Tuesday, September 11, 2012

*****.မိခင်တယောက်.....တန်ဖိုး*****


မိန်းကလေးတယောက်က…ပန်းတပွင့်နဲ့တူတယ်..
သမီးရယ်…လှပတဲ့အချိန်မှာလူတိုင်းကဆွတ်ခူးချင်ကြတယ်လေ…
.မိန်းကလေးသဘာဝကိုယ်ကိုချစ်ခင်ရင်….၀မ်းသာကြည်နူးကြတဲ့မရင့်ကျက်သေးတဲ့အရွယ်မှာပေါ့။
အရွယ်မရောက်သေးဘဲ…ချစ်ခြင်းတရားကို.….မက်မောတွယ်တာမိခဲ့တဲ့…. ချစ်ခြင်းတရားလွန်ပြီး……ဆန္ဒရမ္မက်မီးကို…တိုးခဲ့ကြတယ်။....ဆင်ခြင်စောင့်စည်း ....မပြုနိုင်ခဲ့ဘူး။ …မေမေရဲ့မိုက်ပြစ်ကြောင့်……သမီးလေးလူ့လောကကို……..အဖေမရှိဘဲ…..ဖြတ်သန်းရတော့မယ်။
သမီးးလေးရယ်….အမေစိတ်မကောင်းလိုက်တာ။မေမေငယ်ငယ်က….မိဘတွေစကား…
.နားမထောင်မိခဲ့လို့………သမီးလေးဖခင်မဲ့ဖြစ်ခဲ့ရတာပါ။မေမေကသမီးလေးဖေဖေကိုယုံခဲ့မိလိုပေါ့…
သမီးလေးရယ်…..သမီးလေကြီးလာရင်…..မေမေပြောပြပါမယ်…..နားလည်နိုင်ပါစေ။
သမီးလေးဖေဖေက….ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ……သမီးးကိုမေမေမပြောချင်ပါဘူး…
…သမီးလေးးအပြစ်မဖြစ်စေချင်ပါဘူး……….မေမေမိုက်ပစ်ပါပဲသမီးလေးရယ်………
..မေမေကအရွယ်မရောက်ဘဲ…….စိတ်ကစားမိခဲ့လို့…..မီးကိုမီးမှန်းမသိပဲ……..၀င်တိုးခဲ့မိလို့…
တခဏတာကြည်နုးတာကိုပဲ…….မြင်ပြီး…တစ်ဘ၀စာ…….နောင်တတစ်ရားဖြစ်ခဲ့ရပြီလေ။
လူပုံအလယ်မှာ...….ခေါင်းမဖေါ်ရဲအောင်ပါပဲသမီးရယ်။
အမေဟာ သမီးးရဲ့ အဖေ စွန့်ပစ် ထားရစ်ခဲ့တဲ့တွက်….. နာကြည်းခြင်း၊  ကြေကွဲခြင်း၊ ၀မ်းနည်းခြင်းခံစားရပေမယ့်သမီးလေးကို…….မေမေအပြစ်မတင်ရက်ပါဘူး။
….. လင်ကောင် ….မဖော်နိုင်ဘဲ ….ကိုယ်ဝန် ရှိနေတာကြောင့် ….ရင်ဆိုင်ရမယ့်…. အတင်းအဖျင်းဆိုး….. သတင်းတွေကို….. ထိတ်လန့် ချောက်ချားခဲ့တယ်… ဆယ်ကျော်သက် မိုက်ရူးရဲ အတွေးနဲ့
အမေက…. ကိုယ်ဝန် ဖျက်ချပစ်ဖို့ ကြိုးစားခဲ့ဖူးတယ်သမီးလေးရယ်..မေမေ၀န်ခံပါတယ်။
.မေမေကိုသမီးလေးရဲ့အဘွား က
"ကလေးကိုမဖျက်ချဖို့…ဗိုက်ထဲကကလေးကို…..ဘာမှအပြစ်ရှိတာမဟုတ်ဘူး……
..နင်တို့မိုက်လုံးကြီးလိုသာသူခမျာ…
.ကြားထဲက….မြေစာပင်ဖြစ်ခဲ့ရတာညည်းအေမိုက်လုံးကြီးလိုက်တာ…..လူမဆန်တဲ့ညည်းကောင်လေးက……
ဖျက်ချလိုက်ပါလို့ ပြောတာနဲဖျက်ချရသလား….သူကယောကျာ်းလေးမို့……မိခင်စိတ်မရှိလို့ပြောတယ်ထား
ညည်းကမိန်းကလေးအေမိခင်စိတ်ရှိရမှာပေါ့….ညည်းကိုငါသာမမွေးခဲ့ရင်…
.ညည်းလူဖြစ်လာမလား…ညည်းစဉ်းစားပါအေ…လူဘ၀ကရခဲပါတယ်…. ညည်းက မမြင်ရသေးတဲ့ ရင်သွေးကို ဖျက်ချ ပစ်ရက်နိုင်တယ်ဆိုတောင်မှ ……ကလေးဖျက်ချရင်းမတော်တဆ….. သွေးဆိပ်တက်ပြီး …
….အသက် ပါသွားတဲ့ တချို့မိန်းမတွေ ကိုအမေမြင်ဖူးတယ်သမီးလေး….သမီးလေးရယ်မေမေလေ ….မေမေ့ သမီးကို ဘယ်လိုမှ အဆုံးရှုံး မခံနိုင်ဘူး။မွေးလိုက်ပါ ….သမီးရယ်။ မေမေ့ သမီးမွေးမယ့်.. ကလေးဟာ မေမေ့သွေး…….မေမေ့မြေးပါ။မေမေ…..၀ိုင်းစောင့်ရှောက်မှာပေါ့”
သမီးဘွားဘွားကငိုကြီးချက်မနဲ့မေမေကျောလေးကိုပွတ်ပြီး…မေမေ့ကိုဆုံးမပြောဆိုခဲ့တယ်…
…သမီးဘွားဘွား.....မေတ္တာကကြီးမားလိုက်တာသမီးရယ်
မေမေ့ မိခင်သာ…… မပါဝင်ရင်…မေမေလေသမီးလေးကို..မွေးဖို့…..သက်စွန့်ဆံဖျား သတ္တိရှိခဲ့မယ်….. မထင်ဘူး……. ကလေးရယ်။ အဲဒါကြောင့်မေမေလေ အားလုံးကိုရင်ဆိုင်ဖို့ …….တစ်စစနဲ့ ….ခံနိုင်ရည် ရှိလာပါတယ်။မိခင်တယောက်ရဲ့တန်ဖိုးကိုလည်းမေမေလေ….နားလည်လာတယ်။သမီးလေးးကြီးလာတဲ့…
..တချိန်ကျမေမေနားလည်အောင်….ပြောပြပါမယ်။
မေမေလည်း…..မိခင်တယောက်တန်ဖိုးဆိုတာကိုနားလည်လာပါပီ။ မေမေလေ….ဗိုက်ထဲကသားလေးမှန်းမသိ…
.သမီးလေးမှန်းမသိတဲ့ကလေးလေးကြောင့်လေ.......မေမေခွန်အားတွေရှိလာခဲ့တယ်။
ဒါဟာမေမေ့ရဲ့မိခင်စိတ်ကြောင့်ပဲထင်တယ်….အဲဒါနဲ့တစ်ပြိုင်နက်သမီးလေးရဲ့ဘွားဘွားမေတ္တာကိုလည်း
မေမေနားလည်လာခဲ့ပါတယ်။သမီးဘွားဘွားက………….မေမေ့ကွယ်ရာမှာမျက်ရည်တွေကျနေတာ…
.မေမေရိပ်မိပါတယ်။
မေမေရှေ့မှာတော့….သမီးလေးဘွားဘွားကတကယ့်သူရဲကောင်းကြီးပါပဲ…
သမီးကြီးလာရင်..
"…မိန်းမသားတယောက်ရဲ့….တန်ဖိုး….မိန်းမတယောက်ရဲ့အရည်အချင်း….မိန်းမတယောက်က…
အရွယ်မတိုင်ခင်….အချစ်ကမကစားသင့်ကြောင်းကို….မေမေဘ၀နဲ့ယဉ်ပြီးသမီးလေးကိုမေမေ…
..ပြောပြဦးမှာပါ….ဒါမှသမီးလေးတို့လို….ဖူးပွင့်စပန်းလေးတွေ….အရွယ်မတိုင်ခင်အခြွေမခံရအောင်……
.မိန်းကလေးတယောက်ရဲ့တန်ဖိုးကိုမေမေပြောပြဦးမှာပါ.."
သမီးလေးရယ်…သမီးလေးတယောက်သင်ခန်းစာယူတတ်ပါစေ…သမီးလေးသိတတ်တဲ့အချိန်…
..မေမေကိုနားလည်နိုင်ပါစေ……မေမေဆုတောင်းနေမိတယ်…
မေမေမိုက်ပြစ်ကိုနားလည်နိုင်ပြီး……….မေမေသမီးလေးတယောက်…
မိန်းကလေးတယောက်တန်ဖိုးကို….မိခင်တယောက်ရဲ့စိတ်ဓါတ်တွေကို……..သင်ခန်းစာယူနိုင်ပါစေ။

“မီး မီး... မေမေ့လို မမိုက်... မိုက်နဲ့ နော်”     

အမေများအားလုံးကိုလေးစားသောအားဖြင့်မိခင်တွေရဲ့ကြီးမားတဲ့စိတ်ဓါတ်ကိုဖေါ်ပြလိုက်ပါတယ်။
လေးစားပါတယ်မေမေ

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
 

No comments:

Post a Comment