Tuesday, September 11, 2012

★♪♫:ချစ်ခြင်းနှင့်မေတ္တာတရားကွဲပြားချက် ★♪♫:

မေတ္တာတရားကိုလူတွေကချစ်ခြင်းလို့သတ်မှတ်ကြတယ်
အမှန်တော့ချစ်ခြင်းနဲ့ကွဲပြားပါတယ်။
ချစ်ခြင်းဆိုတာငါသားသမီး၊ငါ့မိဘ၊ငါစွဲနေတဲ့သံယောဇဉ်ဖြစ်နေတာကို
ချစ်ခြင်းလို့ခေါ်တယ်။ချစ်ခြင်းကဘက်လိုက်မူရှိတယ်၊ချစ်ခြင်းကပိုင်ဆိုင်လိုစိတ်ဆန္ဒတွေရှိတယ်။ ချစ်ခြင်းမှာတပ်မက်မူရှိတယ်၊ချစ်ခြင်းဘက်လိုက်တတ်တယ်
မိန်းကလေးနဲ့ယောကျာ်းလေးချစ်ရင်အလှဘက်အလေးသာတယ်
ချစ်ခြင်းကမတည်ငြိမ်ဘူးပြောင်းလဲလွယ်တယ်၊လှတာတွေရင်ပိုချစ်သွားတယ်၊
မိဘကသားသမီးချစ်ခြင်းမှာလည်း ကိုယ်သားသမီးမှ ချစ်တယ်
ကိုယ်သားသမီးမှတော်တယ်တတ်တယ် အဲလိုချစ်ခြင်းတွေကဘက်လိုက်တဲ့ချစ်ခြင်းပါပဲ။
အချစ်ဆိုတာ ချစ်ခင်နှစ်သက်ဖွယ်ရာကိုလိုချင်တပ်မက်တဲ့သဘောရှိတယ်။

**********************************
မေတ္တာတရားကညီမျှမူရှိတယ်၊
မေတ္တာတရားကလူး သတ္တ၀ါအားလုံးအပေါ်ကိုဘက်လိုက်မူမရှိဘူး
ဆင်းရဲမှချမ်းသာမဟုတ်ဘူးအားလုံးအပေါ်ညီတူညီမျှဆက်ဆံတယ်။
မေတ္တာတရားထားနိုင်သူတွေကစိတ်သဘောထားအရမ်းနူးညံ့တယ်မေတ္တာတရားဆိုတာ မေတ္တာထားသူနဲ့ကင်းပြီးမရှိနိုင်ပါဘူး။မေတ္တာတရားကတပ်မက်မူ၊ပိုင်ဆိုင်မူ၊
တဘက်လူဆီကဘာလိုချင်တပ်မက်မူမရှိဘူး။အရမ်းကိုအေးချမ်းပါတယ်။
ချစ်ခြင်းကတစ်ဦးကိုတစ်ဦးချစ်တယ်ဆိုတာတစ်ဦးကိုတစ်ဦးပိုင်ဆိုင်ဖို့။

**********************************
မေတ္တာတရားကတော့အဲလိုမဟုတ်ဘူး ပိုင်ဆိုင်ရယူချင်စိတ်မရှိဘူး
သူတပါးရဲ့လွတ်လပ်မူကိုရောမိမိရဲ့လွတ်လပ်မူကိုပါဖျက်ဆီးချင်စိတ်မရှိဘူး။
မေတ္တာတရားကအရမ်းကိုအေးချမ်းတယ်၊ရယူခြင်းသဘောမရှိဘူး၊ပေးဆပ်တဲ့သဘောပဲရှိတယ်။
ကိုယ်ချစ်တဲ့လူတွေအပေါ်မေတ္တာတရားစိတ်ကလေးနဲ့ချစ်ခြင်းပေါင်းစပ်ချစ်နိုင်ကြပါစေ။
မေတ္တာတရားနှလုံးသားလူတိုင်းထားရှိတတ်နိုင်ကြပါစေ။
 အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment