Friday, February 8, 2013

ဖေဖေါ်ဝါရီ(၁၃)ကိုဖြင့်...ယနေ့ထက်တိုင်မမေ့နိုင်ပါ



နှစ်(၆၀)လွတ်လပ်မှု့မဲ့

ဖိနှိပ်မှူ့ပြည့်လျှံ

လူနင်းပြားပြည်သူဘဝ

လွတ်လပ်ရအောင်

ကြိုးပမ်းကာဆောင်

အသက်သွေးချွေးပေးဆပ်ခဲ့တဲ့သူ

တိုင်းပြည်နဲ့လူမျိုးအတွက်

ငြိမ်းချမ်းတံခါးဖွင့်ပေးခဲ့သူ

လွတ်လပ်ရေးပန်းတိုင်စိုက်ထူပေးခဲ့သူ

အသိဥာဏ်တံခါးဖွင့်လှစ်ပေးသူ

စိတ်ဓါတ်ကိုအာဟာရဖြည့်တင်းပေးခဲ့သူ

ကမ္ဘာမှာမြန်မာဟေ့လို့ကြွေးကြော်ပေးနိုင်ခဲ့သူ

အနိုင်မခံအရှုံးမပေးရဲရဲတောက်စိတ်ဓါတ်

လမ်းပြပေးခဲ့တဲ့

မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်

ပြည်သူများရဲ့ဖခင်

အခုဆိုရင်(၉၈)နှစ်ပြည့်တော့မယ်

အို...ဖခင်

သင်၏ကျေးဇူးကို

ကဗျာတွေစာစီကာပြပေမယ့်

ဖွဲ့ဆိုလို့မလောက်

ဂုဏ်သတ္တိထွန်းပြောင်လွန်းတာမို့

အဖေရေ...

အဖေမွေးနေ့ဖေဖေါ်ဝါရီ(၁၃)ကိုဖြင့်

ယနေ့ထက်တိုင်...မမေ့နိုင်ပါ

ဖခင်ဗိုလ်ချုပ်မွေးနေ့(၉၈)နှစ်မွေးနေ့အားလေးစားဂုဏ်ယူစွာ
ဤကဗျာဖြင့်သီကုံးဖွဲ့တည်သည်။

စာဖတ်သူများအားအစဉ်လေးစားလျှက်
ရှင်းသန့်မေ

No comments:

Post a Comment