Monday, August 19, 2013

လေလှိုင်းနှုတ်ဆက်သံ

လေလှိုင်းနှုတ်ဆက်သံ

စကားသံလှလှကြား

တစ်ယောက်အကြောင်း

တစ်ယောက်သိဖို့

ကီးဘုတ်ပေါ်ကလက်ချောင်းနဲ့
 
အမှန်တရားကို အထူးပြုလုပ်ခံစားထားတဲ့

.စကားလုံးအပျံစားတွေနဲ့

တဒင်္ဂသာယာမှုကို

အပြန်အလှန်မျှား ကြာတော့

ဒဏ်ရာတွေများပေါ့။

ယုံကြည်ဖို့မလုံလောက်ဘူးဆိုတာသိရက်နဲ့

ပိုးဖလံမျိုးမီးကိုတိုးသလို

စကားလုံးလှလှပစ်မြှား အစူးမှာ

အစူးခံရင်း ရူးရတဲ့

ရောဂါအသစ်အဆန်း

် စိတ်ကူးယဉ် ပြီးရင်ခုန်

ဒီလိုနဲ့… ဒီလိုနဲ့…. ဒီလိုနဲ့ပါပဲ…

ကမ္ဘာ့ရွာကြီးရဲ့ လူကြီးလူငယ်တွေ

ခဏတာ.သာယာမူမှာ

အဆိပ်တွေသင့်နေကြ

မြှားဆိပ်သင့်နေကြတယ်။့

တမ်းတနေ့စွဲ


မိုးစက်တွေဖွေးဖွေးကျ

အေးရှရှနဲ့ ဆွေး

အဝေးကချစ်သူ

ရင်အပူကိုသိစေ

ရှိနေတဲ့ သစ္စာ

အရိပ်ပမာအမြဲ

တစ်သက်တာမခွဲဘဲ အသဲစွဲချစ်တယ် ။

မိုးစက်ဖွဲဖွဲတွေကြား

ခပ်နဲ့ နဲလျှောက်လှမ်း

အသဲနွမ်းကြွေမွ

မြင်သမျှအရိပ်အယောင်

တမ်းတအောက်မေ့ 

ဆုံတွေ့ ဘို့ ကလည်း....ဟိုအဝေး

ချစ်တဲ့ သူရေ.....

မိုးအေးအေးမှာ

ထွေးပွေ့ ခဲ့ တဲ့ ရက်လေး

ွ ပြန်တွေးရင်းရင်ခုန်

သတိရတမ်းတမိတယ်ချစ်သူရေ

လေးစားလျက်
ရှင်းသန့်မေ

သြဂတ်လ



သေမင်းကသွေးတွေဆာ
ကြယ်တွေကိုမှ
ဓါတ်ကျနေရော့လား
ဆာလောင်နေတဲ့သူမျက်လုံး
ရဲရဲကြီးတောက်နေလေရဲ့
ညဘက်ကျကောင်းကင်ကို
မော့ကြည့်ဖို့ သတ္ထိတွေမဲ့ကုန်ပြီ
သေမင်းရေ
သြဂတ်လကမင်းရဲ့လပဲလား
ကြယ်တွေကိုတဖြုတ်ဖြုတ်ကျဆင်းအောင်
မင်းပြုလုပ်ရက်တယ်
ကောင်းကင်ရဲ့ ကြယ်ရောင်
နေ့ခင်းမှာတော့ သိပ်မသိသာဘူး
ညတွေမှာကြယ်တွေပျောက်လို့
မိုက်သထက်မှောင်သထက်မှောင်လာပြီ
ညတွေ ဟာ ခါတိုင်းထက် ပိုမှောင်လာပြီ
နောက်ထပ် ဘယ်ကြယ်တွေ ခေါ်အုန်းမလဲ
ကြယ်တွေရယ် ခဏပုန်းနေပေးပါ
သေမင်းမြင်အောင်မနေပါနဲ
ကြယ်တွေရဲ့သွေးကိုဆာလောင်နေတဲ့
သြဂတ်လရဲ့သေမင်း
မင်းကိုသိပ်မုန်းတယ်
 
လေးစားလျက်
ရှင်းသန့်မေ

Wednesday, July 24, 2013

(၂၁ ရာစုမှာ လူတွေရဲ့ ငိုကြွေးသံ)



နာဂစ်ကစလိုက်တဲ့ငိုကြွေးသံ

ဂီရိမုန်တိုင်းဆက်ဖြစ်

ရခိုင်အရေးအခင်း

လက်ပံတန်းတောင်အရေးအခင်း

မလေးအရေးအခင်း

လူတွေရဲ့အသည်းနှလုံးငိုကြွေးနေကြတယ်

အပြစ်မဲ့ပြည်သူတွေ ငိုကြွေးနေကြတယ်

ကမ္ဘာ့နေရာအနှံ့မှာ

ဘာသာရေး၊ ယဉ်ကျေးမှု၊

အသားအရောင်၊ လူမျိုးရေး

ပဋိပက္ခနဲ့ စစ်ပွဲတွေဖြစ်တယ်၊

လူအချင်းချင်း နှိပ်စက်သံ

ဝေဖန်ရေးသမားတွေရဲ့ ပါးစပ်

ဟိုယောင်ယောင် ဒီယောင်ယောင်

ဟိုလူတွေလက်ညိုးထိုး

ဒီလူလက်ညိုးထိုး

လက်တွေ့မပါတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့

လူအခွင့်အရေးလို

အော်ဟစ်နေကြတဲ့လူတစုလည်းရှိသေးရဲ့

ဘာအခွင့်အရေး ညာအခွင့်အရေး

လည်းချောင်းကွဲအောင်နေ့တဓူဝ

အော်ဟစ်နေကြသေး

စည်းကမ်းရှိပါကွမ်းတံထွေးမထွေးရ(ဗျစ်ကနဲ)

အမှိုက်မပစ်ရ(ဗုန်းကနဲ)

စည်းကမ်း စည်းကမ်း ဆောင်ပုဒ်မှာရှိရဲ့

လူအခွင့်အရေးအော်နေသေးရဲ့

ဝိုင်းကြပါ၊ ၀န်းကြပါ၊ ကာကွယ်ကြပါဆိုတော့

အိပ်ချင်ယောင်၊ ရူးချင်ယောင်ဆောင်နေတယ်

ဝါးအစည်းကပျယ်နေမှတော့

ဟိုနေရာက၀င်ချိုး

ဒီနေရာက၀င်ခုတ်ကြမှာပဲ

လူအခွင့်အရေးဒီမိုကရေစိအော်နေရုံနဲ့မပြီးဘူး

အောက်ခြေကခိုင်မာမှ

အောက်ခြေကမခိုင်ပဲ

တိုးတတ်ဖို့မပြောနဲ့

မတည်မြဲနိုင်ဘူး

အဲဒီလူမျိုးရဲ့ ယဉ်ကျေးမှုဟာလည်း

မရှင်သန်နိုင်ဘူး

ဟိုလူကို အပြစ်တင်

ဒီလူကို ရှုံချ

ဒီလိုနဲ့ပဲ မြင်ယောင်မိသေးရဲ့.....။

(အတွေးသက်သက်သာ မည်သူကိုမှမရည်ရွယ်ပါ)
လေးစားလျက်

ရှင်းသန့်မေ

အချိန်တိုင်း.....လွမ်းတယ်



မြင်နေကျမျက်နှာ

ကြားနေကျအသံ

ဆုံနေကြအပြုံး

စွဲလန်းစွာမြင်ယောင်

အဝေးကချစ်သူကို

မျှော်လင့်လွမ်းဆွတ်လျက်ကွယ်...။


တစ်နေ့ မမြင်

တသသလွမ်းဆွတ်

ရင်ထဲမနေသာ

ပြောနေကျစကားတွေ..နဲ့ 

အလွမ်းရယ်ဖြေ

မစွမ်းသာပါဘူး...ချစ်သူရယ်...။

စိုးစိတ်လို့ တိုးတိတ်

ကျိတ်မှိတ်လို့ ခံစား

နှလုံးသားအပိုင်းအစ

တိုင်းဆလို့ မမှီ

အချိန်တိုင်းလွမ်းလျက်ကွယ်...။


မင်းတစ်ယောက်တည်းသာ

ဒီကမ္ဘာမှာအချစ်ဆုံး

အမုန်းလဲမပေးနဲ့ 

ကြင်နာစွာမြတ်နိုး

တွယ်တာစွာဆထက်တပိုးနဲ

့ သက်ဆုံးကွယ်..ချစ်တယ်.။

စာဖတ်သူများအားလေးစားလျက်
ရှင်းသန့်မေ

ချစ်စံအိမ်



မောင့်မေတ္တာ မေယုံကြည်လို့

မေနဲ့မောင် သစ္စာသက်သေထူလို့

ချစ်စရာအိမ် ထူခဲ့ပြန်

နှစ်ယောက်တစ်ဘ၀ရယ်ပေါ့

လျှောက်ကြမယ် တစ်သက်မခွဲပြီဟု

လက်တွဲကာ အတူတူ

အခက်ခဲတွေ ရှိစမ်းစေတော့

မငြီးမညူ ကြည်ဖြူလက်တွဲလို့

ဘ၀ နေပူပူမှာလည်း

ကျရာဝန် ထမ်းကြမယ်

ချစ်မိုးတွေ အကြိမ်ကြိမ်သွန့်း

မေတ္တာအိမ် အရှည်တည်မြဲစေဖို့

မောင်ထမ်းရင် မယ်ကရွတ်မှာပေါ့

ဘ၀ နှစ်ကိုယ်ယှဉ်ကာတွဲလို့

မေနဲ့မောင် အနာဂတ်ခရီး

အဆီးအတားတွေ ဘယ်လိုများပေမယ့်

နောက်မဆုတ် ရှေ့ကိုလှမ်းကြမယ်

အသစ်ဆန်းမမင် အကြင်နာမိုးတွေနဲ့

ချစ်ပန်းပင် ရင်မှာပျိုးကြမယ်

ချစ်သစ္စာ သက်သေထူ့

ခိုင်မြဲအောင် တည်ဆောက်ကြမယ်

မေနဲ့မောင်တို့ချစ်စံအိမ်လေး။

စာဖတ်သူများအားလေးစားလျက်
ရှင်းသန့်မေ

ချစ်သက်သေ



သံယောဇဉ်ကြိုး

နှောင်တွယ်တိုးလို့

မလှုပ်သာအောင်

တုပ်ကာနှောင်လျက်

တမ်းတအလွမ်း

လောင်မြိုက်ကျွမ်းစေ

အပြစ်မဆို

ချစ်မေတ္တာတွင်

ခံစားလျက်သာ။

သူချစ်ခြင်းတွင်

ခ၀ါချထား

မာနများလည်း

သူ့ဖ၀ါးအောက်

သက်ရောက်ခစင်း

ဟန်တွေမပြ

မာန်ဖြေချလို့

ခစားလျက်သာ ။

သူချစ်ခြင်းမှာ

ပျော်မွေ့နေတာ

ကြာခဲ့ပြီနော်

အကြင်နာတွေ

ရင်မှဝေးပြီး

ရင်နင့်စရာ

ကြုံပါသော်လည်း

ခွဲမခွာရက်

ငြိုးမာန်မဖွဲ့

အမြဲညှဉ်းစေ

ကြိတ်မှိတ်ဖြေမယ်။

မှားခဲ့ပါစေ

တရားနဲ့ဖြေပြီး

ကံခေမဆုံး

ဒဏ်ရာပြည့်လည်း

အရှုံးတွေပိုက်

ပြုံးနေလိုက်မယ်။

စာဖတ်သူများအားလေးစားလျက်

ရှင်းသန့်မေ