Tuesday, September 11, 2012

ကျွန်မသိတဲ့အချစ်ဆိုတာ


  • လူတိုင်းကချစ်တတ်ပြီဆိုအချစ်ကိုအဓိပ္ပါယ်ဖွဲ့ဆိုတတ်ကြတယ်
  • အချစ်ဆိုတာလူတယောက်ရဲ့ဖြစ်တည်ခြင်းမှမဟုတ်တာ။
  • သက်ရှိတိုင်းခံစားတတ်ကြတယ်။
  • လူတိုင်းလူတိုင်းမှာချစ်တတ်တဲ့နှလုံးသားကိုယ်စီရှိတတ်ကြတယ်လေ
  • ဆင်းရတဲ့လူမှာလည်းချစ်တတ်တဲ့နှလုံးသားရှိသလို
  • ချမ်းသာတဲ့လူမှာလည်းချစ်တတ်တဲ့နှလုံးသားရှိတာပါပဲ
  • အချစ်ကပဲလူနှစ်ယောက်ရဲ့နှလုံးသားနှစ်ခုကိုနီးစပ်အောင်ဖန်းတီးပေးတာ
  • လူနှစ်ယောက်ကိုနွေးထွေးစေတာလေ
  • အချစ်ရဲ့နွေးထွေးမူကိုချစ်ဖူးတိုင်းသိကြမည်။
  • အချစ်ရဲ့အနှစ်အရသာကိုချစ်ဖူးသူတိုင်းနားလည်ကြသည်။
  • ကျွန်မသိတဲ့ချစ်ခြင်းကတော့
  • ချစ်သူကိုထာဝရချစ်ချင်တယ်
  • ချစ်သူကိုဘေးကဖေးမပေးချင်မိတယ်
  • ချစ်သူရဲ့ရင်ထဲကချစ်ခြင်းကိုလည်းခဏခဏမြင်ချင်မိတယ်
  • အချစ်တွေများလျော့သွားလေသလား
  • ချစ်သူကိုကိုယ့်စွမ်းအားနှင့်အတူ ဖေးမ ကူညီတဲ့ စိတ်ပါ တွဲနေတယ်
  • လူတိုင်းကတော့အချစ်ကိုအဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကောင်းဖွင့်ဆိုလိမ့်မယ်
  • အချစ်သည်အချစ်ဖြင့်သီးသန့်တည်ရှိမယ်ဆိုအချစ်ကြောင့်စိတ်ဆင်းရဲမူနည်းပေလိမ့်မည်။
  • အချစ်ကိုရယူလိုမှု့၊ပိုင်ဆိုင်လိုမှု့ပြင်းပြမူကြောင့်သာအချစ်ကအမုန်းဖြစ်ရဧ။်
  • လူတိုင်းကတော့အချစ်ကိုလိုချင်ကြတယ်
  • တပ်မက်ကြတယ်
  • မက်မောကြတယ်
  • နှစ်သက်ကြတယ်
  • ကျွန်မသိလိုက်တဲ့အချစ်ကတော့ အချစ်သည်ရင်ခုန်စေခဲ့တာပါပဲ
  • စမ်းချောင်းလေးလိုတငြိမ့်ငြိမ့်စီးဝင်လာတယ်
  • ကိုယ်မသိလိုက်တဲ့အချိန်မှာပဲအချစ်ကနေရယူသွားတယ်
  • အချစ်ဆိုတာကိုချစ်ဖူးသူတိုင်းခံစားမိကြမှာပါ။
ချစ်သူတိုင်းအချစ်ရဲ့ချိုမြိန်ခြင်းကိုခံစားနိုင်ကြပါစေ
ချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment