Tuesday, September 11, 2012

♥´ပန်းပျိုးသူတယောက်ရဲ့ အတ္တ `♥


ကျွန်မ ကိုကိုဆိုတဲ့သူနဲ့ စတွေတဲ့အချိန်မှာကိုကိုဥယျာဉ်မှူးတယောက်လေ
ကိုကိုက ဥယျာဉ်မှူးစိတ်အပြည့်အ၀ရှိတဲ့သူပေါ့ ပန်းလေးတွေပိုးကျမှာစိုးလို့အမျိုးအမျိုးစောင့်ရှောက်
ကိုကိုရဲ့ ဂရုစိုက်မူအောက်မှာပန်းလေးတွေက အန္တရာယ်ကင်းမဲ့စွာ လှပစွာပန်းလေးတွေပွင့်လန်းနေကြပါတယ်
ကိုကိုကသူအတွက် အချိန်တွေကိုသိပ်မသုံးပဲ ပန်းဥယျာဉ်ထဲမှာပဲ ကောင်းမွန်စွာ ဂရုစိုက်တယ်. ရေလောင်း၊ ပေါင်းသင် စတဲ့
ပြုဖွယ်ကိစ္စတွေနောက်ပြီး ပိုးမကျအောင်လဲ အချိန်ရတိုင်းစောင့်ကြည်နေတယ် .. ကိုကိုရယ်
ပန်းလေးတွေအစား ကောင်မလေးလည်း ပန်းလေးတပွင့်ဖြစ်ချင်လာမိတယ်ကိုကိုရယ်
ကိုကိုဂရုစိုက်မူကိုလိုချင်လာမိတယ် ကိုကို က ပန်းလေးတွေအပေါ်အကြင်နာရှိသလောက်
လူတွေအပေါ်မှာလည်း ကြင်နာတတ်ပါတယ် ကောင်မလေးလမ်းမှားမရောက်အောင် အမျိုးမျိုးစောင့်ရှောက်ခဲ့တယ်
ကောင်မလေးလေးစားမိရင်း...ကိုကိုအပေါ်အချစ်စိတ်တိုးလာမိတယ် ..ကိုကိုကတော့သိမယ်မထင်
ကိုကိုက ပန်းလေးတွေပျိုးထောင်ပြုစုဖို့လောက်ကလွဲရင် သူစိတ်ထဲမှာ ဘာမှမရှိသလိုပါပဲ....
ကောင်မလေးကဘယ်လိုပဲရေလာမြောင်းပေးလုပ်လုပ် ဘယ်လိုပဲအချစ်အကြောင်းပြောပြော
စက်ရုပ်ကြီး အတိုင်း ပါပဲ..ရေခဲတုံးကြီး လိုပါပဲ......


ကိုကိုကိုခဏခဏစိတ်ကောက်ရလွန်းလိုလည်း ကောင်မလေးမောနေပါပြီးကိုကိုရယ်
ကိုကိုက
ပန်းလှလှလေးတွေကို ပွင့်စေသူ၊ ကြီးမြတ်သောစိတ်ရှိသူတယောက်ပါ။
ကိုကိုရေ မိန်းကလေးဆိုတာ မျှော်နေရတဲ့ ဘ၀တခုပါပဲ
ကိုကိုဘယ်တော့များပြောမလည်းလို မျှော်တလင့်လင့်စောင့်စားရက်တွေရယ်ကြာညောင်း ခဲ့ပါတယ်
တနေ့တော့ကိုကို က
"ကလေးတဲ့ လူကြီးဆိုတာ ချစ်တယ် လို့မပြောဘူး အသက်အရွယ်အရလေ ကောင်မလေးကို အချိန်တိုင်းသတိရနေတယ်
ကောင်မလေးကိုမျှော်နေတယ် ဆိုတာယုံပေးပါတဲ...."
ကောင်မလေးပါးစပ်လေးအဟောင်းသားဖြစ်သွားမိတယ် ကိုကိုစက်ရုပ်စကားတွေပွင့်ထွက်လာပီပေါ့နော်
ကောင်မလေးယုံလိုက်မိတယ်အချစ်ဆိုတာရောင်ပြန်ဟတ်တတ်တယ်တဲ့


ကောင်မလေးလေကိုကိုဖြုစင်သောအချစ်ချစ်ခဲ့ရိုးမှန်ရင်
ကောင်မလေးဆီကိုကိုအချစ်ရောက်ပါစေ
အချစ်စမ်းမိခဲ့တဲ့
ရင်ခုန်တတ်စအရွယ်
ရင်အစုံ
ပြင်းထန်စွာ လှုပ်ခတ်

အဆက်မပြတ် မရပ်မနား
ခုန်နေမိတာအချစ်တဲ့လားကိုကိုရယ်
မိုးကောင်းကင်ကြီးရဲ့အောက်မှာ
ကိုကိုနဲ့အတူကဗျာတွေ
သီကုံးရင်း
အချစ်ရေယာဉ်ကြောထဲမှာ
အကြင်နာ ရေစီးကြောင်းလေးအတိုင်း
ကိုကိုနဲ့နေချင်မိတယ်
ကောင်မလေးစိတ်ကူးသက်သက်ပါကိုကိုကတော့ အဖြူရောင်သံယောဇဉ်နဲ့ ပန်းလေးတပွင့်ညိုးမှာစိုးလို့
ဘေးကနေဘေးမမဖြစ်သင့်တာမဖြစ်အောင် ဘေးမနေမိတယ်ဆိုတာ
ကောင်မလေး ရိပ်မိလိုက်ပါပြီ....ကောင်မလေးလိုချင်မိတာ ကိုကိုအချစ်လေ
"ကိုကိုမှာသိပ်ချစ်ရတဲ့ချစ်ဦးသူရှိတာ သိခဲ့ရတယ် ကိုကိုရယ် ချစ်ဦးသူဆုံးပြီးတည်းက ကိုကိုကအထီးကျန်ပြီး ပန်းတွေနဲ့နေလာခဲ့တာ တဲ့
စိတ်မကောင်းလိုက်တာ ကောင်မလေးလေ ကိုကိုအနားမှာဖေးမနေချင်မိတယ် "
ကိုကိုစကားမပြောရင်လည်းမနေတတ်ဘူး
ကိုကိုကမေ့ထားရင်လည်း ကိုကိုကိုစိတ်ဆိုးချင်မိတယ်
ကိုကိုရေ တဘက်သတ်အချစ်ဆိုတာ ဒီလိုပူလောင်တာလား
လူတစ်ယောက်ရဲ့ တစ်ဘက်သတ်အချစ်အတွက် ဟန်ဆောင် နေရတာပင်ပန်းလိုက်တာ
အပြင်ဘက်ကကြည့်ရင်တော့ လွယ်တယ်လို့ ထင်ရပေမဲ့၊ တကယ်တမ်း ရင်ဆိုင် ရသူတွေအတွက်တော့မအေးချမ်းပါဘူး ကိုကိုရယ်။
ကိုကိုက
"ကောင်မလေးရေ
ငါကိုမချစ်ပါနဲ့ လို့ကိုကိုပြောနေသလိုပါပဲ
ငါက ပန်းများကိုပွင့်ပဲပွင့်လန်းစေချင်တာပါကောင်မလေးရေ
ငါကြောင့်ပန်းလေးကိုမညိုးနွမ်းစေချင်ဘူး
ပန်းလေးအလှမပျက်စေချင်ဘူး
ပန်းလေကို အလှပဲကြည့်နေချင်တာပါ
ဘယ်သူမှခူးမှာလည်းမလိုလာဘူးပန်းပျိုးသူတယောက်ရဲ့ အတ္တပါပဲကောင်မလေးရယ်"

ကိုကိုအချစ်ဥယျာဉ်ထဲမှာ ကိုကိုနဲ့အတူတူ နွေပူမိုးရွရွာ
ကိုကိုရင်ခွင်မှာနေချင်မိတာ ကောင်မလေးဆန္ဒပါ ကိုကို ရယ်
ဥယျာဉ်မူးဆိုတာ ပန်းစိုက်ဖို့တခုတည်းမဟုတ်ပါဘူး ...မြတ်နိုးတွယ်တာ ချစ်ခွင့်လည်းရှိပါတယ် ကိုကိုရယ်

ကောင်မလေး စိတ်ထဲမှာဘယ်လိုဖြစ်နေလည်းဆိုတာတော့ .....ဥယျာဉ်မှူးကိုကိုသိမယ်ဆိုရင်............
ကိုကိုအချစ်ဆိုတာ သိမ်းဆည်းထားလို့ရတဲ့အရာတဲ့လား
ကိုကိုစိုက်ပျိုးထားတဲ့ သက်မဲ့ပန်းလေးမှမဟုတ်တာကိုကိုရယ်
ချစ်တတ်တဲ့အသည်းနှလုံးရှိတယ်
ခံစားတတ်တယ်
အချစ်ကိုချစ်တယ်လိုဝန်ခံရဲတဲ့သတ္တိကောင်မလေးမှာအပြည့်ရှိတယ်
ကိုကိုက ပန်းပျိုးသူတယောက်ရဲ့ အတ္တကိုကိုင်ဆွဲပြီး အချစ်ကို ပုန်းကွယ်လိုက်တာလားးးးးးးးး ကိုကိုရယ်
ကောင်မလေးကတော့ မျှော်နေယုံသာ
ကိုကိုလမ်းလာမယ့်နေတွေကိုပေါ့ ကိုကိုရယ်
ပန်းပျိုးသူတယောက်ရဲ့အတ္တတွေပြေပျောက်ပါစေဆုတောင်းနေမိပါတယ်
ပန်းလေးတပွင့်က ဥယျာဉ်မှူးခူးယူမယ့်နေကိုစောင့်စားနေတယ် ဆိုတာ ............
ကိုကိုမသိလေရော့သလား
ပန်းဆိုတာ သခင်ခူးခူးမခူးခူး ညိုးနွမ်းသေဆုံးတတ်တယ်ဆိုတာ......................ကိုကိုသိပါစေ။
ချစ်သူတိုင်းချစ်တတ်ကြပါစေ
အချစ်ကိုပွင့်လင်းစွာချစ်ခွင့်ရနိုင်ပါစေ
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ

No comments:

Post a Comment