Friday, June 26, 2015

#‪#‎ညီမလေးသို့‬


ညီမလေးရေ
တစ်ချို့တွေက ပျော်ရွှင်စွာ နေထိုင်တတ်တယ်
ရောင့်ရဲမှုနဲ့ပေါ့
တစ်ချို့တွေက ပြုံးနေပေမယ့်
အတုအယောင်များနဲ့ပေါ့
တစ်ချို့တွေက အလိုမကျမှုတွေနဲ့
လောဘသားကောင်ဖြစ်လို့
တစ်ချို့ကတော့ ဘဝပေးကုသိုလ်မှတ်ပြီး
အားတင်းထားရင်းပေါ့
လောကကြီးမှာ အသိဥာဏ်ပညာ
ပြည့်စုံသူတွေ ရှိသလို
တစ်ချို့တွေဟာ အသက်အရွယ်နဲ့မလိုက်အောင် အသိဥာဏ်တွေ ခေါင်းပါးလို့ပေါ့
တစ်ယောက်နဲ့တစ်ယောက် မမြင်ချင်ယောင်ဆောင်ကြတဲ့သူရှိသလို
ရင်းနှီးပွင့်လင်းစွာ ဆက်ဆံတတ်တဲ့သူလည်းရှိတယ်
သိုးတစ်ကောင်လိုစိတ်ထားတတ်သူရှိသလို
ဝံပုလွေရေခွံနဲ့လှည့်ဖျားတတ်တဲ့သူလည်းရှိတယ်

ညီမလေးရေ
လောကကြီးမှာ
အာဒံဧ၀လိုအချစ်မျိုးပဲရှိတယ်မထင်နဲ့
အဆိပ်ရှိတဲ့ပန်းသီးတွေလည်းအများကြီး
လောကကြီးမှာမရှိတာတွေ အများကြီး
ကိုယ်ချင်းစာစိတ်မရှိတော့ဘူး
မုဒိတာမထားတတ်ကြတော့ဘူး
မေတ္တာမပွားနိုင်ကြတော့ဘူး
ညီမလေးရေ
လောကကြီးတကယ့်အပြင်ဘက်ကို
မင်းထွက်ခဲ့မယ်ဆိုရင်
ကိုယ်မှာလိုက်ပါရစေ
မျက်စိကိုဖွင့်ထားပါ
နားကိုစွင့်ထားပါ
ဘဝကိုရိုသားစွာလျှောက်လှမ်းပါ
မရိုးအမိစေနဲ့
အချောင်နှိုက်သူတွေသိပ်များတယ်
လောကကြီးကအတုအယောင်သိပ်များတယ်
သတိနဲ့နေပြီးအသိနဲ့ရှောင်ရှားပေါ့ ညီမလေး။
လေးစားလျက်
Shin Thant May

No comments:

Post a Comment