Friday, February 8, 2013

(ညီမငယ်လေး.......သိစေချင်)

ညီမငယ်ချစ်
ဖူးပရစ်..
ပျိုစင်ဘဝ
ရှိစွတန်ဘိုး
မြတ်နိုးစေချင်
လောကခွင်မှာ..
စိတ်၏ပျော်ရာ
နွံပမာမို့
ထားလေသတိ
အစဉ်ရှိပေါ့..။

ဓနငွေကြေး
ခေါ်ဆောင်သွေးနောက်
မှောက်မှောက်မှားမှား
လမ်းမှားကွေ့ကေါက်
မင်းကြောက်စေချင်...။

မျိုးရိုးသိက္ခာ
ထိမ်းပါတာဝန်
ဘာသာသာသနာ
ရင်မှာလေးထား
ဘာသာခြားအား
လောဘသက်ရောက်
ကိုယ့်မျိုးပျောက်မည်..။

ညီမငယ်ချစ်
ဖူးပရစ်ရေ..
သီးချိန်တန်သီး
ဖူးချိန်ဖူးမို့..
ချစ်ဦးသက်လျာ
တွေ့သောခါလည်း
ဘ၀နောင်ရေး
ချင့်ချိန်တွေးလို့
ကိုယ့်မျိုးကိုယ့်ဆွေ
ကိုယ်ကိုးကွယ်ရာ
ကိုယ့်ဘာသာပေါ်
လက်တွဲခေါ်ပေါ့..။

ညီမငယ်ချစ်
ဖူးပရစ်..
ချစ်ခြင်းမေတ္တာ
အိမ်ဂေဟာလေး
နားလည်းမူနဲ့
တည်ဆောက်ပေါ့..။

စာဖတ်သူများအားအစဉ်အလေးထားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment