Wednesday, August 21, 2013

ခရီးသွား....ငါ


ဘ၀ခရီးလမ်းတလျှောက်

ညီညာတဲ့လမ်းရှိသလို

မညီညာတဲ့လမ်းလျှောက်လှမ်း

ကောင်းတာတွေသင်ယူ

ဆိုးတာတွေပစ်ပယ်လို့

ထောက်ပြဝေဖန်သင့်တာ

ထောက်ပြဝေဖန်

ဥပေက္ခာပြုသင့်တာတွေကိုလည်း

ဥပေက္ခာပြုထားခဲ့လို့

ကိုယ်လိုချင်တဲ့ ပန်းတိုင်ခရီးတခုရောက်အောင်

ဆက်လက်ခရီးနှင်နေဆဲပဲပေါ့  ။


တွေ့ကြုံခဲ့သမျှအဖြစ်အပျက်တွေကို

သင်ခန်းစာယူ့ 

ပြင်သင့်တာကိုပြင်

ပယ်သင့်တာကိုပယ်

အစွန်းနှစ်ဖက်လွတ်အောင်ရှောင်ကာ

ခရီးကိုဆက်သွားနေဆဲပါ့  ။


ခရီးလမ်းတလျှောက်မှာတော

အမြင်မတော်တာတွေ့တွေ့

ရင်မှာ မွန်းကြပ်ခံစားလာရင်တော့

ကဗျာတွေ စာတွေသွန်ချလိုက်တယ်

မှားချင်လည်းမှားမယ်

မှန်ချင်လည်းမှန်မယ်

ငါလည်းလေခရီးသွားပေမို့

ိကိုယ်သမိုင်းကိုယ်ရေးရင်း

ငါလည်းခရီးတခုကိုဆက် နှင်နေဆဲ.....


ခရီးလမ်းတလျှောက်

ပန်းခင်းလမ်းဖြစ်ချင်လည်းဖြစ်မယ်

ခယောင်းလမ်းဖြစ်ချင်လည်းဖြစ်မယ်

သွားနေတဲ့ခရီးလမ်းရပ်ထားလို့မှမရတာ

ဆက်လျှောက်..ဆက်လျှောက်


လေးစားလျှက်
ရှင်းသန်မေ

(ကောင်းသောစိတ်သာတည်ပါစေ

အရှုံးများနဲ့သာ

ရင်ဆိုင်ရတဲ့ငါ

အနိုင်ရအောင်

ရပ်တည်နိုင်ဖို့

ကြိုးစားနေရတယ်


လူ့သမိုင်းမှာ

သူရဲကောင်းမဖြစ်နိုင်ပေမယ့်

ကိုယ်ကျင့်သိက္ခာကောင်းဖို့

ငါကြိုးစားရမယ်


နေ့ရက်တိုင်းမှာ

ဖြစ်ချင်တာမဖြစ်လို့

ဖြစ်ချင်ရာဖြစ်ဆိုတဲ့

ဇွတ်စိတ်ကူးများကို ချိုးနှိမ်

မျှော်လင့်ချက်တွေ လှပလာဖို့

ငါ့ကျင်လည်ရာလောကဓံမှာ

ငါ့ခန္ဓာကိုအပြုံးတစ်ပွင့်သာ

အမြဲတပ်ဆင်ချင်ပါတယ်.

ငါကိုယ်တိုင်မမြင်ရတဲ့

အမှားများအတွက်

အမှန်တရားများကို

တိုးလို့တွန်းဖယ်ရင်း

ဘ၀ရဲ့ အမောများအတွက်

မေတ္တာတရား

ရေကြည်တစ်စက် သောက်သုံး

မုန်းသူတွေကို ပြုံးပြနိုင်ဖို့

ငါ့စိတ်နှလုံး

ငါ့ နှလုံးသားမှာ

ကောင်းသောစိတ်သာ

အမြဲသာပါစေလို့ ဆုပန်မိပါတယ်...

လေးစားလျက်
ရှင်းသန့်မေ

ပြိုင်တူတည်မှသစ်မယ့် ကမ္ဘာ



အတွေးကို လှုပ်နှိုး…
နှလုံးသားကိုစိုးမိုးတဲ့သူရယ်
အဆုံးအစမရှိ တဲ့ချစ်ခြင်းနဲ့
ဝင်းလဲ့ဖြူစင်နေတဲ့ မေတ္တာ
ထာဝရ ရင်မှာပိုက်ထွေးလို့…
ရိုးရှင်းစွာပြောလိုက်တော့မယ်နော် ။

ချစ်သူရယ်" ချစ်တယ်"

ပျိုမေတို့ မိန်းကလေးဘ၀က
ကမ်းလက်ကိုပဲ မျှော်လင့်နေခဲ့ရတဲ့
အိနြေ္ဒ ခြံစည်းရိုးကြားက…
ပန်းလေးတပွင့်ပါ ချစ်သူရယ် ။

ရေခြား မြေခြား အနေခြားနဲ့
ချစ်ရသူကလည်း ရင်ခွင်ခြားနေဆဲ
အားငယ်ကာဆွေးချိန်တိုင်း
ရင်ကအလွမ်းလှိုင်းတွေ တ၀ုန်းဝုန်းခတ်
ရင်ထဲက အချစ်ကို…
စာဆိုကာ ဖွဲ့မပြတတ်တာမို့
ချစ်သူမြင်အောင် ဘယ်လိုများပြရလဲ သိချင်တယ် ။
အေးစက်စပြုနေတဲ့ ရင်ခွင်ကိုမှ
တိုးဖွဖွလေးတံခါးလာခေါက်တဲ့ ချစ်သူရေ
ပျိုမေ့ ရင်ခုန်သံတွေအားလုံး
ချစ်သူစကား ချိုချိုကြားကျရှုံးခဲ့တာ
သိရဲ့လားလေ ။

နွေးထွေးတဲ့ ရင်ခုန်သံစေညွှန်ရာအတိုင်း
ရင်တံတိုင်းကို ရိုက်ခတ်ထွက်လာတဲ့ အသိမှာ
ချစ်သူရဲ့ချစ်ခြင်းတစ်ခုသာ
ကိုးကွယ်ရာဖြစ်ခဲ့တယ်…

ချစ်သူရဲ့အချစ်
တကယ် ချစ် မချစ်
တကယ် စစ် မစစ်
ခွဲခြမ်း စိတ်ဖြာပစ်ဖို့
ပြဌာန်းချက်တွေ မဖွင့်လှစ်ရသေးဘူး ချစ်သူရယ် ။

ချစ်သူမိုးပေးမယ့် ကောင်းကင်ဟာ
ဖြူတာပဲ ဖြစ်ချင်ဖြစ်…
မဖြူချင်လည်းနေပါစေ
အတူတူတွဲထားတဲ့လက်တွေနဲ့
အနာဂတ်ရဲ့အိပ်မက်ကိုအသက်သွင်းကြမယ်လေ ။

ပျိုမေတို့တည်မယ့် ကမ္ဘာသစ်မှာ…
မေတ္တာပန်းတွေ ပွင့်လန်းလို့
တွဲလျှောက်မယ့်လမ်းခရီးမိုင်တိုင်များ
နှစ်ယောက်သားအတူဖောက်ထွက်လို့
တွဲလက်တွေ ခိုင်မြဲပါရစေ ချစ်သူရယ်…။ ။



စာဖတ်သူများအားချစ်ခင်လေးစားလျှက်
ကြိုးစားပါဦးမည်
ရှင်းသန့်မေ

ညစ် လိုက်ကြရအောင်

လူတွေလည်း ညစ်

မူတွေလည်း ညစ်

ခေတ်တွေလည်း ညစ်

စနစ်တွေလည်းး ညစ်

စိတ်တွေလည်း ညစ်

ညစ်နေတဲ့လောကကြီး

ပြောင်းလဲဖို့တော့သင့်နေပြီ

ညစ်...ညစ်..ညစ်တာတွေ

ရှင်း... ရှင်း ...ရှင်း သွားဖို့

သန့်...သန့်...သန့် ဖို့တော့လိုနေပြီ

မေ.မေ

ညစ်နေတဲ့လောကကြီးရှိသမျှ

ဒီကမ္ဘာကြီးညစ်နေအုန်းမှာပဲ

ညစ်...ညစ်.....ညစ်တယ်။

လေးစားလျက်
ရှင်းသန့်မေ

အာဇာနည်ကိုးဦး သွေးစွန်းတဲ့နေ



ဇူလိုင်မိုးဖွဲ

မိုးသည်းသည်းတွင်

ခြိမ့်ခြိမ့်သည်းသည်း

လျှစ်စီးဝင်းလက်

မိုးသည်းထဲတွင်

သွေးစက်သွေးပေါက်

သွေးအိုင်ထဲတွင်

အာဇာနည်သွေး

ဇူလိုင်လမှာ

သွေးစွန်းခဲ့ပြီ ။

ထို့နေ့ထိုရက်

အမှတ်ရဆဲ

ဇူလိုင် (၁၉)

တိုင်းပြည်လွတ်လပ်

ပြည်သူတို့တွက်

အာဇာနည်သွေး

မြေခခဲ့ပြီ

ဇူလိုင်လကား

သွေးစွန်းခဲ့ပြီ။

တစ်ပါးကျွန်စနစ်

နွံနစ်နေတဲ့

မြန်မာပြည်ကို

လွပ်လပ်ဖို့ရေး

ပြည်ချစ်ဗိုလ်ချုပ်

ဗိုလ်အောင်ဆန်းက

လက်ရုံးရည်စွမ်း

နှလုံးစွမ်းက

သူမတူအောင်

ရဲရဲတောက်၏ ။

သူနဲ့အတူ

အာဇာနည်ဘွား

သခင်မြ

ဒီးဒုတ် ဦဘချို

ဦးရာဇာတ်

မန်းဘခိုင်

မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း

ဦးဘ၀င်း

ဦးအုန်းမောင်

ရဲဘော်ကိုထွေး

အာဇာနည်တွေရဲ့

သမိုင်းပုံရိပ်

(၆၆)နှစ်မြောက်လည်း

သူ့တို့ဝိညာဉ်

မသေပျောက်ဘူး

အာဇာနည်မျိုး

သေမျိုးမရှီ

အာဇာနည်တိုင်း

သမိုင်းမသေပါ။

ဥသြသံနဲ့ 

တန်းတူဦးညွှတ်

ဒီဗိမာန်ရှေ့

ငါတို့ မျိုးဆက်သစ်တို့

အာဇာနည်ဘွားများအတွက်

မိုးယံထိတိုင်

သံပြိုင်ရွတ်ဆို

ဦးညွတ်ကြမယ်

ကျဆုံးလေပြီးသော...
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊
အာဇာနည်ခေါင်းဆောင်ကြီးများအား
ဦးညွတ်အလေးပြုပါ၏။

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

ဆေးသားပျက် မိုးတိမ်




တိမ်တွေအရောင်ပြောင်းတာ
ဆေးစက်ပဲအချမှားလို့လား
ဆေးသားကပဲအရောင်မွဲလို့လား
ဆေးရောင်စပ်သူတွေကပဲ
မှားနေလို့လား
ဆေးသားကပဲမခိုင်ခန့်လို့လာ
တိမ်တွေတောင်မပြာနိုင်တော့။

ဘ၀တွေကပဲအနေမလှလို့လား
မြင်မြင်နေသမျှဆေးသားတွေကမလှပ
ရေးချက်တွေကစုပ်ချက်မှားလေတော့
နှလုံးသားအရောင်တွေကလည်းပြောင်း
သစ္စာအရောင်တွေကလည်းပျယ်
ဟိရိသြတ္တပ္ဗတရားတွေပျောက်ကွယ်
အမှန်တရားကမှေးမှိန်သွားတယ်။

တပ်မက်မူများလာတော့
မောဟတွေဝင်လာတယ်
လိုချင်တာတွေများလာတော့
လောဘတရားက၀င်လာတယ်
စိတ်ဓါတ်တွေတင်းမာလာတော့
ဒေါသတရားတွေဝင်လာတယ့်
တဏှာတွေအမှောင်ဖုံးလာတော့
ရမ္မက်ခိုးဝေလာတယ်။

လူလူချင်းစာနာမူတရားမဲ့ဖန်များတော့
တိမ်တွေတောင်အရောင်ပြောင်း
လူလူချင်းမတရားဖန်များတော့
ရာသီဥတုဖေါက်ပြန်လာပြီး
အိုဇုန်းလွှာတွေတောင်ပေါက်ကွဲ
လောကပါလတရားပျောက်ကွယ်သွားတော့တယ်။

လူ့စည်းကမ်းဖေါက်ဖန်များလာတော့
တိမ်တွေတောင်ငိုချပြီး
အရောင်ပါပြောင်းသွားတယ်။


စာပေချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

ပစ်တိုင်းထောင်



ဘ၀လောကဓံခရီး

အခက်အခဲတွေ့ကြုံလဲ

မကြောက်မရွံ့ဖြတ်ကျော်စဲ။

။။

သူကလေးကပုလို့တို

အထင်သေးတယ်ဆို

ပစ်တိုင်းထောင်လေးပဲ

ထောင်မြဲ ထောင်မြဲပဲ။

။။

ဘယ်နေရာလဲလဲ

ပစ်တိုင်းထောင်လေးပဲ

စိတ်ပျက်နေလို့အားတွေငယ်

သူ့ကိုကြည့်လိုက်ကွယ်

ဘယ်သောခါမှအားမလျော့

ပစ်တိုင်းထောင်လေးပေါ့

။။

ဘ၀ဆိုဒါတိုက်ပွဲပါ

တိုက်မြဲတိုက်ရမှာ

အရှုံးတွေလဲကြုံမှာပဲ

အားတွေသိပ်မငယ်နဲ့။

။။
ပစ်တိုင်းထောင်

ပစ်တိုင်းထောင်

ပစ်လိုက်တိုင်းကိုထောင်

လောကဓံကိုသူရင်ဆိုင်

အပြုံးကပိုင်ပိုင်

ခြေလက်အင်္ဂါမစုံလင်လဲ

သူ့အပြုံးချိနေမြဲ။
။။

ဘ၀တိုက်ပွဲရှုံးနိမ့်ရင်

မလဲမပြိုထမြဲပင်

စိတ်ဇွဲကိုအဖေါ်လုပ်

ငုတ်တုတ်ကလေး။

။။

သူအမြဲမတ်ရပ်လို့တည်

လေးစားလောက်ပါသည်

သူ့လိုလူဖြစ်တည်ရေး

တို့များကြိုးစားပေး။

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ
သူများကိုပဲအားပေးတတ်တယ်
ကိုယ်ဘာသာတော့မထနိုင်သေး: