Wednesday, July 24, 2013

အတိတ်ကအချစ်နေ့စွဲ




ကုန်ဆုံးခဲ့တဲ့နေရက်တွေ

ပြန်ငဲ့စောင့်ကြည့်မိတော့

အလွမ်းတွေက ငါ့ကို

လက်ယက်ခေါ်နေတယ်

ရခဲ့ဖူးတဲ့ အကြင်နာတွေ

ပြောဖူးခဲ့တဲ့ချစ်စကား

ကြည်နူးဖူးတဲ့နေ့စွဲ

ပျော်ခဲ့ကြတဲ့ နေ့ ရက်

ဟိုး....အတိတ်မှာကျန်ခဲ့ပေါ့

အတိတ်ဆိုတာ

အတိတ်မှာကျန်ခဲ့ပေမယ့်

တစ်ခါတစ်ခါ

တွေးလိုက်တိုင်း

ရင်ထဲမှာနာကျင်

အတိတ်တွေက ပစ္စုပ္ပန် ကို

လာလာရိုက်ခတ်နေတယ်

ခိုင်မာတဲ့ဆုံးဖြတ်ချက်

မပြတ်သားမိတဲ့ငါစိတ်

ချစ်သူ ဆိုတဲ့ ခေါင်းစဉ်အောက်

အတုံးအရုန်းနဲ့ လဲကျသွားခဲ့တာ

ငါ့ရဲ့ အားနည်းချက်ပဲထားလိုက်ပါတော့....။


စာဖတ်သူများအားလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment