Tuesday, September 4, 2012

♥ပျင်း..ပျော်...♥ပျက်...♥ပြေး♥

လူတိုင်းကတော့..ကိုယ်ဘ၀အတွက်ရုန်းကန်နေကြတာပါပဲ။မြို့မှာနေတဲ့လူလည်းမြို့
မှာအလျောက်ရုန်းကန်နေရသလို…တောမှာနေတဲ့လူလည်းတောအလျောက်ရုန်း
ကန်နေရတာပါပဲ။ဘ၀မှာရှင်သန့်နေထိုင်ဖို့နဲ့..၀မ်းတထွာအတွက်…ကြိုးပမ်းနေကြရတာပါပဲ။
ဘ၀မျိုးစုံအလွှာမျိုးစုံအလိုက်..ရုန်းကန်နေရတယ်။ရှင်းဖတ်ဘူးတဲ့
ပျင်း-ပျော်-ပျက်-ပြေး ဆိုတဲ့စကားလေးလုံးကိုအခြေခံပြီးသူငယ်ချင်းတွေကို
အသိတခုမျှဝေပေးချင်လို့ပါ။


ဘ၀လောကဒဏ်အတွက်…ရုန်းကန်နေရတဲ့အခါ..ကိုယ်အရပ်ဒေသ၊ကိုယ်မြို့၊ကိုယ်
ရွာကိုစွန့်ပြီး…တစ်ရွာမပြောင်းသူကောင်းမဖြစ်စကားနဲ့အညီ..လူတွေကကိုယ်ဒေသကိုစွန့်ခွာပြီး
ကိုယ်ဘ၀၀မ်းရှာဖူလုံရေးအတွက်စွန့်ခွာကြရတယ်။
ဘ၀၀မ်းစာအတွက်ရှာဖွေရာမှာ…ရိုးသားစွာနေထိုင်ပြီး..မလုပ်ဘူးတာ…မမြင်ဘူးတာတွေ.
.မကြုံဘူးတာတွေ..အတုမြင်အတတ်သင်ရာမှာ..အလွယ်လိုက်လမ်းမမှားဖို့..
ပညာရှာဖို့ရောက်လာတဲ့…လူငယ်လေးတွေကမိဘကသားသမီးဘ၀တိုးတက်စေချင်လို့
ကိုယ်သားသမီးကို.
.သူများသားသမီးထက်တော်စေချင်တတ်စေလို့..ငါသမီးက
တော့၊ငါ့သားလေးကတော့..တောမှာနေရင်ငါတို့လိုပဲတောင်ယာအလုပ်၊ငါးဖမ်းအ
လုပ်ပဲလုပ်နေရမှာ…သားသမီးဆိုတာ..မိဘထက်ခြေတလှမ်းသာနေရမယ်
ဆိုပြီးမိဘတွေကတော့..အမြော်အမြင်ကြီးစွာ..တောကနေမြို့ကိုပို့လိုက်ကျတယ်။
လူငယ်လေးတွေကလည်းအားတတ်သရော…ရောက်လာတုန်းကတော့…
ငါမိဘအတွက်ငါတို့ကြိုးစားမယ်..စိတ်ကူးနဲ့လာကြတာပေါ့။

လူဆိုတာလည်းခက်သားလား…အတုမြင်အတတ်သင်ချင်လေ။
ကိုယ်မသိတာကိုစူးစမ်းလိုက်ရမှ။တောကတတ်လာတုန်းကတော့ရိုးရိုးလေးပေါ့။အဖေါ်ကလည်းမရှိ၊
ဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိလေတော့ (ပျင်း)နေတာပေါ့။
အချိန်ပြည့်စာကိုပဲအပတ်တကုတ်ကြိုးပမ်းနေတာပေါ့။

နောက်ပိုင်းသူငယ်ချင်းအ
ပေါင်းအသင်းကလည်းများလာရော် ..ဟိုသွားချင်..ဒီသွာချင်ဖြစ်လာတော့တာပေါ့။
မိဘကွယ်ရာမှာဆိုတော့
လွတ်လပ်နေကြတာပေါ့။မိတ်ဆွေများလာတော့(ပျော်)တတ်လာတယ်။

မိဘကလည်း
ပံ့ပိုးပေးနေလေတော့…ပူပင်စရာမထား…မိဘဖြစ်သူကတော့…တောင်
ယာလုပ်၊ယာလုပ်ပြီးသားသမီးပညာရေးအတွက်…နေပူမရှောင်..မိုးရွာမရှောင်
လုပ်နေတာပေါ့.ငါ့သားသမီးပညာရေးအတွက်ဆိုပြီး…သားသမီးလုပ်နေတဲ့လူတွေကတော့…
.မိတ်ဆွေအပေါင်းအသင်းများလာတော့…ပိုက်ဆံကမလောက်ငတော့ဘူး
လေ။မိဘတွေဆီကလိုသမျှတောင်း…ကျောင်းကိစ္စကိုအကြောင်းပြပြီးတောင်း…လိုသလောက်မရတော့
…ကျောင်းပြေးတတ်လာပြီး….မိတ်ဆွေအပေါင်းအသင်း
ကောင်းရင်တော့တမျိုးပေါ့….မကောင်းရင်တော့ရင်လေးစရာ…မဟုတ်ကဟုတ်က
အလုပ်တွေလုပ်ပြီး….ဘ၀ရှင်သန်နေဖိုအတွက်..လုပ်မိရင်တော့..မိဘတွေရင်ကျိုးရှာပီပေါ့.
ကိုယ်ကိုတိုင်လည်းဘ၀(ပျက်)ပြီးကိုယ်ရည်မှန်းရာပန်းတိုင်ပျောက်ပြီပေါ့။


သားသမီးဒုက္ခရောက်ပြီးဆို…အရင်ဆုံးတမ်းတမိတာကမိဘပါပဲ။
(ခလုတ်တိုက်မှအမိတစကားပုံ)ထဲကလိုဘ၀လည်းပျက်ရော်ကိုယ်ဘ၀ကိုးကွယ်ရာ
မိဘတွေရှိတဲ့နေရာကို(ပြေး)ရပြီပေါ့။
ကိုယ်ဘ၀ရဲ့အကြီးမားဆုံး…အရိပ်လေးဆီ…ရင်ခွင်ပါပဲ။
သူငယ်ချင်းအားလုံးလည်းရှင်းရေးသားတဲ့စာလေးကိုဖတ်ပြီးအသိတခုတိုးမယ်
လို့မျှော်လင့်မိပါတယ်။
အခုခေတ်လူငယ်ဆိုတာ..နောင်တခေတ်ခေါင်းဆောင်လေးတွေပါပဲ။
ကိုယ်ရည်မှန်းရာပန်းတိုင်ကို…ခလုတ်မထိဆူးမညှိပဲဖြောင်းတန်းစွာလျှောက်လှမ်းနိုင်
ကြပါစေနော်။

ရှင်းလည်းကြိုးစားနေဆဲပါရှင်။
အားလုံးလည်းလိုရာပန်းတိုင်ကိုရောက်နိုင်ပါစေနော်
လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment