Tuesday, September 11, 2012

စိတ်ကူးယဉ်ကြည့်လိုက်ရအောင်...သူငယ်ချင်းတို့ရေ :)(ပျော်ရွှင်ပါစေ)




လူတိုင်းမှာတော့.ကိုယ်ချစ်သူလေးနဲ့ဘယ်လို….နေမယ်.ဘယ်လိုလေးဖြစ်ဖြစ်.စိတ်ကူးယဉ်မိကျမှာပဲ…ကျွန်မလည်းကျွန်မချစ်သူလေးနဲ့ဒီလိုလေးစိတ်ကူးယဉ်ကြည့်မိလိုက်တယ်

ချစ်သူလေးခိုင်မာစွာလက်ကိုတွဲလို….တစ်ဘ၀လုံးအတွက်ပျော်ချင်မိတယ်။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့တွေ့ ရင်….. ပျော်ရွှင်ကြတယ်လေ….

ဘ၀အတွက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမီ..ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဆိုလဲ ချစ်သူလေးပါပဲ။

ချစ်သူနဲ့ စကားတွေ ကကျွန်မအတွက်ချိုမြိန်စေတယ် ချစ်သူနဲ့အချစ်တိုင်း စကားတွေအများကြီးပြောချင်နေမိတယ်။


ပြီးတော့ ချစ်သူနဲ့ အေးချမ်းပျော်ရွှင်တဲ့ ဘ၀တစ်ခုကိုထူထောင်ချင်တယ်
ဘာပကာသနမှ မလိုချင်ပါဘူး...ချစ်သူ ကချစ်တယ်ဆိုရင်ပဲ ကျေနပ်တယ်

ချစ်သူလေးနဲ့အတူတူဈေးသွားမယ်၊ထမင်းအတူတူချက်မယ်
ပြီးရင် ချစ်သူနဲ့ တူတူ ထမင်းလက်ဆုံစား




သာယာပျော်ရွှင်တဲ့အိမ်ထောင်တခုကိုချစ်သူလေးနဲ့နှစ်ယောက်တစ်ဘ၀တည်ထောင်ချင်မိတယ်။

စိတ်ကူးဆိုတာ…အကောင်းဆုံးမက်ချင်ကျတာပဲလေ…တကယ်လက်တွေ့မှာတော့
မလွယ်ကူဘူးလေ..တခဏတာလေးတော့ပျော်ရွှင်လိုက်မိတာပါပဲ။

အားလုံးစိတ်ကူးယဉ်ကြည့်လိုက်ရအောင်နော်
အားလုံးပျော်ရွှင်ကြပါစေ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment