Tuesday, September 11, 2012

★♪♫:ချစ်ခြင်းနှင့်မေတ္တာတရားကွဲပြားချက် ★♪♫:

မေတ္တာတရားကိုလူတွေကချစ်ခြင်းလို့သတ်မှတ်ကြတယ်
အမှန်တော့ချစ်ခြင်းနဲ့ကွဲပြားပါတယ်။
ချစ်ခြင်းဆိုတာငါသားသမီး၊ငါ့မိဘ၊ငါစွဲနေတဲ့သံယောဇဉ်ဖြစ်နေတာကို
ချစ်ခြင်းလို့ခေါ်တယ်။ချစ်ခြင်းကဘက်လိုက်မူရှိတယ်၊ချစ်ခြင်းကပိုင်ဆိုင်လိုစိတ်ဆန္ဒတွေရှိတယ်။ ချစ်ခြင်းမှာတပ်မက်မူရှိတယ်၊ချစ်ခြင်းဘက်လိုက်တတ်တယ်
မိန်းကလေးနဲ့ယောကျာ်းလေးချစ်ရင်အလှဘက်အလေးသာတယ်
ချစ်ခြင်းကမတည်ငြိမ်ဘူးပြောင်းလဲလွယ်တယ်၊လှတာတွေရင်ပိုချစ်သွားတယ်၊
မိဘကသားသမီးချစ်ခြင်းမှာလည်း ကိုယ်သားသမီးမှ ချစ်တယ်
ကိုယ်သားသမီးမှတော်တယ်တတ်တယ် အဲလိုချစ်ခြင်းတွေကဘက်လိုက်တဲ့ချစ်ခြင်းပါပဲ။
အချစ်ဆိုတာ ချစ်ခင်နှစ်သက်ဖွယ်ရာကိုလိုချင်တပ်မက်တဲ့သဘောရှိတယ်။

**********************************
မေတ္တာတရားကညီမျှမူရှိတယ်၊
မေတ္တာတရားကလူး သတ္တ၀ါအားလုံးအပေါ်ကိုဘက်လိုက်မူမရှိဘူး
ဆင်းရဲမှချမ်းသာမဟုတ်ဘူးအားလုံးအပေါ်ညီတူညီမျှဆက်ဆံတယ်။
မေတ္တာတရားထားနိုင်သူတွေကစိတ်သဘောထားအရမ်းနူးညံ့တယ်မေတ္တာတရားဆိုတာ မေတ္တာထားသူနဲ့ကင်းပြီးမရှိနိုင်ပါဘူး။မေတ္တာတရားကတပ်မက်မူ၊ပိုင်ဆိုင်မူ၊
တဘက်လူဆီကဘာလိုချင်တပ်မက်မူမရှိဘူး။အရမ်းကိုအေးချမ်းပါတယ်။
ချစ်ခြင်းကတစ်ဦးကိုတစ်ဦးချစ်တယ်ဆိုတာတစ်ဦးကိုတစ်ဦးပိုင်ဆိုင်ဖို့။

**********************************
မေတ္တာတရားကတော့အဲလိုမဟုတ်ဘူး ပိုင်ဆိုင်ရယူချင်စိတ်မရှိဘူး
သူတပါးရဲ့လွတ်လပ်မူကိုရောမိမိရဲ့လွတ်လပ်မူကိုပါဖျက်ဆီးချင်စိတ်မရှိဘူး။
မေတ္တာတရားကအရမ်းကိုအေးချမ်းတယ်၊ရယူခြင်းသဘောမရှိဘူး၊ပေးဆပ်တဲ့သဘောပဲရှိတယ်။
ကိုယ်ချစ်တဲ့လူတွေအပေါ်မေတ္တာတရားစိတ်ကလေးနဲ့ချစ်ခြင်းပေါင်းစပ်ချစ်နိုင်ကြပါစေ။
မေတ္တာတရားနှလုံးသားလူတိုင်းထားရှိတတ်နိုင်ကြပါစေ။
 အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

*******ကဗျာစာပေရေးချင်သူဝါသနာရှင်များအတွက်***

ကဗျာပဲရေးချင်၊ဆောင်းပါပဲရေးချင်ချင်ကိုယ်ဝါသနာပါဖို့ကအဓိကပါ။
နောက်ပီးကိုယ်ရေးလိုက်တဲ့အရာတခုကစာဖတ်သူတွေအပေါ်ဘာပေးချင်တာ
လည်းသိဖို့လိုပါတယ်။ဘယ်ကဗျာ၊ဘယ်လိုစာပေကိုမဆိုရေးသားချင်ရင်စာများများ
ဖတ်ပါလို့တိုက်တွန်းစေချင်ပါတယ်။ကဗျာရေးချင်ရင်နာမည်ကျော်စာရေးဆရာ၊
ဆရာမစာတွေများများဖတ်၊သူတို့ကဘယ်လိုပုံစံရေးတယ်၊သူတို့စာပေတွေက
ဘယ်လိုရသပေးလည်း၊သေချာဖတ်ပြီးကိုယ်တိုင်လည်းချရေးကြည့်ပါ။
************************
ကဗျာပဲဖြစ်ဖြစ်ဝတ္ထုပဲဖြစ်ဖြစ်ကိုယ်ဖြစ်မှန်ကိုချရေးတာရှိသလို
မဖြစ်တာကိုလည်းပုံဖေါ်ပြီးရေးချရတာလည်းရှိပါတယ်။ဘယ်လိုအရေးသားနဲ့ပဲရေးရေး
ကိုယ်ရေးလိုက်တာတဘက်သားခံစားနိုင်ဖို့ကိုယ်ပေးလိုက်တဲ့အသိတခုရောက်သွားဖို့ပဲလိုတယ်။
ကိုယ်ဆိုလိုရင်းအဓိပ္ပါယ်ပေါ်လွင်ဖို့လိုပါတယ်။ကဗျာ၊စာပေမှာ
သတ်မှတ်ချက်တော့မရှိပါဘူး။အဓိကစာလုံးသတ်ပုံမှန်မယ်။ကိုယ်ဆိုလိုရင်းကို
လူတဘက်သားနားလည်မယ်ဆိုကိုယ်ရေးသားချက်အောင်မြင်တယ်လို့ဆိုလိုရပါတယ်။
**************************************
အဓိကစာများများဖတ်၊များများချရေးရင်ကဗျာတွေစာပေကိုဖန်တီးထုဆစ်
လာနိုင်ပါတယ်။ဝါသနာပါဖို့ပဲလိုပါတယ်။ဝေဖန်မှာကိုမကြောက်ဖို့လိုတယ်။
ကိုယ်တခါရေးပြီးတိုင်းဟာမကောင်းဘူးပြောတိုင်းမကြောက်ပါနဲ့
ဒီတခါငါဘာမှားလည်းနောက်တခါမမှားအောင်ဘယ်လိုပြုပြင်မလည်းစဉ်းစားလိုက်ပါ
နောက်တကြိမ်ဒီထက်ကောင်းအောင်ထုဆစ်နိုင်မှာပါ
ရှင်းလည်းခုထိကိုကြိုးစားနေတုန်းပါခုထိလည်းမပြည့်စုံသေးပါဘူး။
မချောမွတ်သေးပါဘူးအားလုံးဝါသနာပါသူများကိုလည်း
ချသာရေးကြည့်ပါစာများများဖတ်အတုယူပါလို့အကြံပေးချင်ပါတယ်။
ဆရာလုပ်တာမဟုတ်ပါဘူးနော်။ကဗျာဘယ်လိုရေးလည်းစာတွေ
ဘယ်လိုရေးလည်းမေးလာသူများအတွက်ရေးသားလိုက်ခြင်းဖြစ်ပါတယ်
ကြိုးစားနေဆဲ
အားလုံးကိုကျေးဇူးတင်လျှက်
ရှင်းသန့်မေ

စိတ်ကူးယဉ်ကြည့်လိုက်ရအောင်...သူငယ်ချင်းတို့ရေ :)(ပျော်ရွှင်ပါစေ)




လူတိုင်းမှာတော့.ကိုယ်ချစ်သူလေးနဲ့ဘယ်လို….နေမယ်.ဘယ်လိုလေးဖြစ်ဖြစ်.စိတ်ကူးယဉ်မိကျမှာပဲ…ကျွန်မလည်းကျွန်မချစ်သူလေးနဲ့ဒီလိုလေးစိတ်ကူးယဉ်ကြည့်မိလိုက်တယ်

ချစ်သူလေးခိုင်မာစွာလက်ကိုတွဲလို….တစ်ဘ၀လုံးအတွက်ပျော်ချင်မိတယ်။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့တွေ့ ရင်….. ပျော်ရွှင်ကြတယ်လေ….

ဘ၀အတွက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမီ..ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဆိုလဲ ချစ်သူလေးပါပဲ။

ချစ်သူနဲ့ စကားတွေ ကကျွန်မအတွက်ချိုမြိန်စေတယ် ချစ်သူနဲ့အချစ်တိုင်း စကားတွေအများကြီးပြောချင်နေမိတယ်။


ပြီးတော့ ချစ်သူနဲ့ အေးချမ်းပျော်ရွှင်တဲ့ ဘ၀တစ်ခုကိုထူထောင်ချင်တယ်
ဘာပကာသနမှ မလိုချင်ပါဘူး...ချစ်သူ ကချစ်တယ်ဆိုရင်ပဲ ကျေနပ်တယ်

ချစ်သူလေးနဲ့အတူတူဈေးသွားမယ်၊ထမင်းအတူတူချက်မယ်
ပြီးရင် ချစ်သူနဲ့ တူတူ ထမင်းလက်ဆုံစား




သာယာပျော်ရွှင်တဲ့အိမ်ထောင်တခုကိုချစ်သူလေးနဲ့နှစ်ယောက်တစ်ဘ၀တည်ထောင်ချင်မိတယ်။

စိတ်ကူးဆိုတာ…အကောင်းဆုံးမက်ချင်ကျတာပဲလေ…တကယ်လက်တွေ့မှာတော့
မလွယ်ကူဘူးလေ..တခဏတာလေးတော့ပျော်ရွှင်လိုက်မိတာပါပဲ။

အားလုံးစိတ်ကူးယဉ်ကြည့်လိုက်ရအောင်နော်
အားလုံးပျော်ရွှင်ကြပါစေ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

*****.မိခင်တယောက်.....တန်ဖိုး*****


မိန်းကလေးတယောက်က…ပန်းတပွင့်နဲ့တူတယ်..
သမီးရယ်…လှပတဲ့အချိန်မှာလူတိုင်းကဆွတ်ခူးချင်ကြတယ်လေ…
.မိန်းကလေးသဘာဝကိုယ်ကိုချစ်ခင်ရင်….၀မ်းသာကြည်နူးကြတဲ့မရင့်ကျက်သေးတဲ့အရွယ်မှာပေါ့။
အရွယ်မရောက်သေးဘဲ…ချစ်ခြင်းတရားကို.….မက်မောတွယ်တာမိခဲ့တဲ့…. ချစ်ခြင်းတရားလွန်ပြီး……ဆန္ဒရမ္မက်မီးကို…တိုးခဲ့ကြတယ်။....ဆင်ခြင်စောင့်စည်း ....မပြုနိုင်ခဲ့ဘူး။ …မေမေရဲ့မိုက်ပြစ်ကြောင့်……သမီးလေးလူ့လောကကို……..အဖေမရှိဘဲ…..ဖြတ်သန်းရတော့မယ်။
သမီးးလေးရယ်….အမေစိတ်မကောင်းလိုက်တာ။မေမေငယ်ငယ်က….မိဘတွေစကား…
.နားမထောင်မိခဲ့လို့………သမီးလေးဖခင်မဲ့ဖြစ်ခဲ့ရတာပါ။မေမေကသမီးလေးဖေဖေကိုယုံခဲ့မိလိုပေါ့…
သမီးလေးရယ်…..သမီးလေကြီးလာရင်…..မေမေပြောပြပါမယ်…..နားလည်နိုင်ပါစေ။
သမီးလေးဖေဖေက….ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ……သမီးးကိုမေမေမပြောချင်ပါဘူး…
…သမီးလေးးအပြစ်မဖြစ်စေချင်ပါဘူး……….မေမေမိုက်ပစ်ပါပဲသမီးလေးရယ်………
..မေမေကအရွယ်မရောက်ဘဲ…….စိတ်ကစားမိခဲ့လို့…..မီးကိုမီးမှန်းမသိပဲ……..၀င်တိုးခဲ့မိလို့…
တခဏတာကြည်နုးတာကိုပဲ…….မြင်ပြီး…တစ်ဘ၀စာ…….နောင်တတစ်ရားဖြစ်ခဲ့ရပြီလေ။
လူပုံအလယ်မှာ...….ခေါင်းမဖေါ်ရဲအောင်ပါပဲသမီးရယ်။
အမေဟာ သမီးးရဲ့ အဖေ စွန့်ပစ် ထားရစ်ခဲ့တဲ့တွက်….. နာကြည်းခြင်း၊  ကြေကွဲခြင်း၊ ၀မ်းနည်းခြင်းခံစားရပေမယ့်သမီးလေးကို…….မေမေအပြစ်မတင်ရက်ပါဘူး။
….. လင်ကောင် ….မဖော်နိုင်ဘဲ ….ကိုယ်ဝန် ရှိနေတာကြောင့် ….ရင်ဆိုင်ရမယ့်…. အတင်းအဖျင်းဆိုး….. သတင်းတွေကို….. ထိတ်လန့် ချောက်ချားခဲ့တယ်… ဆယ်ကျော်သက် မိုက်ရူးရဲ အတွေးနဲ့
အမေက…. ကိုယ်ဝန် ဖျက်ချပစ်ဖို့ ကြိုးစားခဲ့ဖူးတယ်သမီးလေးရယ်..မေမေ၀န်ခံပါတယ်။
.မေမေကိုသမီးလေးရဲ့အဘွား က
"ကလေးကိုမဖျက်ချဖို့…ဗိုက်ထဲကကလေးကို…..ဘာမှအပြစ်ရှိတာမဟုတ်ဘူး……
..နင်တို့မိုက်လုံးကြီးလိုသာသူခမျာ…
.ကြားထဲက….မြေစာပင်ဖြစ်ခဲ့ရတာညည်းအေမိုက်လုံးကြီးလိုက်တာ…..လူမဆန်တဲ့ညည်းကောင်လေးက……
ဖျက်ချလိုက်ပါလို့ ပြောတာနဲဖျက်ချရသလား….သူကယောကျာ်းလေးမို့……မိခင်စိတ်မရှိလို့ပြောတယ်ထား
ညည်းကမိန်းကလေးအေမိခင်စိတ်ရှိရမှာပေါ့….ညည်းကိုငါသာမမွေးခဲ့ရင်…
.ညည်းလူဖြစ်လာမလား…ညည်းစဉ်းစားပါအေ…လူဘ၀ကရခဲပါတယ်…. ညည်းက မမြင်ရသေးတဲ့ ရင်သွေးကို ဖျက်ချ ပစ်ရက်နိုင်တယ်ဆိုတောင်မှ ……ကလေးဖျက်ချရင်းမတော်တဆ….. သွေးဆိပ်တက်ပြီး …
….အသက် ပါသွားတဲ့ တချို့မိန်းမတွေ ကိုအမေမြင်ဖူးတယ်သမီးလေး….သမီးလေးရယ်မေမေလေ ….မေမေ့ သမီးကို ဘယ်လိုမှ အဆုံးရှုံး မခံနိုင်ဘူး။မွေးလိုက်ပါ ….သမီးရယ်။ မေမေ့ သမီးမွေးမယ့်.. ကလေးဟာ မေမေ့သွေး…….မေမေ့မြေးပါ။မေမေ…..၀ိုင်းစောင့်ရှောက်မှာပေါ့”
သမီးဘွားဘွားကငိုကြီးချက်မနဲ့မေမေကျောလေးကိုပွတ်ပြီး…မေမေ့ကိုဆုံးမပြောဆိုခဲ့တယ်…
…သမီးဘွားဘွား.....မေတ္တာကကြီးမားလိုက်တာသမီးရယ်
မေမေ့ မိခင်သာ…… မပါဝင်ရင်…မေမေလေသမီးလေးကို..မွေးဖို့…..သက်စွန့်ဆံဖျား သတ္တိရှိခဲ့မယ်….. မထင်ဘူး……. ကလေးရယ်။ အဲဒါကြောင့်မေမေလေ အားလုံးကိုရင်ဆိုင်ဖို့ …….တစ်စစနဲ့ ….ခံနိုင်ရည် ရှိလာပါတယ်။မိခင်တယောက်ရဲ့တန်ဖိုးကိုလည်းမေမေလေ….နားလည်လာတယ်။သမီးလေးးကြီးလာတဲ့…
..တချိန်ကျမေမေနားလည်အောင်….ပြောပြပါမယ်။
မေမေလည်း…..မိခင်တယောက်တန်ဖိုးဆိုတာကိုနားလည်လာပါပီ။ မေမေလေ….ဗိုက်ထဲကသားလေးမှန်းမသိ…
.သမီးလေးမှန်းမသိတဲ့ကလေးလေးကြောင့်လေ.......မေမေခွန်အားတွေရှိလာခဲ့တယ်။
ဒါဟာမေမေ့ရဲ့မိခင်စိတ်ကြောင့်ပဲထင်တယ်….အဲဒါနဲ့တစ်ပြိုင်နက်သမီးလေးရဲ့ဘွားဘွားမေတ္တာကိုလည်း
မေမေနားလည်လာခဲ့ပါတယ်။သမီးဘွားဘွားက………….မေမေ့ကွယ်ရာမှာမျက်ရည်တွေကျနေတာ…
.မေမေရိပ်မိပါတယ်။
မေမေရှေ့မှာတော့….သမီးလေးဘွားဘွားကတကယ့်သူရဲကောင်းကြီးပါပဲ…
သမီးကြီးလာရင်..
"…မိန်းမသားတယောက်ရဲ့….တန်ဖိုး….မိန်းမတယောက်ရဲ့အရည်အချင်း….မိန်းမတယောက်က…
အရွယ်မတိုင်ခင်….အချစ်ကမကစားသင့်ကြောင်းကို….မေမေဘ၀နဲ့ယဉ်ပြီးသမီးလေးကိုမေမေ…
..ပြောပြဦးမှာပါ….ဒါမှသမီးလေးတို့လို….ဖူးပွင့်စပန်းလေးတွေ….အရွယ်မတိုင်ခင်အခြွေမခံရအောင်……
.မိန်းကလေးတယောက်ရဲ့တန်ဖိုးကိုမေမေပြောပြဦးမှာပါ.."
သမီးလေးရယ်…သမီးလေးတယောက်သင်ခန်းစာယူတတ်ပါစေ…သမီးလေးသိတတ်တဲ့အချိန်…
..မေမေကိုနားလည်နိုင်ပါစေ……မေမေဆုတောင်းနေမိတယ်…
မေမေမိုက်ပြစ်ကိုနားလည်နိုင်ပြီး……….မေမေသမီးလေးတယောက်…
မိန်းကလေးတယောက်တန်ဖိုးကို….မိခင်တယောက်ရဲ့စိတ်ဓါတ်တွေကို……..သင်ခန်းစာယူနိုင်ပါစေ။

