Tuesday, September 11, 2012

♥´ကျွန်မနှလုံးသားရဲ့နံရံမှာ မောင့်ရဲ့အမည် ချိတ်ဆွဲထားပါရစေ`♥

မောင် က ကျွန်မစာအုပ်ဆိုင်ရဲ့ ပင်တိုင် စာဖတ်ပရိသတ်
 
ကျွန်မတို့ဆုံဆည်းခဲ့တာ
 
စာအုပ်ဆိုင်လေးမှာပေါ့ မောင် က ကျွန်မတို့ မြို့လေးကပေါ့
 
မောင်စာအုပ်လာငှားချိန်တိုင်း ကျွန်မမယောင်မလည်ငေးနေမိတယ်
 
မောင်နာမည်က တံခွန်
 
မောင်ကနေ့စဉ်စာအုပ်ဆိုင်လာငှားနေကြပေါ့ ကျွန်မကတော့ မောင်ကိုနေတိုင်းစောင့်မျှော် ကြည့်
 
မြင်မြင်ချင်းချစ်မိတယ်ဆိုတာ အရင်ကမသိပေမယ့် ခုတော့ ကြုံတွေ့နေရပြီ
 
သူတို့တွေ့ရဖန်များတော့သူအကြောင်းတွေစုံစမ်းမိလာတယ် သူကိုသံယောဇဉ်ဖြစ်လာမိတယ်
 
သူကိုလည်း မောင် လို စိတ်ကူးထဲကပိုင်စိုးပိုင်နင်း နှလုံးသားမှာ ခက်နှိပ်လိုက်တယ်
 
မောင်ကကျွန်မသိလိုက်တဲ့အချစ်ကတော့
 
အချစ်သည်ရင်ခုန်စေခဲ့တာပါပဲစမ်းချောင်းလေးလိုတငြိမ့်ငြိမ့်စီးဝင်လာတယ်ကျွန်မ
 
မသိလိုက်တဲ့အချိန်မှာပဲမောင်ကိုချစ်မိတဲ့ အချစ်ကနေရယူသွားတယ်

‘မောင်’ကိုမောင် လို့ ခေါ်ချင်မိတယ် မောင် ဆိုတဲ့ စကားလုံးလေးကကျွန်မအတွက်မထူးဆန်းပေမယ်
မောင်က အနားမှာရှိသလိုခံစားရလိုအားရှိမိတယ်မောင်
 
မောင်ကတော့ ကျွန်မခေါ်တာမသိပေမယ့် ကျွန်မစိတ်ကူးထဲမှာ မောင် လိုပိုင်စိုးပိုင်နင်းခေါ်လိုက်မိတယ်
မောင်ကဘယ်သူခေါ်ခေါ် သားရေလိုပဲခေါ်ခေါ်
 
ကိုတံခွန်ရေးလိုပဲခေါ်ခေါ်
"ဗျာ" ဆိုတဲ့အသံလေးကရင်ခုန်မိတယ်မောင်ရယ်

‘မောင်’ဆိုတဲ့ စကားလုံးလေးက မဆန်းလှတဲ့ရိုးရှင်း စကားလုံးလေးဆိုပေမယ့် ကျွန်မအတွက်တော့
 
ခံစားမှုရသပေါင်းစုံကို
ပေးစွမ်းနိုင်တဲ့အလေးနက်ဆုံး စကားလုံးတစ်ခုပါ။ ဝမ်းသာပျော်ရွှင်မှု၊ကြည်နူးမှု၊
 
မျှော်လင့်ချက်ရောင်ခြည်၊ချစ်ခြင်းတရား ၊ပြီးတော့
ပူလောင်မှု၊အထီးကျန်ဆန်မှုနဲ့ နာကြည်းမှု အဲဒီခံစားမှုတွေအားလုံးကိုမောင်ကပေးစွမ်းနိုင်လိုက်တာ
 
အဲလိုပြောရင်လူတွေက
ကျွန်မကိုရူုးတယ် အချစ်ရူးမလေးလို့ပြောကြမလားဘဲနော့်။ ကျွန်မကိုယ် ကျွန်မဘယ်တုန်းကမှ
 
မောင့်ကိုချစ်မိလိမ့်မယ်လို့မထင်မိခဲ့ဘူး။
 
ကျွန်မတို့မြို့လေးမှာမောင် က ပေါ်ပြုလာဥစ္စာပေါ၊ရုပ်ချော၊ ပညာကလည်းတော်
အထူးသဖြင့်မောင့်လို ပေါ်ပြူလာဖြစ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ကျွန်မလို
 
ပုံစံခပ်တုံးတုံးကောင်မလေးတစ်ယောက်
ဘယ်လိုမှအပ်စပ်နိုင်တာပဲဖြစ်ပါတယ်။ မောင်နဲ့ကျွန်မက တစ်မြို့တည်းနေပေမယ့်
 
ခုထိမောင်နဲ့မရင်းနှီးဘူး၊ စကားမပြောဘူးသေးဘူး 
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမယ့် ကျွန်မကတော့ အညတရပန်းလေးတပွင့်ပါမောင်ရယ်
မောင့်ရဲ့ချစ်သူဖြစ်ဖို့ စောင့်မျှော်ခဲ့တဲ့မိန်းကလေးတွေထဲမှာ ကျွန်မပါဝင်ခြင်းမရှိပေမယ့်
 
မောင့်ကိုတော့သတိထား ကြည့်ဖြစ်
ပါတယ်ဆိုရင် မိန်းကလေးသိက္ခာမရှိလိုက်တာလို့များ ပြောကြလေမလား။ မိန်းမလှလေးတွေကို
သာယေကျာ်းလေးတွေငေးတတ်ကျတာပါ ။မလှတဲ့ကျွန်မကိုမောင် လှည့်တောင် ကြည့်ဖြစ်မှာမဟုတ်ပါဘူး ။
 
ကြည့်ကောင်းတဲ့ မောင်ကို
ကျွန်မခဏခဏကြည့်မိတယ် ဆို မိန်းကလေးဖြစ်ပြီးအရှက်မရှိဘူးဆိုမလား။
ကျွန်မ၀န်ခံပါတယ် မောင် သွားတဲ့နေရာတိုင်းကိုမောင်မသိအောင် လိုက်လိုက်ကြည့်မိပါတယ်မောင်
 
မှာရည်စားများရှိနေမလား 
ဂရုစိုက်ကြည့်ဖြစ်ကြောင်း ကျွန်မရှက်ရွံ့စွာ ဝန်ခံရပါလိမ့်မယ်။

အေးဆေးတည်ငြိမ်စွာနေတတ်တဲ့မောင်က တော့ ဘယ်ပတ်ဝန်းကျင်မှာမကြည့်
တယောက်တည်းသွားနေတာမြင်ရတော့ကျွန်မရင်အေးမိတယ်မောင်ရယ်။
မောင် ခဏခဏစာအုပ်ဆိုင်သွားတတ်တာလည်း ကျွန်မသိတယ်
ကဗျာတွေကိုချစ်တာလည်းကျွန်မသိတယ် ….၊စာအုပ်ဆိုင်ထဲရောက်ရင် ဘယ်ပတ်ဝန်းကျင်ကိုမှမကြည့် 
 
စာအုပ်တစ်အုပ်ကိုသဲကြီးမဲကြီးဖတ်တတ်တဲ့မောင်
 
မောင်ဖတ်နေတဲ့စာအုပ်တွေအချစ်ဝတ္ထုတွေဖြစ်ပါရဲ့ဘာလို့အချစ်မရှိသေးတာလည်း?
 
မောင်အကြောင်းတွေကိုမောင်မသိအောင်စုံစမ်းနေမိတယ်
 
မောင်ကအချစ်ကဗျာတွေလည်းဖန်တီးတတ်သေးတယ်
 
ဖန်တီးတတ်ပါရဲ့ဘာလို့အချစ်မရှိသေးတာလည်း?မောင်ဖန်တီး
တဲ့အရာအားလုံးက ညှို့ငင်မှုတစ်ခုခုတော့ ရှိနေမယ်ထင် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မောင့်ကို
 
မောင်မသိမှန်းသိရက်နဲသ၀န်တိုနေမိတယ်
 
မောင်နဲ့ကျွန်မစာပေ၀ါသနာတူတာချင်းတူတူပါပဲ ကဗျာဝါသနာပါချင်းလည်းတူတူပါပဲ
 
တနေ့ကျွန်မစာအုပ်ဆိုင်ထဲအ၀င် မောင်ကစာအုပ်ဆိုင်ထဲကအထွက် 
 
"ဘုန်း "
 
"အင့်"
 
ကျွန်မစာအုပ်တွေအကုန်လွင့်ကျသွားတယ် ကျွန်မနမော်နမဲ့တိုက်မိခြင်း
 
မောင်မှန်းမသိဘူး ကိုယ်အရှက်ကိုဖြေစိတ်နဲ့
 
"ရှင်...ရှင်ဘယ်လိုလုပ်လိုက်တာလည်း "
 
ဆိုပြီးအကြည့်ကမောင့်ဆီအရောက်ပါးစပ်ကတိတ်သွားပါတော့တယ်။
 
မောင်ကစိတ်ရှုပ်သလိုအကြည့်နဲ့ခဏကြည့်ပြီးပျြန့်ကျဲနေတဲ့စာအုပ်တွေစာရွတ်တွေကိုကောက်ပေးရင်း
 
"နောက်ဆိုသတိထားပေါ့ "
 
"ဟုတ်ကဲ့ရှင့်ကျေးဇူးနော်"
ပြောပြီးထွက်သွား
 
 
ကျွန်မလေရှက်လိုက်တာ မပြောနဲ့မောင်ရှေ့မှာဖြစ်ရတယ်လို့
 
မောင်နဲ့ပထမဦးဆုံးစကားပြောဖူးခြင်းပါ မောင်အသံကချိုလည်းမချို မာလည်းမမာ
 
"ဟဲ့သမီးအော်ဘာလုပ် နမောနမဲ့နဲ့ကောင်လေးကိုအားနာစရာ "
 
မေမေပြောတာကိုမောင်ကြားမိသွားလားပဲ
 
လှည့်ကြ့ည်ပြီးပြုံးသွားတယ်
 
မောင်အပြုံးကချိုလိုက်တာမောင်ရယ်
 
ကျွန်မစိတ်ကူးယဉ်တာများသွားပြီ မောင်ကိုလည်းမောင်လို့ပိုင်စိုးပိုင်နင်းခေါ်ရဲ့
 
ကျွန်မ ဒီနေမောင်နဲ့ပထမဆုံးအကြိမ်စကားပြောဖြစ်နေ့အမှတ်တရအနေနဲ့
 
 
မောင်ပုံစံလေးကိုကျွန်မပန်းချီးမဆွဲတတ်ဆွဲတတ်နဲဆွဲနေမိတယ် မောင်က၊ နက်မှောင်ထူထဲသော
 
မျက်ခုံးတန်းနှစ်စုံ၊
 
မြဲတမ်းအေးစက်နေတဲ့ မျက်ဝန်း၊ ယောကျာ်းတစ်ယောက်ရဲ့ နှုတ်ခမ်းလို့
 
မထင်နိုင်ရလောက်အောင်ပါးလျနီထွေးသော နှုတ်ခမ်းတစ်စုံ
မောင်ရဲ့ဖြစ်တည်မှုတစ်ခုစီတိုင်းက ငေးမောဖို့ ကောင်းနေလေ
ရဲ့။
 
မောင်ပန်းချီးပုံတူလေးကိုတနေ့နေတချိန်ချိတ်တော့ မောင်ကိုလက်ဆောင်အဖြစ်ပေးပါရစေမောင်ရေ
 
လူမသိသူမသိ ရုပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ကိုမောင်ကတော့မှတ်မိမယ်မထင်ပါဘူးလေ
 
ပတ်ဝန်းကျင်ကကျွန်မကိုနောက်ပိုးမလေးသတ်မှတ်နေမလားပဲ
 
မောင်နဲ့စကားပြောမိတဲ့နောက်ပိုင်း ကျွန်မစာအုပ်ဆိုင်ထိုင်ဖြစ်တယ် အရင်ကမောင်မမြင်ကွယ်ရာကငေးတဲ့
 
ကျွန်မခုမောင်လာမယ့်အချိန်ကိုဆိုင်ကောင်တာကမျှော်နေတတ်ခဲ့တယ်မောင်ရယ်
 
မောင်နဲ့လည်းတစတစ ရင်းနှီးလာခဲ့တယ် တယောက်နဲ့တယောက်စာအကြောင်းဖလှယ်ဖြစ်တယ်
 
မောင်ကအဆင့်အတန်းမခွဲတတ်သလိုကြုံရင်ကြုံသလို ညီမလေးတယောက်လိုလည်းဆုံးမတတ်သေးတယ်
 
 
မောင်ရယ်ကျွန်မကိုပိုခင်တွယ်အောင်လုပ်နေတာလားနဂိုတည်းကယိုင်ချင်နေတဲ့နောက်ပိုးမလေးကို
 
တရက်ပြီးတရက်မှလတွေကူးပြောင်းလို ဒိနေဆိုမောင်နဲ့ဆုံစည်းခဲ့တာ တစ်လပြည့်ခွဲတိတိပြည့်ပြီ
 
ဒီနေ့မောင်တယောက်မလာပါလား နေ့တိုင်းစာအုပ်ဆိုင်လာတတ်တဲ့မောင်
 
ဒီနေ့မလာဘူးနော် ဘာလိုများလည်း နေများမကောင်းလို့လား
 
အို ငါနဲဘာဆိုင်တာမှတ်လို့ သဒ္ဒါနော်နင်စိတ်ကိုထိန်း နင်ကမိန်းကလေးလေ
 
သူမှာလည်းသူကိစ္စရှိမှာပေါ့ နင်ကသူချစ်သူလည်းမဟုတ် ကျွန်မကိုယ်ကျွန်မတနေကုန် စိတ်ထိန်းထားရင်
 
နောက်နေ့နေလ့ည်မောင်က ရောက်လာခဲ့ပါတယ်
 
အနွေးထည်လေးနဲ့မောင်  
 
"ကိုတံခွန် နေမကောင်းဘူးလား "
 
"ဟုတ်တယ်ဗျ ကျွန်တော်ဖျားနေလို့ အိမ်မှာလည်းဘယ်သူမှမရှိဘူးလေ မေမေက ရိပ်သာဝင်နေတော့
 
ခုဆန်ပြုတ်သောက်မလိုလာရင်းဖတ်စရာတခုခု လာကြည့်တာ"
 
အော်သူကတော့ သဒ္ဒါကိုသတိရလိုမဟုတ်ဘူးပေါ့
 
စိတ်ထဲမှာကြိတ်ဝမ်းနည်းမိသွားတယ်
 
"ဟိတ်ကောင်မလေးဘာတွေးနေတာလည်း မျက်ရည်တွေလည်းဝဲလို့ဘာဖြစ်တာလည်း ဘာလည်း
 
အမေနဲ့စိတ်ကောက်ပြန်ပြီလားကောင်မလေးနော် မိဘကိုစိတ်မကောက်ရဘူး "
 
"အဲမောင်သိသွားပြီမျက်ရည်ဝဲတာမဟုတ်ပါဘူး မကောက်ပါဘူးမေမေနဲ့ "
 
"ဒါဆိုဘာလို့ လည်းပြောကိုကို့ ဘာလည်း တရက်လေးမလာတာနဲ့စိမ်းနေတယ်ပေါ့  "
 
"မဟုတ်ပါဘူး ကိုတံခွန်ရ ဖတ်စရာတခုခုလာကြည့်တာဆို သဒ္ဒါကိုကျတော့သတိမရဘူးပေါ့ လို စိတ်ထဲတွေး
 
မိလို့ မျက်ရည်ကဘာလိုဝဲသွားမှန်းသိဘူး"
 
"အဲဒီကောင်မလေးကတော့လေ လူကြီးတယောက်က ဒဲ့ပြောမလား သတိရတာပေါ့ "
 
ကျွန်မ၀မ်းသာသွားမိတယ် 
 
"ကြည့်မျက်နှာကချက်ချင်းပြောင်းသွားပါလား သဒ္ဒါမျက်နှာလေးကအ့ပြစ်ကင်းလိုက်တာ
 
ကလေးတယောက်လိုပဲ " ဆိုပြီးပါးကိုလာဆွဲတယ်
 
ပြီးတော့မှ
 
"ဆော်ရီးနော် "
 
စိတ်မထိန်းလိုက်နိုင်လို့ ဆိုပြီး
 
ကျွန်မက
 
"သူများသနပ်ခါးပျက်ပြီးရော်ပေး "နောက်လိုက်တော့
 
"ရော်ပေးမယ်လေ လာခဲ့ ဒီနားတိုး "ဆိုပြီး
 
သဒ္ဒါရင်တွေခုန်နေရပြီမောင်ရင်ခွင်နွေးနွေးထဲမှာ မောင် အဖျားတွေက သဒ္ဒါဆီကူးပြီး
 
"မောင်နော်လွတ်မကောင်းဘူး "လွတ်ခနဲထွက်သွားမိတယ်
 
အဲဘယ်တုန်းတဲကကောင်မလေးတယောက်မောင်ကိုမောင်လို့ခေါ်နေတာလည်း
 
သဒ္ဒါမောင်ကိုမကြည့်ရဲတော့ဘူးပါဘူးလေ မောင်ရင်ခွင်ထဲခေါင်းဝှက်ရင်း
 
မောင် ကချစ်တယ် အချစ်ရယ် တဲ့
 
သဒ္ဒါကမောင်ရယ် ချစ်တယ် မပြောတော့ပါဘူး လေ
 
မောင်ကိုမောင် လိုသာ ခေါ်ပါရစေ

ကျွန်မနှလုံးသားရဲ့နံရံမှာ မောင့်ရဲ့အမည်ကိုပဲ ချိတ်ဆွဲထားပါရစေ။ 

အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
ချစ်သူတိုင်းအချစ်ရဲ့ချိုမြိန်ခြင်းကိုခံစားနိုင်ကြပါစေ

No comments:

Post a Comment