Wednesday, July 24, 2013

(၂၁ ရာစုမှာ လူတွေရဲ့ ငိုကြွေးသံ)



နာဂစ်ကစလိုက်တဲ့ငိုကြွေးသံ

ဂီရိမုန်တိုင်းဆက်ဖြစ်

ရခိုင်အရေးအခင်း

လက်ပံတန်းတောင်အရေးအခင်း

မလေးအရေးအခင်း

လူတွေရဲ့အသည်းနှလုံးငိုကြွေးနေကြတယ်

အပြစ်မဲ့ပြည်သူတွေ ငိုကြွေးနေကြတယ်

ကမ္ဘာ့နေရာအနှံ့မှာ

ဘာသာရေး၊ ယဉ်ကျေးမှု၊

အသားအရောင်၊ လူမျိုးရေး

ပဋိပက္ခနဲ့ စစ်ပွဲတွေဖြစ်တယ်၊

လူအချင်းချင်း နှိပ်စက်သံ

ဝေဖန်ရေးသမားတွေရဲ့ ပါးစပ်

ဟိုယောင်ယောင် ဒီယောင်ယောင်

ဟိုလူတွေလက်ညိုးထိုး

ဒီလူလက်ညိုးထိုး

လက်တွေ့မပါတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့

လူအခွင့်အရေးလို

အော်ဟစ်နေကြတဲ့လူတစုလည်းရှိသေးရဲ့

ဘာအခွင့်အရေး ညာအခွင့်အရေး

လည်းချောင်းကွဲအောင်နေ့တဓူဝ

အော်ဟစ်နေကြသေး

စည်းကမ်းရှိပါကွမ်းတံထွေးမထွေးရ(ဗျစ်ကနဲ)

အမှိုက်မပစ်ရ(ဗုန်းကနဲ)

စည်းကမ်း စည်းကမ်း ဆောင်ပုဒ်မှာရှိရဲ့

လူအခွင့်အရေးအော်နေသေးရဲ့

ဝိုင်းကြပါ၊ ၀န်းကြပါ၊ ကာကွယ်ကြပါဆိုတော့

အိပ်ချင်ယောင်၊ ရူးချင်ယောင်ဆောင်နေတယ်

ဝါးအစည်းကပျယ်နေမှတော့

ဟိုနေရာက၀င်ချိုး

ဒီနေရာက၀င်ခုတ်ကြမှာပဲ

လူအခွင့်အရေးဒီမိုကရေစိအော်နေရုံနဲ့မပြီးဘူး

အောက်ခြေကခိုင်မာမှ

အောက်ခြေကမခိုင်ပဲ

တိုးတတ်ဖို့မပြောနဲ့

မတည်မြဲနိုင်ဘူး

အဲဒီလူမျိုးရဲ့ ယဉ်ကျေးမှုဟာလည်း

မရှင်သန်နိုင်ဘူး

ဟိုလူကို အပြစ်တင်

ဒီလူကို ရှုံချ

ဒီလိုနဲ့ပဲ မြင်ယောင်မိသေးရဲ့.....။

(အတွေးသက်သက်သာ မည်သူကိုမှမရည်ရွယ်ပါ)
လေးစားလျက်

ရှင်းသန့်မေ

အချိန်တိုင်း.....လွမ်းတယ်



မြင်နေကျမျက်နှာ

ကြားနေကျအသံ

ဆုံနေကြအပြုံး

စွဲလန်းစွာမြင်ယောင်

အဝေးကချစ်သူကို

မျှော်လင့်လွမ်းဆွတ်လျက်ကွယ်...။


တစ်နေ့ မမြင်

တသသလွမ်းဆွတ်

ရင်ထဲမနေသာ

ပြောနေကျစကားတွေ..နဲ့ 

အလွမ်းရယ်ဖြေ

မစွမ်းသာပါဘူး...ချစ်သူရယ်...။

စိုးစိတ်လို့ တိုးတိတ်

ကျိတ်မှိတ်လို့ ခံစား

နှလုံးသားအပိုင်းအစ

တိုင်းဆလို့ မမှီ

အချိန်တိုင်းလွမ်းလျက်ကွယ်...။


မင်းတစ်ယောက်တည်းသာ

ဒီကမ္ဘာမှာအချစ်ဆုံး

အမုန်းလဲမပေးနဲ့ 

ကြင်နာစွာမြတ်နိုး

တွယ်တာစွာဆထက်တပိုးနဲ

့ သက်ဆုံးကွယ်..ချစ်တယ်.။

စာဖတ်သူများအားလေးစားလျက်
ရှင်းသန့်မေ

ချစ်စံအိမ်



မောင့်မေတ္တာ မေယုံကြည်လို့

မေနဲ့မောင် သစ္စာသက်သေထူလို့

ချစ်စရာအိမ် ထူခဲ့ပြန်

နှစ်ယောက်တစ်ဘ၀ရယ်ပေါ့

လျှောက်ကြမယ် တစ်သက်မခွဲပြီဟု

လက်တွဲကာ အတူတူ

အခက်ခဲတွေ ရှိစမ်းစေတော့

မငြီးမညူ ကြည်ဖြူလက်တွဲလို့

ဘ၀ နေပူပူမှာလည်း

ကျရာဝန် ထမ်းကြမယ်

ချစ်မိုးတွေ အကြိမ်ကြိမ်သွန့်း

မေတ္တာအိမ် အရှည်တည်မြဲစေဖို့

မောင်ထမ်းရင် မယ်ကရွတ်မှာပေါ့

ဘ၀ နှစ်ကိုယ်ယှဉ်ကာတွဲလို့

မေနဲ့မောင် အနာဂတ်ခရီး

အဆီးအတားတွေ ဘယ်လိုများပေမယ့်

နောက်မဆုတ် ရှေ့ကိုလှမ်းကြမယ်

အသစ်ဆန်းမမင် အကြင်နာမိုးတွေနဲ့

ချစ်ပန်းပင် ရင်မှာပျိုးကြမယ်

ချစ်သစ္စာ သက်သေထူ့

ခိုင်မြဲအောင် တည်ဆောက်ကြမယ်

မေနဲ့မောင်တို့ချစ်စံအိမ်လေး။

စာဖတ်သူများအားလေးစားလျက်
ရှင်းသန့်မေ

ချစ်သက်သေ



သံယောဇဉ်ကြိုး

နှောင်တွယ်တိုးလို့

မလှုပ်သာအောင်

တုပ်ကာနှောင်လျက်

တမ်းတအလွမ်း

လောင်မြိုက်ကျွမ်းစေ

အပြစ်မဆို

ချစ်မေတ္တာတွင်

ခံစားလျက်သာ။

သူချစ်ခြင်းတွင်

ခ၀ါချထား

မာနများလည်း

သူ့ဖ၀ါးအောက်

သက်ရောက်ခစင်း

ဟန်တွေမပြ

မာန်ဖြေချလို့

ခစားလျက်သာ ။

