Wednesday, July 24, 2013

တမ်းတလွမ်းဆွတ်ဆဲပါ...ဖေဖေ




သေသောသူ

ကြာရင်မေ့စကား

မမှန်ပါလားဖေဖေ

ဘယ်ဘုံမှာရောက်နေပါ့

ဘယ်ဘ၀ကိုရောက်နေလဲ

ဖေဖေရယ်




အုတ်တံတိုင်းလို

ကာကွယ်တဲ့ဖေဖေ

ခုတော့သမီး

ဘေးမှာကူသူမဲ့

ကံတရားက

ထားရက်လေတယ်

ဖေဖေရယ်



ဖေဖေ၇ှိစဉ်

မေမေ့ရင်ခွင်မှာ

အပူအပင်မဲ့

တိုးဝှေ့ အစဉ်

ပြုံး၇ွှင်ခဲ့ရ

ခုတော့ အထီးကျန်

အားမာန်တွေလျော့ 

ဖေဖေ ကိုသာ

အစဉ် အောက်မေ့

နေ့ နေ့ ည ည လွမ်း

သမီး နွမ်းလှပြီ

လှည့် ကြည့် ပါဦး

ဖေဖေရယ်




အေးချမ်းတဲ့အရိပ်

မှန်းဆကာ

ပြန်လိုချင်ပေမဲ့ 

မရတော့ တာ

သိနေတာမို့

လောကဓံ တရားတွေကြောင့်

သမီးခံနိုင်ရည်မဲ့နေပြီ

ဖေဖေရယ်




ဘာလိုလိုနဲ့

ဖေဖေထားခဲ့တာ

မတ်လ(၂၇)ရက့်နေ့ဆို

(၉)နှစ်ပြည့်တောမယ်

ဖေဖေရယ်



သေသောသူ

ကြာရင်မေ့စကား

သမီးအတွက်မမှန်ပါဘူး

ဖေဖေရယ်

လွမ်းဆွတ်တမ်းတအောက်မေ့နေဆဲ...။



မတ်လ(၂၇)ရက်နေ့ဖေဖေ(၉)နှစ်ပြည့်အမှတ်တရ

စာဖတ်သူများအားအစဉ်လေးစားလျှက်

ရှင်းသန့်မေ

No comments:

Post a Comment