“မီး မီး... မေမေ့လို မမိုက်... မိုက်နဲ့ နော်”     

အမေများအားလုံးကိုလေးစားသောအားဖြင့်မိခင်တွေရဲ့ကြီးမားတဲ့စိတ်ဓါတ်ကိုဖေါ်ပြလိုက်ပါတယ်။
လေးစားပါတယ်မေမေ
ု
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
 

*****နှိုင်းဆမရ မြင့်မိုရ်တောင်ပမာ..မိဘမေတ္တာ******

သိပ်ချစ်ရသော ရှင်းမေမေ ဖေဖေ ကမ္ဘာပေါ်နှိုင်းဆမရ မြင့်မိုရ်တောင်မက ကြီးမားတဲ့ မာတာမိဘ ရှင်းမိဘတို့ ဂုဏ်ကျေးဇူးကိုအောက်မေ့လို ဖေါ်ပြလိုက်ပါတယ် ။

မေမေ က ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်မပြုချင်ပဲ မိဘ တွေပေးစားမူနဲ အိမ်ထောင်ကျ ခဲ့တယ်။ မေမေတို့ကမောင်နှမများတယ်လေ မေမေက မောင်နှမသားချင်း (9)ယောက် ရှိတော့ မေမေကို မေမေ့မိဘတွေက အိမ်ထောင်ချပေးခဲ့တယ် ။မေမေကပညာကိုပြီးအောင်မသင်ခဲ့ရဘူးတဲ့။မေမေအသက် 18နှစ် ပဲရှိသေးတယ် ။ဖေဖေကတော့( 31နှစ)်လေ။ ဖေဖေရုံးစာရေးအငယ်လေးဖေဖေကမချမ်းသာလေတော့ အိမ်ထောင်ဦး ကာလမှာ စီးပွားရေး အဆင် မပြေမှုတွေ ကြုံတွေ့ ခဲ့ရတာပေါ့။မေမေကတော့ညကျောင်းလေးတတ်ပြီး လူမူဝန်းထမ်းမှာ ဆရာမ၀င်လုပ်ခဲ့တယ်တဲ့မေမေကပြောပြခဲ့တယ်။အိမ်ထောင်သက်တမ်း (4နှစ)်အကြာတော့အကိုကြီးကိုမွေးခဲ့တယ် သားဦးဆိုတော့ ဖေဖေ ၊မေမေတို့ကတအားချစ်ပေါ့။ အကိုကြီးမွေးပြီး(10နှစ)်အ ကြာမှရှင်းကိုမွေးခဲ့တာလေ။

ဖေဖေကတော့ မိန်းကလေး မလိုချင်ဘူးတဲ့ ။မွေးလာတဲ့ကလေးကို မေမေကတော့သမီးမိုလိုအရမ်းချစ်ခဲ့တာတဲ့။အဲဒါနဲ့ သားသမီးတွေအတွက် သူအလုပ်ကိုစွန့်လွတ်ခဲ့ရတယ်။
မေမေကလေဘယ်လောက်ထိ သမီးအတွက်တွေးပူခဲ့လည်းဆို
"ငါသမီးလည်း ငါလိုအိမ်ထောင်ပြုမှာ ကလေးမွေးရမှာကို တောင်စိတ်ပူခဲ့တယ်။ငါသမီးလေးကြီးလာရင် ငါလို ကလေးမွေးရင်ငါလိုနာကျင်ရမှာ"
ကိုတွေးပူနေတာတဲ့။
"မေမေ ရယ်...မေမေမေတ္တာကအံ့မခန်းပါပဲ"
မေမေက နို့မထွက်ဘူးတဲ့ အဲဒီတော့နို့ထွက်အောင်အမျိုးမျိုးလုပ်ပေမယ့်ရှင်းတို့နို့ဘူးနဲ့ လူလား မြောက်စေ ခဲ့ရေတယ်။
မေမေ ကပြောပြ တယ်သမီးကတဲ့ နို့ဘူးဘယ်လောက်ပဲစို့စို့
မေမေနို့ကိုရှာတာပဲတဲ့။ရှင်း အသက် ၅ နှစ် လောက် အထိနို့ဗူး စို့ တုန်း။

ဖေဖေကလည်းရှင်းတို့သားသမီးတွေလိုလေးသေးမရှိအောင် ပံ့ပိုးပေးခဲ့ပါတယ် ။မေမေက ခင်ပွန်းနဲ့သားသမီးအတွက်ဆို
ဟင်းကောင်းတွေချန်ထားပေမယ့် မေမေကတော့ ဟင်းကျန်ကိုသာစားခဲ့တယ်။
အ၀တ်အစား အသစ်ဆိုလည်း သားသမီးတွေသာဆင်တယ်။ အ၀တ်အစားတင် မက အစားအသောက်ပါ
သားသမီးတွေကို ဦးစားပေးလေ့ ရှိတယ်။

နေ့စဉ် ရှင်းတို့ ကျောင်းသွားဖို့အတွက်ဖေဖေ ထမင်းဘူးအတွက် ချက်ပြုတ်တယ်၊ ဖေဖေကကျောင်းပို့ ၊ ကျောင်းကြို ကိုယ်တိုင် လုပ်တယ်။ အမေ တစ်ယောက်တည်း အိမ်မှု ကိစ္စတွေ လုပ်ကိုင်တယ် ရှင်းကိုလုံးဝမခိုင်းခဲ့ဘူး။မေမေက
"ငါသမီးကြီးလာရင် အိမ်မူကိစ္စဆိုတာ မလုပ်မဖြစ်လုပ်ရမှာ မေမေသမီးလေးမေမေနဲ့နေတဲ့အချိန်လောက်ပဲ သမီးဘ၀အေးအေးလူလူနေရမှာ နောက်ဆို သမီးမလုပ်ချင်လည်းလုပ်ရမှာအခုတော့သမီးကျောင်းစာ ကိုပဲ အားထုတ်ပါသမီးရယ်။မေမေက စာမတတ်ခဲ့လို သမီးကမေမေထက်တော်ရမယ် ။"


မေမေ က ဖေဖေအတွက်အိမ်ရှင်မကောင်း ပီသသလို ဖေဖေကကလည်း ဖခင်ဝတ်တရားကျေပွန်စွာ သားသမီးတွေလူအောက်မကျအောင် လိုအပ်တာ မှန်သမျှပံ့ပိုးပေးခဲ့တယ်။ဖေဖေ သားသမီးတွေ လိမ္မာယဉ်ကျေးအောင် ရွှေသွေးတို့မြတ်မင်္ဂလာတို့ ၀ယ်ဝယ်လာပီး ဖတ်ပြ ဆုံးမသွန်သင်ခဲ့သလို မေမေ ရဲ့ ညအိပ်ရာဝင်ပုံပြင်တွေကလည်း
ရှင်းတို့ အသိပညာတိုးအောင် မမှားသင့်တာမမှားအောင်အမေက အမြဲ ဆိုဆုံးမတယ်။



မေမေ၊ဖေဖေတို့ကသားသမီးတွေ ကို အရမ်းစည်းကမ်းမတင်းကျပ်ပါဘူး ။ဘယ်လိုပုံစံနေရမယ်
ဘ ယ်လို လူတွေနဲ့ပေါင်းသင်းရမယ် အိမ်ထောင်ရေး၊ အချစ်ရေး အကြောင်း ပတ်ဝန်းကျင်က လူတွေနဲ့ ပုံခိုင်း ဆုံးမလေ့ ရှိတယ်။ အချစ်ကို ရှေ့တန်း မတင်မဖို့။ငယ်ငယ်ရွယ်ရွယ် ပညာမပြည်စုံဘဲ အိမ်ထောင်ကျတဲ့ မိန်းကလေးတွေအကြောင်းပြောပြတယ်။
လမ်းမှား မရောက်အောင်၊ ထူးချွန် ထက်မြတ်တဲ့ အမျိုးကောင်း သမီးလေးတွေ ဖြစ်အောင် အမြဲ သွန်သင်လေ့ ရှိတယ်။
မေမေက သိမ်မွေ့၊နှုးညံ့တယ်။ ဖေဖေကလည်းကြမ်းတမ်းတဲ့ စကားမျိုးဖေဖေ့ နှုတ်ဖျားမှ ဘယ်တော့မှ ကြားရလေ့ မရှိဘူး။
ရိုးသား အေးဆေးတယ်။ လောဘ နည်းပြီး သူတစ်ပါးကို အင်မတန်လည်း သည်းခံ တတ်တယ်။အားနည်းသူကိုလည်းအမြဲဖေးမကူညီတယ်။ဖေဖေ ကရှင်းတတိယနှစ်နောက်ဆုံးနှစ် မှာ ကွယ်လွန်ခဲ့ပါတယ်။

"ဖေဖေက ရှင်းအတွက် တန်းဖိုးမဖြတ်နိုင်တဲ့မြင့်မိုရ်တောင်ကြီးတခုပါပဲရှင်။"
ဖေဖေဆုံးတော့မေမေက သမီးအားမငယ်ရအောင် ပညာဆက်သင့်နိုင်အောင် ပြောဆိုခဲ့တယ်။နှစ်သိမ့်မူပေးခဲ့တယ်။
မေမေ မေတ္တာတုနှိုင်းမရပါဘူး စာတွေနဲ့တောင် မဖွဲ့ဆို တတ်အောင်ပါပဲ။မေမေ နဲ့ သက်ဆုံးတိုင် ထာဝရနေချင်မိပါတယ်မေမေမေတ္တာကိုလည်း ထာဝရရချင်မိပါတယ်။ မေမေ လိုအပ်တာ မှန်သမျှ ဖြည့်ဆည်း ပေးချင်တယ်၊
မေမေ့ကို စိတ်ချမ်းသာ စေချင်တယ်။ အမေ့ရဲ့ နောက်ဆုံး ခရီးမှာ အမေ့ အနားမှာ ပြုစု စောင့်ရှောက် အားပေး ချင်တယ်။
မေမေကို သိတတ်တဲ့ သမီး တစ်ယောက် ရှင်း ဖြစ်ချင်တယ်။
မေမေလို မြင့်မြတ်သော မိခင် တစ်ယောကပိုင်ဆိုင်ခွင့်ရခဲ့တာ ရှင်းအတွက်တော့ ကမ္ဘာ အပေါ်မှာ ကံအကောင်းဆုံး သမီး တစ်ယောက်လို့ရှင်း ၀မ်းသာမိပါတယ် ။မေမေ ရယ် နှစ်၊ လ၊ ရာသီတွေရဲ့ ကုန်ဆုံးချိန်က အညှာတာကင်းမဲ့ခတယ်နော်။
အမေရဲ့နူပျိုခြင်းတွေကို မညှာမတာ တိုက်စားခဲ့တယ်အမေရဲ့နဖူးပေါ်မှာ အစင်းရာတွေ ပေါ်နေပြီ။
ဒီလောကမှာ ရှင်းကိုဘယ်တော့မှ စိတ်မဆိုးတတ်တဲ့ တစ်ဦးတည်းသောသူဟာ မေမေပါ။
ဒီလောကမှာ ရှင်းအိမ်အပြန်ကိုလည်တမော့မော့နဲ့ အမြဲစောင့်ကြိုနေတတ်တဲ့ တစ်ဦးတည်းသောသူဟာမေမေပါ..
အမေရဲ့မေတ္တာ၊ အမေရဲ့ချစ်ခြင်းကြောင့်လူလောကမှာ ဒီလိုမားမားမတ်မတ်၇ပ်တည်နိုင်ခဲ့တာပါ မေမေ။
မေမေရှင်းကမေမေ့အတွက်ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး အလိမ္မာဆုံးသမီး မဟုတ်ခဲ့ပေမယ့်
မေမေက တော့ ကမ္ဘာပေါ်မှာရှင်းအတွက် မေတ္တာတရားအကြီးဆုံး၊ ရှင်းကိုနားလည်မှုအပေးဆုံးနဲ့ အနွေးထွေးဆုံးမိခင်ဖြစ်ခဲ့ပါတယ်မေမေရယ်။
မေမေရယ်ရှင်းနဲ့ အသက်ထက်ဆုံးနေနိုင်ပါစေ။
မေမေသက်တော်ရာကျော်ရှည်နိုင်ပါစေ။
ဇရာ ၊မရဏတရား ကို မလွန်ဆန်နိုင်လိုဖေဖေကိုဆုံးရှုံးခဲ့ရပြီနားလည်ပေမယ့်
မေမေ ဟာရှင်းအတွက် တော့ ထာဝရတည်ရှိနေစေချင်တာ ရှင်းဆန္ဒပါမေမေရယ်။

ကမ္ဘာလုံးရဲ့ လမ်းဆုံးဟာ ရှိကောင်းရှိနိုင်ပါသေးတယ်။ သားသမီးအပေါ်မှာ ထားရှိတဲ့ မေတ္တာလမ်းဆုံးဆိုတာ မရှိပါ။
လူသားအားလုံးရဲ့ စိတ်နှလုံးသားထဲမှာ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဗြဟ္မစိုရ် တရားလေးပါး အမြဲထာဝရရှိနိုင်ကြပေါစေလို့ ဆန္ဒပြုလျှက်.......

သားသမီးတိုင်းအတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာတပါးပါပဲ
မိဘတန်ဖိုး နှိုင်းဆမရ
မြင့်မိုရ်တောင်ပမာ
ဒီစာလေးနဲ့ မိဘတွေ ကျေးဇူးဖေါ်ပြလိုက်ပါတယ် ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ





ချစ်ဗိမာန်လေး..တည်ဆောက်မယ်

တနေ၀င်...တနေထွက်နဲ့....တဖြည်းဖြည်း...ပျောက်ကွယ်.... နေဝင်သွားတဲ့ နေ့ရက်တွေက...ဘယ်လိုပင်ဝင်ဝင်...
.ကျွန်မတို့မနက်ခင်းတိုင်းကလှပနေသလို....ညနေခင်းတိုင်းကလည်း....လှပလျှက်ပါ..
ကျွန်မတို့ နှစ်ယောက်ရဲ့...ချစ်ခရီးလမ်းလေးက ဖြောင့်ဖြူးနေလွန်းလှပါတယ်.။
မနက်ခင်း...တူတူလမ်းလျှောက်..မနက်ခင်းစာအတူတူစား....အလုပ်အတူတူတက်....နေလည်ချိန်..ထမင်းတူတူစား..
.ညနေရုံးဆင်းချိန်...တူတူပြန်ပြီးညနေခင်းနေ၀င်ချိန်လေးကိုတူတူကြည့်...ဘယ်လောက်များကြည်နူးဖို့ကောင်းလည်းလို့.....ဘယ်သူပြောမလဲ... ကျွန်မတို့ကို...လွန်းလွန်းတယ်လို့ပေါ့..။ ဘယ်လိုပြောပြော ပြောကြပါစေ.. ကျွန်မတို့အချစ်က...ခိုင်မာလျှက်ပါ။
မောင်ပေးတဲ့ကဗျာလေးတပုဒ်
မေ့အလှက
ကဗျာတပုဒ်နှယ်
သနပ်ခါးပါးကွက်ကယ်က
မောင့်ကိုအချစ်တွေကပိုစေတယ်
မေ့ဆံကေသာရှည်လေးတွေကို
မောင့်အနမ်းတွေပေးလို့
မေ့ကိုနွေးထွေးစေမယ်။
မောင့်လက်ကိုတွဲကွယ်
မောင့်တို့တွဲလက်ခိုင်မြဲကြမယ်
မြတ်ဘုရားတောင်းဆုပန်လို့
မောင်တို့အချစ်သက်သေပြုကြမယ်။
တစ်ယောက်မျက်နှာ....တစ်ယောက်ကြည့်ကာ....ပန်းချီကားတချပ်လေလား.......... ချစ်ခြင်းတွေကိုယ်စီနဲ့....
ချစ်ခရီးလမ်းမှာ နှစ်ယောက်သား .. ချစ်ခြင်းနဲ့ ကြည်စယ်.. မပျယ်မဲ့ သစ္စာနဲ့ ချစ်ခြင်းကိုပွေ့ပိုက်လို့ ...
အိမ်အပြန်တွေဟာ သိပ်ကိုလှပ လွန်းခဲ့ပါတယ်..။ ငှက်လေးတွေရဲ့ အိပ်တန်းတက် တေးဆိုသံကို တူတူနားဆင်....နေ၀င်တာလေးကိုတူတူကွယ်ထိုင်ကြည့်ကြတယ်။
နှစ်ဦးသားက...အချစ်ဆိုတာဘာလည်းလို့မေးရင်....အဖြေရေရေရာမရှိပါဘူး...
မောင်ကအချစ်ဆိုတာ...ဘာလည်းလို့မေးတော့
မေဖြေတယ်
“အချစ်ဆိုတာ..... ဘာလဲဆိုပြီး .... အဓိပ္ပါယ်ဖွင့်ဆိုလို့ ...မရနိုင်သလို.. ဖွင့်ဆိုနိုင်ဖို့လည်း ....လိုအပ်မယ်မထင်ပါဘူး... မောင်ရယ်....မေကတော့လေ.....ချစ်သူကိုချစ်တဲ့အတွက်...ချစ်သူနဲ့ဘ၀ဆုံးထိ...နေသွားချင်တယ် ....မခွဲရဖို့တော့ မေတို့ ကြိုးစားရမှာပေါ့.. ဘယ်လိုပဲ ဖြစ်ဖြစ်.... တသက်လုံးစာ မောင့်ကို.. ချစ်တယ်...”
“ဟုတ်တာပေါ့ မေရယ်.. ဝေးဝေးနီးနီး မောင်တို့ရင်ထဲက အချစ်တွေ ရှင်သန်နေသမျှ သစာ(စ)ရှိစွာ ချစ်နေကြဖို့ပါပဲ.. မောင်ချစ်တာ မေ.. တယောက်ထဲ..."
ကျွန်မတို့နှစ်ယောက်……မြတ်နိုးချစ်ခင် ယုံကြည်ခြင်းတွေနဲ့ .......
အချစ်တွေကလက်ဆက်နေဆဲပါ...တစ်ယောက်ကိုတစ်ယောက်မချူပ်နှောင်ခဲ့သလို...တစ်ယောက်ကိုတစ်ယောက်နားလည်စွာနဲ့...
တစ်ယောက်ကိုတစ်ယောက်ဖေးမရင်း.......ချစ်ဗိမာန်လေးတည်မြဲနေခဲ့ပါတယ်.။
.............................................................
အားလုံးကိုလေးစားလျှက်
အချစ်ဆိုတာ..ချစ်နေသမျှခိုင်မြဲနေမှာပါ။တစ်ယောက်ကိုတစ်ယောက်ကိုနားလည်မယ်၊သစ္စာတွေထားမယ်ဆို
ချစ်ဗိမာန်လေးခိုင်မြဲနေမယ်
လူတစ်ယောက်နဲ့တစ်ယောက်ချစ်တာ....ဘ၀နှစ်ခုကိုတခုပေါင်းစပ်ပေးတာ...နှစ်ယောက်သာသစ္စာကွယ်ခိုင်မြဲ
ချစ်ဗိမာန်လေး..ချစ်သူတိုင်းခိုင်မြဲစွာတည်ဆောက်နိုင်ပါစေ။
ရှင်းသန့်မေ

***နေလောင်ပန်းလေးများအစဉ်ပွင့်လန်းစေချင်****



လူတိုင်းလူတိုင်းကတော့.....ကိုယ့်ဘ၀ကိုကြည့်ပြီး.....စိတ်ဓတ်တွေကျနေကြတယ်...
....ကိုယ့်ဘ၀မကြည့်ခင်......  မိမိပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။
နေလောင်ပန်းလေးတွေ .......များစွာ တွေ့ရပါလိမ့်မယ်။
အဲဒီပန်းလေးတွေဟာ ......အပူဒဏ်ကိုကာကွယ်ပေးမယ့်....လူလည်းမရှိ.....
..မြေသြဇာထည့်ပေးမယ့်လူလည်းမရှိ......ရေလောင်းပေါင်းသင်ပေးမယ့်လူလည်းမရှိ..
...နေထိပန်းတွေလို...... ညှိုးနေရတယ်။ ရေပတ်ဖျန်းပေးမယ့်..သူမရှိလို့......ပန်းလေးတွေ....နွမ်းနေရတယ်။
****************


ဆင်းရဲနွမ်းပါးလို့..... ဒုက္ခရောက်နေသူတွေ၊ မိဘမဲ့နေသူတွေ၊ ဝမ်းရေးအတွက်...ပင်ပန်းဆင်းရဲနေသူတွေ.... တွေ့ရ မြင်ရ နေပါတယ်။ ဘဝကံဇာတ်ဆရာ..ခိုင်းစေမူအောက်မှာ....၀မ်းတထွာအတွက်..... ရုံးမထွက်နိုင်ကြဘူး။ ကိုယ့်အတွက်ရုန်းကန်နေရ...ငါအတွက်...ငါမိသားစုအတွက်..
.ငါဆိုတဲ့အတ္တကိုသုံးပြီး.....ဒါနလည်းမလုပ်ဘဲနေရင်....မိမိသံသရာအတွက် ပါအောင်လုပ်ဖို့...လိုပါတယ်။ဒါမှ....ဒီဘ၀မှာရုန်းကန်နေရတာတွေ.....
....နောင်ဘ၀မှာ...အေးချမ်းစွာနေရအောင်.....ဒါနပြုမယ်။သဒ္ဓါတရားနဲ့ မေတ္တာတရား ရှေ့ထားပြီးတော့ ကရုဏာနဲ့ စေတနာ......ပေါင်းစပ်လိုက်မယ်ဆို.... ကုသိုလ်လည်းရ၊ လောကအတွက် ....အကျိုးလည်း ရှိမယ်။
ဒါမှနေလောင်းပန်းတို့ဘ၀လည်းရှင်သန်လာနိုင်မယ်။

****************
နေလောင် ပန်းလေး တွေ ပတ်ဝန်းကျင်မှာများနေပါတယ်..ကိုယ်ကသာအုတ်တချပ်...သဲတပွင့်ကူညီလိုက်နိုင်မယ်ဆို..
..သူတို့အတွက်အခုတခဏ...ပျော်ရွှင်ရပေမယ့်...ကိုယ့်အတွက်တော့...နောင်ဘ၀.
.နောင်သံသရာထိ...သုခတွေခံစားနေရမှာပါ။နေလောင်းပန်းလေးတွေကို ကြင်နာတတ်၊ ပြုစုယုယတတ်မယ်ဆိုရင် နေလောင်ပန်းလေးတွေ ထာဝရလန်းနေပါလိမ့်မယ်။ လူ့ကမ္ဘာလောကလေးမှာ..အလှတရားများစွာရှိတယ်လောကမှာ
အလှတရားတန်ဖိုးမဖြတ်နိုင်တဲ့ အရာတခုပါပဲလူသားဥယျာဉ်ထဲမှာနှလုံးလှ အပင်လေးတွေစိုက်.......မေတ္တာပန်းပွင့်လေးတွေဝေဆာနေမယ်။
*********************
မေတ္တာတရားပန်းပွင့်လေးကို..... ကမ္ဘာလောကကြီးကထာဝရအေးချမ်းလှပနေမှာပါ
မေတ္တာဆိုတာအေးမြခြင်းသဘော.......လူသားသစ်ပင်တွေအစဉ်ထာဝရအေးချမ်းဖို့.......
 ဘ၀ရဲ့ အလှအပတွေ တန်ဆာဆင်မယ်ဆို...... မေတ္တာတရားဟာ....လူသားတိုင်းရဲ့ လမ်းပြကြယ်လေးပါပဲ...  မေတ္တာဆိုတာ ဖြုစင်တယ် လူသားအပေါ်ထားလိုရတယ်
ဘာသာမရွေးလူမျိုးသောက်သုံးလို့ရတဲ့... မေတ္တာရေစင်တစက်ကို လူသားတိုင်း သောက်သုံးနိုင်ပါစေ။မေတ္တာနှလုံးကိုယ်စီသုံးလူတိုင်းအေးချမ်းကြပါစေ။
: ကရုဏာအသီးအပွင့်လေးကို....ဥပေက္ခာရိုးတံလေးနဲပေါင်းစပ်လိုက်မယ်ဆို....... အလှတရားတွေ ..င့်ပွားဆင့်ပွားပြီး.......ကမ္ဘာလောကကြီးက....ထာဝရအေးချမ်းလှပနေမှာပါ...
..မေတ္တာဆိုတာအေးမြခြင်းသဘော......လူသားသစ်ပင်တွေအစဉ်ထာဝရအေးချမ်းဖို့....... ဘ၀ရဲ့ အလှအပတွေ... တန်ဆာဆင်မယ်ဆို.......... မေတ္တာတရားပါလူသားတိုင်းရဲ့ လမ်းပြကြယ်လေးပါပဲ.......မေတ္တာဆိုတာ ဖြုစင်တယ်။
*************************
လူသားအပေါ်ထားလိုရတယ်........ဘာသာမရွေးလူမျိုးသောက်သုံးလို့ရတဲ့............ မေတ္တာရေစင်တစက်ကို လူသားတိုင်း သောက်သုံးနိုင်ပါစေ........နေလောင်းပန်းလေးများအစဉ်လန်းစေဖို့...
 မေတ္တာနှလုံးကိုယ်စီသုံးပြီး .....မေတ္တာ၊စေတနာနဲ့တတ်စွမ်းနိုင်သလောက်ပတ်ဖျန်းကြရအောင်။
အားလုံးဝိုင်းဝန်းရွတ်ဆောင်ပေးဖို့
ချစ်သူမြို့တော်ပရဟိတအသင်းလေးက ဖိတ်ခေါ်ပါတယ်ရှင်
လူအား၊စိတ်အား၊ငွေအားတတ်နိုင်တဲ့အားများဖြင့်အားလုံးညီတူ
နေလောင်းပန်းလေးများကိုမေတ္တာရေ၀ိုင်းဝန်းဖျန်းပတ်ရအောင်

အဖွဲ့ကိုယ်စား
ကြိုးစားနေဆဲ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