Wednesday, July 24, 2013

လှမျိုးစုံညီ တို့မြန်မာပြည်




ရောင်စုံလှပ

ဖူးငုံကြွလျက်

လက်သွေးစည်ဝေ

ရေမြေခမ်းနား

မြင့်မားတောတောင်

ဝေသီခေါင်ဖျား

ပေါများရှိပြန်

သယံဇာတ

ရွှေရောင်မြလွှမ်း

အေးချမ်းသာယာ

စိမ်းလန်းပါသည် တို့မြန်ပြည်။

စေတီပုထိုး

အမျိုးမျိုးနှင့်

ရောင်ဝါဝင့်လွန်း

သာသနာထွန်းကာ

ဘာသာတရား

ကိုင်းရှိုင်းများသည် တို့မြန်ပြည်။

ချစ်သောတို့မြေ

ကြွယ်ဝဝေလျှံ

သယံဇာတ

ပြည့်စုံလှလျက်

အတ္တဖက်ဆဲ

ငါစွဲမကင်း

ညီညွှတ်ခြင်းဝေး

ပြိုပျက်သွေးကွဲ

စိတ်မာန်ကဲလျက်

အမျိုးတွက်ကို

မငဲ့လိုရှိ

သတိမဲ့ကာ

ရှေ့ဆက်ပါက

သာလှမြန်မာ

သယံဇာတများ

တပါးသူလက်

ကျရောက်လျက်သာ

သေချာသမို့

ရှေ့သို့မျှော်တွေး

ညီညွတ်သွေးစည်း

နှိုးဆော်ကာဖြင့်

တို့မြန်မာပြည်

သာယာစေဖို့

ငါတို့အားလုံး ကာကွယ်စို့။

စာဖတ်သူများအားလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment