Friday, January 11, 2013

♥စွယ်တော်ရွတ်...ပမာ♥

နှစ်လွှာတစ်ရွက်သာရှိတဲ့..

စွယ်တော်ရွက်လေးလို.......

တို့နှစ်ယောက်အသည်းကိုဆက်လို့.

အချစ်.ညာတံတခုထဲမှာပေါင်းဖက်

မေတ္တာတရားနဲ့

လောကဒဏ်ကို

အံတုရင်း

မိုးရွာလိုပဲ….စိုစို

နွေနေပူလို့ပဲ..ကြွေကြွေ

ဆောင်းနှင်းတွေစိုလည်း

တို့နှစ်ယောက်အချစ်ကခိုင်မြဲနေမှာပါ

တွဲလက်တွေမြဲမြဲခိုင်လို့
ဘ၀လောကဒဏ်ဘယ်လိုပင်ကြမ်းလည်း

တယောက်လက်တယောက်တွဲကာ

ဖေးမတွဲကူ

စွယ်တော်ရွက်လို

နှစ်လွှာမခွဲအတူတွဲလို့

ဘ၀ခရီးလမ်းမှာရင်ဆိုင်စို့ကွယ်

တို့နှလုံးသာနှစ်ခုကို

ဘယ်လိုအရာက
ဘယ်လိုပင်တားဆီးတားဆီး

မြတ်နိုးမှု့ ကိုယ်စီနဲ့ ပွေ့ဖက်

နားလည်မှုတရားထားပြီး

တို့နှစ်ယောက်နှစ်လွှာရွက်လိုခိုင်မြဲကြမယ်။


အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

♥တွက်လိုမရတဲ့...အချစ်ပုစ္ဆာ♥

ပန်းတစ်ပွင့်ရဲ့အလှကို
ရှုစားရရုံနဲ့ကျေနပ်တယ်လို့ပြောရင်
မင်းလိမ်တယ်ချစ်သူ
အချစ်ကိုမခံစားပဲလှမ်းကြည့်
ပြီးပြည်စုံတယ်တဲ့လားချစ်သူ
အချစ်ဆိုတာ
ရင်ဘတ်နှစ်ခုနဲ့ပေါင်းစပ်မှ
ထွက်လာတဲ့definationပါ
မင်းကတဖတ်သက်
အဖြေထုတ်
တဖက်သက်formula
ဖြေရှင်းလေတော့
ဒီပုစ္ဆာထဲတ၀ဲလယ်လယ်
ချစ်သူ
ငါဘက်ကတော့
အဖြေကထွက်ပြီး
မင်းဘက်ကအဖြေထွက်မလာတာ
ငါတွက်မိတဲ့ပုစ္ဆာမှားလို့နေမယ်
ကဲ...ဒီပုစ္ဆာအဖြေမရှိမှာတော့
ဆက်တွက်နေလို့လည်း
အဖြေမရှိမယ့်တူတူ
ဒီပုစ္ဆာထားခဲ့လိုက်တော့မယ်
သေချာတခုတော့ပြောခဲ့မယ်
နင့်ကိုငါချစ်တယ်
ဒီအတွက်.. “ကျေးဇူးပါ”
စိတ်ကူးပေါက်ရာရေးလိုက်တဲ့ကဗျာ
လေးစားလျှက်
ရှင်းသန့်မေ

♥ဇာတ်ဆရာ...အလိုကျ♥

လောကကြီးကလူတွေအားလုံး
ဘ၀ဇာတ်ဆရာအလိုကျ
ငိုကြ
ရီကြပြုံးကြ
မဲ့ကြ
ဒေါသကြီးကြ
မောဟကြီးကြ
လုပ်နေရ
"လူ" ဆိုတဲ့အမျိုးက
ရလေလိုလေအိုတစေ
လူတွေထဲ
ဘက်မလိုက်သူကိုသာ
လက်ညှိုးထိုးပြရမယ်ဆိုရင်
အဲဒီလက်ညှိုးကိုသာဖြတ်ပစ်လိုက်ပါတော့။
♥
♥♥♥
♥



ဘက်မလိုက်တဲ့ရလူတွေကိုသာ
လက်ညှိုးထိုးပြရမယ်ဆိုရင်
အဲဒီလက်ညှိုးကိုသာဖြတ်ပစ်ရမယ်
ကိုယ့်ကိုကိုယ်
ခပ်တိုးတိုးမေးမိတယ်
ငါ့ကိုယ်တိုင်ရော ။
♥
♥♥♥
♥


မေတ္တာငတ်တယ်ဆိုတာဟာ
မေတ္တာရဲ့အရသာခံစားဖူးတဲ့သူရဲ့
ညည်းချင်းတစ်ပုဒ်ပါ။
♥
♥♥♥
♥





လူတွေညာတယ်ဆိုတာ
မွေးကတည်းကညာတတ်လာတာမဟုတ်
ပတ်ဝန်းကျင်များစွာနဲ့ဆက်ဆံပြီး

လောကကြီးကသင်ပေးလိုက်တာပါပဲမဟုတ်လား။

စိတ်ရှုပ်လိုရေးလိုက်မိတယ်
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
လောကကြီးကလူတွေအားလုံး
ဘ၀ဇာတ်ဆရာအလိုကျ
ငိုကြ
ရီကြပြုံးကြ
မဲ့ကြ
ဒေါသကြီးကြ
မောဟကြီးကြ
လုပ်နေရ
"လူ" ဆိုတဲ့အမျိုးက
ရလေလိုလေအိုတစေ
လူတွေထဲ
ဘက်မလိုက်သူကိုသာ
လက်ညှိုးထိုးပြရမယ်ဆိုရင်
အဲဒီလက်ညှိုးကိုသာဖြတ်ပစ်လိုက်ပါတော့။
♥
♥♥♥
♥



ဘက်မလိုက်တဲ့ရလူတွေကိုသာ
လက်ညှိုးထိုးပြရမယ်ဆိုရင်
အဲဒီလက်ညှိုးကိုသာဖြတ်ပစ်ရမယ်
ကိုယ့်ကိုကိုယ်
ခပ်တိုးတိုးမေးမိတယ်
ငါ့ကိုယ်တိုင်ရော ။
♥
♥♥♥
♥


မေတ္တာငတ်တယ်ဆိုတာဟာ
မေတ္တာရဲ့အရသာခံစားဖူးတဲ့သူရဲ့
ညည်းချင်းတစ်ပုဒ်ပါ။
♥
♥♥♥
♥





လူတွေညာတယ်ဆိုတာ
မွေးကတည်းကညာတတ်လာတာမဟုတ်
ပတ်ဝန်းကျင်များစွာနဲ့ဆက်ဆံပြီး

လောကကြီးကသင်ပေးလိုက်တာပါပဲမဟုတ်လား။

စိတ်ရှုပ်လိုရေးလိုက်မိတယ်
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

♥ရင်မှာပျိုးမိတဲ့....ပန်းလေးရယ်။♥

ရင်ခွင်မှာသိုသိပ်

တိတ်တဆိတ်

ပျိုးထားတဲ့ ဒီပန်း

မင်းအတွက်ရယ်ပါ

နှလုံးသားမှာ

စိတ်ကူးနဲ့ပုံဖော်

ရင်ခွင်မှာမင်းအတွက်

အလှဆုံးပန်းလေး

ဖူးဖွင့်လို့နေခဲ့ပြီ

နီးလျှက်နဲ့ဝေး

ဝေးမှပိုလွမ်းရ

သံယောဇဉ်တိုး

အကြင်နာပိုလို့

ဆုံဆည်းမယ့်နေ့ရက်

လှမ်းမျှော်ကြည့်မိတယ်

ကမ္ဘာမြေမဆုံးခင်

တကွေ့ကွေ့မှာ

ဆုံတွေခွင့်လေးတော့

အချစ်နဲ့အတူ

ရင်ခုန်သံနေ့ရက်

မျှော်လင့်မိတယ်

ချစ်မိတဲ့သူရယ်။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

♥မင်းရဲ့နံဘေးနား...တူတူရှိနေပါရစေ♥

နေ့တိုင်း၊ ညတိုင်း

မင်းရဲ့လက်လေးကိုဆွဲပြီး

ညအလင်းရောင်လေးမှာမင်းနဲ့တူတူရှိနေပါရစေ။

မနက်ခင်းနေထွက်တဲ့အချိန်လေးမှာလည်း

မင်းရဲ့မျက်နှာလေးကိုမြင်ပါရစေ။

လပြည့်ညလေးတွေမှာလည်း

မင်းရဲ့လက်မောင်းလေးကိုမှီပြီး

မင်းနဲ့တူတူရှိနေပါရစေ။

မင်းရဲ့အချစ်က

ငါ့နှလုံးသားလေးကို

စိတ်လှုပ်ရှားစေတယ်

အဲဒါတွေကမင်းရဲ့အချစ်ကြောင့်ပါပဲ

နေ့တိုင်း၊ ညတိုင်း

မင်းရဲ့လက်လေးကိုဆွဲပြီး

ညအလင်းရောင်လေးမှာမင်းနဲ့တူတူရှိပီး

မင်းရဲ့ဘ၀ကို ဝေမျှခံစားပြီး

နှလုံးသားအစစ်နဲ့

မင်းရဲ့နားမှာ

တူတူနေပါရစေ။

မင်းရဲ့အလင်းရောင်လေးက

ငါအနားမှာရှိနေသလို

မင်းရဲ့အချစ်ကငါ့အနားဝန်းရံနေတယ်

ယခုမှစပြီးမင်းရဲ့နားမှာရှိပါရစေ။

ငါရဲ့အချစ်ကမင်းတစ်ယောက်တည်းအတွက်ပါပဲ

ငါအခွင့်ရှိမယ်ဆိုမင်းရဲ့နံဘေးနေပါရစေ။

ငါရဲ့အချစ်က

အချိန်တိုင်း

နေမထွက်သည့်တိုင်

နေ့တိုင်းညတိုင်း

မင်းရဲ့နံဘေးနားတူတူရှိနေပါရစေ။
ချစ်သူတိုင်းချစ်သူဘေးနားတူတူနေနိုင်ပါစေ။
ချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ

♥မိုး...ချစ်သူလေးရယ်♥

ထက်ကောင်းကင်ဝယ်

တိမ်တွေကထူ

မည်းမှောင်ကာသန်း

ဘယ်အငြိုးနဲ့

ဆင်းသတ်နေရော့လဲ

မိုးစက်တွေရယ်

ဝေးကွာသူတွေကို

တမင်လွမ်းရအောင်

ဖန်တီးနေရော့သလားကွယ်

ကောင်းကင်တခုလုံး

ဟိန်းထွက်လာတဲ့

လျှပ်စီးသံမိုးကြိုးသံတွေက

လွမ်းနေသူကိုပိုပိုလွမ်းဆွတ်အောင်

ဖန်တီးနေရော့သလားကွယ်။

နှလုံးသားရဲ့အချစ်သခင်

အဝေးကမိုးချစ်တဲ့ချစ်သူရယ်

ခြိမ့်ခြိမ့်သဲ. မိုးဖွဲဖွဲအောက်က

မိုးချစ်သူလေးရယ်။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