Tuesday, September 11, 2012

♥´သမီးအတွက်လမ်းပြကြယ်`♥




ဖေဖေ...ဖေဖေခေါ်စရာကွယ်မရှိ
အဖေအရိပ်ကင်းမဲ့ခဲ့ပြီ
အဖေအရိပ်အစဉ်အေးမြ
အကာမရှိတဲ့အမိုး
ပရမ်းပတာ
နားခိုစရာရင်ခွင်မဲ့လို့
မိုးနဲ့အပြိုင်
ငိုပွဲဆင်လည်း
အဖေကတော့
ပြန်မလာလေပြီ
အဖေ..အဖေတစာစာအော်ငို
သမီးအသံမကြားလေပြီ
ရှိစဉ်ခါက သမီး အတွက်
အမှာစကားထားခဲ့တဲ့အဖေ
သမီး ဘယ်တော့မှမငိုနဲ့
လဲကျပြန်ထ
ဆိုတဲ့စကား
အဖေရယ်
သမီး ဒီတခါတော့ငိုပါရစေ
ဘ၀လောကဒဏ်ကြမ်းတမ်းလည်းပဲ
သမီးမငိုပါအဖေ
အဖေကိုတမ်းတစိတ်ကြောင့်ဒီတကြိမ်တော့
ငိုပါရစေအဖေ
အဖေ သေခြင်းတရားက မတားသာလို့
အဖေခေါ်သွားပေမယ့်
အဖေရယ်
သမီး စိတ်ထဲ
သမီး ဘ၀ထဲ
အဖေသာ အစဉ်
အဖေစကားအစဉ်မှတ်သား
သမီး ဘ၀အတွက် လမ်းပြကြယ်
အဖေအစဉ်လင်းနေပါတယ်
သမီးပြုသမျှကုသိုလ်တွေကို
အဖေကြားသိနိုင်ပါစေ
အနန္တဂုဏ်အင်ကျေးဇူးရှင်
အိုဖခင်
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment