Wednesday, July 24, 2013

တနေ့နေ့မျှော်မှန်း




မွေးမြေအဝေး

ရည်ရွယ်အတွေး

ဆန္ဒကိုယ်စီ

သွားခဲ့ကြတယ်

မြင့် မားပန်းတိုင်

လှမ်းနိုင်ဖို့ရွယ်

ကိုယ့်မြို့ရွာစွန့်

ထွက်သွားသူတွေများလှပင်။


ကိုယ်နိုင်ငံမှာ

နေချင်ပေမယ့်

အခြေတကျမရှိ

ထိတဲ့ ရင်ထဲ

ကျေကွဲမပြီး

ကိုယ့် ခရီးကိုယ်လျှောက်

ဝေဒနာများစွာ

ကိုယ့် ဝမ်းကိုယ်သာအသိဆုံးပါ...။

မိသားစုအတွက်

ဘ၀စတေး

အပျော်ပျောက်လည်း

ကြိုးစားကျိတ်မှိတ်

ဆိတ်ဆိတ်ကြိတ်ငို

အတိတ်ထားခဲ့ 

ကျတဲ့ ဒီချွေး

ခြေမစီးလည်း

မိသားစုအတွက်

တင်းထားတဲစိတ်

မနေမနား

သွေးစက်ကျ လည်း

ကြိုးစားဆဲပါ

တနေ့ရည်ရွယ်မျှော်ကာတွေးလျှက်ပင်


(အဝေးရောက်မြေမှသူငယ်ချင်းမျှော်လက့်သောတနေ့အမြန်ရောက်ပါစေ)))



♥★ ချစ်ခင်လေးစားလျှက်♥★

♥★ ရှင်းသန့်မေ♥★

No comments:

Post a Comment