Tuesday, September 11, 2012

သမီးဘ၀တစ်ဦးတည်းသောလမ်းပြကြယ်(ရွှေမြို့တော်အမေများနေ့အမှတ်တရ)


မေမေ

ကျွန်မကိုလူလောကထဲရောက်အောင် မွေးပေးတယ်။

မေမေခမျာအပူအစပ် စားချင်ပါလည်း မမြင်ရတဲ့ရင်သွေးငယ်ကို ဂရုဏာဖြင့်

ဖန်ခါးချဉ်စပ်ရှောင်ပေးခဲ့တယ်။လူလားမြောက်သော်ဘ၀လောကဓံကြံ့ကြံ့ခံအောင်

လူတွေနှိမ့်ချဆက်ဆံမပြုရအောင်ပညာ အသိ ဆင်ခြင်နိုင်အောင် ပညာတွေသင်ပေးခဲ့တယ် ၊

မေမေက မိန်းကလေးတယောက်တန်ဖိုး ထားရမယ့်အကြောင်းလမ်းပြသွန်သင်ပေးခဲ့တယ်။

မေမေ ကဘ၀မှာချမ်းသားဖို့ထက်ဣနြေ္ဒအရှက်သိက္ခာကာကွယ်ရမယ် ဆိုတဲ့စကားတခွန်းကြောင့်

မိန်းကလေးတယောက်ရဲ့တန်ဖိုးကို သွန်သင်ဆုံးပေးခဲ့တဲ့မေမေ။


မေမေ

အမေရုပ်ရည်က.မချောမောလှပေမယ့်
အမေ့နှလုံးသားကိုယှဉ်ပြိုင်နိုင်သူရှားလွန်းတယ်။

အမေ..
မေမေအသံကအဆိုတော်တွေလောက်အသံမချိုပေမယ့်လည်း
မေမေ့စေတနာအနှိုင်းမဲ့ ချိုမြိန်လှတယ်။

မေမေ..
မေမေကသန်မာတဲ့လူတယောက်မဟုတ်ပေမယ့်း..
မေမေရင်ခွင်ကသမီးအတွက် လုံခြုံလွန်းလှတယ်..။

မေမေ..
အမေဟာသားသမီးဆီကဆန်ရေမရပေမယ့်လည်း
မေမေ့မေတ္တာဟာ.စုန်ရေလိုသမီးအပေါ်.မရပ်မနား တသွင်သွင်စီးဆင်းနေတယ်..။

မေမေ..
မေမေ့ဟာငှက်တသောင်းနားတဲ့သစ်ပင်တွေလိုအရိပ်အာဝါသမကောင်းပေမယ့်
.မေမေ့အရိပ်အာဝါသကြောင့်.သမီးအေးမြလွန်းလှပါတယ်။


မေမေ
မေမေဘ၀ခရီးလမ်း ဘယ်လောက်ပင် ကြမ်းကြမ်းပေမဲ့
မေမေ့နှလုံးသားကသမီးအတွက်မေမေကလမင်း အမြဲထွန်းပ နေပါတယ်။


မေမေရယ်
အမေများနေ့ကတနှစ်မှာတစ်ကြိမ်ပေမယ့်သမီးအတွက်အမေနေ့ဆိုတာ နေတိုင်းပါမေမေ
မေမေကျေးဇူးတရားကိုမဆပ်နိုင်သေးတဲ့သမီးကိုခွင့်လွတ်ပေးပါမေမေ။
“အမေ အစဉ်ကျန်းမာပါစေနော်သမီးနဲ့အတူသက်ဆုံးတိုင်နေနိုင်ပါစေ"

မေမေကိုသိပ်ချစ်ပါတယ်မေမေရယ်
ဖေဖေမရှိတဲ့သမီးဘ၀အတွက်

မေမေကသမီးဘ၀တစ်ဦးတည်းသောလမ်းပြကြယ်ပါပဲမေမေရယ်။




မိခင်ကိုမသေခင်လုပ်ကျွေးပြုစုပါ
သေမှမငိုကြွေးပါနှင့်
အမေချစ်သူတိုင်းသက်ဆုံးတိုင်အတူတူနေနိုင်ကြပါစေ။
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment