Tuesday, September 11, 2012

'♥ရင်ခုန်မိသော.♥.ကောင်မလေး'♥ဇာတ်သိမ်းပိုင်း

နှင်းကထူးမောင်ရင်ခွင်ကိုတိုးဝင်ကာပြေးဖတ်လိုက်လေသည်။
ငိုယိုခြင်းကာမတိတ်နိုင်.....
"ဟာ....ဟေ့...အော်..ဒီကောင်မလေး"
ထူးမော်တယောက်လည်းသွေးများလှုပ်ရှားလျှက်ရှိနေပြီ...နှင်းလိုချောမောလှပပြီးချစ်စရာကောင်းသော
ကောင်မလေးကိုထူးမော်တသက်တာမှာပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
မိန်းမလေးအထိအတွေ့ပထမဦးဆုံးထိတွေ့ဖူးတဲ့ထူးမော်တယောက်............ရင်ခုန်နေမိတုန်းမှာပဲ။
"သားကြီး...ဟိုမှာ..ဟိုမှာ..မင်း..မင်းညီမလေး...သမီး...သမီးလေး"
လူတစုသည်ကားပေါ်ဆင်း၍ထူးမော်ရှိရာပြေးလာခဲ့သည်။
"ဟင်...အဖေ..ကိုကိုလေ..ဒီမှာကိုကို....တွေ့ပြီအဖေရဲ့..ကိုကိုကနှင်းဆီပြန်လာတာတဲ့"
နှင်းဆိုတာကောင်မလေး၏အဖေဖြစ်ဟန်တူသည်။
မျက်နှာတွေကလည်းကိုယ်စီပျက်နေကြသည်။
အဖေဖြစ်သူက
"ဟေ့ကောင့်သားကြီး..မင်းညီမကိုခေါ်လိုက်...အိမ်ပြန်ကြရအောင်"
အကိုဖြစ်ဟန်တူသည့်အကိုဆိုသူက ..ကောင်မလေးကိုချောမော့ခေါ်ဆောင်လေသည်။
ကောင်မလေးက ..ထုးမော်လက်ကိုအတင်းဆွဲထားတဲ့လက်ကမလွတ်...ပါးစပ်ကလည်း

