Wednesday, July 24, 2013

((((ပျော်ပါစေ ချစ်သူ)))



အဆုံးသတ်ကိုသိရက်

ဇွတ်တိုးမိတဲ့ ပိုးဖလံငယ်

အပြုံးမပျက်ပဲ

လျှောက်ခဲ့တဲ့ အချစ်တခု

အရှုံးသက်သက်နဲ့ 

ဆက်လျှောက်နေခဲ့မိတယ်

မတူညီတဲ့ အယူအဆ

ကွဲပြားနေတဲ့ ခံယူချက်တွေက

တံတိုင်းကြီးတစ်ခုပမာ

ကာထားနေမှတော့

ကွာခြားတဲ့ ငါတို့ ဘ၀တွေ

တစ်ကမ္ဘာခြားခဲ့ပြီပေါ့

ပျော်ရွှင်ခဲ့ဖူးကြတာ

ချစ်ခဲ့ကြတာတွေ

အိပ်မက်တစ်ခုသာဖြစ်မယ်ဆို

အဲ့ဒီအိပ်မက်က

ငါဘယ်တော့မှ မနိုးထပါရစေနဲ့တော့

ရခဲ့ဖူးတဲ့ အကြင်နာတွေ

နွေးထွေးတဲ့ အချစ်တွေ

နှလုံးသားတစ်ထောင့်တစ်နေရာမှာ

ထာဝရရှင်သန်နေဦးမှာပါ

ချစ်တိုင်းလဲမညား

ညားတိုင်းလည်းမချစ်တဲ့လောကမှာ

ချစ်ခွင့်မရှိတော့ပေမယ့်

ငါ.သိပ်ချစ်ခဲ့တဲ့ နင်တယောက်.

ပျော်ရွှင်ပါစေ.....။


စာဖတ်သူများအားလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment