Wednesday, July 24, 2013

((((မေတ္တာတရား))))



ဘ၀လောကဓံ

လှိုင်းလေထန်လည်း

အားမာန်မချ

ရှေ့သို့ရောက်အောင်

စိတ်ကဆောင်ကျဉ်း

အားမာန်အပြည့်ချီတက်မည်။

လောကဓံကြား

မနာလိုသူ

မလိုမုန်းထား

အတ္တများကြား

စိတ်အားမငယ်

မေတ္တာတရား

စိတ်ဝယ်ထားကာ

ရှေ့ဆက်လို့သာလျှောက်လှမ်းမည်။

လောကအလယ်

များတကာလို

ဘ၀ဒုက္ခ

တွေ့ကြုံရလည်း

မလျှော့ဇွဲဖြင့်

အားသစ်ချီကာ ရှေ့ဆက်မည်။

လောကအလယ်

လူသူအများ

စိတ်ထားပြောင်းလည်း

ငါ့ရဲ့စိတ်ထား

ပြောင်းမသွားအောင်

ဘ၀ဆုံးထိထိန်းသိမ်းမည်။

လောကအလယ်

လူတို့ပေါ်တွင်

မေတ္တာတရား

လက်ကိုင်ထားကာ

ပေးဆပ်လိုက်မယ်

လူနတ်သတ္တ၀ါအကုန်ရစေသား။




ကြိုးစားနေဆဲပါ
စာဖတ်သူများအားလေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment