Friday, June 26, 2015

(သံယောဇဉ်)


သံယောဇဉ် ဆိုသောအရာသည်လူကိုအရူးတစ်ပိုင်းဖြစ်စေတတ်သည်။....
သူကြောင့်ပဲနေမြင့်လို့အရူးရင့်ခဲ့ကြရသည်။
၅၂၈နှောင်ကြိုးပဲဖြစ်ဖြစ်၁၅၀၀နှောင်ကြိုးပဲဖြစ်ဖြစ်ပိုပြီးအမြစ်တွယ်မိလေပိုခံစားရမြဲပင်ဖြစ်သည်။
သမုဒယနှောင်ကြိုးတွေခိုင်မာလာလေလေ
ချည်နှောင်လာလေလေဖြစ်သည်။
သူကြောင့်ပဲအလွမ်းဆိုတဲ့အရာထပ်တိုးလာခဲ့သည်။
သူ့နှောင်ကြိုးပိုပိုခိုင်မာလာတာနဲ့အမျှအ.လွမ်းတွေပိုပိုလို့သာ
လွမ်းနေတော့သည်။
ဘာလို့ဒီလောက်တောင် လွမ်းနေမိသလဲ ကိုယ့်ကိုယ်ကိုတောင်နားမလည်နိုင်တော့သည်..။
သူအကြောင်းတွေ မတွေးချင်လဲ ငါပြန်တွေးမိတယ်.။အချိန်တိုင်းလည်းသတိရမိသည်။
ဒါဟာတကယ်တော့ ရူးသွပ်မှုတခုဖြစ်နေလား။
လွမ်းဆွတ်လိုက် သတိရလိုက် ခံစားလိုက်နဲ့ တကယ်တော့ ဘာမှမရှိတဲ့ စိတ္တဇနာမ် တွေကို ရူးသွပ်နေမိတာပါပဲ။
ပုထုဇဉ် လူသားတိုင်းသူကြောင့်ပဲ လွမ်းတတ် ဆွေးတတ် ချစ်တတ်လာသည်.။ လွမ်းတိုင်းဆွေးတိုင်း သူအကြောင်းတွေးမိတိုင်း ရင်နဲ့မဆန့်အောင် နှလုံးတဒုတ်ဒုတ် ခုန်နေကြသည်။
ဒီလိုအဖြစ်တွေက ပုထုဇဉ်လူသားတိုင်းဘယ်လိုမှ ရုန်းထွက်နိုင်ဖို့ခဲယဉ်းသည်။
သူကိုမေ့ဖို့ကြိုးစားလိုက်တိုင်း နှလုံးသားထဲမှာ စူးအက် နာကျင်လာတက်သည်။
သူရဲ့ပုံရိပ်တွေက နှလုံးသားမှာပန်းချီကားတချပ်ရေး
ထိုးထားသလိုပဲ။လွမ်းဆွတ်တမ်းတလေပန်းချီးကားကပိုပီပြင်ပြတ်သားလာလေဖြစ်သည်။
သူ့ကိုတကယ်ဖြတ်ပစ်ဖို့ ခက်လွန်းလှပါတယ်....။ အဲ့သည့်သံယောဇဉ်ကြောင့် ဘ၀တွေကျွမ်းလောင်ပြီး
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်နေကြရသည်။
ဖြတ်တောက်တိုင်းလဲ ပြတ်ဖို့ခက်သည်။
သူကြောင့်ပဲလွမ်းတတ်လာတယ်...။ သူကြောင့်ပဲဆွေးတတ်လာတယ်....။
သူကြောင့်ပဲစိတ်တွေလောင်မြိုက်ကြရသည်။
ကျောက်ရုပ်မဟုတ်သူတိုင်း နှလုံးသားနဲ့ခံစားတတ်သူတိုင်း
သူလက်ကရုန်းထွက်ဖို့ခက်နေကြရခြင်းပင်ဖြစ်ပေတော့သည်။
လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment