Tuesday, September 11, 2012

♥´ရှင်သန်နေဆဲပါ အဖေ`♥


အဖေ...သမီးချစ်သောဖေဖေ
အနစ်နာခံသောဖေဖေ
ပေးဆပ်လွန်းသောဖေဖေ
နာကျင်ခံကာပေးဆပ်ပေးခဲ့သောဖေဖေ
သန့်ရှင်းသောသစ္စာတရားတွေနဲ့ဖေဖေ
အနွံတာခံကာ ကျွေးမွေးခဲ့တယ်ဖေဖေ
ဘ၀မှာသမီးအတွက်
အလွန်ကြီးမား သန့်ရှင်းသော
ကရုဏာတရားတွေ

ဆပ်လို့မကုန်ဘူး ဖေဖေ
ထာဝစဉ်ပါ တည်မြဲနေမှာပါဖေဖေ
ဖေဖေရဲ့နူးညံ့တဲ့အချစ်တွေ
သမီးနှလုံးသားမှာ အစဉ် ကိန်းအောင်းနေမှာပါ

ထာဝစဉ်ပါ သာ ကိုယ်ကျိုးစွန့်နိုင်လွန်းတဲ့ဖေဖေ
ဖေဖေကိုသေခြင်းတရားကခေါ်သွား
ရှစ်နှစ်တိုင်ပေမယ့်လည်း
သမီးစိတ်၊သမီးနှလုံးသားမှာ

ခိုင်မြဲရှင်သန်နေဆဲပါအဖေ။
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment