Tuesday, September 11, 2012

♥´လွမ်းတယ် ဖေဖေရယ်`♥


အဖေ
အဖေများနေကျရောက်လာပီ
ခေါ်စရာအဖေရယ်
 
အနားမရှိတဲ့သမီးအဖြစ်ပါအဖေ
အဖေကပြောခဲ့သမီးလူတွေကိုစာနာပါတဲ့
အကြင်နာတရားထားပါ

အဖေလူတွေကကြင်နာတတ်လို့လားအဖေ
လူတွေကိုသည်းခံစိတ်ရှိရမယ်တဲ့
အဖေလူတွေကသည်းခံလေပိုဆိုးလေ
နုံနေတယ်ထင်ကြတယ်အဖေ

လူတွေကိုသနားရမယ်
သူတို့ကသနားတဲ့စိတ်ကို
ဖျောက်ပစ်ကြတယ်အဖေ
သူတို့ကိုကူညီရမယ်
အဖေရယ်သမီးဒုက္ခရောက်ချိန်မှာ
ဘယ်သူမှအနားမှာမရှိပါဘူးအဖေ

တစ်ယောက်တည်း ပါပဲ ဖေဖေရယ်

တစ်ယောက်တည်းပါပဲ..

ဖေဖေရယ် သမီးလေ

လူအုပ်ကြီးဘေးမှာ

တစ်ယောက်တည်း အထီးကျန်ရပ်ရင်း

ဖေဖေသွားနှင့်တဲ့လမ်း

မျှော်ရည်မှန်းလို့..

လွမ်းတယ် ဖေဖေရယ်
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment