Sunday, October 14, 2012

**ကဗျာပန်းခင်း**



    ကဗျာပန်းတွေပေါ်မှာ
  ချစ်လိပ်ပြာတွေ
ကိုယ်စီဝဲလို
ကဗျာပန်းခင်းလေး
လှနေလိုက်တာ 
ရင်ထဲကသံစဉ်

    စိတ်ကူးတွေလွင့်ပျံ့
အလွမ်းဓါတ်တွေဆင်

    မြင်လေသမျှ
အချစ်ရိပ်တွေ
တထင်ထင်နဲ့

    နှလုံးသားတွေ
ထပ်တူညီကျလို့

    ချစ်တယ်ဆိုတဲ့စကား
အသက်ဝင်နေလိုက်တာ
ချစ်တယ်ဆိုတဲ့အရာက
တိုင်းစရာ မရှိဘူးတဲ့

     အချစ်နဲ့တွေ့မှ
ကဗျာတွေအသက်ဝင်တယ်ဆိုတာ
 လက်တွေ့မှသိမိတယ်။
 
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment