Friday, January 11, 2013

@@@မျက်ရည်မုန်းတဲ့....ငါ@@@@

နင်ဟာငါကောင်းကင်က
လတစင်းပါ
မင်းရဲ့အလင်းအောက်
ငါအေးမြခဲ့တယ်
အေးမြမူကိုနှစ်သက်တဲ့ငါ
ကြည်နူးတတ်ခဲ့တယ်
နေရဲ့အလင်းထက်
နွေးထွေးမူပေးတဲ့
လမင်းရဲ့အလင်းကြောင့်
ငါ့ပျော်ရွှင်စရာအနာဂါတ်လေး
လင်းလတ်စေတာ
ကျေးဇူးတင်တယ်ဟာ။

နင်အတွက်ငါ
ရယူခြင်းမရှိ
ပေးဆပ်ရင်းနဲ့
နေ့ရက်တွေကို တူယှဉ်တွဲပြီး
ပျော်ရွှင်ခဲ့တာ
နေ့ရက်တွေ
အဓိပ္ပါယ်တွေရှိခဲ့တယ်ဟာ။



လေးစားခြင်းတို့ ရင်မှာပြည့်လို့
လမင်းလို
အလင်းနဲ့ အေးမြမှုကို
တပြိုင်နက်ထဲ
ပေးနိုင်တဲ့သူ


မထင်မှတ်တဲ့
ကံကြမ္မာကြောင့်
လမိုက်ညကျ
မှောင်အတိနဲ့
လမင်းကွယ်ပျောက်လို့
လမင်းကိုရှာနေတဲ့
ကလေးငယ်တယောက်လို
မျက်ရည်တွေမုန်းတဲ့ငါ
ခုတော့လမိုက်ညမှာ
မျက်ရည်စနဲ့ပေါ့။

မြန်မာဆိုတာဘယ့်တော့မှ..မပြောလေနဲ့

ညီမလေးရေ
ကိုယ်ဘာသာကိုကိုယ်မစောင့်ရှောက်
ဘယ်သူကစောင့်ရှောက်လိမ့်မလည်း
ကိုယ့်လူမျိုးကိုယ်မကာကွယ်
ဘယ်သူကကာကွယ်လိမ့်မလည်း
ညီမလေးရေ
လူမျိုးကမတူဘာသာကခြား

ဘာသာခြားကိုဆရာခေါ်
လူမျိုးမတူလင်တော်
ဘာကိုကွယ်စိတ်ကူး
ဘယ်လိုမျိုးမင်းတွေး
မင်းအတွေးမင်းမှန်တယ်လို့မင်းထင်
မင်းထင်ရာမင်းလုပ်
လူမျိုးကိုမှအားမနာ
ဘာသာကိုစော်ကား
ကိုယ်နိုင်ငံကိုမစောင့်ရှောက်
ကိုယ်လူမျိုးကိုယ်မချစ်
ကိုယ်ဘာသာမခင်တွယ်
မင်းလိုလူမျိုး
မြေမျိုလို့လူမျိုးမပျောက်
မင်းလိုလူမျိုးလုပ်မှ
တို့လူမျိုးပျောက်မှာကို
ရင်လေးမိတယ်ညီမရယ်
တဒင်္ဂသာယာမှူကြောင့်
လူမျိုးရဲ့ဂုဏ်ကိုမငဲ့ကွက်
ဘာသာရဲ့ဂုဏ်မစောင့်ရှောက်
မင်းသွေးမှာစီးဆင်းနေတာ
မြန်မာ့သွေးဆိုတာ
မင်းမမေ့လေနဲ့
နောင်တဆိုတာ
နောင်မှတလိုရတယ်တဲ့
မင်းလိုလူမျိုးမပါဘူး
ဘာသာကိုစော်ကား
လူမျိုးမစောင့်ရှောက်တဲ့မင်း
ကိုယ်ဖြစ်လို့ကိုယ်ခံ
ကိုယ်တရားကိုယ်စီရင်
မင်းသေတွင်းမင်းတူးတဲ့မင်း
ငါတို့လူမျိုး
ငါတို့ဘာသာမှာ
မင်းလိုလူမျိုးမရှိဘူး
မြန်မာဆိုတာဘယ့်တော့မှ..မပြောလေနဲ့

တို့သွေးကမြန်မာ့သွေး
တို့ဖတ်နေတာမြန်မာစာ
တို့စားနေတာမြန်မာ့အစားအစာ
ဘယ်ဘာသာဘယ်လူမျိုးမှမစော်ကားပါ
(ကိုယ်လူမျိုးချစ်စိတ်ကိုထုတ်ဖေါ်ခြင်းသာ)
 
လေးစားလျှက်

****မွေးကျေးဇူးဆပ်ခွင့်ပေးလှ့ည်ပါ... အမေ.****


အမေ
သမီးအတွက်ပူပန်နေလား
အမေနေကောင်းရဲ့လား
အမေရင်ခွင်အဝေးမှာ
ဝန်းကျင်ရဲ့ မျက်လုံးတွေနဲ့
နေသားကျအောင်ကြိုးစားရင်း
အမေဟာ နေသားတကျကော ရှိရဲ့လား
အိမ်အပြင်ကို ထွက်လိုက်တိုင်း
အမေမှာနေတဲ့စကား
သမီးနားထဲပဲ့တင်ထပ်ဆဲ
သမီးစားသတိ
သွားသတိနေသတိရှိပါသမီးရယ်
အမေကွယ်ရာမှာသမီးမမှားရအောင်နေထိုင်ပါလေ
အမေအရိပ်လောက်မအေးမြ
အမေအိမ်လောက်မနွေးထွေး
အမေသမီးပန်တိုင်ရောက်တဲ့တနေ့
အမေရင်ခွင်ပြေးဝင်လာပါမယ်
သမီးပြန်မလာခင်အချိန်မှာ
အမေ အိပ်ပျော်အောင် အိပ်ပါ
အစာကို ကောင်းကောင်းစားပါ
အမေ နေကောင်းပါစေ
အမေ ပျော်ရွှင်ပါစေ။
မွေးကျေးဇူးဆပ်ခွင့်ပေးလှ့ည်ပါ
အမေ.
 
အဝေးရောက်သမီးမှအမေအတွက်
အားလုံးလေးစားလျှက်

****ပဟေဠိ!!!!!*****

ဘ၀ကထင်သလောက်မချောမွေ့

လမ်းခရီးကကြမ်း

မေတ္တာတွေ၊အချစ်တွေကိုမေ့

မျှော်လင့်ချက်ဆိုတဲ့

ပန်းတိုင်မရောက်သရွေ့

အချစ်ဆိုတဲ့
သဘောတရားကို

ခဏမေ့ထား

ကိုယ်ခန္ဓာအစိတ်အပိုင်းကို

ကျောက်စစ်ရုပ်အဖြစ်ဖန်ဆင်း

နူးညံလှတဲ့နှလုံးသားအစုံကို

မာဆတ်ဆတ်နှလုံးသားအဖြစ်နဲ့

သိမ်းထားလိုက်မယ်။

မျှော်လင့်ချက်ရောင်ခြည်ဆိုတာ

လည်ပင်းလောက်တွေးမှ

ခြေမျက်စိလောက်ကျတဲ့

ဒီဘဝ

ကျတဲ့နေရာမှာ

ကြုံသလိုပန်းတိုင်ကိုဖန်တီး

တွေ့တဲ့တက်နဲ့လှော်

မသေချာတဲ့ အနာဂါတ်ကို

ကြိုးစားနေရင်း

ဘ၀ကထင်သလောက်

ချောမွေ့ နိုင်ပါ့မလား.........................?

ကြိုးစားသလောက်....................ပန်းတိုင်တွေ့နိုင်ပါ့မလား

ဘ၀နှင့်ဆန္ဒတထပ်ဖြစ်နိုင်ပါမလား..ဆိုတာတော့..........

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
သူငယ်ချင်းအားလုံးဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျနိုင်ပါစေ။

မေ့သခင်




ချစ်သူရယ်..


 အ

ပြစ်

ကွယ်


မြင်
 ခုန်တဲ့ ရင်ကနွေး
 တွေးတွေးရင်းချစ်
နှစ်နှစ်ကာကာနဲ့ 
 ပစ်ပစ်ခွါခွါလဲမထားပါနဲ

ပစ်ပစ်ကာကာလည်းမစိမ်းကားပါနဲ့
 အများတကာရဲ့ အားကျမှု
 ဘ၀တစ်ခုနဲ့ သက်သေတည်
ရတက်ပွေကင်းစေဖို့ 
 အဆင်းသာမြတ်နိုးချင်
   

 တစ်မိုးမှာဆုံချင်ပြီကွယ်နော်....။။




ယုံ

အောင်လဲပြောပါ့မယ်
 တုန်

နေအောင်လဲချစ်ပါ့ မယ်
 လှစ်ဟကွယ်ပြောမကုန်ဘု
  ခပ်နွဲ့ နွဲ့ မိန်းမသားပေမို့ 
 ရှက်အားဖိုပါးပြင်ကရဲ
 သူ့ ရင်ထဲပုန်းလို့ နေချင်တယ်ကွယ်..။

 သူ့ အနားသာရှိနေချင်
  ဒီသခင်သာ

မေ့ဘ၀သခင်

 ယုံစားလို့ ကိုးကွယ်
 ဘယ်တော့မှမပျယ်ပါနဲ့ 
 မင်းရဲ့အချစ်များ........။

အားလုံးကိုလေးစားလျှက်
ရှင်း

♥♥ချစ်သူအလွမ်း♥♥

လွမ်းရသူကမျှော်

မျှော်သူကပေါ်မလာ
ချစ်မိသူချန်ရစ်
လွမ်းရလို့ကျန်ရစ်
စောင့်ဖန်အခါခါ
မေ့လေပြီးလား
မနေ့လည်းမျှော်
ဒီနေ့လဲမျှော်...
နေ၀င်နေထွက်
ချုပ်သွားသော်လဲ
လာလေမလား
မျှော်နေမိတယ်
ချစ်မိသူနဲ
အချိန်ရယ်လွဲ
မတွေခဲ့ရင်
စိတ်ညိုညင်မှာစိုး
စိတ်ဆိုးမှာတွေးပူတယ်

တနေ့မလာ
တနေ့လာနိုး
မျှော်လင့်ရင်းနဲ
မျှော်လင့်ချက်တွေ
ရင်တွင်းပြည့်နက်
ချစ်မိသူကို
ယုံကြည်မိစွာ
စောင့်လို့နေမှာပါ
ဒီနေ့ရယ်မတွေ့
မနက်ဖြန်တော့ တွေ့နိုးရယ်လို
စောင့်မျှော်ခဲ့တာလည်း  ... ကြာခဲ့ပြီ။

ချစ်သူရေ
ကြာလေလေရယ်......ဝေး
ဝေးကွာမှာစိုးမိတယ်။
ဝေးကွာပေမယ့်
စောင့်မျှော်ရ ရက်
ချစ်သူကို
မျှော်တမ်းတမိ
လွမ်းနေဆဲ
စောင့်မျှော်ရက်တွေဝေးကွာပါရစေ
ချစ်သူရယ်




အားလုံးကိုလေးစားလျှက်

♥♪♫ရှင်းသန့်မေ♥♪♫

♥♪♫ချစ်သူတိုင်းစောင့်မျှော်ရက်တွေဝေးကွာပါစေ♥♪♫

ဖေဖေ

မြင်မိုရ်တောင်ကြီးမရှိပီဟု
ရင်ဝယ်စိတ်တွေး မရွှင်သာပီ
သောကအပူရင်တွင်းလှိုက်ဆူ
ငိုရှိုက်မိအခါခါ
အဖေ့ပုံရိပ်အဖေ့အသံ
အဖေ့အပြုံးအဖေ့ဆုံးမစကား
နားတွင်အဖန်ဖန်စွဲထင်ကျန်ရစ်
သမီးစိတ်တွင်အော်....အနိစ္စတရား တရားသဘောအရ
ဆင်ခြင်ကြည့်သော်
ငါလည်းဒီလမ်း
တနေ့သွားရမှာအနိစ္စ ပါတကား...။

အားလုံးကိုလေးစားလျှက်
ရှင်း