Wednesday, July 24, 2013

((((((ညီမလေးတို့သိစေချင်))))))))




မြန်မာဆန်ဆန် မြင်သူငေးမို့
မြင်သူလေးစား အထင်ကြီးသည်
ဘေးကအကွဲ ရှေ့နောက်ခွဲက
အများအမြင် အထင်သေးမို့

ညီမလေးရေ

ခေတ်ဆန်ပေမယ့် ခေတ်ရှေ့ပြေးနဲ့
ခေတ်နဲ့အညီမြန်မာဆန်ဆန်
မြန်မာရိုးရာဝတ်စုံကိုပဲဝတ်ပါကွယ်။


ပိတုန်းအရာင်ဆံကေသာကို
မည်းရာကမှောင် ရောင်စုံကာလာ
ထည်လဲပြောင်းလဲဆေးရောင်စုံဖြစ်
အများအမြင် စိတ်ထဲထင်လွဲ
ထင်မြင်သေးမယ်

ညီမလေးရေ

ခေတ်ဆန်ပေမယ့်ခေတ်ရှေ့ပြေးနဲ့
ခေတ်နဲ့အညီမြန်မာဆန်ဆန်
မြန်မာရိုးရာဆံပင်ကိုပဲတန်ဖိုးထားကွယ်။


ကိုယ့်ခန္ဒာကိုမပေါ်ပေါ်အောင်
စကတ်တင်ဖုံး  အတိုဆုံးကို
ရွေးကာရှာဝတ်သရုပ်ပျက်ကာ
အများအမြင်မသင့်တော်အောင်
မြင်သူမရှက်ယိုသူကရှက်
 
 ညီမလေးရေ

ခေတ်ဆန်ပေမယ့် ၊ခေတ်ရှေ့ပြေးနဲ့
ခေတ်နဲ့အညီ ၊မြန်မာဆန်ဆန်
လုံခြုံစေရန် ၊ကိုယ်ဟန်လွတ်လပ်
လူမြင်တင့်အောင်
မြန်မာဝတ်စုံဝတ်ပါကွယ်။


ညီမလေးရေ  ခဏအလှ
မမက်မောနဲ့အလှကြာရှည်
မြန်မာ့အလှတန်ဖိုးတတ်အောင်
မြန်မာမိန်းကလေး
မြန်မာလိုပဲဝတ်ပါကွယ်။

ဖေဖေမေမေ မြန်မာသွေးမို့ .
. မြန်မာမလေး အစစ်ပါရှင် .
. မြန်မာမာဆန်ဆန် ယဉ်ယဉ်ကျေးမို့ .
မြန်မာမလေး၊မြန်မ့ာအလှတန်ဖိုးသိပါစေ။
လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment