Monday, August 19, 2013

လေလှိုင်းနှုတ်ဆက်သံ

လေလှိုင်းနှုတ်ဆက်သံ

စကားသံလှလှကြား

တစ်ယောက်အကြောင်း

တစ်ယောက်သိဖို့

ကီးဘုတ်ပေါ်ကလက်ချောင်းနဲ့
 
အမှန်တရားကို အထူးပြုလုပ်ခံစားထားတဲ့

.စကားလုံးအပျံစားတွေနဲ့

တဒင်္ဂသာယာမှုကို

အပြန်အလှန်မျှား ကြာတော့

ဒဏ်ရာတွေများပေါ့။

ယုံကြည်ဖို့မလုံလောက်ဘူးဆိုတာသိရက်နဲ့

ပိုးဖလံမျိုးမီးကိုတိုးသလို

စကားလုံးလှလှပစ်မြှား အစူးမှာ

အစူးခံရင်း ရူးရတဲ့

ရောဂါအသစ်အဆန်း

် စိတ်ကူးယဉ် ပြီးရင်ခုန်

ဒီလိုနဲ့… ဒီလိုနဲ့…. ဒီလိုနဲ့ပါပဲ…

ကမ္ဘာ့ရွာကြီးရဲ့ လူကြီးလူငယ်တွေ

ခဏတာ.သာယာမူမှာ

အဆိပ်တွေသင့်နေကြ

မြှားဆိပ်သင့်နေကြတယ်။့

No comments:

Post a Comment