Wednesday, July 24, 2013

ငါတို့သွေးနဲ့သမိုင်းရေးမယ်



ဆွေရိပ်မကင်း

သွေးသားရင်းတို့

ရင်ဝယ်မချိ နွမ်းလျသည့်ဒဏ်

ခံရသည်မို့

တွဲလျှက်မျက်ရည်ခိုဝဲမိသည်.....


ရှစ်ခွင်ရပ်ဝန်း

ဒုက္ခလွှမ်း၍

ငါ့သွေးငါ့သား ငါ့အမျိုးများမှာ

မှေးမှိန်ဓမ္မ မြတ်ဒါနနဲ့

အလှပျက်ပြား သောကများရ

ငြိမ်းချမ်းမူကင်း စိုးထိတ်ရင်မှာ

ထိတ်ထိတ်ဖြာ၍

ရင်ဝယ်မီးတောက် အတိတည်း .....


သယံဇာတပေါကြွယ်ဝလည်း

ပျောက်ပျက်ကုန်ဆုံး

အမှောင်ဖုံးပြီ

နိုင်ငံဂုဏ်ရိပ် မျိုးဂုဏ်တင့်ဖို့

တို့တွေသွေးနဲ့ ကမ္ဗည်းရေးတင်

နှလုံးသွေးဆင့် လက်ချင်းဆက်ရင်း

တစ်မြေတည်းနေ တို့ညီနှောင်တွေ

တို့တိုင်းပြည်တွက် ရေမြေကွာဝေး

တောင်စဉ်ခြားလည်း

ဘိုးဘွားမြေကို

ထိန်းသိမ်းဖို့ရေး

ငါတို့သွေးနဲ့သမိုင်းရေးမယ်


သွေးချင်းတွေ.......









အေးချမ်းပါစေမြန်မာပြည်

လေးစားလျှက်

ရှင်းသန့်မေ

No comments:

Post a Comment