Friday, January 11, 2013

♫♥♫ ငါဆိုတဲ့....ငါကဘာမှမဟုတ်ဘူး♫♥♫

ငါအနုပညာရှင်လည်းမဟုတ်ဘူး
ငါကဗျာလည်းဆရာမဟုတ်ဘူး
ငါရေးနေတဲ့ကဗျာ
ကာရန်ညီချင်မှာညီမယ်
စိတ်ထဲဖြစ်တည်
ချရေးလိုက်တယ်
ကာရန်ကွယ်မညီလို့
ကဗျာမဟုတ်ဘူးဆို၇င်လည်း
အဲဒါကဗျာမဟုတ်ဘူး
ငါရေးတဲ့စာ
နုချင်မှနုလိမ့်မယ်
ကြမ်းချင်လည်းကြမ်းမယ်
ငါရဲ့စိတ်ကူးက
ငါစာစုက
အများအတွက်
တစ်စုံတစ်၇ာအသိတခု
ရမယ်ဆိုရင်
ငါရေးရကျိုး
ငါကျေနပ်တယ်
ငါကဗျာဆရာ
တယောက်လည်းမဟုတ်ဘူး
ငါကိုလူတွေသိဖို့လည်းမလိုဘူး
ငါဖြစ်ချင်တာငါရေးတယ်
ငါသိစေချင်တာချပြတယ်
ငါဆိုတဲ့ငါကဘာမှမဟုတ်ဘူး။

စိတ်နည်းနည်းထွက်ပေါက်ပေးပီးလျှောက်ရေးလိုက်တာ
အမှားပါရင်ခွင့်လွတ်ပါ
အားလုံးကိုလေးစားလျှက်

♫♥♫ရှင်းသန့်မေ♫♥♫

♥`♥`♥`♥ ဘယ်တော့မှမမေ့ဘူး`♥`♥`♥`







ရင်မှာတည်ဖွဲ့ခဲ့ ကာရန်မဲ့ငါ့ကဗျာ

တစ်စစီပြန့်ကြဲ အတွေးမုန်တိုင်းတွေထဲ

အက္ခရာတွေနဲ့ထုဆစ် ခံစားချက်မဲ့ခဲ့တယ်

  ဟိုတစ်ချိန် ဒီရပ်ဝန်းမှာ

ကာရန်ချိုကဗျာသွေး  အချစ်တွေရေးဖွဲ့ဖူးတယ်

တဒင်္ဂင်္အချစ်ကာရံ ငါရင်ခုန်လှိုက်မောဖူးတယ်

ကြည်နူးမူပုံရိပ်တွေ ကဗျာတွေပေါ်ဖြန့်ကျဲ


ငါ...  ရင်ခုန်စွာ ဟစ်ကြွေးခဲ့ဖူးတယ်.........




သက်တန့်ရောင်ဖြာနေတဲ့မိုးကောင်ကင်ကြီးအောက်.မှာ..

လွပ်လပ်ခြင်းပျော်ရွှင်ခြင်းနဲ့အတူ

ကြယ်လေးတွေကြည့်ရင်း

တေးသီချင်းတွေဆိုညည်းရင်း

ချစ်ခြင်းမေတ္တာရဲ့ အတွေးကမ္ဘာထဲ

ယစ်မူးခဲ့ဖူးတယ်...........




အခုတော့ ....   အလွမ်းတမ်းချင်းတပုဒ်ကိုမှ

ထုဆစ်ဖို့

ငါ့နှလုံးသွေးက အားနည်းလှပြီ

အဖော်မဲ့နေရက် အချစ်မရှိကမ္ဘာမှာ

လူတွေမမြင်အောင်...နာကျင်စွာခံစားရင်း

ကြင်သူသိလေမလား....

တိတ်တိတ်ကလေး..ငိုကြွေးနေမိတယ်

အသက်မဲ့ ကဗျာလေးကို ဝိညာဉ်ခေါ်ရင်း

တစ်စုံတစ်ရာဆီမှာ တုန်ခါနေမိတယ်

ခံစားချက်မဲ့နယ်နိမိတ်ကိုဖြတ်သန်းသွားချင်လှပြီ

အချစ်နဲ့ဝေးရာ..အမုန်းနဲ့ဝေးရာ

သံယောဇဉ်တွေရစ်ပတ် နွယ်တစ်ရာထပ်မဖြစ်ချင်တော့ဘူး.

အလွမ်းချောင်းရိုးတိမ်ကောသွားခဲ့ပြီ

ကာရန်မဲ့ကဗျာတွေလည်းထပ်မရေးချင်တော့ဘူး

ဖူးပွင့်စရာသီတွေထပ်ရောက်လာမှာစိုးတယ်

ငါ့ရဲ့အချစ်မြို့ဟောင်းမှာ တူးဆွဖို့

ထာဝရ ရှင်သန်ခြင်းသံစဉ်တစ်ပုဒ်ပဲရွက်ဆိုခဲ့တော့မယ်

ဘယ်တော့မှမမေ့ဘူး...


ဘယ်တော့မှ မမေ့ဘူးချစ်သူ.......









အားလုံးကိုလေးစားလျက်

ရှင်းသန့်မေ

(((((နောက်ဆုံးချစ်သူ..ဖြစ်ခွင့်ပေးလှည့်ပါ))))))

ချစ်သူမျက်နှာ
ကဗျာလိုဖတ်
ကာရန်စပ်ဆို
တည်ကြည်အပြုံး
ချိုသာလွန်းလို့
နူးညံ့မူအစဉ်
ဘယ်မေ့နိုင်မလဲ.....လေ။

မေတ္တာချင်းယှဉ်
သူအမြဲနိုင်လို့
အချစ်သဒ္ဒါမိုး
 
ရွာကာသွန်းလို့

အရောင်မဆိုး

ရိုးရိုးမျက်နှာ

ပြစ်ကင်းစွဲမက်

မမုန်းတတ်စွာ

သူအကြင်နာကို

စွဲမက်မိကာ

့နှလုံးသားရဲ့ တစ်နေရာမှာ

အသေအချာနေရာယူသွားသူရယ်

မင်းအချစ်ကငါ့အတွက်

ပထမဆုံးမဖြစ်ရရင်တောင်

နောက်ဆုံးဖြစ်ခွင့်ပေးလှည့်ပါ။
 
 
လေးစားလျှက်
ရှင်းသန့်မေ
 

♥♥♥ကမ္ဘာတည်သရွေ့..ဆက်ချစ်ဦးနေမှာပါ♥♥♥

အချစ်ဆိုတာ
 
စထိတွေ့ ချိန်
 
မှားယွင်းတဲ့ ရင်ခုန်သံ
 
ရူးရူးမူးမူး စိတ်ကူး
 
အတွေ့တွေထူးခြား
 
စိတ်တွေ ကကစား
 
ချစ်ခြင်းတွေမှားခဲ့လဲ
 
မမြင်နိုင်တဲ့ အနာဂတ်ကိုတော့
 
ချစ်ခြင်းတွေဖြင့်တည်ဆောက်လိုပါ၏။

အသက်အရွယ်နဲ့
 
အသိတွေက
 
အရာရာထိန်းချုပ်ပေမယ့်
 
အချစ်အတွက်
 
ထိန်းချုပ်နိုင်စွမ်းအားမရှိ
တိုတောင်းတဲ့ ဘ၀မှာ
 
ချစ်သူနှုတ်ဖျား
ချစ်ခြင်းစကားတွေ
ခဏ ခဏ ကြားချင်နေမိတယ်
ချစ်ရသူ နှလုံးသား
 
အမုန်းစကား
 
နောက်ဆုံးထွက်သက်ထိ
 
မကြားပါရစေနဲ့
 
နားဆင်ဖို့နှလုံးသား
 
ခွန်အားမရှိလို့ပါ

ညတာတွေအမြဲရှည်ပါစေတော့
 
မင်းအကြောင်းအိပ်မက်တွေ
 
ညတိုင်း  ညတိုင်းငါအိမ်မက်တွေ
 
လှပနေလေရဲ့။

မင်းအတွက်ငါ
 
အချစ်ဦးလဲ မဟုတ်ခဲ့ပါ
 
မင်းအတွင်ငါ
 
အချစ်ဦးမဟုတ်ရင်တောင်
 
ငါအချစ်က
 
အရူးတစ်ပိုင်း
 
မဖြစ်ဘူးဆိုရုံလေး
 
ရင်ဘတ်ထဲ အချစ်ဆူးတွေ
 
နှင်းဆီဆူးလို
 
လွယ်လွယ် ဆွဲနုတ်မရ ။
 
ဘာကြောင့်ချစ်ခဲ့တာလဲ?????
 
ချစ်ရတဲ့ အကြေင်းပြချက်မရှိဘူးနော်
 
အချစ်ကိုချစ်လို့ချစ်တာပါပဲ
 
သံယောဇဉ်တွေ
 
တနင့် တပိုးနဲ့
 
ကမ္ဘာပျက်စေဦးတော့
 
ဆက်၍ချစ်နေမှာပါကွယ်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

`♥`♥`♥အချစ်..စွမ်းအား`♥`♥`♥


သတိရတဲ့နေ့ရက်တိုင်းမှာ.......
ချစ်သူကိုလေ
လွမ်းရတဲ့အကြောင်း
 

ချစ်ရတဲ့အကြောင်း
သတိရကြောင်း
အချိန်တိုင်းသတိရနေမိတဲ့အကြောင်းတွေပဲပေါ့

ချစ်သူအတွက်

ကဗျာလေးတစ်ပုဒ်ရေးဖြစ်တယ်။



ကဗျာလေးဆိုတာက  စာလေးတွေပေမယ့်
ချစ်သူအတွက်သူတို့လေးတွေကတဆင့်
ချစ်တေးလေးတွေသီ
ချစ်စကားချိုချိုလေးတွေဖွဲ့
ချစ်ခြင်းအပြည့်သီကုံးထားတဲ့
ချစ်သူအတွက်ချစ်အားဆေးတခွက်အဖြစ်
ချစ်ကဗျာလေးတပုဒ်ဖွဲ့တည်မယ်။

ချစ်သူနဲ့အတူ

ဘ၀ရဲ့ အရိပ်တွေ ပျော်ရွှင်မှုတွေ

ဝမ်းနည်းခြင်းတွေမျှဝေခံစားရင်း
 

မဆုံးနိုင်တဲ့ဘ၀ခရီးအတွက်
တူတူလက်တွဲ

တယောက်လက်တယောက်တွဲ
ဖေးမရင်းဖြတ်သန်းကြစို့ကွယ်
ချစ်ကဗျာတပုဒ်နဲ့ချစ်တေးလေးဆို
ချစ်သူအတွက်
ကဗျာလေးတပုဒ်နဲ့အားဖြည့်ပေးမယ်ကွယ်။



 

အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်သန့်မေ

♥`♥`♥တစ်နေ့နေ့ပေါ့..ချစ်သူရယ်`♥`♥`♥

လောကဓံရေး

တခဏတာဝေး

ဝမ်းရေးတစ်ထွာ

ရုန်းကန်ကာဖြင့်

တို့ဘ၀တွေ

မိုင်ပေါင်းများစွာ

ဝေးကွာနေလည်း

နှလုံးသားချင်းနီး

အချစ်ညီကြမယ်


မခွဲအတူ

စိတ်တူညီလို့

သစ္စာခိုင်မြဲ

နားလည်မူထား

လောကဓံရဲ့

အပြောင်းအလဲကြား

စိတ်မပြောင်းစေပဲ

နှစ်ယောက်ယှဉ်တွဲ

ဆူးခင်းဖြတ်ကျော်

ပန်းခင်းလမ်းလျှောက်ဖို့

တစ်နေ့နေ့မှာ

တို့ဆုံစို့လေ

အခုတော့လေ

အလွမ်းနေ့ရက်

ဖြတ်ကျော်ရလို့

တစ်ယောက်တည်းလည်း

ငိုဖြစ်တယ်

တစ်ယောက်တည်းလည်း

ရီဖြစ်တယ်

လွမ်းစရာနေ့ရက်

ကုန်လွန်ရက်ကို

တစ်နေ့နေ့တော့

ပြုံးပျော်ရွှင်ဖို့

တောင်းဆုခြွေတယ်
တစ်နေ့ဆုံမယ်စိတ်မှာရွယ်...။




ကြိုးစားပါဦးမည်

အားလုံးကိုလေးစားချစ်ခင်လျှက်

ရှင်းသန့်မေ

♫ အဝေးရောက်သူတစ်ဦး၏ဆန္ဒ♫

ဘယ်သူပြောလည်း
ဘ၀မှာနေတတ်ရင်ပျော်စရာလို့
ဘယ်သူတွေကများပြောသလဲ
ဘ၀၀မ်းစာ
ဝမ်းတထွာအတွက်

ကိုယ့်မိဘကိုပစ်

ကိုယ့်ရေမြေကိုပစ်

တိုင်းတပါးမှာ

မ၀ရေစာ

ထမင်းချမ်းခဲကိုစား

ကော်ဖီခွက်

အေးစက်စက်
 ခါးသက်သက်နဲ့

ကိုယ်ထမင်းကိုချက်

ကိုယ်ဘ၀ကိုယ်ရုန်း

ကိုယ်ရည်မှန်းရာပန်းတိုင်ရောက်ဖို့အတွက်

ကိုယ်တက်ကိုကိုယ်လှော်

တနေ့ပုဂံဘယ်ပြေးမလည်းရယ်လို့

စိတ်ကိုမာန်တင်း

ဘ၀က နေပျော်စရာမရှိပါဘူးလို့တော့

မရေရွတ်ချင်ပါဘူး

လူတိုင်းမှာ ကိုယ့်အပူနဲ့ကိုယ်မို့

ငါနေတဲ့နေရာမှ

နေတွေမပွင့်ဘူး

လတွေမသာဘူး


ကြယ်လည်းမတွေဘူး

အချိန်တိုင်းမှာ

စိတ်ဖီးစီးမူတွေနဲ့
ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ
ဂါရ၀တရားမရှီ

လေးစားမူမရှိ


လူလူချင်းခေါင်းပုံဖြတ်

သူခိုးရန်လည်းကြောက်ရ

ဓါးမြရန်လည်းကြောက်ရ

လူစရိုက်မတူတဲ့နေရာ

လူကျင့်ဝတ်တွေပျောက်ဆုံးနေလေရဲ့
မေမေရေ

ဘ၀က လှိုင်းထန်လည်းပဲ
ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ

ပန်းတိုင်ရောက်တဲ့တနေ့တော့

မေမေရင်ခွင်အပြေးပြန်လာခဲ့ပါမယ်မေမေ။

အဝေးရောက်သူငယ်ချင်းတွေရဲ့ခံစားမူကိုဖန်တီးပြီးရေးဖွဲ့လိုက်ပါသည်။
ကိုယ်ရည်မှန်းချက်ပန်းတိုင်ကိုအမြန်ရောက်ပီးမိသားစုနဲ့ဆုံစည်းနိုင်ပါစေ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