Tuesday, September 11, 2012

ရင်ခွင်မဲ့တွေ ဖေးမကြမယ်နော်

ကျွန်မတို့ အားလုံးလိုလိုဟာ ပြည့်စုံတဲ့ ကလေးဘ၀ကို
ပိုင်ဆိုင်ခဲ့ဖူးကြပါတယ်။
ပြည့်စုံတယ်ဆိုတဲ့နေရာမှာ ငွေရေးကြေးရေးထက်
မိဘရဲ့ကြီးမားတဲ့မေတ္တာတရားနဲ့ ဂရုစိုက်မှုကို အပြည့်အ၀ရခဲ့ကြပါတယ်။
စားချိန်တန်အဆင်သင့်စားပြီး ၀တ်ချိန်တန်ရင်လည်း ကိုယ်နဲ့တော်တဲ့တန်တဲ့ အ၀တ်အစားတွေ
အဆင်သင့်ဝတ်နိုင်ဖို့ အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးခဲ့တဲ့
မိဘမေတ္တာရိပ်အောက်မှာ အေးအေးချမ်းချမ်း လူလားမြောက်ခဲ့ကြပါတယ်။

မိဘတွေရဲ့ကြီးမားတဲ့မေတ္တာကြောင့်လူတစ်လုံးသူတစ်လုံးဖြစ်ပီး
ဘ၀လမ်းမှာရပ်တည်နေရတာရှေးဘ၀ကုသိုလ်ကံကြောင့်ပါပဲ။

မိဘပြည်စုံနဲမွေးလာရတဲ့ကျွန်မတို့ဘ၀လေးမှာမေမေရဲ့နွေးထွေးတဲ့ရင်ခွင်
နွေးထွေးတဲ့ဂရုစိုက်မူထမင်းစားရင်လည်းငါသမီးလေးကအစားနည်းလိုက်တာ
အိပ်ရင်လည်း
"ငါသမီးလေးကိုခြင်ကိုက်တော့မှာပဲ"ကိုယ်အတွက်ရယ်မတွေး
"ထမင်းစားရင်လည်းငါသမီးဝပါမလား" ကိုယ်အတွက်မချန်ကိုယ်ကတော့အိုးမှာကျန်တဲ့အိုးအနှစ်လေးကို
စားပီးသားသမီးတွေဝဖိုဂရုစိုက်ပေးရှာတဲ့မိခင်ရဲ့ကြီးမားတဲ့မေတ္တာ
ဖေဖေရဲ့အုတ်တံတိုင်းလိုခိုင်မာ
စွာကာကွယ်ထားတဲ့တတိုင်းကြီးရှီလိုလည်းစားဝတ်နေရေး၊သားသမီးပညာရေး
ဘာတခုမှမပူပင်ခဲ့ရပါဘူး။
ကျွှန်မတို့ဘ၀နဲ့ယဉ်ကြည့်လိုက်ရင်
ဟော...ကြည်ပါဦးသူတိုလေးတွေထမင်းကိုဘယ်လိုစားသောက်မလည်း
ဘယ်လိုနေထိုင်ကြမလည်းရင်ခွင်မဲ့ကလေးတွေသူတိုလေးတွေအတွက်
အရိပ်ပေးမယ့်နေရာရင်ခွင်တစုံသူတို့လေးတွေလိုအပ်နေမှာပါပဲ။
ကျွန်မတို့တတ်နိုင်မယ့်အားလေးနဲသူတို့အတွက် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး တွေအတွက်စေတနာရှင်တွေရဲ့ အထောက်အပံ့တွေ အများကြီးကို လိုအပ်နေပါသေးတယ်...
စေတနာရှင်လေးတွေအများကြီးလိုအပ်နေတယ်
သူတိုလေးတွေမျှော်နေတယ်
မင်းတိုမေတ္တာ
မင်းတို့စေတနာ
မင်းတို့ဂရုဏာ
နေလောင်းပန်းများ အရိပ်ရစေချင်
မေတ္တာထား၍
ကိုယ်တတ်စွမ်းအားနဲ
ရင်ခွင်မဲ့တွေ
ဖေးမကြမယ်နော်
နေလောင်းပန်းများအစဉ်လန်းဆန်းနိုင်ပါစေ။
နေမင်းကြီးနဲ့တူတဲ့သင်တို့ကူညီမူကိုနေကြာပန်းနဲ့တူတဲ့လူအများစောင့်မျှော်နေတာသတိရပေးပါ။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
မိဘမဲ့ကလေးများကို လှုဒါန်း လိုပါက.
ရန်ကုန်..email----->ygn.donation@shwemyotaw.com--
-phone---->အမုန်းသခင်0943127350 /

No comments:

Post a Comment