Wednesday, July 24, 2013

မင်း..သိရင်ကောင်းမယ်



သံယောဇဉ်
တွယ်ငြိခဲ့သမျှ
ဘယ်ခါမှမမေ့ 
တမြေ့ မြေ့ ခံစား
နှလုံးသားရဲ့ တနေရာ
ထပ်လောင်းလို့ ဖြစ်တည်
နှောင်ဖွဲ့ မေတ္တာ
မလျှော့တဲ့စွဲလန်းခြင်း
မင်း....သိရင်ကောင်းမယ်။

သံယောဇဉ်မရှိလို့ ......
ထိတို့ ခဲ့ တဲ့ မင်း..မာယာ
ငါသာယာမိခဲ့ တာအမှန်
အလွမ်းရယ်ရင့်
ဒဏ်ရာတွေလဲရင့် မို့
တနင့် နင့် ခံစား.....
ဘယ်ဘ၀များက
ဝဋ်ကြွေးများလဲကွယ်။
မှန်းဆခဲ့ တဲ့ စိတ်ကူး
ကျိတ်ရူးရင်းပျော်
မျှော်လင့်ခဲ့မိကာမှ
လက်ခါချတဲ့ မင်း.
ဒီတစ်သက်တာမေ့ မရဘူး။



အားလုံးလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment