Friday, June 26, 2015

##‪#‎တန်ဖိုး‬###


ညီမလေးရေ
ညီမလေးကမိန်းကလေးမို့
ပန်းလေးတစ်ပွင့်နဲ့ တင်စားလိုက့်မယ်။
ညီမလေးရဲ့ခန္ဓာကိုယ်မှာ မာနကိုဆူးအဖြစ်ဝတ်ဆင်ထားတာ
မမှားပါဘူး။
ညီမလေးရဲ့ယုံကြည်မူကို
အဆင်တန်ဆာလိုဝတ်ဆင်ထားတာလည်း
မမှားပါဘူး။
့်
ညီမလေးလှချင်လွန်းလို့
လည်ဟိုက်အင်္ကျီဝတ်ထားလည်း
ဘာမှမဖြစ်ဘူး။
ညီမလေးစတိုင်ကျချင်လို့
ဘောင်းဘီဖင်ကျပ်စကတ်အကွဲဝတ်လည်း
ဘာမှမဖြစ်ပါဘူး။
ညီမလေးရေခေတ်မီပါ
ခေတ်တော့အရမ်းမဆန်လွန်းနဲ့ပေါ့
ရင်ခုန်ပါချစ်ပါ
ကိုယ့်ကိုယ်ကိုတော့ယုံကြည်မူလွန်ကဲ
ဘဝကိုဆွဲမနှစ်လိုက်ပါနဲ့။
ရောဂါဆိုတာမဖြစ်ခင်ကုမှကောင်းသလို
ိုပန်းတစ်ပွင့်အခြွေမခံရဖို့
ကိုယ်ကိုယ်တိုင်ပဲထိန်းသိမ်းနိုင်မယ်။
ညီမလေးရေ
ကိုယ်ကကျူးဒူးကိုတောင်မယုံရတဲ့
ဲ့ခေတ်မှာရိုးသားတဲ့လူအတွက်
နောက်ကျောကို ဓားနဲ့ထိုးဖို့ သိပ်လွယ်တယ်။
ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းနေတဲ့
ခေတ်ဆိုပြီး ရင်ဘောင်တန်းမနှိုင်းယှဉ်လိုက်ပါနဲ့။
ဘယ်လိုခေတ်ပဲဖြစ်နေပါစေ
ညီမလေးကမိန်းမဟာမိန်းမပါပဲ။
မိန်းကလေးဆိုတာ
ဟိရီသြတ္တပ္ပတရားနဲ့ပြည့်စုံမှသာ
မိန်းမကောင်းလို့သတ်မှတ်တယ်။
အကြောက်တရားရှိမှအရှက်တရားရှိမယ်။
မကြောက်တတ်မရှက်တတ်တဲ့
မိန်းကလေးကိုဘယ်သူမှအထင်မကြီးတတ်ဘူး။်
ခေတ်ကာလမကောင်းတဲ့ခေတ်မှာ
ညီမလေးကိုယ့်ကိုယ်ကို
ပန်းကောင်းတစ်ပွင့်အဖြစ် ယုံကြည်ရင်
ကိုယ့်ကိုယ်ကိုမိန်းမကောင်း
မိန်းမမြတ်တစ်ယောက်အဖြစ်
တန်ဖိုးထားတတ်ရမယ်
တန်ဖိုးဆိုတာကိုယ်သတ်မှတ်ထားတဲ့ပေါ်မူတည်ပြီး
ပတ်ဝန်းကျင်ကလက်မှတ်ပေးတတ်ကြတာပါ။
ပတ်ဝန်းကျင်ကိုဂရုစိုက်စရာအမြဲမလိုပေမယ့်
လျစ်လျူရှူလို့မရဘူး ညီမလေး
ကမ္ဘာကြီးတစ်ခုလုံးပေးမယ်ဆိုရင်တောင်
မိန်းကလေးတစ်ယောက်ရဲ့တန်ဖိုးနဲ့ မလဲလှယ်လိုက်ပါနဲ့ညီမလေးရယ်။
လေးစားလျက်
ရှင်းသန့်မေ

#‪#‎လွယ်လွယ်မရနိုင်သောအရာ‬


ဘဝမှာလွယ်လွယ်ကူကူမရရှိနိုင်သည့်အရာထဲမှတခုကိုပြောပါဆိုလျှင်အောင်မြင်မှုပင်ဖြစ်သည်။
တန်ဖိုးကြီးမားသော အရာအားလုံးအတွက် ပေးဆပ်ခြင်းများ ကြုံရမှာ ဖြစ်ပါသည်။ ဒီလိုအချိန်မှာ ခံနိုင်မှု စွမ်းရည် ဇွဲဆိုတာ အထူးအရေးကြီးလှပေသည်။ဒီတော့စာဖတ်သူအ
နေဖြင့်အောင်မြင်ချင်လား။
ဘဝမှာအောင်မြင်ချင်တယ်ဆိုရင်တော့ဘာတွေလုပ်ဆာင်ဖို့လိုမလဲဘာတွေရှောင်ကြဉ်ရမလဲဆိုတာ အရင်ဆုံး သိမှတ်ထားသင့်ပါသည်။
အောင်မြင်မှုဆိုတာ ပြောတော့သာ လွယ်တာရယူနိုင်ဖို့တော့အခက်သားလား။
လူသားတွေဆိုတာကလည်း အောင်မြင်မှုလိုချင်တတ်ကြတာခံနိုင်ရည်စွမ်းရည်ကနည်းသား
။အောင်မြင်မှုရရင်တော့အလွန် ပျော်ရွှင်နေတတ်ကြပြီး ရှုံးနိမ့်မှုကို ကြုံရင်တော့ စိတ်ပျက်အားငယ်ခြင်းများနှင့် အချိန်အ
တော်ကြာကြာခံစားတတ်ကြတာမဟုတ်လား။
အောင်မြင်မှုဆိုတာအခုရေတွင်းတူးပြီး ယခု ရေကြည်သောက်လို့ မရနိုင်ပါဘူး။အောင်မြင်မှုကို ရရှိဖို့အတွက် အချိန်တွေ၊ နှစ်တွေ မြှုပ်နှံထားရသည်။
မိမိကိုယ်တိုင် ခက်ခက်ခဲခဲလုပ်ဖို့ လိုအပ်သလိုအောင်မြင်မှုလမ်းကြောင်းထဲမှာစိတ်ရော လူရော နှစ်မြှုပ်ထားဖို့လည်း လိုအပ်ပါသည်။
မိမိကိုယ်တိုင်ကဘယ်လိုအောင်မြင်မှုကို လိုချင်သလဲ ဆိုတာမိမိကိုယ်တိုင်ပဲသိနိုင်မည် ဖြစ်ပါသည်။ အောင်မြင်မှုလိုချင်ရင် ပန်းခင်းလမ်းပဲ
လျှောက်ချင်လို့မရနိုင်ပါ။တောင်ပေါ်တတ်သင့်တတ်ရမယ်။တောထဲဖြတ်ချင်ဖြတ်ရမယ်။
ကန္တာရထဲလျှောက်သင့်လျှောက်ရမည်။လွယ်လွယ်နဲ့တော့အောင်မြင်မှုဆိုတာမရနိုင်ပါဘူး။
အောင်မြင်ဖို့ရာအတွက်အရင်ဆုံး အောင်မြင်သူတွေရဲ့ နည်းနာတွေ၊ ဆောင်ရွက်ချက်များနှင့် လိုက်နာချက်များ
ကိုအတုယူလေ့လာမှတ်သားရမည်။
အခက်အခဲရင်ဆိုင်ရတိုင်းအတွေ့အကြုံအဖြစ်မှတ်ယူရမည်။

စာဖတ်သူကိုယ်တိုင်က အောင်မြင်ရမယ်လို့ စိတ်ထဲမှာ မှတ်ကျောက်တင်ပြီး ဆုံးဖြတ်ချက် ချထား ရမည်။ ဘယ်အရာမဆို ဘယ်လိုလုပ်ဆောင်မှုမျိုးမဆို
ငါလုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကို ထားရှိရမည်။ဒီနေ့လုပ်ဆောင်ရမည့်အရာကိုနောက်နေ့မရွေ့ဆိုင်းပါနဲ့။ဒီလိုလုပ်ဆောင်သွား
မယ်ဆိုသင့်အတွက်အောင်မြင်မှုကပိုမိုနီးကပ်လာပြီလို့ သတ်မှတ် ထားပါ။
အောင်မြင်ရန်အတွက် ပထမဆုံး အရေးကြီးဆုံးလိုအပ်ချက်က ထက်သန်ပြင်းပြတဲ့ စိတ်ဖြစ်ပါတယ်။ မိမိရည်ရွယ်ချက်ကို မိမိပြင်းပြင်းပြပြယုံကြည်ရမှာဖြစ်ပါတယ်။ လျော့တိလျော့ရဲစိတ်နဲ့ပြီးစလွယ်လုပ်မယ်ဆိုရင် အောင်မြင်ရန် မဖြစ်နိုင်ပါဘူး။ မိမိကိုယ်တိုင်ကယုံကြည်မှုမရှိဘူးဆိုရင်အောင်မြင်မှုဆိုတာဘယ်တော့မှဖြစ်မလာပါဘူး။
အောင်မြင်ရန်အတွက် အရေးကြီးဆုံး ပထမအချက်
်က ထက်သန် ပြင်းပြတဲ့စိတ်ဖြစ်သလိုဒုတိယ
အချက်က မိမိကိုယ်တိုင်ယုံကြည်ရမည်။
ယုံကြည်မှုဆိုတာငါလုပ်နိုင်တယ်။ငါဖြစ်နိုင်တယ်။ဒီလိုစိတ်ဆန္ဒရှိသူတစ်ယောက်ကအောင်မြင်မှုနဲ့
ဘယ်လိုမှမလွဲနိုင်ပါ။
အောင်မြင်မှု အတွက်ပြင်းပြတဲ့စိတ်ဓာတ် ထက်သန်သောဇွဲရှိမယ်ဆိုလျှင်
ဘယ်လိုခက်ခဲမှုမျိုးမဆိုဖန်တီးနိုင်မည်ဖြစ်သည်။
ခက်ခက်ခဲခဲဖြင့်ကြိုးပမ်းရယူထားသောအောင်မြင်မှုသည်လည်း ရေရှည်တည်တံ့ခိုင်မြဲမှာ ဖြစ်ပါသည်။ ထို့ကြောင့် အောင်မြင်မှုပန်းတိုင်ဆိုတာ
လွယ်လွယ်နဲ့ရနိုင်သောအရာမဟုတ်ပါ။
ကျွန်မတို့၏ အောင်မြင်မှုသည်ကျွန်မတို့လက်ဝယ်
တွင်သာရှိပါသည်။စာဖတ်သူအနေဖြင့်
အောင်မြင်ချင်လားရှူံးနိမ့်ချင်လားဆိုတာမိမိအပေါ်မှာသာမူတည်ပါတော့သည်။
လေးစားလျက်
ရှင်းသန့်မေ
Shin Thant May's photo.

#‪#‎ညီမလေးသို့‬


ညီမလေးရေ
တစ်ချို့တွေက ပျော်ရွှင်စွာ နေထိုင်တတ်တယ်
ရောင့်ရဲမှုနဲ့ပေါ့
တစ်ချို့တွေက ပြုံးနေပေမယ့်
အတုအယောင်များနဲ့ပေါ့
တစ်ချို့တွေက အလိုမကျမှုတွေနဲ့
လောဘသားကောင်ဖြစ်လို့
တစ်ချို့ကတော့ ဘဝပေးကုသိုလ်မှတ်ပြီး
အားတင်းထားရင်းပေါ့
လောကကြီးမှာ အသိဥာဏ်ပညာ
ပြည့်စုံသူတွေ ရှိသလို
တစ်ချို့တွေဟာ အသက်အရွယ်နဲ့မလိုက်အောင် အသိဥာဏ်တွေ ခေါင်းပါးလို့ပေါ့
တစ်ယောက်နဲ့တစ်ယောက် မမြင်ချင်ယောင်ဆောင်ကြတဲ့သူရှိသလို
ရင်းနှီးပွင့်လင်းစွာ ဆက်ဆံတတ်တဲ့သူလည်းရှိတယ်
သိုးတစ်ကောင်လိုစိတ်ထားတတ်သူရှိသလို
ဝံပုလွေရေခွံနဲ့လှည့်ဖျားတတ်တဲ့သူလည်းရှိတယ်

ညီမလေးရေ
လောကကြီးမှာ
အာဒံဧ၀လိုအချစ်မျိုးပဲရှိတယ်မထင်နဲ့
အဆိပ်ရှိတဲ့ပန်းသီးတွေလည်းအများကြီး
လောကကြီးမှာမရှိတာတွေ အများကြီး
ကိုယ်ချင်းစာစိတ်မရှိတော့ဘူး
မုဒိတာမထားတတ်ကြတော့ဘူး
မေတ္တာမပွားနိုင်ကြတော့ဘူး
ညီမလေးရေ
လောကကြီးတကယ့်အပြင်ဘက်ကို
မင်းထွက်ခဲ့မယ်ဆိုရင်
ကိုယ်မှာလိုက်ပါရစေ
မျက်စိကိုဖွင့်ထားပါ
နားကိုစွင့်ထားပါ
ဘဝကိုရိုသားစွာလျှောက်လှမ်းပါ
မရိုးအမိစေနဲ့
အချောင်နှိုက်သူတွေသိပ်များတယ်
လောကကြီးကအတုအယောင်သိပ်များတယ်
သတိနဲ့နေပြီးအသိနဲ့ရှောင်ရှားပေါ့ ညီမလေး။
လေးစားလျက်
Shin Thant May

(သံယောဇဉ်)


သံယောဇဉ် ဆိုသောအရာသည်လူကိုအရူးတစ်ပိုင်းဖြစ်စေတတ်သည်။....
သူကြောင့်ပဲနေမြင့်လို့အရူးရင့်ခဲ့ကြရသည်။
၅၂၈နှောင်ကြိုးပဲဖြစ်ဖြစ်၁၅၀၀နှောင်ကြိုးပဲဖြစ်ဖြစ်ပိုပြီးအမြစ်တွယ်မိလေပိုခံစားရမြဲပင်ဖြစ်သည်။
သမုဒယနှောင်ကြိုးတွေခိုင်မာလာလေလေ
ချည်နှောင်လာလေလေဖြစ်သည်။
သူကြောင့်ပဲအလွမ်းဆိုတဲ့အရာထပ်တိုးလာခဲ့သည်။
သူ့နှောင်ကြိုးပိုပိုခိုင်မာလာတာနဲ့အမျှအ.လွမ်းတွေပိုပိုလို့သာ
လွမ်းနေတော့သည်။
ဘာလို့ဒီလောက်တောင် လွမ်းနေမိသလဲ ကိုယ့်ကိုယ်ကိုတောင်နားမလည်နိုင်တော့သည်..။
သူအကြောင်းတွေ မတွေးချင်လဲ ငါပြန်တွေးမိတယ်.။အချိန်တိုင်းလည်းသတိရမိသည်။
ဒါဟာတကယ်တော့ ရူးသွပ်မှုတခုဖြစ်နေလား။
လွမ်းဆွတ်လိုက် သတိရလိုက် ခံစားလိုက်နဲ့ တကယ်တော့ ဘာမှမရှိတဲ့ စိတ္တဇနာမ် တွေကို ရူးသွပ်နေမိတာပါပဲ။
ပုထုဇဉ် လူသားတိုင်းသူကြောင့်ပဲ လွမ်းတတ် ဆွေးတတ် ချစ်တတ်လာသည်.။ လွမ်းတိုင်းဆွေးတိုင်း သူအကြောင်းတွေးမိတိုင်း ရင်နဲ့မဆန့်အောင် နှလုံးတဒုတ်ဒုတ် ခုန်နေကြသည်။
ဒီလိုအဖြစ်တွေက ပုထုဇဉ်လူသားတိုင်းဘယ်လိုမှ ရုန်းထွက်နိုင်ဖို့ခဲယဉ်းသည်။
သူကိုမေ့ဖို့ကြိုးစားလိုက်တိုင်း နှလုံးသားထဲမှာ စူးအက် နာကျင်လာတက်သည်။
သူရဲ့ပုံရိပ်တွေက နှလုံးသားမှာပန်းချီကားတချပ်ရေး
ထိုးထားသလိုပဲ။လွမ်းဆွတ်တမ်းတလေပန်းချီးကားကပိုပီပြင်ပြတ်သားလာလေဖြစ်သည်။
သူ့ကိုတကယ်ဖြတ်ပစ်ဖို့ ခက်လွန်းလှပါတယ်....။ အဲ့သည့်သံယောဇဉ်ကြောင့် ဘ၀တွေကျွမ်းလောင်ပြီး
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်နေကြရသည်။
ဖြတ်တောက်တိုင်းလဲ ပြတ်ဖို့ခက်သည်။
သူကြောင့်ပဲလွမ်းတတ်လာတယ်...။ သူကြောင့်ပဲဆွေးတတ်လာတယ်....။
သူကြောင့်ပဲစိတ်တွေလောင်မြိုက်ကြရသည်။
ကျောက်ရုပ်မဟုတ်သူတိုင်း နှလုံးသားနဲ့ခံစားတတ်သူတိုင်း
သူလက်ကရုန်းထွက်ဖို့ခက်နေကြရခြင်းပင်ဖြစ်ပေတော့သည်။
လေးစားလျက်
ရှင်းသန့်မေ

##‪#‎သစ္စာတရား‬##



လူတစ်ယောက်အနေနဲ့ စစ်မှန်တဲ့ အချစ်တစ်ခုကို ရလိုက်ပီဆိုရင်တော့ နောက်ထပ် အချစ်တွေကို ဆက်ရှာမနေသင့်တော့ဘူး။
အချစ်စစ်တစ်ခု ရထားပြီးပြီပဲ ဘာလို့ အချိန်တွေ ထပ်အကုန်ခံတော့ မှာလဲ။ကိုယ့်ရဲ့သိက္ခာတရားတွေကို ဘာလို့ ပျက်ယွင်းခံတော့မှာလဲ လူဖြစ်လာတာ အချစ်အတွက်မှ မဟုတ်တာ။ မိမိဘ၀အတွက် မိမိတကယ်ချစ်ရသူအတွက် သစ္စာတည်ဖို့လည်း လိုအပ်တယ်။ သစ္စာဆိုတာကို ဒီခေတ်မှာ ပါးစပ်နဲ့ လွယ်လွယ်ကူကူ ပြောနေကြပေမယ့်။ အဲဒီ စကားလုံးလေးဟာ အရမ်းလေးနက်ပါတယ်။
ဘ၀ တစ်ခုလုံးနဲ့ဆိုင်တယ်၊ သစ္စာမတည်တဲ့သူဟာ ဘယ်တော့မှ ကတိတည်တဲ့သူ တစ်ယောက်ဖြစ်မှာ မဟုတ်ဘူး။ မတည်ငြိမ်သူ တစ်ယောက်ပါဘဲ။
စိတ်ခံစားမှုဆိုတာခဏတဖြုတ်ပါပဲ။သာယာမှုဆိုတာလည်း ခဏတဖြုတ်ပါပဲ။အချစ်ဆိုတာလည်း ခဏပါပဲ။ အိုသွားမှာပဲ။ ဘယ်လောက် အချစ်သစ်တွေ ရှာရှာ တနေ့တော့ အိုမှာပါဘဲ။ ခံစားမှု သာယာမှုက ခဏတာပါပဲ။
ဖေါက်ပြန်မူဆိုတဲ့ အမဲစက်ကတော့ နောက်ကျောမှာ အမြဲကပ်လိုက်ပါနေတာပါ။ သေသိတိုင်အောင်ပေါ့။
သစ္စာဖောက်တော့ ဘာဖြစ်လဲ၊ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် အကျိုးဆက်တွေ ဖြစ်လာမှာပါ။
လက်တွဲဖော်ဆိုတာ အရမ်းကို အရေးကြီးပါတယ်။
ခဏတဖြုတ်အတွက် မဟုတ်ပါဘူး လောကုတ္တရာအတွက်ပါ အဖော်ဖြစ်နိုင်ပါတယ်။ ဘုရားခေတ်ကတည်းက မိန်းမကို အကြောင်းပြုလို့ စစ်မှန်တဲ့ ဘာသာကိုရောက်ပြီး သံသရာမှ လွတ်မြောက်သွားတဲ့ ယောက်ျားတွေ ရှိသလို ယောက်ျားကို အကြောင်းပြုလို့ သံသရာက လွတ်မြောက်သွားတဲ့ မိန်းမတွေ အများကြီးပါပဲ။
အချစ်ကို ပေါ့ပေါ့လေးတွေးရင်လည်း ရတယ်၊ လေးလေးနက်နက် တွေးရင်တော့လည်း အရမ်းကို လေးနက်တဲ့အရာတစ်ခုပါ။ တန်ဖိုး ထားတတ်သူအတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ စစ်မှန်မှုပါပဲ။ သေချာတာတစ်ခုကတော့ သစ္စာတည်တဲ့သူတွေဟာ အနည်းဆုံးတော့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးနဲ့ တည်ငြိမ်တဲ့ မိသားစုထုဆစ်နိုင်မှာပါ။
လူတိုင်း စစ်မှန်သော ချစ်ခြင်းနဲ့ တွေ့ဆုံပြီး သာယာချမ်းမြေ့သော လူ့ဘ၀လေးတစ်ခု ပိုင်ဆိုင်နိုင်ပါစေ။
လေးစားလျက်
ရှင်းသန့်မေ

##‪#‎အနှိုင်းမဲ့အဖေ‬##


သားသမီးတွေချစ်ခင်သော အဖေ၊ အမေယုယ ချစ်ခင်သောယောကျာ်း။ အဖေကချစ်သောသားသမီး။ဇနီးအပေါ်တာဝန်ကျေသောယောကျာ်းထိုထိုယောကျာ်းသည်ကျွန်မတို့အားလုံး၏အဖေပင်။
ကောင်းကင်တခုမှာလမင်းတခုတည်ုးနဲ့မပြည့်စုံနိုင်သလိုနေမင်းတခုရှိလည်းမပြည့်စုံနိုင်ပါဘူး။ထိုအတူအိမ်တလုံးမှာလည်းအမိုးရှိရုံနဲ့မပြည့်စုံသလိုအကာရှိတာနဲ့လည်းမပြည့်စုံနိုင်ပါဘူး။မိသားစုတခုမှာလည်းထို့အတူပါပဲ။
စာပေ၊ သီချင်း များတွင် မာတာ မိခင် ဆိုတာကိုပဲ ကြားရဖန် များတယ်။ ကျေးဇူးရှင် အဖေ ဆိုသော အကြောင်းကို တခုတ်တရ အလေးအမြတ်ပြု ရေးကြ ပြောကြတာ နည်းသည်ဟု ထင်မိ၏။။ တကယ်တော့ မိသားစုတစု ခန့်ထည် တည်မြဲဖို့ တာဝန် အရှိဆုံးသူဟာ အိမ်ထောင် ဦးစီးဖြစ်သူ အဖေ ဖြစ်သည်။ သားသမီးတွေကို ရင်အုပ်မကွာ ဖေးမ မေတ္တာဖြင့် ထွေးပိုက်ယုယ မြေတောင်မြောက် ပဲ့ပြင်သူက အမေဆိုလျှင် အမေ့ကို သားသမီးတွေ အနား မခွဲမခွါ နေနိုင်အောင် အဖေက အရာရာ အကျိုးဆောင်ကြဉ်းပေးသူ ဖြစ်သည်။ အဖေသာ ငွေမရှာပဲ မိသားစုကို လူတန်းစေ့ စားနိုင်သောက်နိုင်အောင် မထားလျှင် မိခင်သည်လည်း သားသမီးတွေကို စောင့်ရှောက်နိုင်မည် မဟုတ်။ မိခင်ဖြစ်သူနှင့် တန်းတူ အဖေဖြစ်သူ ဖခင်ဖြစ်သူရဲ့ စရိုက် အလေ့အထ ဦးဆောင် ပဲ့ပြင်မှု အကောင်းအဆိုး ပေါ်မူတည်ပြီး သားသမီးတွေရဲ့ အနာဂတ် ဖြစ်ပေါ်လာသည်။ ဒါကြောင့် အမေ့ကိုရော အဖေ့ကိုပါ တန်းတူ ချစ်သည်။ အဖေမရှိလျှင် အမေမရှိ။ အမေ မရှိလျှင်လည်း အဖေဆိုတာ ရှိမလာနိုင်။ မိဘဆိုသည်ကား လူသားများအတွက် အဖိုးအနဂ္ဂ အနှိုင်းမဲ့သော ကျေးဇူးရှင်များသာ မဟုတ်ပါလား။
လူ့လောကမှာ ဖခင်တို့ရဲ့ မေတ္တာစွမ်းပကားနဲ့ ပွင့်လန်း လာရတဲ့ အဖိုးတန် လူသားတွေ အမြောက်အများ ရှိသလိုဖခင်မေတ္တာ မရခဲ့လို့ ကြီးပြင်းလာတဲ့အခါ စိတ်ရောဂါ တခုခုကို ခံစားရတဲ့ကလေးတွေလည်းရှိပါတယ်။
အဖေတိုင်း အဖေ ပီသကြရဲ့လား ဆိုတာကိုတော့ သဘာဝ တရားကြီးက တရားသေ သတ်မှတ် ပြဋ္ဌာန်း မပေးခဲ့ပါဘူး ။ အဖေ မပီသတဲ့ အဖေတွေ ၊ အိမ်ထောင်ရေး ပြသနာတွေ ကြီးမားတိုင်း ဖခင်တို့ တာဝန်ကို လစ်လျူရှု့ တတ်တဲ့ ဖအေဆိုး မျိုးတွေလည်း လူ့လောကမှာ ရှိနေတတ်သေးတယ်။ အလင်းအမှောင် အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကမှာတော့ ဆန်းကျယ်တယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့် အသိဉာဏ်ရှိတဲ့ လူသားတွေ အနေနဲ့ လူပီသတဲ့ ဖခင်စိတ်တော့ ဖခင်တိုင်းမှာ ရှိစေချင်မိတယ်။
သားသမီးတွေ မွေးထားပြီး ဖအေ မပီသတဲ့ လူတချို့ကြောင့် ရတက်မအေး ဖြစ်မိပါတယ်။ ခေါင်းဆောင်ကောင်း မရှိတဲ့ နိုင်ငံတခု ပျက်သုဉ်းဖို့ နီးသလိုပေါ့။ အိမ်ထောင်ဦးစီးကောင်း မရှိတဲ့ မိသားတစုဟာလည်း သားတွေ သမီးတွေ တေလေလွင့်တဲ့ ကလေးတွေ ဖြစ်လာဖို့ များပါတယ်။
ကျွန်မအတွက်တော့ဖခင်ပီသသောဖခင်။မိသားစုတာဝန်ကျေသောဖခင်နဲ့သာတွေ့ကြုံခဲ့ရသည်။
ကျွန်မဘဝမှာသောကအမောတွေ တွေ့တိုင်း အမေ့အပြုံးနဲ့အေးချမ်းခဲ့ရသလို အဖေ့ အားပေးစကားသံတွေကြောင့်ဘဝလမ်းတွေဖြတ်ကျော်နိုင်ခဲ့တယ်။
ဘာနဲ့မှ အစားထိုးဖွယ် မရှိသည့် ခိုလှုံရာ အေးမြသောကျွန်မဘဝ မေတ္တာရိပ်မြုံကဖေဖေနဲ့မေမေသာ။
ထို့အတူအဖေ၊ အမေတို့ရဲ့ တူမျှသော မိဘမေတ္တာဖြင့် ပွင့်သောပန်းတိုင်း လန်းစေချင်မိသည်။ အဖူးတိုင်း ငုံရမည်။ အငုံတိုင်း ပွင့်ရမည်။ ညှာတံတိုင်းလည်း ရင့်သန်ခိုင်မာ စေချင်မိသည်။
ထို့ကြောင့်ကမ္ဘာပေါ်ရှိ ဖခင်တိုင်း ဖခင် ပီသ ကြပါစေ။ ဖခင် ပီသတဲ့ ဖခင်တိုင်းကိုလည်း သားသမီးတွေက တန်ပြန်ယုယ ချစ်ခင်နိုင်ကြ ပါစေ။
အဖေဆိုတာကျွန်မတို့အားလုံးအတွက် အနှိုင်းမဲ့ဖခင်ပါပဲ။
လေးစားလျက်
ရှင်းသန့်မေ

Monday, December 8, 2014

ညီမလေးဘေးက ကြယ်ကလေးကကိုယ်


ညီမလေးရေ
အဖြူရောင် သံယောဇဉ်တချို့ကို
”သံယောဇဉ်" လို့ ခေါင်းစဉ်တပ်လိုက်မယ်
သမုဒယတွေနဲ့ချည်နှောင်တာကို
"အချစ်" လို့ သတ်မှတ်လိုက်မယ်
အချစ်ဆိုတာ
ကိုယ့်ရင်ကိုခွဲမယ့်
ဓါးတစ်လက်ဖြစ်ခဲ့မယ်ဆိုလည်း
မင်းဆီပေးအပ်
သွေးလိုက သွေးစေတော့
ပိုးဖလံတွေရဲ့ ရဲစွမ်းသတ္တိလိုမျိုး
မီး ကိုပဲ တိုးလည်း
တိုးပါရစေ ညီမလေးရယ်
ညီမလေးရေ
မင်းဟာ ကိုယ့်ရဲ့
နောက်ဆုံး သစ်ရွက်ကလေးဖြစ်သလို
မင်းဟာ ကိုယ့်ရဲ့ နံရိုးလေးဖြစ်တယ်
ညီမလေးရေ
စိတ်ကူးတွေနဲ့ ရေးဆွဲခဲ့တဲ့ ပန်းချီကားတချပ်
လှပနေလေရဲ့
ညီမလေးရေ
လူဘဝဆိုတာ တိမ်တွေလိုပါပဲကွယ်
ဆုံစည်းရလိုက် ခွဲခွါရလိုက်နဲ့
အခိုးအငွေ့ သိပ်ဆန်လွန်းတယ်
ညီမလေးရေ
မင်းဟာ ကောင်းကင် တစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ကိုယ်ဟာ အဲ့ဒီကောင်းကင်မှာ ချိတ်ဆွဲထားတဲ့
ကြယ်တံခွန်လေး ဖြစ်ချင်တယ်
မင်းအတွက် ဘေးနားကနေ ပြီး
လင်းလက်ပေးပါရစေ။


လေးစားလျက်
ရှင်းသန့်မေ

မြတ်နိုးလျက်ပါ ချစ်သူ


လွမ်းတဲ့စိတ်တွေ နဲ့
မပျော်ဘူး
တမ်းတစိတ်ကြောင့်
မျှော်နေမိတယ်
မေတ္တာမှန် ရောင်ပြန်ဟပ်တယ်ဆိုတဲ့
နှစ်သိမ့် စကားကြားမှာ
နင့်တုန့်ပြန်မူကို
စောင့်စားနေတုန်းပဲ
ရင်ခုန်သံစည်းချက်တွေက
နှလုံးသားမှာ ပဲ့တင်သံညံနေတယ်
စုံလုံးကန်းသွားအောင်
ငါ့မျက်ဝန်းတွေကို
နင့်ချစ်ခြင်းတွေနဲ့ပိတ်ခဲ့ပေမဲ့
ငါ့မျက်ရည်စက်ကလေးတွေကို
နင့်နှလုံးသားကမမြင်နိုင်ရတာလဲ
အလွမ်းပုံရိပ်တွေက
အမှတ်တမဲ့ နဲ့ သက်ဝင်လှုပ်ရှားလာခဲ့တာမဟုတ်ဘူ့း
အချစ်နဲ့ ဘ၀ကြားက
ခါးသက်စရာ ရွေးချယ်မှုတွေက
တခဏတာ ဖြစ်တည်လာခဲ့တာမဟုတ်ဘူး
နင်အမုန်းပေးရင်လည်း ငါခံယူလျက်ပဲ
နင်အရှုံးပေးရင်လည်း ငါချစ်လျက်ပဲ
ဝေဒနာသက်သက် ဆိုလည်း
ရင်မှာ ဘယ်လောက်အနေခက်ခက်
ငါမြတ်နိုးဆဲပါပဲချစ်သူ။
လေးစားလျက်
ရှင်းသန့်မေ

ချစ်သူပုံရိပ်


ချစ်သူကိုမြတ်နိုးလို့
ပန်းချီရေးကြည့်တယ်
ကိုယ်ရေးဆွဲတဲစုတ်ချက်က့
မင်းရဲ့ပုံရိပ်ကိုပီပြင်အောင်
မရေးဆွဲနိုင်ပါလားကွယ်။
ချစ်သူမျက်နှာလေးကို
ပန်းပုထုကြည့်တယ်
ကိုယ်ထုဆစ်တဲ့ရုပ်ထုက
မင်းအပြုံးကို ပေါ်လွင်အောင်
မထုဆစ်နိုင်ပါလားကွယ်….
မင်းကိုချစ်တာကို
ကဗျာရေးကြည့်တယ်
ကိုယ်ရေးစပ်တဲ့ ကာရန်တွေက
မင်းအချစ်ကိုမှီအောင်
မဖွဲ့နွဲ့နိုင်ပါလားကွယ်
မင်းကိုလွမ်းလို့
တေးဆိုကြည့်မိတယ်
ကိုယ်ဆိုညည်းတဲ့ သံစဉ်တွေက
ကိုယ့်လွမ်းဆွတ်မှုတွေကို
မင်းသိအောင်
မသီကျူးနိုင်ပါလားကွယ်
ဘယ်လိုပဲဖြစ်ဖြစ်
မင်းကိုချစ်တာ
မင်းကိုလွမ်းတာ
မင်းကိုမြတ်နိုးတာကို
ကိုယ်ဆက်လက်ထုဆစ်နေမိအုန်းမှာပါ
ချစ်သူရယ် ။
လေးစားလျက်
ရှင်းသန့်မေ

သစ္စာအိမ်



ချစ်သူရေ
ကမ္ဘာတစ်ဘက်ခြမ်းကနင်နဲ့
တခြားကမ္ဘာတစ်ဘက်ခြမ်းက.ငါ
ချစ်သူတွေဖြစ်ခဲ့ကြတာ
ဆန်းတယ်နော်။
ချစ်သူရေ
သာတာနာတွေ မတွေး
ညာညာတာတာကာ တွေးလို့
ကြင်ကြင်နာနာ ပေးလျက်
နှလုံးသားချင်းအပ်
ပါးချင်း ကပ်လို့
နားလည်မူနဲ့ချစ်ကြမယ်နော်။
ချစ်သူရေ
သေသေချာချာ တွေး
အချစ်ကိုအချစ်တိုင်း ချစ်လျက်
သံယောဇဉ်ကခိုင်ခဲ့ပြီနော် ။
ချစ်သူရေ
လေထဲက အနမ်း
ဖုန်းထဲက လွမ်းလျက်
အကြင်နာတွေ ဆထက်တိုးကြမယ်နော်။
ချစ်သူရေ
ချစ်တတ်တာလေး
စိတ်ကတွေးလို့
စိတ်ကောက်တဲ့အခါ.ချော့ပေးနော်။
ချစ်သူ
စိတ်နွမ်းတဲ့ အခါ
စိတ်အေးမြအောင်
သံစဉ်ကလေးသီဆိုပြမယ်
ချစ်သူကလေးနားထောင်နော်။
ချစ်သူရေ
အနာဂါတ်ခရီးလမ်း
ကြမ်းကြမ်းမကြမ်းကြမ်း
ကိုယ့်ဘ၀ကမင်း
မင်းဘ၀ကကိုယ် စိတ်မှာမှတ်လျှက်
တူယဉ်ကာတွဲ
အနာဂတ်ကိုလျှောက်လှမ်းကြမယ်နော်။
ချစ်သူရေ
မာနတွေလည်း မထား
အတ္တတွေဖယ်လျှက်
ရင်ဘတ်ခြင်းညှိပြီး
သစ္စာအိမ်လေး ဆောက်စို့နော်။
လေးစားလျက်
ရှင်းသန့်မေ

ဘာလိုသေးလဲအချစ်ရယ်


လာပါ အချစ်ရယ်
မင်းကဗျာတွေကို ငါကရေးပြီး
ငါ့ တေးတွေကိုမင်းကဆိုပေးလေ.
ဟောသည်
စမ်းချောင်းနံဘေးမှာ
တစ်ယောက်ရင်ခုန်သံ
တစ်ယောက်နားထောင်ရင်း
အတူတူ ခိုလှုံခဲ့ကြတာပေါ့.
တို့ရင်ခုန်သံအားလုံးဟာ
ဒီနေ့ မနက်ဖန်
အနာဂတ် ပစ္စုပ္ပန်အားလုံး
မင်းနှလုံးသားမှာ
ပန်းတပွင့်လို ပွင့်စေမယ်
မင်းရင်ခွင်ဦးမှာ
ငါ့နဖူးကို မှေးတင်ချင်မှေးတင်မယ်
တခါတလေလည်း
ငါ့ရင်ခွင်မှာ မင်းက ခေါင်းအုံးရင်း
တစ်ယောက်ရဲ့အချစ်ရိပ်တွေကို
တစ်ယောက်ဖတ်ကြတာပေါ့
ဟောသည်
ပင်လယ်ကြီးကဘယ်လောက်ကျယ်ပါစေ
ကောင်းကင်ကြီးဘယ်လောက်မြင့်ပါစေ
ငါတို့ ချစ်ခြင်းများနဲ့ကျော်ဖြတ်ကျတော့ပေါ့
ကဲ ...နောက်ထပ် ဘာလိုသေးလဲအချစရယ် ။
လေးစားလျက်
ရှင်းသန့်မေ

ပန်းသီးလေးသာဖြစ်မယ်ဆိုရင်


ဘုရားသခင် ဖန်ဆင်းလိုက်တဲ့
ချစ်သူဟာငါ့အတွက်
အာဒံဖြစ်သလို
ငါ့အတွက်
နံရိုးတစ်ချောင်းလည်းဖြစ်ရဲ့
ချစ်သူရယ်
မင်းကသာထာဝရပါလို့ပြောရင်
ကိုယ်ဟာသက်ဆုံးတိုင်
မင်းရဲ့ကျွန်ဖြစ်လိုက်ချင်မိသူပါ
ချစ်သူရယ်
မင်းကသာထာဝရ
ချစ်တယ်လို့ပြောရင်
ကိုယ်ကထာဝရထက်တစ်ရက်
ပိုချစ်မိသူရယ်ပါ။
ချစ်သူရယ်
ရင်ထဲကနှလုံးသားသာ
ပန်းသီးတစ်လုံးဖြစ်ခဲ့မယ်ဆိုရင်
ဧဝကအာဒံကိုကျွှေးသလို
တကိုက်ဖြစ်ဖြစ်
ချစ်သူကိုကျွေးချင်ပါတယ် ချစ်သူရယ်။


လေးစားလျက်
ရှင်းသန့်မေ

လွမ်းတယ်

မျှော်နေမိတယ်
မင်းလာမလားလို့
စိတ်ပူမိတယ်
မင်းနေကောင်းရဲ့လားလို့
တွေ့ချင်မိတယ်
မင်းမျက်နှာလေး
စောင့်နေမိတယ်
မင်းလာချိန်လေး
ရေးနေမိတယ်
မင်းအတွက်ကဗျာလေး။

လေးစားလျက်
ရှင်းသန့်မေ

မင်း ဘယ် မှာ လဲ ကွယ်




စိတ် တွေ အ ၇မ်း ပင် ပန်း နေ တဲ့ အ ချိန်
နူး ညံ့ တဲ့ အ ပြုံး နဲ့ ဖေး မ တတ် သူ ရေ
ခု တော့ မင်း ဘယ် မှာ လဲ ကွယ်
လော က ကြီး ကို အ ရှုံး ပေး ချင် နေ တဲ့ အ ချိန်
ချို သာ တဲ့ စ ကား လုံး တွေ နဲ့ အား ပေး တတ် သူ ရေ
ခု တော့ မင်း ဘယ် မှာ လဲ ကွယ်
အ ရာ ရာ အား လုံး မေ့ ထား ချင် တဲ့ အ ချိန်
အ နား မှာ အမြဲရှိနေပေးပြီးအားပေး တတ်တဲ့ သူရေ
ခု တော့ မင်း ဘယ် မှာ လဲ ကွယ်
စိတ် ဓါတ် တွေ အ ရမ်း ကျ ဆင်း နေ တဲ့ အ ချိန်
မင်း ကြင်နာတဲ့လက်တစ်စုံကြောင့်
ဖြတ် ကျော် ခဲ့ ရ တယ်
ဘယ် လို ကိစ္စတွေ ဖြစ် နေ ဖြစ် နေ
အ နား မှာ အ မြဲ ရှိ နေ ပေး ပြီး
အား ပေး ပါ မယ့် ဆို တဲ့ သူ ရေ
ခုတော့ မင်း ဘယ်မှာလဲ ကွယ် ။
လေးစားလျက်
ရှင်းသန့်မေ

Thursday, June 19, 2014

ဖျားတယ်



အိပ်မက်တွေ ဖျားတယ်
မျှော်လင့်ခြင်းတွေ ဖျားတယ်
အချစ်တွေ ဖျားတယ်
အမုန်းတွေ ဖျားတယ်
အလွမ်းတွေဖျားတယ်
အဆွေးတွေဖျားတယ်
ပျော်ရွှင်ခြင်းတွေ ဖျားတယ်
ခင်မင်မှုတွေ ဖျားတယ်
ငိုကြွေးမူတွေဖျားတယ်
လောကနိတိတွေ ဖျားတယ်
ကျင့်ဝတ်တွေ ဖျားတယ်
စည်းကမ်းတွေ ဖျားတယ်
လူမူရေးတွေ ဖျားတယ်
အကြည်ဓာတ်တွေ ဖျားတယ်
သံယောဇဉ်တွေ ဖျားတယ်
မျှော်လင့်ချက်တွေ ဖျားတယ်
ငြိမ်းချမ်းရေးတွေဖျားတယ်
ဖျားနာခြင်းတွေ ဖျားတယ်
ဖျားတယ်
စိတ်ဖျားတာကတော့အဆိုးဆုံးပဲ။

လေးစာလျက်
ရှင်းသန့်မေ

Monday, February 17, 2014

လောဘကြောင့် ဒဏ်သင့်သူ



အန်တီဒီနေ့ဘာကောင်းလဲ

၂ကောင်းတယ်ပြောတာပဲအေ
၂ပတ်ထားတယ်ကျုပ်တော့

မနေ့ကအဘဆီသွားတွက်တော့
သုံးကွက်ပေးလိုက်တယ်
ကျမတော့ အဘပေးလိုက်တာထိုးထားတယ်

ဟုတ်လားပြောအန်တီလည်းထိုးလိုက်မယ် နှစ်လုံးမပိတ်ခင်လေး

၂၅
၂၇
၂၉တဲ့ကျမတော့ဒီသုံးကွက်ကိုအပိုင်
တကွက်ကို ၂၀၀၀ကျပ် ပတ်လည်ထိုးထားတယ်

အေး အန်တီလည်းပတ်လိုက်မယ်
အိမ်ကညီးအန်ကယ်ကမကြိုက်ဘူး အန်တီကဈေးဖိုးကခိုးခိုးပြီးထိုးတာ
ညီးထိုးတာကောင်းတယ်ပေါက်ရင်တချီးတည်းပဲအားကျတယ်အေ
အန်တီကတော့အိမ်ကဟာကြီးကြောက်ရတယ် ခုတောင်တကွက် ၂၀၀
ဖိုးနဲ့၂ကိုပတ်ထားတာ၁၀ ကွက် ခုညီးပေးတဲ့သုံးကွက် ဒီနေ့ဈေးဖိုးအတော်လျော့သွားပြီ
ဘယ်လိုအကြောင်းပြရမှန်းမသိတော့ဘူးအေ သွားပြီ သွားပြီ ပြေးထိုးအုန်းမှဈေးလည်းပြေးရအုန်းမယ်

ကျမစိတ်ထဲဟိုဘက်လမ်းကမိလှအကြောင်းတွေးရင်း သူများယောကျာ်းတွေများဘာမမပြောဘူး အိမ်ကဟာနဲ့ကွာပ စိတ်ထဲတွေးရင်း နှစ်လုံးထိုးမည့်အိမ်ဆီသွားနေမိတော့သည်။

ကောင်လေးဒီသုံးကွက် ထပ်ပတ်လိုက်၂၀၀ဖိုးဆီ

အဒေါ်ကြီးခုနက၂ပတ်ပြီးပြီမလား

အော်ဒါကအဘပေးတာတဲ့ဟိုဘက်လမ်းကမိလှပေးတာ ဒါကြောင့်ထပ်ပတ်တာ

အော်

ကျမလည်းနှစ်လုံးထိုးပြီးပြီချင်းဈေးပြေး
ဝယ် အိမ်အမြန်ပြန်ချက်ပြုတ်
နေ့လည်အိမ်ကဟာကထမင်းပြန်စားမှာဆိုတော့

ချက်ပြုတ်ရင်းနာရီကလည်းတကြည့်ကြည့်နှလုံးထီက ၁၁နာရီဆိုထွက်တော့မှာ
ဘာဂဏန်းထွက်ပါလိမ့်တွေးနေတုန်းမှာ

အိမ်ကယောကျာ်းကပြန်လာပြီး

မိန်းမရေဘာချက်

ဂဏန်းထွက်တယ်

ဘယ်လို မင်းဘာပြောလိုက်တာ

ဟို ဟို မှားလို ဘဲဥချက်တယ်

ဒီဘဲဥကမထွက်တော့ပါလား

ရှင်ကလာ်းရှင်ပေးတဲ့ပိုက်ဆံနဲ့ဆန်ဆီဆားငရုပ်ကြက်သွန်အကုန်ဝယ်ရတာ ဘယ်လောက်မလဲ
ရှင်ရေချိုးလိုက်
ကျမထမင်းခူးထားလိုက်မယ်

အေးကွာဗိုက်ကဆာနေပြီ

တော်သေးကျမယောင်ပြီးထွက်သွားတာသူမသိလိုက်လို့တော်သေးတယ်

နို့မို့ ဈေးဖိုးထပ်စစ်ပေါ်ကုန်မှဖြင့်

ထမင်းခူးရင်း ဘာဂဏန်းထွက်လည်းမျှော်နေမိသည်။

အိမ်ရှေ့ဆိုင်က မယ်မြကိုသွားမေးအုန်းမှပါ

ကျမလည်တဆန့်ဆန့်ဖြစ်နေတာ
အိမ်ကယောကျာ်းကရိပ်နေပုံ

မိန်းမဘာဖြစ်နေတာလဲ

ဘာမှမဖြစ်ပါဘူးဝမ်းသွားနေတာဗိုက်သိပ်မကောင်းလို့ စိတ်ထဲမကြည်သာဘူး

ဒါဆိုဆေးသွားပေးရမလား

နေနေရှင့်ထမင်းရှင်စားပါသက်သာသွားလိမ့်မယ်

ကျမယောကျာ်းကကျမအပေါ်ဂရုစိုက်တတ်သူပါ။

သို့ပေမယ့်ကျမချဲထိုးတာသာကြည့်မိုးမီးလောင်မည်ဖြစ်သည်။

တခါတုန်းကကျမချဲထိုးတာသိပြီး
မင်းငါကိုဖြတ်မလားချဲကိုဖြတ်မလား
လင်မယားကွဲတဲ့အထိဖြစ်ခဲ့သည်။

သူထမင်းစားနေတုန်းမှာကျမမယ်မြဆီသွားမေးအုန်းမှပါ။

မယ်မြဘာထွက်သွားလဲ

အမ ၂၇တဲ့

ဟေ ဟုတ်လားဝမ်းသာလိုက်တာ
အမထိုးထားလို့လား

အေး သွားလိုက်အုန်းမယ်အေအိမ်ကလူကြီးမသိအောင်ခဏထွက်လာတာ

ဟုတ်အမ

မိန်းမဘယ်သာံးတာလဲ
ဝမ်းမကောင်းလည်းဆိုသေးအိမ်မှာမနေဘူးယောကျာ်းအလုပ်ပြန်သွားတော့မယ်

ညနေကျဘာမှမချက်နဲယောကျာ်းမိန်းမအတွက်တခုခုဝယ်လာမယ် ဝမ်းသွားနေတာ နားနားနေနေ နေလိုက်

အင်းယောကျာ်းစောစောပြန်ခဲ့

ကျမယောကျာ်းလည်းထွက်ပသွား ကျမချဲထိုးတဲ့ကောင်လေးဆီထွက်လာလိုက်သည်။

လမ်းမှာမိလှနဲ့ထပ်တွေ့သည်။

အန်တီပေါက်တယ်မလား

အေးညီးကောပေါက်တယ်မလား

သွားထုတ်ရအောင်

ချဲဒိုင်ကောင်လေးဆီရောက်တော့
နှစ်ယောက်သားပြုံးနေပုံထောက်ပေါက်လိုနဲ့တူတယ် ခဏစောင့် ကျနော်ပိုက်ဆံတွက်ပြီးပေးမယ်

အဲဒီအချိန်မှာပဲ
ရဲတွေရောက်ရှိလာခဲ့သည်

ကျမတို့လည်းချဲဒိုင်ကောက်လေးနဲ့အတူ ဘုမသိ ဘမသိစွာ ချဲလက်မှတ်ကိုင်ဆောင်မူဖြင့်စခန်းသို့ပါလာခဲ့သည်။

ကျမယောကျာ်းလာနိုးနိုးသာမျှော်နေမိသည်။

တကယ်တမ်းရောက်လာသူက ကျမတို့အိမ်ရှေကမယ်မြ

အမယောကျာ်းကမလာဘူးကျမကိုအာမခံထုတ်ခိုင်းလိုက်တယ်
ပြီးတော့စာတစ်စောင်ပေးလိုက်တယ်

မိန်းမ

ငါကဘယ်က်ေရှာရှာအိမ်ရှင်မဖြစ်တဲ့မင်းက ဥစ္စာဖြိုစားဖိုကတဲထိန်းသိမ်းရမှာကမင်းလေ
ခုတော့ငါကအိပ်ပေါက်နဲ့ဖားကောက်မိသလိုပဲဒါကြောင့် မင်းလည်းမင်းဘဝနဲ့မင်းနေခဲ့တော့

မင်းရဲ့ယောကျာ်းမောင်ဘ

ကျမရှိုက်ကြီးတငင်ငိုနေမိသည်။

သားသမီးမရှိလို့ကျမအပေါ်ဂရုစိုက်တဲ့ကျမယောကျာ်း ကျမအားပစ်ခွာသွားပြီ။

စိတ်ကွယ်ရာမရှိဆိုတဲ့စကားတကယ်မှန်ပါလားနော်

ကျမအုမင်မှန်ရနေပါပြီ။အရင်လိုလည်းမမိုက်တော့ပါ။ကျမယောကျာ်းမရှိတဲ့နောက်ပိုင်း

ကိုယ့်ဝမ်းစားရှာဖွေရင်း တရားလည်းအားထုတ်ရင်းကျမဘဝကိုဖြတ်သန်းနေမိသည်။

ကျမဆီသတင်းဆိုးတခုကရက်စက်စွာကျရောက်လာသည်။

ကျမယောကျာ်းအက်စီးဒင့်ဖြစ်လို့ဆုံးပြီ

ကျမဘဝပျောက်ဆုံးသွားသလိုခံစားလိုက်ရသည်။

ဒီနေရက်လည်ဆွမ်းသွပ်ပြီးခဲ့ပြီ
ကျမယောကျာ်းပေးခဲ့တဲအိမ်လေးကိုရောင်းပြီး ကျမသာသနာဘောင်ထဲဝင်လာလိုက်တော့သည်။

တကယ်တော့ကျမလောဘကြောင့်
ဖြစ်ရတာ။

လောဘကြောင့်ကျမဆုံးရှူံးမူရလာဒ်ကအများအပြားပင်

ကျမပြောလိုက်ချင်ပါရဲ့လူသားအားလုံးကို
ငါးစားကိုသာမြင်ပြီးငါးမျှားချိတ်ကြောင့်ကိုယ့်ဘဝတခုလုံးပြောင်းလဲသွားစေတာ
ကျမဘဝလက်တွေ့ပင်ဖြစ်ကြောင်းကိုပြောပြချင်မိပါတော့သည်။

လေးစားလျက်
ရှင်းသန့်မေ

ထပ်တူကျတဲ့ဆန္ဒ



ပန်းခင်းလမ်း
မဟုတ်ပေမဲ့
ငြိမ်းချမ်းမှု့ တွေနဲ့ 
သာယာစိမ်းစိုတဲ့
လမ်းတခု
တွဲလက်ယှဉ်ပြီး
လျှောက်လိုက်ချင်ရဲ့။

ပန်းခင်းလမ်း
မဟုတ်ပေမဲ့
အေးချမ်းမှု့ တွေနဲ့ 
သာယာစိုပြေတဲ့
လမ်းတခု
အတူယှဉ်တွဲပြီး
လျှောက်လှမ်းလိုက်ချင်ရဲ့။

ပန်းခင်းလမ်း
မဟုတ်ပေမဲ့
အေးအတူပူအမျှ့နဲ့
သာယာလှုပတဲ့
ဘဝလမ်းတခု
တွဲလက်ယှဉ်ပြီး
တည်ဆောက်လိုက်ချင်ရဲ့။

အလှမ်းဝေးတဲ့
တို့နှစ်ယောက်
စိတ်ကူး ပီတိတွေနဲ့ 
စိတ်ထဲ ဖြစ်ပေါ်လာတာတဲ့
အချစ်အိမ်မက်တွေနဲ့အတု
မပြောင်းလဲတဲ့
အချစ်ခံစားမှု
ချစ်သူနဲ့ နှစ်ကိုယ်တွဲ
လျှောက်ချင်တဲ့ ဆန္ဒ
တူနှစ်ကိုယ်စိတ်မှာ
ထပ်တူကျနေခဲ့တယ်။

လေးစားလျက်
ရှင်းသန့်မေ

Thursday, January 16, 2014

မိခင်တစ်ယောက်ခွန်အား






အိမ်ထောင်ကျပြီး မျှော်လင့်စောင့်စားခဲ့ရတဲ့ နေ့လရက်နှစ်တွေ တဖြည်းဖြည်းသာကုန်ဆုံးသွားခဲ့သည်။

ခုထိကျမတို့နှစ်ယောက်မျှော်လင့်စောင့်စားနေတဲ့တစုံတယောက်မရောက်လာသေးပေ။
မျှော်လင့်ခြင်းများစွာဖြင့်တစုံတယောက်လေးကိုမျှော်နေမိသည်။

ကျမတို့အိမ်ထောင့်ရှင်သည်ဘ၀မှာအိမ်ကို ရောက်ရှိလာတဲ့ဧည့်သည်ပေါင်း
များစွာကို ကြိုဆိုခဲ့ဘူးပါသည်။ဒါပေမယ့် သူသာ ကျမတို့ဘ၀ထဲရောက်လာမယ်ဆိုဒီကမ္ဘာပေါ်မှာ အပျော်ဆုံးလူသား ပြပါဆို ကျမတို့နှစ်ယောက်ဖြစ်မည်ထင်

သူ့အရိပ်မမြင်ရသေးဘူး သူပုံ မမြင်ရသေးဘူး သူအသံ မကြားရသေးဘူး ဒါပေမယ့်ကျမရင်ထဲ
ကျမသွေးထဲကဖြစ်တည်လာမယ့်မမြင်ဘူးသေးတဲ့ကျမ သွေးရည်ကြည်လေးကနေ ဖွားသန့်စင်လာမဲ့ သူကလေးကိုကျမတမ်းတနေမိသည်။


သူလေးကလှပမလား ဆိုးသွမ်းနေမလား ခန့်ညားထည်ဝါ လှပလွန်းသူ
အသိဥာဏ်တွေဖွံ့ဖြိုးသူမျိုးလေးလားဖြစ်မလာ့း  ချစ်မြတ်နိုးအောင် ပျော်ရွှင်မူ့တွေ သယ်ဆောင် ယူလာသူလေးလားမသိပေမယ့် ကျမတို့ သူ့အကြောင်း ငေးမျှော်နေမိတာလဲ အခါခါပါပဲလေ ။

ကျမရင်ထဲကဖြစ်တည်လာမယ့်သွေးရည်ကြည်လေးရေ မမြင်ရခင်ထဲက မအိပ်ခင်တွေရော အိပ်ပျော်သွားတဲ့အိပ်မက်တွေထဲမှာရော မမြင်နိုင်သေးတဲ့သွေးရည်ကြည်လေးအကြောင်း
စဉ်းစားနေမိတာလည်းအခါခါပါပဲလေ ။

သွေးရည်ကြည်လေးရေ ဒီနေ့အပျော်ဆုံးနေ့ပါပဲ သွေးရည်ကြည်လေးစတင်ရောက်ရှိတဲ့နေ့လေးကို
ပျော်နေမိသည်။

သွေးရည်ကြည်လေးရေ မေမေရဲ့ အပြုံးကသွေးရည်ကြည်လေးကိုအရိပ်ထင်စေတယ်ပြောလို့မေမေအမြဲပြုံးနေသည်။
သွေးရည်ကြည်လေးရေ မေမေအစပ်စားရင် သွေးရည်ကြည်လေးဥပါဒ်ဖြစ်လို့မေမေမစားဘူးကွယ်။

မေမေပန်းအလှတွေကြည့်သည် မေမေသွေးရည်ကြည်လေးအားရှိအောင် ခြေလေးချောင်းရှောင်ထားပေမယ့် သွေးရည်ကြည်လေးအားရှိအောင် အမဲပြုတ်ကြော်ခဏခဏစားဖြစ်သည်။

မေမေစိတ်စဉ်တွေ အေးမြနေအောင် မေတ္တာသုတ်တွေရွတ်ဖတ်နေမိသည်

မေမေ့ရဲ့သွေးရည်ကြည်လေးရေ မေမေဆီရောက်ရှိချိန်ကစပြီး လိုအပ်တဲ့ လက်ဆက်သန့်ရှင်းတဲ့ ရနံ့တွေကို ရူရိုက်ရင်းနေ့တိုင်းလမ်းလျောက်သည်။

သွေးရည်ကြည်လေးရေ မမြင်နိုင်ခင်ထဲကတောင် ငါ့တိုနှလုံးသွေး ပိတီတွေ အစွမ်းကုန်
မြူးတူးခုန်ပေါက်နေတာ မြင်သာမြင်ရရင်တော့ ဟိုကောင်းကင်ယံက ပြည့်ပြည့်ဝန်းဝန်း လမင်းတောင် ငိုဆင်းရမည်။

သွေးရည်ကြည်လေးရဲ့ဖေဖေကလည်း သွေးရည်ကြည်လေးဘေးမခအောင်
စောင့်ရှောက်လွန်းလို့ တခါတလေမေမေကိုယ်တိုင် မနာလိုဖြစ်မိသေးသည်။

သွေးရည်ကြည်လေးကို မနာလိုတာမဟုတ်ပါဘူးကွယ်။
မေမေလည်း မေမေ့ရဲ့ လှူပ်ရှားမူ့ တစုံတရာကြောင့် နာကျင်သွားမလား အနေအထိုင်ကျပ်တည်းသွား
မလား ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ မေမေရဲ့ လွတ်လပ်မူ့တွေ အာသီသတွေ
အနေအထိုင် အစားအသောက် အသွားအလာ အားလုံးကို ထိန်းချုပ်ရင်းနေမိသည်။

သွေးရည်ကြည်လေးရေ မေမေအိပ်လိုက်လို ပိများပိသွားမလား ဘေးတစောင်းနေရင် ကော
ထိခိုက်လေးမလား ထိုင်ဖန်များရင်ကော ညောင်းနေမလား အမျိုးမျိုးတွေးတောရင်း
ထိမိခိုက်မိမှာကိုလည်း စိုးရိမ်နေသေးရဲ့ ။

သွေးရည်ကြည်လေးက တဖြေးဖြေး အတောင်အလက်စုံကြီးထွားလာတော့ မေမေဗိုက်လေးကိုကန်တတ်လာသည်
မေမေဗိုက်ကိုကန်ရင်လေ မေမေတမျိုးပီတိဖြစ်မိသည်။

ကျန်းမာလို့သွေးရည်ကြည်လေးကန်နိုင်တာ ဖွံ့ဖြိုးလို့ဆိုတဲ့အတွေးနဲပျော်ရွှင်နေမိသည်။

သွေးရည်ကြည်လေးရေ ဗိုက်ထဲဘ၀မှာထဲက ဘယ်လိုအ၀တ်ဝတ်ပေးမယ် ဘယ်လိုကျောင်းမှာထားမယ် ဘယ်လိုလေးတော့ လုပ်ပေးမယ် အတွေးတွေနဲ့ရူးနေရင်းပေါ့။

လူလောကမရောက်ခင်တည်းက အတော်ဆုံးလူသားလေးဖြစ်အောင် ၀ီရိယ ဇွဲသတ္တိစိတ်ကောင်းတဲ့ သူလေးဖြစ်အောင် မေမေတို့ဘယ်လိုကြိုးစား
ရပါ့မလည်းပေါ့ ။

မိုးတွေတဖြောက်ဖြောက်ကျလာပြီ။မိုးရနံ့လေးတွေသင်းနေတဲ့ ဒီလလေးမှတ်မှတ်ရရနေ့လေးဖြစ်ခဲ့သည်။
ဒီနေ့ဆို ကိုးလလွယ်ဆယ်လပြည့်တဲ့နေ့လေးပေါ့။

ဒီနေ့လေးမှာပဲသွေးရည်ကြည်လေးကို မြင်တွေ့ခွင့်ရတော့မည်။

ဇူလိုင်မိုးသည်းထဲဝင်ရောက်လာတဲ့ သွေးရည်ကြည်လေးကို ဘာနာမည်ပေးရကောင်းမလဲ။
မမြင်တည်းကရူးနေမိသည်။ယောကျာ်းလေးလား မိန်းကလေးလားလည်းမသိပေ။

ဒီနေ့ မေမေသွေးရည်ကြည်ကလေးကို မြင်ရမည့် နေ့ကိုရောက်လာပါပြီ ။
မေမေ ခန္ဓာကိုယ်ကြီး ခွဲစိတ်ခန်းစင်ပေါ်ရောက်တော့မည်။
သွေးရည်ကြည်ကလေးကို ပထမဆုံးမြင်တွေ့ရမဲ့ ရင်ခုန်သံကို မေမေ ပြောမပြတတ်ပါဘူး ။
ရည်စားထားတုန်းကရင်ခုန်သံနဲလည်းမတူ ဖေဖေမေမေဆူလို့ရင်တုန်ခဲ့ရတာနဲလည်းမတူ
စိတ်ခံစားမူ ထူးခြားလှသည်။

သွေးရည်ကြည်လေးရေ၀မ်းဗိုက်ထဲက နာကျင်မူ့ကြောင့် မေမေရဲ့မျက်နှာနာကျင်ချင်နာကျင်နေလိမ့်မည်။
မေမေသွေးရည်ကြည်လေးကို နွေးထွေးစွာကြိုဆိုနေပါတယ်နော်။

ကလေးမွေးဖွားတဲ့မိခင်လောင်းတွေက ကလေးမွေးဖွားမယ်ဆို သချိုင်းကိုမျက်စောင်းသုံးခါပစ်သည်တဲ့ ခုလည်း မေမေချွေးသီးချွေးပေါက်တွေ
ဟာ ရေချိုးထားသလို တကိုယ်လုံးစိုရွှဲလို့ပေါ့ ။ ခါးတွေကို မေမေညှစ်လိုက်ချင်ပေမဲ့ မေမေရဲ့ သွေးကလေး ဗိုက်ထဲမှာ ရှိနေတယ်ဆိုတဲ့ အသိတရားတခုကြောင့် နာကျင်မူ့တွေကို မြိုသိမ့်ပြီး ပြင်းထန်လွန်းတဲ့ ဝေဒနာ ကိုဇောချွေးတွေနဲ့ မွန်းကျပ်စွာမြိုသိမ့်ပြီး အံကိုတင်းတင်းကြိတ်ထားလိုက်တာများ မေမေ့ရဲ့ သွားတွေ ကျိုးကြေမတတ်ပါပဲလေ ။

မေမေဘုရားတနေမိသည် ဆုလည်းတောင်းနေမိသည် မေမေမွေးဖွားခန်းထဲ မ၀င်ခင်တည်းကလည်း သားဖွားဆရာမကို
မေမေ ဖြစ်ချင်ရာဖြစ်ပါစေတော့ မေမေ့သွေးရည်ကြည်ကလေးကိုသာ အပြင်ဘတ်
ရောက်အောင် ခေါ်ဆောင်ပေးကြပါတော့လို့ တောင်းဆိုခဲ့မိသည်။


ဒီအချိန်မှာ မေမေ့အသက်ကို စွန့်ရလည်း စွန့်ဖို့ အဆင်သင့်ပါပဲ ။ သွေးရည်ကြည်ကလေးကို လူလောကထဲချောချောမောမော ရောက်စေချင်တာပါ ။

မေမေ လောကကြီးနဲ့ ပြန်ချိတ်ဆက်မိလိုက်တဲ့ ခနမှာမေမေ မေ့ဆေးပြယ်ချိန်မှာကြားလိုက်ရတဲ့အသံ

မိန်းကလေး မိန်းကလေးဆိုတဲ့အသံနှင့်အတူ
"အူဝဲ အူဝဲ"ဆိုတဲ့အသံလေးကသွေးရည်ကြည်လေးရဲ့အသံလေးလား
မေမေရဲ့ မျက်ရည်စတွေပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ရသည်။ဝမ်းနည်းလို့ကျတဲ့မျက်ရည်မဟုတ်ပါဘူး။

ကလေးရယ်ဝမ်းသာပီတိကျရတဲ့မျက်ရည် မြန်မာမိန်းကလေးတစ်ယောက်ကိုမွေးဖွားခွင့်ရတဲ့ မိခင်တစ်ယောက်ကျတဲ့မျက်ရည်စပါပဲ။
မေမေနာကျင်ပေမဲ့ မေမေ့ သမီးလေးကို "သမီး"လို့ခေါ်လိုက်တဲ့အချိန်မှာပဲမေမေနာကျင်မူ
ရေမှုန်ရေမွှားလေးများလိုလွင့်စင့်ပပျောက်သွားခဲ့သည်။
ဒါမိခင်တစ်ယောက်ရဲ့ခွန်အားပေါ့။

ပြာသိုလပြည့်နေ့အမှတ်တရ
ဤစာဖြင့်မွေးမိခင်အားပူဇော်ကန်တော့လိုက်ပါသည်။မိခင်အပေါင်းတို့အားဂုဏ်ပြုလိုက်ပါသည်။


လေးစားလျက်
ရှင်းသန့်မေ

Tuesday, December 24, 2013

(သူမ)

Photo
သူမဟာ တာဝန်ဆိုတာသိတတ်သူ။ မိသားစုမှာ သူမကတော့ ဒုတိယမြောက် သမီးပေါ့။ အစ်မတစ်ယောက်ညီမခြောက်ယောက်နဲ့မောင်သုံးယောက်ကြားမှာ တာဝန်ဆိုတာကို ပိုပြီး သိတတ်သူ။ ပိုပြီးလည်း ယူခဲ့ရသူ။ တာဝန်ကိုလည်း ကျေပွန်ခဲ့သူ။
အမကစောစောစီစီးအိမ်ထောင်ပြုတော့ဖခင်ကုန်စုံဆိုင်ကိုဦးစီးပြီးမိသားစုစားဝတ်နေရေးလုံလောက်ဖို့အတွက် ဖခင်အလုပ်ကိုဝေမျှယူ မိခင်ရဲ့ အပူတွေကို ယူမျှ .. ကူကာမဖို့ ကျောင်းဆက်နေဖို့ မတွေးတော့ပဲ.. ဘ၀ရဲ့ စစ်မြေပြင်ထဲ ခြေဆင်းကာ တိုက်ပွဲဝင်ခဲ့တယ်။
မောင်လေးညီမလေးတွေကို ပညာဆက်သင်စေပြီး အနေလှအောင် ကူညီထောက်ပံ့ခဲ့တယ်။ သူမ ဘ၀မှာအလှဆိုတာမရှိ။ ကိုယ့်အကျိုးအတွက်မဟုတ်တဲ့ အတ္တတွေနဲ့ ဘ၀ကို ရုန်းကန်ခဲ့သူ .. သူမလိုလူဟာ ပြိုင်စံရှားပါ။
အဲ့ဒီလို သူရဲကောင်းလို ဘ၀မျိုးနဲ့ သူမဟာ မိသားစုအတွက်ရပ်တည်ရင်းသူမဘ၀ခရီးအတွက်အရွယ်လွန်မှအမျိုးသားတစ်ဦးနဲ့ ထိမ်းမြှားခဲ့ပါတယ်။ သူမဟာ တာဝန်တွေ သက်သာသွားတဲ့ မိန်းမတစ်ယောက်ဘ၀ကို ရောက်သွားခဲ့တာတော့ မဟုတ်ဘူး။ ဇနီးကောင်းတစ်ယောက်ရဲ့ တာဝန်ကိုပါ ထပ်ရသွားတာပါ။
Photo
သားဦးလေး မွေးပြီး ဘ၀ကို မောင်တထမ်းမယ်တရွတ်အားတင်းရုန်းကန် ကြိုးစားရှေ့ဆက်ရင်း အိမ်ထောင်သည် ဇနီးတစ်ယောက်ရဲ့ တာဝန်ကို မပျက်ယွင်းစေပဲ မိသားစုအပေါ် တာဝန်ကျေခဲ့သူပါ။
နောက်ထပ် သမီးလေးတစ်ယောက်ထပ်ရချိန်ထိ ရုန်းကန်ရတဲ့ဘ၀က မကျွတ်ခဲ့ပါဘူး။ တိုက်ပွဲတွေ တစ်ပွဲပြီးတစ်ပွဲကို မယိုင်မလဲနဲ့ သူမဟာ ဆင်နွဲခဲ့ရတယ်။ သားသမီးတွေအတွက် အပူအပင်ဆိုတာ ဘာမှ မရှိစေရ။ ပညာဘက်မှာသာ ထူးချွန်အောင်မြင်စေဖို့ အဆုံးအမပေါင်းများစွာနဲ့ တိုက်တွန်းခဲ့သူ မိခင်ကောင်းပါ။ သားသမီးတွေကို လှလှပပလေး ထားရုံတင်မဟုတ်.. တတ်အပ်တဲ့ အိမ်မှုကိစ္စ ဗာရီဟ အကုန်လုံးကိုလည်း သွန်သင်လမ်းပြသူ။
ယဉ်ကျေးသော အမျိုးကောင်းသားသမီးလေးတွေဖြစ်စေဖို့.. တိုးတိုးတိတ်တိတ် နဲ့ အလိမ်မာသုံးပြီး သင်ကြားပေးသူ။ သားသမီးများကို ကိုယ့်ဘ၀နဲ့ နှိုင်းအပ်လို့ စာနာမှုတွေနဲ့ လမ်းမှန်ကိုညွှန်ပြ ဆိုဆုံးမသူ။
ဘ၀တစ်ခုရဲ့ ကြမ်းတမ်းမှုတွေကို မဖြတ်လျှောက်ရလေအောင်.. အတတ်ပညာတွေနဲ့ လှပတဲ့ အနာဂတ် ကြယ်ပွင့်လေးတွေ ဖြစ်အောင်.. သူမဟာ ဖန်ဆင်းပေးခဲ့ပါတယ်။
သူမဟာ မိခင်အတွက်လည်း သမီးကောင်း ဖခင်အတွက်လည်း သမီးကာင်းပါ။ မောင်နှမအတွက်လည်း အမကောင်းဖြစ်ခဲ့သလို သားသမီးတွေအတွက်လည်း လမ်းပြမေမေပါပဲ။ သူမဟာခင်ပွန်းအတွက်လည်းဇနီးကောင်းတယောက်ဖြစ်ခဲ့ပါတယ်။
Photo
ဘာကိုမှလည်း မတပ်မက်ခဲ့သူ။ သူမ အတွက်ဘယ်အရာကှိုထည့်မစဉ်းစားခဲ့သူ မိသားစုတွေအတွက် မိသားစုတွေရဲ့ လှပတဲ့ အနာဂါတ်ပဲ အမြဲတွေးနေသူ။ မိသားစုတွေရဲ့ အပျော်ပဲ။ သူမဟာ စာနာတတ်သူ။ စေတနာကို မေတ္တာတွေနဲ့ ပေါင်းလို့ ရက်ရက်ရောရော ကူညီထောက်ပံ့တတ်သူ။ အကျိုးမရှာပဲ အမျိုးဘာသာ သာသနာအတွက် တစ်ဖက်တစ်လမ်းက ကူညီလုပ်ဆောင်သူ။ ရပ်ရေးရွာရေး သာရေးနာရေး ဘာကိုမျှ မလစ်ဟင်းစေပဲ.. စေတနာထား အချိန်ပေးသူ။ အလှူအတန်းရက်ရောပြီး သဒ္ဒါတရားထက်သန်သူ။ သူမ လူဖြစ်လာပြီး ပေးဆပ်နေရတာကိုပင် အစဉ်အမြဲ ကျေနပ်နေသူ။ ဘ၀ကို အရိုးသားဆုံး ကျော်ဖြတ်ချင်သူ သူမရယ်ပါ။ နှလုံးသားကို သန့ှ်ရှင်းအောင် ထားသူ။ သူမလို မိန်းမတစ်ယောက်ကို နောက်ထပ်ဘယ်နေရာမှာများ ဘယ်အချိန်မှာ ကျွန်မထပ်တွေ့နိုင်ဦးမှာလည်း။ သူမကလူရယ်လို့ဖြစ်ပြီး ဘ၀ဆိုတာကို စသိတတ်တည်းက လူ့ဘ၀ အိုမင်းချိန်ထိကိုယ့်အတွက်ဆို ဘာမှမတွေး တာဝန်ပေးခံရလို့ လူ့ပြည်ရောက်လာရသူတယောက်လိုပါပဲ။
အဲလိုအသိစိတ်နဲ့ရှင်သန်ခဲ့သူ သူမကိုကျွန်မကမ္ဘာလောကကြီးတခုလုံးကြားအောင်ကြေငြာလိုက်ချင်ပါတယ်။
ထို ထိုသော ဂုဏ်ဒြပ်တွေနဲ့ပိုင်ဆိုင်သူ သူမက ကျွန်မရဲ့မိခင်ပါပဲ။
အားလုံးကိုလေးစားလျက်
ရှင်းသန့်မေ

(ဖေါက်ပြန်မူ့)





လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တတ်သလို ဖေါက်ပြန်မူဆိုတာမျိုးကလည်း နှစ်ဖက်တီးမှမြည်တတ်တဲ့သဘောမျိုးပါ။


မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ်ကိုယ့်မှာခင်ပွန်းဖြစ်စေ၊ မိန်းမဖြစ်စေ ရှိနေတာကိုတခြားမိန်းကလေး၊ယောကျာ်းလေးတစ်ယောက်ကိုနောက်ကွယ်တွင်ဖြစ်စေ ရှေ့တွင်ဖြစ်စေ လိုတာထက်ပိုမိုပေါင်းသင်းဆက်ဆံလိုက်ခြင်းသည်
ဖေါက်ပြန်ခြင်းပင်ဖြစ်သည်။

ယောက်ျားတစ်ယောက်ရဲ့ ဖောက်ပြန်မှုမှာ တခြားမိန်းကလေးတစ်ယောက်ပါဝင်နေပြီဆိုလျှင်ဒါကလည်းဖေါက်ပြန်မူပင်ဖြစ်သည်။

ဒီလိုပါပဲမိန်းကလေးတစ်ယောက်ရဲဖေါက်ပြန်မူမှာ တခြားယောကျော်းလေးပယောဂ ပါဝင်တယ်ဆိုလျှင်လည်းဒါကလည်းဖေါက်ပြန်မှူပင်ဖြစ်သည်။


တချို့ယောက်ျားတွေက" ယောကျာ်းကောင်းမောင်းမတစ်ထောင်"ဆိုတဲ့ စကားကို လက်ကိုင်ထားကြသည်။

တချို့မိန်းကလေးတွေက "ရည်စားတစ်ထောင် လင်ကောင်တစ်ယောက် "
ဆိုတဲ့စကားကိုလက်ကိုင်ထားကြသည်။

ကိုယ့်မှာဆိုင်သူရှိနေပါလျှက်နဲ့ အညှာလွယ်တတ်တဲ့မိန်ကလေးတွေသူတို့အားအထာပေးနေတဲ့မိန်းကလေးတွေကို အလွယ်ရတယ်ဟု ယူဆလို့ရသော မိန်းကလေးများကို ချဉ်းကပ်တတ်ကြသသည်။

ထိုသို့ချဉ်းကပ်ခြင်းကိုခံရသော မိန်းကလေးတချိုကလည်း မိန်းမရှိမှန်းသိသိ ရည်စားရှီမှန်းသိသိနှင့်လှည့်စားခံလိုသူများရှိသလို မသိလို့လှည့်စားခံသူများရှိသည်။

တချို့ကမိန်းကလေးယောကျာ်းးလေးများက မိန်းမရှိမှန်းသိသိ ခင်ပွန်းရှိမှန်းသိသိနှင့်တွေ့လား သူ့မှာ မိန်းမရှိရက်နဲ့ ငါ့ကို လိုက်နေတယ်လို့ ဂုဏ်ယူပြောတတ်ကြသည်။

မိန်းကလေးဆိုတာ မိမိကို နှစ်သက်မြတ်နိုးတဲ့ လူရှိလာပြီဆိုရင် စဉ်းစားတတ်တာသဘာဝပါ။

ဒါပေမယ့်သူ့မှာ ရည်းစားရှိလျှက်၊ မိန်းမရှိမှန်းသိသိနှင့် စနောက်ခြင်းကိုဖြစ်စေ အတည်ဖြစ်စေ ၀င်ရောရင်း ထိကပါးရိကပါးပြောလာပြီဆိုရင်တော့ဒါဟာ သူ ကိုယ့်ကို ရမလားဆိုတဲ့ သဘောမျိုးနဲ့ လက်တည့်စမ်းလိုက်ခြင်းပဲ ဖြစ်တာကိုမတွေးပဲဒါကိုသာယာပြီးကိုယ်ချင်းစာစိတ်မရှိပဲ သူတပါးမိသားစု သူတပါးရည်စားကြားမှာ ဖျက်လိုဖျက်ဆီးလုပ်တာ ဂုဏ်ယူစရာကောင်းပါသေးရဲ့လား။ဝံ့ကြားစရာလုပ်ရပ်ဖြစ်မည်ထင်လား။

ကိုယ့်ကိုအထင်သေးလိုဒီလိုပြောဆိုတာကိတွေးသင့်သည်။သက်ဆိုင်သူရှိနှင့်ပြီးသား လူရဲ့လာရောက် ပတ်သက်မှုကို ရှောင်ကျဉ်တာ အကောင်းဆုံးပါပဲ။

တကယ်လို့ အစ ပထမက ကိုယ်မသိခဲ့လို့ လိမ်ညာခံလိုက်ရတယ်ပဲထား…သူ ဒီလိုတွေ ကိုယ့်ကိုလုပ်နေတယ်ဆိုတာ သိလိုက်ရင်ပဲ ရှေ့တိုးဖို့မလိုတော့ပေ။

ဒီလိုလူကိုကိုယ်ကချစ်တယ်ပဲထားခွင့်လွတ်နိုင်တယ်ပဲထားတဘက်မိန်းကလေးအပေါ်မှာလည်း သစ္စာမဲ့ရာကျသလို ဒါကလူမူရေးဖေါက်ပြန်မူ့တစ်ရပ်ပင်ဖြစ်သည်။

ကိုယ့်ကိုကိုယ် သူ့ရဲ့ ဒုတိယမြောက်ရည်းစား အဖြစ် တန်ဖိုးချလိုက်ရာလည်းရောက်ပါသည်။
ကိုယ့်ကိုကိုယ် သူ့ရဲ့ ဒုတိယမြောက်မိန်းမအဖြစ် တန်ဖိုးချလိုက်သလိုလည်းဖြစ်ပါသည်။

တချို့မိန်းကလေးတွေအလှဂုဏ်တတ်ကြသည်။သူတို့ စိတ်ဝင်စားတဲ့ အမျိုးသားက ရည်းစားရှိနေပေမယ့် မိန်းမရှိမှန်းသိသိနှင့်ကိုယ့်အလှနဲ့ရည်းစား ရှိနှင့်ပြီးသားလူ၊ မိန်းမရှိပြီးသားလူကိုညှို့ယူတတ်ကြသည်။

သူများယောကျာ်း သူများရည်စားကို သူများဆီကလုယူပြီး မိန်းကလေးအချင်းချင်း ကိုယ်ချင်းမစာခဲ့တဲ့လုပ်ရပ်အပေါ်ဂုဏ်ယူတတ်နေကြသေးသည်။

သူများရည်းစားလုတဲ့ မိန်းမ ဆိုတဲ့ အကြည့်မျိုးတွေနဲ့ကြည့်ပြီး တီးတိုး တီးတိုး ဝေဖန် ပြောကြမယ့်ဒဏ်တွေရင်ဆိုင်ကြလာမယ်ဆိုတာတွေးသင့်ပါသည်။

ဝဋ်ဆိုတာလည်စမြဲပါ။ကိုယ်ကသူများဆီကလုယူထားတဲ့အရာကိုကိုယ်လည်းနောက်ထပ်ဒီလိုခံစားရမည်ဖြစ်သည်။

ထိုမိန်းကလေး ထိုယောကျာ်းလေးနေရာတွင် ကိုယ်မဟုတ်ဘဲ ကိုယ့်အစ်မ၊ ကိုယ့်အကို၊ ကိုယ့်မောင်၊ကိုယ့်ညီမ တစ်ယောက်သာဖြစ်နေမယ်ဆိုရင်ဆိုတဲ့ အစားထိုးမှု ကိုယ်ချင်းစာမှုမျိုးလေးထားရှိမယ်ဆိုဒီလိုဖေါက်ပြန်တဲ့လုပ်ရပ်တွေမဖြစ်လာနိုင်တော့ပေ။

အချစ်ဆိုတာကလည်း ခန့်မှန်းရခက်တာမို့ ရည်းစားရှိတဲ့သူကို မချစ်ရလို့ မတားမြစ်လိုပေမယ့် လုယူပြီးမှ ပျော်ရမယ့်အချစ်ထက် မိန်းကလေးပီပီ သိက္ခာရှိရှိ ထိန်းထိန်းသိမ်းသိမ်းချစ်တတ်ခြင်းကမှ ကိုယ့်ကိုယ်ကိုလေးစားသလို ကိုယ်ကိုယူမယ်လက်ထက်မယ့်လူကလည်းကိုယ်ကိုအထင်ကြီးလေးစားမည်ဖြစ်သည်။

လွယ်လွယ်ရလွယ်လွယ်ယူ လွယ်လွယ်ပြောင်းတတ်တဲ့အရာသည်ကြာရှည်တည်မြဲမည်မဟုတ်ပေ။

စိတ်ရဲ့စေစားရာကို ဆင်ခြင်တုံတရား မဲ့စွာပြုမူကြမယ်ဆို ပတ်ဝန်းကျင်မှာရော မိဘသိက္ခာ မိမိအပေါ်လူအထင်သေးမူများရောက်ရှီလာမည်ဖြစ်သည်။

လူဆိုတဲ့အမျိုးကကိုယ့်ကိုကိုယ်ယုံကြည်မူလွန်ကဲတတ်ကြသည်။ “ငါနဲ့ကျရင်တော့ ခြေငြိမ်မှာပါ ”"ငါနဲ့ကြရင်တော့ ပြုပြင်လိုရမှာပါ"
ဒီလိုယုံကြည်မူလွန်ကဲခြင်းသည်မှားမည်ဖြစ်သည်။မထင်ပါနဲ့ ခြံကျော်ဖူးတဲ့ သူဟာ အခါအခွင့်သင့်သလို နောက်ထပ်ခုန်ကျော်ခွင့်ရဖို့ အရေးမြင်ရင် ကိုယ့်ကိုလည်း ထားခဲ့ဖို့ ၀န်လေးနေမယ့်သူမဟုတ်ပေပ။

မိန်းကလေးတွေအနေနဲ့ ထိုလို ယောက်ျားတစ်ယောက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် ရည်းစားလုဘက်အဖြစ်သက်မှတ်ပြီး အမုန်းပွားနေတာမျိုးလည်း ပတ်ဝန်းကျင်မှာဒုနဲ့ဒေးပင်။

အသစ်တွေ့လို့ အဟောင်းမေ့တတ်တဲ့ ယောက်ျားမျိုးကို မက်မက်မောမော တွယ်တာနေစရာမလိုသလို ကိုယ်က သူ့အတွက် အသစ်ဆိုရင်လည်း တချိန်မှာ အဟောင်း ဖြစ်လာဖို့ကလည်း ကျိန်းသေလုနီးပါးဖြစ်နေတာမို့ ထိုလိုယောက်ျားမျိုးကို ရှောင်ကြဉ်သင့်သည်။

မိန်းကလေးအချင်းချင်းကိုယ်ချင်းစာစိတ်မရှိပဲ “ကိုယ့်လူကိုယ်ထိန်းပေါ့ ”လို့ ပြောမယ့်အစား ကိုယ့်အဆင့်အတန်းကို ဖော်ပြပြီး ငြင်းပယ်သင့်သည်။

ကိုယ့်ချစ်သူရဲ့ အမူအယာတွေကို သိပေမယ့်လည်းကိုယ့်လူမနိုင် သူများကို မဲ ချင်နေတဲ့ မိန်းကလေးတွေအနေနဲ့လည်း သစ္စာမမြဲနိုင်လို့ နောက်တစ်ယောက်နဲ့ ယှဉ်တွဲဖို့ ကြိုးပမ်းနေတဲ့ ကိုယ့်ချစ်သူကိုသာ လမ်းခွဲနိုင်ဖို့ ကိုယ့်ကိုယ်ကို ဆုံးမသင့်ပါသည်။

ဖေါက်ပြန်ချင်တဲ့လူတစ်ယောက်ဟာ နောက်တစ်ကြိမ်ဆိုတာ ထပ်ကျူးလွန်လာဖို့ မတုံ့ နှေးတတ်ပါဘူး။

ဘယ်သူမပြု မိမိအမှုပါပဲဆက်တွဲဖို့ သင့်မသင့် ဆုံးဖြတ်ပြီး နှလုံးသားကို အသာထား ဦးနှောက်နဲ့စဉ်းစားပြီးဖြစ်သင့်တာလုပ်သင့်တာကို ဦးစားပေးခြင်းသည်အကောင်းဆုံးပင်ဖြစ်သည်။။

သစ္စာဖေါက်လိုတဲ့ ယောက်ျားမျိုးတွေ သစ္စာဖေါက်တတ်တဲ့မိန်းကလေးတွေကအချင်းချင်း တွေသာကိုယ်ချင်းစာမှုရှိနေမယ်ဆို လူမူရေးဖေါက်ပြန်မူ ဆိုတာရှိလာနိုင်မှာမဟုတ်ပေ။

ထိဲုကြောင့်ဖေါက်ပြန်တယ်ဆိုတာ လက်ခုပ်နှစ်ဖက် တီးမှ မြည်တာပါ။

မိန်းမအချင်းချင်း ကိုယ်ချင်းစာစိတ်ရှိမယ်ဆိုရင်
ယေကျာ်းလေးအချင်းချင်းကိုယ်ချင်းစာစိတ်ရှိမယ်ဆိုရင်ဖေါက်ပြန်မူဆိုတဲ့
လူမူရေးဖေါက်ပြန်ခြင်းမှကင်းဝေးနိုင်မည်ဖြစ်သည်။



သစ္စာမဲ့ခြင်းလူမူရေးဖေါက်ပြန်ခြင်းကင်းရှင်းကြပါစေ။


လေးစားလျက်
ရှင်းသန့်မေ