သူချစ်ခြင်းမှာ

ပျော်မွေ့နေတာ

ကြာခဲ့ပြီနော်

အကြင်နာတွေ

ရင်မှဝေးပြီး

ရင်နင့်စရာ

ကြုံပါသော်လည်း

ခွဲမခွာရက်

ငြိုးမာန်မဖွဲ့

အမြဲညှဉ်းစေ

ကြိတ်မှိတ်ဖြေမယ်။

မှားခဲ့ပါစေ

တရားနဲ့ဖြေပြီး

ကံခေမဆုံး

ဒဏ်ရာပြည့်လည်း

အရှုံးတွေပိုက်

ပြုံးနေလိုက်မယ်။

စာဖတ်သူများအားလေးစားလျက်

ရှင်းသန့်မေ

မင်းပဲပေါ့




မင်းသိရဲ့ လား
ငါငိုနေတာမဟုတ်ဘူးချစ်သူ
မျက်ရည်စီးကျနေတာ
စိတ်ချပါ
ငါအနှောင့် အယှက်မဖြစ်စေရဘူး
အားလုံးလည်းသိကြတဲ့မင်းချစ်သူ
ငါမဟုတ်ခဲ့ဘူး
လက်ခုပ်ဆိုတာ
နှစ်ဖက်တီးမှမြည်တာပါ
ငါ့ အချစ်ကိုယူသွားတာလည်းမင်းပေါ့
ငါ့ လက်ကိုကဗျာရေးစေတာ လည်းမင်းပေါ့
ငါ မမုန်းရက်တာလည်းမင်းပေါ့
ငါ့နှလုံးသားကိုခွဲစေတာလည်းမင်းပေါ့
ငါ့ မျှော်လင့်ချက်ကိုပျက်စီးပစ်တာလည်းမင်းပေါ့
ငါ့ အချစ်ကိုဆော့ ကစားသွားတာလည်းမင်းပေါ့
ငါ့ရဲ့ ယုံကြည်မူကိုဖျက်စီးပစ်တာလည်းမင်းပေါ့
အရာရာဖျက်ဆီးပစ်တဲ့မင်းကို
ချစ်နေအောင်စွဲဆောင်ပေးတာလည်း
မင်းပဲပေါ့ကွယ်...............။

လေးးစားလျှက်
ရှင်းသန်မေ

မင်း..သိရင်ကောင်းမယ်



သံယောဇဉ်
တွယ်ငြိခဲ့သမျှ
ဘယ်ခါမှမမေ့ 
တမြေ့ မြေ့ ခံစား
နှလုံးသားရဲ့ တနေရာ
ထပ်လောင်းလို့ ဖြစ်တည်
နှောင်ဖွဲ့ မေတ္တာ
မလျှော့တဲ့စွဲလန်းခြင်း
မင်း....သိရင်ကောင်းမယ်။

သံယောဇဉ်မရှိလို့ ......
ထိတို့ ခဲ့ တဲ့ မင်း..မာယာ
ငါသာယာမိခဲ့ တာအမှန်
အလွမ်းရယ်ရင့်
ဒဏ်ရာတွေလဲရင့် မို့
တနင့် နင့် ခံစား.....
ဘယ်ဘ၀များက
ဝဋ်ကြွေးများလဲကွယ်။
မှန်းဆခဲ့ တဲ့ စိတ်ကူး
ကျိတ်ရူးရင်းပျော်
မျှော်လင့်ခဲ့မိကာမှ
လက်ခါချတဲ့ မင်း.
ဒီတစ်သက်တာမေ့ မရဘူး။



အားလုံးလေးစားလျှက်
ရှင်းသန့်မေ

တနေ့နေ့မျှော်မှန်း




မွေးမြေအဝေး

ရည်ရွယ်အတွေး

ဆန္ဒကိုယ်စီ

သွားခဲ့ကြတယ်

မြင့် မားပန်းတိုင်

လှမ်းနိုင်ဖို့ရွယ်

ကိုယ့်မြို့ရွာစွန့်

ထွက်သွားသူတွေများလှပင်။


ကိုယ်နိုင်ငံမှာ

နေချင်ပေမယ့်

အခြေတကျမရှိ

ထိတဲ့ ရင်ထဲ

ကျေကွဲမပြီး

ကိုယ့် ခရီးကိုယ်လျှောက်

ဝေဒနာများစွာ

ကိုယ့် ဝမ်းကိုယ်သာအသိဆုံးပါ...။

မိသားစုအတွက်

ဘ၀စတေး

အပျော်ပျောက်လည်း

ကြိုးစားကျိတ်မှိတ်

ဆိတ်ဆိတ်ကြိတ်ငို

အတိတ်ထားခဲ့ 

ကျတဲ့ ဒီချွေး

ခြေမစီးလည်း

မိသားစုအတွက်

တင်းထားတဲစိတ်

မနေမနား

သွေးစက်ကျ လည်း

ကြိုးစားဆဲပါ

တနေ့ရည်ရွယ်မျှော်ကာတွေးလျှက်ပင်


(အဝေးရောက်မြေမှသူငယ်ချင်းမျှော်လက့်သောတနေ့အမြန်ရောက်ပါစေ)))



♥★ ချစ်ခင်လေးစားလျှက်♥★

♥★ ရှင်းသန့်မေ♥★