ယံ

ခင်မင်မှုတွေတွေ့တိုင်း

အမိမြေက

ရိုးသားတဲ့အပြုံးတွေကိုလွမ်းတယ်

ဟန်ဆောင်တတ်တဲ့

ရယ်မောမှုတွေကြုံတိုင်း

အမိမြေက

ပွင့်လင်းတဲ့စကားသံတွေကိုလွမ်းတယ်

ဂုဏ်၊ပကာသနတွေ လွှမ်းမိုးထားတဲ့

လူအုပ်ကြီးကိုမြင်တိုင်း

ရိုးသားခြင်းတွေလိုလားတဲ့

အမိမြေကိုလွမ်းတယ်

ရေနစ်သူကို ၀ါးကူထိုးတဲ့

လူတစ်စုရဲ့ ပျော်ရွှင်မှုတွေကိုမြင်တိုင်း

စည်းလုံးပြီးညီညွတ်တဲ့ အမိမြေကိုလွမ်းတယ်။





အဝေးရောက်သူငယ်ချင်းများအတွက်ခံစားရေးဖွဲ့သည်
လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment