Tuesday, September 11, 2012

ပန်းသခင်...ရယ်

အစတည်းက မတွေ့ဆုံခဲ့ရင်ကောင်းသားလို့ ဘယ်လိုပင်တွေးတွေး အချစ်နဲ့ဆုံတွေ့ဖူးသူတိုင်း
အချစ်ရဲ့ချိုမြိန်ခြင်းကို
ခံစားသိနိုင်မှာပါလေ..အချစ်တခုတည်ဆောက်မိပြီဆို
တယောက်ကိုတယောက် ယုံကြည်မူ လေးစား မူ 
နားလည်မူတွေနဲ့ တည် ဆောက်ခဲ့ကြမှာပဲနော်  ဒါပေမယ့်လေ ကျွန်မတို့နှစ်ယောက် အချစ်ကတော့
နားလည်မူနဲ့ပဲရင်ထဲကိုယ်စီချစ်နေခဲ့တယ် တယောက်ကိုတယောက် ရင်ထဲကစကားတွေကို မျက်ဝန်းက
တဆင့်ပြောရင်း  ကျွန်မတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုဟာ ဘယ်လိုရလဒ်ကို ယူဆောင်လာမလဲဆိုတာ ကြိုတွေး
ပြီးသားပါ ဒါပေမယ့်. အချစ်စိတ်ဆိုတာ ဆင်ခြင်တုံတရားးကို လျစ်လျူရှုတတ်တယ်လေရှေ့ဆက်ဖို့ မဖြစ်နိုင်
မှန်း သိနေရက်နဲ့ နောက်ဆုတ် ဖို့ အားမယူရဲခဲ့တဲ့ကျွန်မ နှလုံးသားကိုလဲ အခုချိန်မှာ
အပြစ်တင်မနေတော့ပါဘူး လူမှန်ရင်အချစ်နဲ့မကင်းတတ်တာ ဓမ္မတာမို့.
ကျွန်မလည်း သူနဲ့တွေ့မှချစ်တတ်ခဲ့ပြီဆိုတာသိလိုက်ရတယ်
လူတွေပြောတဲ့ ချစ်တတ်ရင်ရှုံးတယ်ဆိုတာ ကျွန်မကတော့ အရှုံးလို့မထင်ပါဘူးလေ
ကျွန်မအချစ်က သူအတွက် သက်သက် ဖြစ်တည်လာသလားကွယ်
ကျွန်မနှလုံးသားကသူနဲ့တွေ့မှ အချစ်ကို ရူးရူးမူးမူး ကိုးကွယ်ခဲ့ပါတယ်
သူ့ရယ်သံကြားလိုက်ရရင် ရင်ထဲမှာအလိုလိုပြည့်သွားးတဲ့အထိလဲ စွဲလမ်းခဲ့ဖူးပါတယ်.
သူ့စလိုက်တိုင်းလည်း လည်း အလိုလိုငိုခဲ့တယ် သူ့စိတ်နဲ့ထပ်တူကျအောင်လည်းနေခဲ့တယ်
ကျွန်မပိုင်ဆိုင်ချင်ခဲ့တာ သူ့ရင်ထဲက ဖြူစင်တဲ့ချစ်ခြင်းးတစ်ခုထဲရယ်ပါ
သူ့အချစ်တစ်ခုထဲကိုသာမက်မောမိခဲ့တာပါ.ကျွန်မနဲ့သူ့ကြားမှာ ခြားနားချက်တွေ..ကွာဟချက်တွေကိုလည်း
ထည့်မစဉ်းစားမိခဲ့ဘူး အချစ်တခုတည်းသာကိုးကွယ်မိခဲ့တာပါ

သူကတော့ သူအတွက် မစဉ်းစားဘူးထင်ချင်ထင်လိမ့်မယ်
အချစ်ကိုသာကျွန်မဦးစားပေးစဉ်းစားခဲ့မိတာပါ ၀န်ခံပါရစေ ကျွန်မအချစ်အတွက်အတ္တကြီးမိတယ်
ဒါကလည်း ကျွန်မကအချစ်နဲ့ အရာအားလုံးအကောင်းတိုင်းး ဖြစ်စေလိမ့်မယ်ထင်မိခဲ့တာကိုး
သူကျွန်မကိုတန်ဖိုးထားမူကို
ကျွန်မသိလာရလေကျွန်မသူကိုပိုလေးစားမိလေပါပဲ
သူကကျွန်မကိုဥယျာဉ်မှူးတယောက်လိုစောင့်ရှောက်နေခဲ့တာလေ
ဥယျာဉ်မှူးတယောက်ရဲ့စိတ်အပြည့်ရှိတဲ့သူကို
ကျွန်မကိုသူမခူးရက်ဘူးလေ အလှကြည့်နေခဲ့တာကိုး ပန်းလေးပိုးမကျအောင် ဘေးကနေဖေးမနေခဲ့တာလေ
ကံကြမ္မာကမတရားဘူးကွယ်
ဖြုန်းဆို
သူဆီကြမ္မာဆိုးက ၀င်လာတယ်
ရောဂါ...ရောဂါ အဲဒီရောဂါကြီးပေါ့
သူနဲ့ကျွှန်မကိုချစ်ခွင့်မရှိအောင် ပြုစားလိုက်တယ်
ကျွန်မလေ သိသိချင်းအသည်းကြွေမတတ်  ခံစားလိုက်ရတယ်
ရက်စက်တယ်ကံကြမ္မာရယ် ဘယ်အငြိုးနဲ့များ ပြုစားရက်လည်းကွယ်
ကျွန်မအ နားကိုတောင်မရောက်နိုင်သေးလို့ သူကိုမျှော်နေတဲ့ ကျွန်မကို
ခုတော့ သူကိုကျွန်မနဲ့အဝေးကိုထွက်သွားအောင် ဖန်းတီးသွားခဲ့ ပြီ
နောက်ဆုံး
နောက်ဆုံးနေ့လေး တနေ့ပါ ပဲ
ကျွန်မအတွက် မှတ်မှတ်ရရနေ့လေးပါပဲ
ကျွန်မဘ၀အတွက် နောက်ဆုံး အချစ် ပါပဲ သူက ယူသွားခဲ့လေပြီ
ကိုကိုရယ်လွမ်းနေမယ် ဆိုတာ ယုံပေးပါ
"ကိုကိုရေ"

"ဗျာ"

"ကောင်းကင်ကြီးကလှလိုက်တာနော်....ကြယ်တွေစီစီရီရီ...လမင်းကြီးကလည်းသာလို့

..လေညှင်းလေးတွေကလည်းတိုက်ခတ်နေတယ်နော်"

အဲဒီအချိန်မှာပဲကြယ်လေးတပွင့်ကြွေကျသွားတယ်

ကိုကို..ဟိုမှာတွေ့လား ..ကြယ်ကြွေတယ် မြန်မြန်ဆုတောင်းလိုက်

ကိုကိုကရှင်းပြောသလို ကြည့်ပြီးရှင်းနဲ့အတူတူလက်အုပ်ချီတယ်

ရှင်းလည်းဆုတောင်းလိုက်မိတယ်....

စိတ်ထဲကပေါ့.....ကိုကိုတယောက်မြန်မြန်ကျန်းမာပါစေ
ကိုကိုခန္ဒာကိုယ်ပေါ်ကအနာရောဂါပပျောက်ပါစေဆုတောင်းလိုက်မိတယ်။

ကိုကိုက

"ရှင်းလေးဘာဆုတွေတောင်းလဲ"

"ကိုကို တယောက်မြန်မြန်ကျန်းမာပါစေလို့လေ"

ကိုကိုမျက်နှာကွပ်ကနဲပျက်သွားတယ် ပြီး ကိုကိုလေ
ကျွှန်မနဲ့အဝေးဆုံးထွက်သွားခဲ့ပါတယ် ..ဟိုကောင်းကင်ဘုံဆီကိုပေါ့
ကိုကိုရယ် အခုတော့ ပန်းတွေသခင်တွေပျောက်လို ငိုနေပြီ
ညိုးနွမ်းနေပြီးကိုကိုရေ
ကျွန်မကိုတန်ဖိုးထားတဲ့ ကိုကိုအတွက်တန်ဖိုးအထားရဆုံးး နေရာမှာ
ထားခဲ့တာပါ.သူ့နှလုံးသားကကျွန်မအတွက်အေးစက်ခဲ့ပေမယ့်.ကျွန်မမျက်ရည်ကျတိုင်း သုတ်ပေးတဲ့
ကိုကိုလက်အစုံကတော့ နွေးထွေးနေဆဲပါကျွန်မရင်ခုန်သံနဲ့သစ္စာတရား
ကျွန်မအချစ်ထာဝရခိုင်မြဲနေမှာပါ 
သူမရှိတော့ပေတဲ့ခရီးလမ်းဆက်လျှောက်ဖို့ အများကြီးးကျန်သေးးတယ်
ပန်းသခင် ရယ် သခင်မရှိပေမယ့် သခင်ရှိသလို ပန်းလေးမညှိးအောင် ထိန်းသိမ်းပါမယ်
ပန်းသခင်ရယ်
အလွမ်းပင်ပျိုး
အချစ်သစ်ပင်
စိုက်ပျိုးပေမယ့်
မပွင့်သေးခင်
ချန်ထားရက်လေတယ်
ပန်းစိုက်တဲ့
ပန်းပျိုးလက်
ပန်းတို့ရဲ့သခင်
ပန်းဥယျာဉ်မှူးရယ်
ဘ၀ဆက်တိုင်း
ရောဂါ..မကျ
အစဉ်ကျန်းမာပါစေ
သခင်ရယ် သခင်ပေးတဲ့အလွမ်းတွေထင်ကျန်နေလို့...
...သံသရာဆုံးးတဲ့အထိ ဒီအလွမ်းးတွေကုန်နိုင်ပါ့မလားကွယ် ပန်းလေးရဲ့သခင်ဥယျာဉ်မှူးရယ်။
 အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
ဝေဖန်မူများကိုလက်ခံပါသည်
စိတ်ကူးအတိုင်းချရေးလိုက်ခြင်းသာ အမှားပါရင်ခွင့်လွတ်ပါ။

No comments:

Post a Comment