Wednesday, July 24, 2013

(အမိမြေကိုလွမ်းတယ်)



အေးစက်နေတဲ့

ခပ်စိမ့်စိမ့် ကော်ဖီတစ်ခွက်ကိုအာရုံခံမိတိုင်း

ပူပူနွေးနွေး

အမိမြေက ရေနွေးကြမ်းကို လွမ်းတယ်။

စိတ်ကိုယစ်မူးစေတဲ့ ဂီတသံတွေကြားတိုင်း

မြန်မာဆန်ဆန်အမိမြေက

မြန်မာသံစဉ်တွေကိုလွမ်းတယ်

မာယာများတဲ့အပေါ်ယံ

ခင်မင်မှုတွေတွေ့တိုင်း

အမိမြေက

ရိုးသားတဲ့အပြုံးတွေကိုလွမ်းတယ်

ဟန်ဆောင်တတ်တဲ့

ရယ်မောမှုတွေကြုံတိုင်း

အမိမြေက

ပွင့်လင်းတဲ့စကားသံတွေကိုလွမ်းတယ်

ဂုဏ်၊ပကာသနတွေ လွှမ်းမိုးထားတဲ့

လူအုပ်ကြီးကိုမြင်တိုင်း

ရိုးသားခြင်းတွေလိုလားတဲ့

အမိမြေကိုလွမ်းတယ်

ရေနစ်သူကို ၀ါးကူထိုးတဲ့

လူတစ်စုရဲ့ ပျော်ရွှင်မှုတွေကိုမြင်တိုင်း

စည်းလုံးပြီးညီညွတ်တဲ့ အမိမြေကိုလွမ်းတယ်။





အဝေးရောက်သူငယ်ချင်းများအတွက်ခံစားရေးဖွဲ့သည်
လေးစားလျက်
ရှင်းသန့်မေ

((((မေတ္တာတည်တဲ့ရိပ်မြုံ))))




ရင်ဘတ်ချင်းညီ

ချစ်ခွန်းသီဖွဲ့

စွယ်တော်ရွက်လို
 
နှစ်လွှာတစ်ရွတ်

အသဲချင်းထပ်

နှလုံးသွေးနဲ့ကမ္ဗည်းတင်မယ်

သံသရာကွယ် တို့မခွဲဘူးပေါ့


အကြင်နာရယ်

သစ္စာခိုင်မြဲ

ခွင့်လွတ်အနစ်နာခံခြင်း

ပေါင်းစပ်

မေတ္တာရိပ်မြုံတစ်ခုတည်ဆောက်မယ်။


စောင်းကြိုးအသွင်

တင်းတန်ကတင်း

လျော့တန်ကလျော့

မလျှော့မတင်း

မင်းနဲ့ငါ့ကြား

မေတ္တာတွေကို

ယုံကြည်မူနဲ့တည်ဆောက်မယ်။


့မေတ္တာရိပ်မြုံလေး

ထာဝရအမုန်းမဲ့နေရာဖြစ်ပြီး

အချစ်ရိပ်ရောင်အစဉ်လွှမ်းစို့ကွယ်။



ကြိုးစားပါဦးမည်။
လေးစားလျှက်
ရှင်းသန့်မေ

((((((ညီမလေးတို့သိစေချင်))))))))




မြန်မာဆန်ဆန် မြင်သူငေးမို့
မြင်သူလေးစား အထင်ကြီးသည်
ဘေးကအကွဲ ရှေ့နောက်ခွဲက
အများအမြင် အထင်သေးမို့

ညီမလေးရေ

ခေတ်ဆန်ပေမယ့် ခေတ်ရှေ့ပြေးနဲ့
ခေတ်နဲ့အညီမြန်မာဆန်ဆန်
မြန်မာရိုးရာဝတ်စုံကိုပဲဝတ်ပါကွယ်။


ပိတုန်းအရာင်ဆံကေသာကို
မည်းရာကမှောင် ရောင်စုံကာလာ
ထည်လဲပြောင်းလဲဆေးရောင်စုံဖြစ်
အများအမြင် စိတ်ထဲထင်လွဲ
ထင်မြင်သေးမယ်

ညီမလေးရေ

ခေတ်ဆန်ပေမယ့်ခေတ်ရှေ့ပြေးနဲ့
ခေတ်နဲ့အညီမြန်မာဆန်ဆန်
မြန်မာရိုးရာဆံပင်ကိုပဲတန်ဖိုးထားကွယ်။


ကိုယ့်ခန္ဒာကိုမပေါ်ပေါ်အောင်
စကတ်တင်ဖုံး  အတိုဆုံးကို
ရွေးကာရှာဝတ်သရုပ်ပျက်ကာ
အများအမြင်မသင့်တော်အောင်
မြင်သူမရှက်ယိုသူကရှက်
 
 ညီမလေးရေ

ခေတ်ဆန်ပေမယ့် ၊ခေတ်ရှေ့ပြေးနဲ့
ခေတ်နဲ့အညီ ၊မြန်မာဆန်ဆန်
လုံခြုံစေရန် ၊ကိုယ်ဟန်လွတ်လပ်
လူမြင်တင့်အောင်
မြန်မာဝတ်စုံဝတ်ပါကွယ်။


ညီမလေးရေ  ခဏအလှ
မမက်မောနဲ့အလှကြာရှည်
မြန်မာ့အလှတန်ဖိုးတတ်အောင်
မြန်မာမိန်းကလေး
မြန်မာလိုပဲဝတ်ပါကွယ်။

ဖေဖေမေမေ မြန်မာသွေးမို့ .
. မြန်မာမလေး အစစ်ပါရှင် .
. မြန်မာမာဆန်ဆန် ယဉ်ယဉ်ကျေးမို့ .
မြန်မာမလေး၊မြန်မ့ာအလှတန်ဖိုးသိပါစေ။
လေးစားလျှက်
ရှင်းသန့်မေ

((((အတုယောင်သစ္စာ)))




အမုန်းတွေမရှိအရပ်မှာ
ငါနေချင်တယ်
သစ္စာတရားကို
တန်ဖိုးထားစောင့်ရှောက်တဲ့အရပ်
ငါနေချင်တယ်
တစ်ယောက်ကတစ်ယောက်ကို
ယုံကြည်ချက်အလင်းလေးဖန်ဆင်း
နားလည်မူနေရောင်ခြည်တည်ဆောက်တဲ့အရပ်
ငါနေချင်တယ်

အချစ်မှာ မျက်စိမရှိလို့
ချစ်ခဲ့ကြတာမဆန်းပေမယ့်
သံယောဇဉ်တစ်ခုတည်းနဲ့တော့
အချစ်ဆိုတဲ့ဂုဏ်ပုဒ်ကို
သစ္စာမဲ့အရောင်အဆိုးမခံနိုင်ဘူး

သစ္စတရားကိုအရောင်ဆိုးတဲ့မင်း
ဘယ်သံသရာမှ
ငါ့ကိုရှာမနေနဲ့တော့
ပျောက်သောသူမဟုတ်တဲ့အတွတ်
ကြာရင်တော့နင်မေ့သွားမှာပါ...။


လေးစားလျှက်
ရှင်းသန့်မေ

Sunday, February 10, 2013

နေလောင်းပန်းလေးများအစဉ်လန်းစေဖို့...တတ်စွမ်းနိုင်သလောက်ပတ်ဖျန်းကြရအောင်

လူတိုင်းလူတိုင်းကတော့.....ကိုယ့်ဘ၀ကိုကြည့်ပြီး.....စိတ်ဓတ်တွေကျနေကြတယ်...
....ကိုယ့်ဘ၀မကြည့်ခင်......  မိမိပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။
နေလောင်ပန်းလေးတွေ .......များစွာ တွေ့ရပါလိမ့်မယ်။
အဲဒီပန်းလေးတွေဟာ ......အပူဒဏ်ကိုကာကွယ်ပေးမယ့်....လူလည်းမရှိ.....
..မြေသြဇာထည့်ပေးမယ့်လူလည်းမရှိ......ရေလောင်းပေါင်းသင်ပေးမယ့်လူလည်းမရှိ..
...နေထိပန်းတွေလို...... ညှိုးနေရတယ်။ ရေပတ်ဖျန်းပေးမယ့်..သူမရှိလို့......ပန်းလေးတွေ....နွမ်းနေရတယ်။
****************
ဆင်းရဲနွမ်းပါးလို့..... ဒုက္ခရောက်နေသူတွေ၊ မိဘမဲ့နေသူတွေ၊ ဝမ်းရေးအတွက်...ပင်ပန်းဆင်းရဲနေသူတွေ.... တွေ့ရ မြင်ရ နေပါတယ်။ ဘဝကံဇာတ်ဆရာ..ခိုင်းစေမူအောက်မှာ....၀မ်းတထွာအတွက်..... ရုံးမထွက်နိုင်ကြဘူး။ ကိုယ့်အတွက်ရုန်းကန်နေရ...ငါအတွက်...ငါမိသားစုအတွက်..
.ငါဆိုတဲ့အတ္တကိုသုံးပြီး.....ဒါနလည်းမလုပ်ဘဲနေရင်....မိမိသံသရာအတွက် ပါအောင်လုပ်ဖို့...လိုပါတယ်။ဒါမှ....ဒီဘ၀မှာရုန်းကန်နေရတာတွေ.....
....နောင်ဘ၀မှာ...အေးချမ်းစွာနေရအောင်.....ဒါနပြုမယ်။သဒ္ဓါတရားနဲ့ မေတ္တာတရား ရှေ့ထားပြီးတော့ ကရုဏာနဲ့ စေတနာ......ပေါင်းစပ်လိုက်မယ်ဆို.... ကုသိုလ်လည်းရ၊ လောကအတွက် ....အကျိုးလည်း ရှိမယ်။
ဒါမှနေလောင်းပန်းတို့ဘ၀လည်းရှင်သန်လာနိုင်မယ်။

****************
နေလောင် ပန်းလေး တွေ ပတ်ဝန်းကျင်မှာများနေပါတယ်..ကိုယ်ကသာအုတ်တချပ်...သဲတပွင့်ကူညီလိုက်နိုင်မယ်ဆို..
..သူတို့အတွက်အခုတခဏ...ပျော်ရွှင်ရပေမယ့်...ကိုယ့်အတွက်တော့...နောင်ဘ၀.
.နောင်သံသရာထိ...သုခတွေခံစားနေရမှာပါ။နေလောင်းပန်းလေးတွေကို ကြင်နာတတ်၊ ပြုစုယုယတတ်မယ်ဆိုရင် နေလောင်ပန်းလေးတွေ ထာဝရလန်းနေပါလိမ့်မယ်။ လူ့ကမ္ဘာလောကလေးမှာ..အလှတရားများစွာရှိတယ်လောကမှာ
အလှတရားတန်ဖိုးမဖြတ်နိုင်တဲ့ အရာတခုပါပဲလူသားဥယျာဉ်ထဲမှာနှလုံးလှ အပင်လေးတွေစိုက်.......မေတ္တာပန်းပွင့်လေးတွေဝေဆာနေမယ်။
*********************
်မေတ္တာတရားပန်းပွင့်လေးကို..... ကမ္ဘာလောကကြီးကထာဝရအေးချမ်းလှပနေမှာပါ
မေတ္တာဆိုတာအေးမြခြင်းသဘော.......လူသားသစ်ပင်တွေအစဉ်ထာဝရအေးချမ်းဖို့.......
 ဘ၀ရဲ့ အလှအပတွေ တန်ဆာဆင်မယ်ဆို...... မေတ္တာတရားဟာ....လူသားတိုင်းရဲ့ လမ်းပြကြယ်လေးပါပဲ...  မေတ္တာဆိုတာ ဖြုစင်တယ် လူသားအပေါ်ထားလိုရတယ်
ဘာသာမရွေးလူမျိုးသောက်သုံးလို့ရတဲ့... မေတ္တာရေစင်တစက်ကို လူသားတိုင်း သောက်သုံးနိုင်ပါစေ။မေတ္တာနှလုံးကိုယ်စီသုံးလူတိုင်းအေးချမ်းကြပါစေ။
: ကရုဏာအသီးအပွင့်လေးကို....ဥပေက္ခာရိုးတံလေးနဲပေါင်းစပ်လိုက်မယ်ဆို....... အလှတရားတွေ ..င့်ပွားဆင့်ပွားပြီး.......ကမ္ဘာလောကကြီးက....ထာဝရအေးချမ်းလှပနေမှာပါ...
..မေတ္တာဆိုတာအေးမြခြင်းသဘော......လူသားသစ်ပင်တွေအစဉ်ထာဝရအေးချမ်းဖို့....... ဘ၀ရဲ့ အလှအပတွေ... တန်ဆာဆင်မယ်ဆို.......... မေတ္တာတရားပါလူသားတိုင်းရဲ့ လမ်းပြကြယ်လေးပါပဲ.......မေတ္တာဆိုတာ ဖြုစင်တယ်။
*************************
လူသားအပေါ်ထားလိုရတယ်........ဘာသာမရွေးလူမျိုးသောက်သုံးလို့ရတဲ့............ မေတ္တာရေစင်တစက်ကို လူသားတိုင်း သောက်သုံးနိုင်ပါစေ........နေလောင်းပန်းလေးများအစဉ်လန်းစေဖို့...
 မေတ္တာနှလုံးကိုယ်စီသုံးပြီး .....မေတ္တာ၊စေတနာနဲ့တတ်စွမ်းနိုင်သလောက်ပတ်ဖျန်းကြရအောင်။


ကြိုးစားနေဆဲ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

Friday, February 8, 2013

ဖေဖေါ်ဝါရီ(၁၃)ကိုဖြင့်...ယနေ့ထက်တိုင်မမေ့နိုင်ပါ



နှစ်(၆၀)လွတ်လပ်မှု့မဲ့

ဖိနှိပ်မှူ့ပြည့်လျှံ

လူနင်းပြားပြည်သူဘဝ

လွတ်လပ်ရအောင်

ကြိုးပမ်းကာဆောင်

အသက်သွေးချွေးပေးဆပ်ခဲ့တဲ့သူ

တိုင်းပြည်နဲ့လူမျိုးအတွက်

ငြိမ်းချမ်းတံခါးဖွင့်ပေးခဲ့သူ

လွတ်လပ်ရေးပန်းတိုင်စိုက်ထူပေးခဲ့သူ

အသိဥာဏ်တံခါးဖွင့်လှစ်ပေးသူ

စိတ်ဓါတ်ကိုအာဟာရဖြည့်တင်းပေးခဲ့သူ

ကမ္ဘာမှာမြန်မာဟေ့လို့ကြွေးကြော်ပေးနိုင်ခဲ့သူ

အနိုင်မခံအရှုံးမပေးရဲရဲတောက်စိတ်ဓါတ်

လမ်းပြပေးခဲ့တဲ့

မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်

ပြည်သူများရဲ့ဖခင်

အခုဆိုရင်(၉၈)နှစ်ပြည့်တော့မယ်

အို...ဖခင်

သင်၏ကျေးဇူးကို

ကဗျာတွေစာစီကာပြပေမယ့်

ဖွဲ့ဆိုလို့မလောက်

ဂုဏ်သတ္တိထွန်းပြောင်လွန်းတာမို့

အဖေရေ...

အဖေမွေးနေ့ဖေဖေါ်ဝါရီ(၁၃)ကိုဖြင့်

ယနေ့ထက်တိုင်...မမေ့နိုင်ပါ

ဖခင်ဗိုလ်ချုပ်မွေးနေ့(၉၈)နှစ်မွေးနေ့အားလေးစားဂုဏ်ယူစွာ
ဤကဗျာဖြင့်သီကုံးဖွဲ့တည်သည်။

စာဖတ်သူများအားအစဉ်လေးစားလျှက်
ရှင်းသန့်မေ

(ညီမငယ်လေး.......သိစေချင်)

ညီမငယ်ချစ်
ဖူးပရစ်..
ပျိုစင်ဘဝ
ရှိစွတန်ဘိုး
မြတ်နိုးစေချင်
လောကခွင်မှာ..
စိတ်၏ပျော်ရာ
နွံပမာမို့
ထားလေသတိ
အစဉ်ရှိပေါ့..။

ဓနငွေကြေး
ခေါ်ဆောင်သွေးနောက်
မှောက်မှောက်မှားမှား
လမ်းမှားကွေ့ကေါက်
မင်းကြောက်စေချင်...။

မျိုးရိုးသိက္ခာ
ထိမ်းပါတာဝန်
ဘာသာသာသနာ
ရင်မှာလေးထား
ဘာသာခြားအား
လောဘသက်ရောက်
ကိုယ့်မျိုးပျောက်မည်..။

ညီမငယ်ချစ်
ဖူးပရစ်ရေ..
သီးချိန်တန်သီး
ဖူးချိန်ဖူးမို့..
ချစ်ဦးသက်လျာ
တွေ့သောခါလည်း
ဘ၀နောင်ရေး
ချင့်ချိန်တွေးလို့
ကိုယ့်မျိုးကိုယ့်ဆွေ
ကိုယ်ကိုးကွယ်ရာ
ကိုယ့်ဘာသာပေါ်
လက်တွဲခေါ်ပေါ့..။

ညီမငယ်ချစ်
ဖူးပရစ်..
ချစ်ခြင်းမေတ္တာ
အိမ်ဂေဟာလေး
နားလည်းမူနဲ့
တည်ဆောက်ပေါ့..။

စာဖတ်သူများအားအစဉ်အလေးထားလျှက်
ရှင်းသန့်မေ