ဟင့်..ဟင့်အင်း..ကိုကိုပါမှလိုက်မယ်...ကိုကိုမပါရင်မလိုက်ဘူး...."
နှင်း၏ငြင်းဆန်မူကို...အကိုဖြစ်သူကမစောင့်ဆိုင်းပဲအတင်းအဓမ္မဖြင့်
"လာပါကွာ...ညီမလေးရာ..အဲဒါညီမလေးကိုကိုမဟုတ်ဘူး.."
ဆိုပြီးကားပေါ်ကိုအတင်းခေါ်ပေမယ့်ကောင်မလေးကအတင်းရုန်းနေတော့
ထူးမော်ကို
"မောင်ရင်ဖြစ်နိုင်မယ်ဆိုရင်...အန်ကယ်နဲ့အိမ်ကိုခဏလောက်လိုက်ခဲ့ပေးလို့ရမလား
အပြန်ကျမောင်ရင့်အိမ်ကိုအန်ကယ်ပြန်ပိုပေးပါမယ်..သမီးကအတင်းရုန်းနေတော့ ..မောင်ရင်ခဏလောက်
လိုက်ခဲ့ပေးပါအန်ကယ်ကိုကူညီပါနော်...မောင်ရင်ကျေးဇူးလည်းဆပ်ချင်လိုပါ..သမီးအရှက်ကိုကယ်တင်ပေးတဲ
မောင်ရင်ကိုကျေးဇူးထပ်တင်ပါတယ်"
"အော်...ရပါတယ်အန်ကယ်...ကျွန်တော်လိုက်ပေးပါမယ်..မလိုပါဘူးအန်ကယ်...နှမချင်းကိုယ်ချင်းစာလို
ကူညီမိတာပါ"
ထူးမော်တယောက်..ကောင်မလေးနဲ့လိုက်သွားမိတယ်...ကောင်မလေးကထူးမော်လည်းကားပေါ်ပါကော
ပျော်ရွှင်ပြီးထူးမော်ဘေးမှာလက်ကို..အတင်းကိုင်ထား..ထူးမော်မှာ..ကောင်မလေးကိုဖခင်ကိုအားလည်းနာ
အနေကလည်းခက်...
အိမ်လည်းရောက်တော့
ကောင်မလေးကိုသူအမေဖြစ်သူကခေါ်သွားတော့
ကောင်မလေးက
"ကိုကိုခဏထိုင်နေနော်..နှင်းကိုကိုအတွက် အအေးဖျော်လာမယ်"
ထူးမော်ခေါင်းညိမ့်ပြလိုက်ပြီး
ကောင်မလေးဖခင်က
"ထိုင်ကွာ...ဦးနာမည်က ဦးစိန်ပွား...ဒါနဲ့မောင်ရင်နာမည်က ..."
"ကျွန်တော်နာမည်က..ထူးမော်ပါ..."
"မိဘတွေကဘာလုပ်..ဒီနာမည်သိသလိုပဲ....မင်းကိုမြင်ဖူးနေသလိုပဲ...မင်းလှမော်သားမလား."
"ဟုတ်ပါတယ်ဦး..."
"အော်...တိုက်တိုက်ဆိုင်ဆိုင်...လှမော်သားနဲ့တိုးလို့တော်သေးတယ်..သမီးနှင်းလေးကသူရည်စား
မောင်မိုးကကားအက်စီးဒင့်ဖြစ်လို့ဆုံးသွားပြိးတည်းက ..စိတ်ကမရတချက်ရတချက်ဖြစ်နေတာ...
ဦးတို့လည်းသမီးလေးရောဂါကိုကုပေးနေပါတယ်...မောင်ရင်မှာအသိဆရာဝန်လေးများရှိရင်..ဦင်္းသမီးကိုကယ်
ပါအုန်းကွာ..သမီးလေးစိတ်ပုံမှန်ပြန်ဖြစ်အောင်..."
"ဟုတ်အန်ကယ်...ကျွန်တော်ဆရာတွေနဲ့တိုင်ပင်ပြီးရင်...ကျွန်တော်လိုအပ်တာလုပ်ပေးပါမယ်..."
"အေးကွာ...မင်းလည်းဆရာဝန်ဖြစ်နေတော့...အတော်ပဲကွာ...အန်ကယ်ကိုကူပါအုန်း..အားကိုးပါတယ်ကွာ"
"စိတ်ချပါ..အန်ကယ်..ကျွန်တော်တတ်တဲ့ပညာနဲ့..ကုပေးပါမယ်"
"အင်း...သမီးကြီးမာလာတော့အပြင်သွားနေတယ်...မောင်ရင်နဲ့နောက်မှမိတ်ဆက်ပေးတောမယ်"
ထူးမော်လည်းမာလာပြောလိုက်တော့ ..ခန္ဒာကိုယ်တောင့်ချင်သလိုလိုဖြစ်သွားမိသည်။
ကောင်မလေးနဲ့နီးရတောမယ်အတွေးနဲ့ပျော်နေမိတာခဏတော့...စိတ်ညစ်သွားမိသည်။
မာလာဆိုတဲ့ကောင်မလေးကိုမလိုက်ပဲ...စဉ်းစားနေတုန်းမှာပဲ
"အော်...မောင်ထူးမော်...ထူးမော်"
"ဗျာ..."
"အော်...ဘာတွေတွေးနေလဲကွ..အအေးသုံးဆောင်အုန်း..မင်းအဖေကိုပြောလိုက်အုန်းနော်
အန်ကယ်ဆီလာလည်အုန်းလို့"
"ဟုတ်ကဲ့ခင်ဗျ...ပြောလိုက်ပါမယ့်...အန်ကယ်ကျွန်တော့်ကိုခွင့်ပြုပါအုန်း..."
"နောက်လည်း..လာလည်ကွာ..."
"ဟုတ်ကဲ့"
ပြောပြီး...ထူးမော်ကိုကားနဲ့အိမ်ပြန်လိုက်ပို့ခဲ့သည်။
ထူးမော်တယောက်
နှင်းဆိုတဲ့ကောင်မလေးကိုရင်ခုန်သနားမိသွားပြီ။ထူးမော်တယောက်..နှင်းဆိုတဲ့ကောင်မလေးကို
ဆေးကုပေးဖို့....ပျော်ရွှင်တက်ကြွသောခြေလှမ်းများဖြင့်..အိမ်ကိုပြန်လာခဲ့တော့သည်။
ထူးမော်ကိုသူမေမေမြင်တော့..
"သားပြန်လာတယ်နော်....စိတ်ပူလိုက်ရတာသားရယ်...မင်းဖေဖေလည်း..
.မင်းကိုအတင်းတိုက်မတွန်းတော့ပါဘူး...သားလေးစိတ်ချမ်းသာသလိုသာနေတော့နော်"
ထူးမော်တယောက်ခုမှဂွကျပြီးမေမေသားသဘောတူတယ်ပြောရအောင်လည်း
မာလာကိုမယူချင်...နှင်းဆိုတဲ့ကောင်မလေးနဲ့ထပ်မတွေရမှာစိုးတာနဲ့....
သူ့မေမေကိုဇာတ်အကြောင်းစုံရှင်းပြလိုက်လေတော့
သူမေမေက
"အော်..ငါ့သားကတွေ့လာပြီးကိုးကိုစိန်ပွားတို့နဲ့....ကောင်းပါတယ်သားရယ်...
သူသမီးလေးကစိတ်ဝေဒနာသည်လေးကုသိုလ်ရတာပေါ့သားရယ်.....
ဒါဆိုသားတို့ကိစ္စကိုလည်းသားတို့အချင်းအချင်းညှိနှိုင်းလို့ရတာပေါ့...လူငယ်အချင်းအချင်းတိုင်ပင်ကြပေါ့"
"ဟုတ်...မေမေ"
ထူးမော်တယောက် ...ပျော်ရွှင်မူအပြည်ဖြင့်...စိတ်ကူးတွေယဉ်နေမိတယ်....
နောက်နေ့ကစပြီး ...ကောင်မလေးကိုဆေးသွားကုပေးရမယ်ဆိုတဲ့အတွေးနဲ့စိတ်ဓါတ်တွေတက်ကြွ
နေမိသည်။
နောက်နေ့မနက်စောစော..အိပ်ရာထတော့
မေမေက.".သားဘယ်သွားမလို့လည်း..."

"အန်ကယ်စိန်ပွားတို့အိမ်လေ...မေမေသူသမီးဆေးသွားကုပေးရမယ်..သားဆရာကိုခေါ်ပြီး"

အမယ်..ငါ့သားကတက်ကြွနေပါလား...ဧကန္တတော့ငါသား....မရိုးတော့ဘူးနော်"
"အာ...အမေကလည်း....သားကစေတနာနဲ့ပါ.."
".ပြောသားကမာလာကိုလား...ကောင်မလေးကိုလိုက်တာလား"
"မေမေကလည်းလုပ်ပြီး..မာလာဆိုတဲ့တယောက်ကိုမြင်တောင်မြင်ဘူးဘူးမေမေရ...သားလေကောင်မလေးကို
နှစ်သက်နေမိတယ်..."
ထူးမော်..မေမေကိုပြောပြီး...ရှက်နေမိတယ်....
မေမေကဒါကိုတွေတော့
"..ငါသားကတော့ခုမှချစ်ဖူးတော့...မျက်နှာတွေနီနေပါလား..
ကိုစိန်ပွားသမီးနဲ့ဆို..အငယ်ဖြစ်ဖြစ်အကြီးဖြစ်ဖြစ်သဘောတူတယ်....ကောင်မလေးနေကောင်းရင်
ပေးစားမယ်...သားသာကောင်းအောင်ကုပေးလိုက်"
ထူးမော်တယောက်ကောင်မလေးနှင်းကိုနေ့စဉ်
ဆေးကုပေးလိုက်....စိတ်အာရုံကိုပြန်နိုးထအောင်လုပ်ပေးလိုက်နဲ့တနေ့တခြားကောင်မလေးကောင်းလာလာ
ထူးမော်စိတ်ထဲ..စိုးရိမ်လာလေလေ...
ပထမတော့ကောင်မလေးက ကိုကို...ကိုကိုထင်နေပေမယ့်
စိတ်ပြန်ကောင်းလာလေလေ...သူကိုစိမ်းနေလေတော့..ထူးမော်တယောက်....မျက်နှာမကောင်းတော့ချေ။
ခုလည်းကောင်မလေးကသူကို...ကိုကိုလို့မခေါ်တော့ဆရာလို့သာခေါ်တော့သည်။
ထူးမော်တယောက်စိတ်ပျက်အားငယ်စွာနဲ့....ကောင်မလေးကိုချစ်နေပေမယ့်လည်း
ကောင်မလေးစိတ်တခုခုဖြစ်မည်စိုး၍...ကောင်မလေးနေကောင်းလာအောင်ကြိုးပမ်းပေးနေမိသည်။
တနေ့....ကောင်မလေးပြန်ကောင်းလာချိန်မှာကောင်မလေးက
သူချစ်သူဓါတ်ပုံလေးကို...တကိုင်ကိုင်ကြည့်နေပြီး....ကိုကိုရယ်နှင်းလေကိုကိုကလွဲပြီးဘယ်သူမှမချစ်တော့ဘူး
ကိုကိုကပထမဆုံးချစ်သူနဲ့နောက်ဆုံးချစ်မိသူပါပဲ......
ကောင်မလေးစကားကို..ထူးမော်ကြားပီးခဏမှာပဲ.....
ကောင်မလေးရဲ့သစ္စာတရားကိုလေးစားတဲ့အနေနဲ့......ကောင်မလေးအနားကထွက်လာခဲ့ပါတော့သည်။
ခဏတာဆုံစည်းခဲ့သောချစ်သူရယ်
နီးစပ်ခွင့်မရသောအလွမ်း
မေ့မရသောတမ်းတမူနဲ့
ပြောခွင့်မရတဲ့စကားလုံးကို
ကံမကုန်ပြန်ဆုံတဲ့တနေ့မှာ
ဖွင့်ပြောခွင့်တော့ကြုံချင်ပါသေးတယ်
ခုတော့ပထမဆုံးချစ်သူဖြစ်ခွင့်မရပေမယ့်
နောက်ဆုံးချစ်သူဖြစ်ခွင့်တော့
မျှော်လင့်ချင်ပါသေးတယ်
ရင်ခုန်မိသောကောင်မလေးရယ်
မင်းရဲ့ခိုင်မာသောသစ္စာ
ပျက်ပြယ်သောနေ့ကို
စောင့်မျှော်ရင်း...................
ကောင်မလေးနဲ့ဝေးရာကိုထူးမော်တယောက်နယ်မြိုလေးတမြို့မှာအလွမ်းများဖြေသိမ့်ရင်း
နှင်းဆိုတဲ့ကောင်မလေးကိုတမ်းတရင်း....လူနာတွေနဲ့သူဝေဒနာကိုဖြေသိမ့်သွားနေတော့လေသတည်း။

 အားလုံးကိုလေးစားလျှက်
ကြိုးစားပါဦးမည်
ရှင်းသန့်မေ

No comments:

Post a Comment