Tuesday, September 11, 2012
****အချစ်ပန်းချီ****
မောင်ရဲ့မနက်ခင်းနှုတ်ဆက်သံလေးက..ကျွန်မအတွက်ချိုမြိန်စေခဲ့တယ်..မောင်ရယ်…
မောင်ဖုန်းထဲက..
"နေကောင်းလား..နေကောင်းအောင်နေနော်"…ဂရုစိုက်မူလေးက…ကျွန်မဘယ်လောက်..
ပျော်လည်းသိလားမောင်…
ကျွန်မရှိသမျှရောဂါတွေမေ့သွားသလိုပါပဲ..မောင်ရယ်..ကျွန်မလေခုနေသေမယ်ဆိုတောင်သေဖို့အသင့်ပါပဲ…
.ကျွန်မဘ၀ထဲ..မောင်ရောက်လာခဲ့တယ်နော်…ကျွန်မလေ…ကျွန်မအထီးကျန်ခဲ့တာကြာခဲ့ပါပြီမောင်ရယ်.
.ကျွန်မသိတတ်စအချိန်မှာ…
ဖေဖေနဲ့မေမေကွဲသွားတယ်…ဖေဖေလည်းနောက်အိမ်ထောင်ပြုသွားတယ်..အိမ်ကထွက်သွားခဲ့သလို…
မေမေလည်းနောက်အိမ်ထောင်ပြုသွားပြီးဂျပန်ထွက်သွားခဲ့တယ်…ကျွန်မမမနဲ့ဒေါ်လေးသာ.
.ကျွန်မခင်တွယ်ရာ…ကျွန်မဖေဖေနဲ့မေမေကိုမုန်းတယ်…မုန်းတယ်…သူတို့ဘ၀သာယာဖို့..
ကျွန်မတို့ကိုစွန့်ခဲ့တယ်…အဲနောက်ပိုင်းကျွန်မလူတွေကိုအရွဲ့တိုက်တတ်လာတယ်…
ကျွန်မကိုကကံကိုဆက်တိုက်ဆိုးတာလား…ဘာလို့ကျွန်မကိုမှဆက်တိုက်ကံဆိုးတာလည်း…
.ကျွန်မမှာသွေးအားနည်းရောဂါဖြစ်နေပြီတဲ့….ကျွန်မလေလောကကြီးကိုဟားတိုက်လို့ရီလိုက်ချင်တယ်…
…သေလိုက်စမ်း….နင်….လူပြည်မှာမနေနဲ့တော့…ကျွန်မဖြစ်သလိုနေလိုက်တယ်…
".ကျွန်မကိုစွန့်ထားခဲ့တဲ့မိဘတွေက…..ဟဟပိုက်ဆံတွေတော့…လိုသလောက်ပိုတယ်…
ဘာလုပ်ရမလည်း..ပိုက်ဆံ….ကျွန်မလိုချင်မိတာ..မေတ္တာ….မလိုချင်ဘူးသွား….အားလုံးသွားစမ်း…"
ကျွန်မနိုက်ကလပ်တွေသွားတယ်…၀ယ်ပလိုက်တယ်ပစ္စည်းတခုပြီးတခု..လူတွေနဲ့ဝေးအောင်နေလိုက်တယ်…
.မမကလည်းသွားတော့မယ်..မေမေကအလုပ်လုပ်ဖို့လှမ်းခေါ်လို့….သွားကြ..သွားကြ…
ကျွန်မတယောက်တည်းအထီးကျန်လာတယ်….ဒေါ်လေးကလည်းကျွန်မကို…တားမရမှန်းသိတော့
…ဘာမှမပြောရှာတော့ဘူး….ကျွန်မမျက်ရည်မကျဘူး…
အချစ်ကိုလည်း…မယုံကြည်တော့ဘူး…ကျွန်မအသက်ကိုလည်းတန်ဖိုးမထားချင်တော့ဘူး…
.သွားစမ်းပါယောက်ျားတွေ..ပိုက်ဆံရှိတဲ့မိန်းမတွေနားကပ်ချင်ကြတာ…
ကျွန်မအတွေးထဲဝင်ခဲ့တယ်....
ကျွန်မချစ်တဲ့မောင်နဲ့တွေပုံက..ဒီလို
မောင်ကိုကျွန်မကားနဲ့…တိုက်မိသွားခဲ့တယ်….မောင်ကဘာမှမပြောပေမယ့်ကျွန်မက….
"ရော့..လျော်ကြေးဒီလောက်ဆို..ခင်များအတွက်လုံလောက်မှာပါ…."
မောင်က
"ခင်များမိုက်ရိုင်းလှချီလား…နည်းနည်းပါးပါးလေး…ဘာဖြစ်လည်းတောင်မမေးဘူး…ခင်များကမလွန်ဘူးလား…
လူဗျလူဗျ…ခင်များပိုက်ဆံပေးယုံနဲ့လူလူချင်း..စာနာမူဆိုတာမရှိဘူးလား…ခင်ဗျားပိုက်ဆံ..ခင်ဗျားပြန်ယူ
…ခင်ဗျားကိုလည်း…ဘာမှပြသနာမရှာဘူးစိတ်ချ….ခင်ဗျားထွက်သွားတော့….."
ကျွန်မကလည်းစိတ်တိုတိုနဲ့….
"ကောင်းပြီလေ…ပေးတော့မယူလည်း..မာနကကြီးလိုက်တာ..ဘာလည်းနည်းသေးလို့လား…
ပြောလေဘယ်လောက်လည်း...ကျွန်မပြသနာမရှင်းချင်ဘူးနော်…ဒါကြောင့်တခါတည်းရှင်းခဲ့တာ…
ရှင့်ဘာသာမယူတာနော်ဒါဆိုရင်တော့သွားပြီ၊"
အဲလူက
"တောက်"…ခေါက်ပြီးကျန်ခဲ့တယ်…
အဲနောက်ပိုင်းဘာဖြစ်ကျန်ခဲ့လည်း..ကျွန်မမသိခဲ့ပါဘူး….နောက်တစ်ပတ်လောက်ကျွန်မပြန်တွေ့လိုက်ချိန်မှာ…
.သူ့ကိုချိုင်းထောက်နဲ့တွေ့လိုက်ရတာပါပဲ…..အဲဒါနဲ့ကျွန်မစုံစမ်းလိုက်တော့..ကားအက်ဆီးဒင့်တခုဖြစ်ပြီး….
သူခြေထောက်ထိခိုက်သွားတာရယ်…သူကကျွန်မတို့လမ်းထဲကဆိုတာ…ကျွန်မသိလိုက်ရတယ်…
ကျွန်မကိုယ်စိတ်ကိုယ်မလုံဖြစ်သွားမိတယ်…
ငါကြောင့်များလား…အို..မဖြစ်နိုင်ပါဘူး…ငါပေးခဲ့သားပဲ..သူဘာသာမယူတာ…
ကျွန်မအဲလူနေတဲ့နေရာကို…ကျွန်မရောက်သွားခဲ့ချိန်မှာတော့….ကျွန်မအံ့သြစရာကောင်းအောင်ကို
…ကျွန်မပုံတူပန်းချီကားများစွာကိုတွေ့လိုက်ရတာပါပဲ….သူကပန်းချီဆရာတစ်ယောက်ဖြစ်နေတာ
သိခွင့်ရခဲ့တယ်…
.သူနဲ့တော့မတွေ့ခဲ့ပါဘူး…သူအိမ်ကတယောက်က
ကျွန်မကိုအံ့သြတကြီးကြည့်ပြီး
"ခင်ဗျား..ခင်ဗျား…ပန်းချီကားထဲကကောင်မလေး…မဟုတ်လား.."
ကျွန်မကလည်း
"မဟုတ်ပါဘူး..ကျွန်မခုမှဒီကိုလာဘူးတာပါ….တူတော့တော်တော်တူတယ်နော်..ဒီပန်းချီဆွဲတဲ့လူက.
.ဒီကအကိုမဟုတ်ဘူးလားရှင့်…"
"မဟုတ်ပါဘူး..ဗျာ..ကျွန်တော်ကကောင်းကင်သူငယ်ချင်းပါ..ဒီပန်းချီဆွဲတာက..ကောင်းကင်လေ..
သူခမျာသနားပါတယ်ဗျာ…ကောင်မလေးတယောက်ကားနဲ့ဝင်တိုက်မိလို့..ဒုက္ခိတဖြစ်နေရှာတယ်..
ကျွန်တော်မရှိလိုက်လိုပေါ့..အဲနေ့ကနိုမိုဆို..အဲဒီတာဝန်မဲ့တဲ့ကောင်မလေးကိုအမှုန့်ဖြစ်အောင်လုပ်လိုက်တယ်..
ဟိုကောင်းကင်ကတော့ကောင်မလေးကိုအပြစ်မတင်ဘူး….ဘယ်လိုကောင်လည်းသိဘူး..
မေးလည်းဘာမှဖြေဘူး….ရပ်ကွက်ကကောင်းလိုပေါ့….ရပ်ကွက်ကလူတွေက…
တရားစွဲခိုင်းတာလည်းမစွဲဘူးလေ…ကားနံပါတ်လည်းသိသားနဲ့"
"အော်…သူ့ကိုကျွန်မတွေ့လိုရမလား..ကျွန်မပန်းချီးကားကိုစိတ်ဝင်စားလို့"
"ဟုတ်..ရပါတယ်ခင်ဗျာစိတ်ဝင်စားရင်လည်း..စိတ်ဝင်စားစရာဗျာ..တကယ်ကိုတူတာနော်…
.မနက်ဖြန်မနက်ပိုင်းလောက်လာခဲ့လေ..ကျွန်တော်ပြောထားလိုက်မယ်..
အခုသူခြေထောက်တော်တော်ထောက်လာနိုင်ပါပြီ…
ပုံမှန်လေ့ကျင့်ခန်းသွားလုပ်နေတယ်လေ.."
"ဒါဆိုကျွန်မနောက်နေ့မနက်လာခဲ့မယ်လေသူမသွားခင်ပေါ့.."
"ကောင်းပါပြီ...ကျွန်တော်ပြောထားလိုက်မယ်"
**************************
ကျွန်မနောက်နေ့ရောက်သွားချိန်မှာ....သူကကျွန်မကိုစောင့်နေပါတယ်....ကျွန်မကိုတွေ့တော့
"ခများဘာလာလုပ်တာလည်း...ကျွန်တော်ခများဆီကဘာလျော်ကြေးမှမတောင်းဘူး...ဘာမှမလိုချင်ဘူး"
"ရှင်းဆီကိုလည်း..ကျွန်မကလာချင်လိုလာတယ်မထင်ပါနဲ့...ကျွန်မပုံတူတွေလို့လာဝယ်တာ.."
"အန်.."
"ဟုတ်တယ်..ကျွန်မပုံကျွန်မပြန်ရောင်းနောက်ပီး.မရောင်းရင်ရှင့်ကိုတရားစွဲမယ်....."
"မင်း...မင်းနော်....တရားမလွန်လာနဲ့...မင်းကိုငါတရားစွဲခဲ့လိုလား....."
"ဒါဆို..ဒီလိုလုပ်လေ..ရှင်းကိုတရားမစွဲဘူး...ကျွန်မတို့နှစ်ယောက်သရေဖြစ်အောင်....ကျွန်မရှင့်ခြေထောက်
ကောင်းအောင်အထိ..တာဝန်ယူမယ်...ရှင့်ခြေထောက်ကောင်းတာနဲ့..ကျွန်မပုံကိုကျွန်မပေး..ဘယ်လိုလည်း"
"မင်း...တော်တော်လေးကိုလည်တဲ့ကောင်မလေးပဲ...မင်းကိုငါမနိုင်တော့ဘူး...အင်းကောင်းပြီလေ.
.မင်းနောက်မှ
နောင်တရပြီမပြောနဲ့နော်....ငါကမနက်ဆိုခြေထောက်လေ့ကျင့်ခန်းသွားလုပ်တယ်...ပြန်လာပန်းချီးဆွဲတယ်...
ညနေတခါသွားလေ့ကျင့်ရတယ်.....မင်းလုပ်နိုင်ပမလား..."
"အမယ်..ဒါများဘာလို့မလုပ်နိုင်ရမှာ..ကျွန်မမနက်တိုင်းလာခေါ်မယ်...
.ညနေတိုင်းလာခေါ်မယ်ရှင်အိမ်ကစောင့်
ရှင်သာဂတိတည်ပါစေ..ကျွန်မပုံတူပြန်ပေးဖို့....."
ကျွန်မတို့နှစ်ယောက်ခင်မင်ရင်းနှီးမူတွေတစထက်တစပိုပိုရင်းနှီးလာခဲ့တယ်.....
သူကတော့ကျွန်မမှာရောဂါရှိမှန်းမရိပ်မိခဲ့ပါဘူး..ကျွန်မကလည်းမပြောဘူးလေ..
သူကိုကျွန်မတပတ်လောက်ဆက်တိုက်လိုက်ပို့ပြီးချိန်မှာတော့...ကျွန်မရောဂါစဖေါက်တော့တာပဲ
ဘယ်လိုမှအိပ်ရာကမထနိုင်ဘဲသွေးသွင်းရတော့တာပဲ...ကျွန်မမလာတော့...မောင်ကဖုန်းဆက်တယ်လေ
"ဟလို..လင်းလား"
"ဟလို..ဟုတ်..ကောင်းကင်"
"ဘာလို့မလာတာလည်..ကိုယ်ကမျှော်နေတာ...နေမကောင်းလိုများလားဘာဖြစ်တာလည်း..."
"ဆောရီးနော်..ကောင်းကင်..ဒီနေ့အလုပ်နည်းနည်းရှိလို့မလာဖြစ်တာ..
ဒီ(၃)ရက်လောက်လာဖြစ်မယ်မထင်ဘူး..ကိုယ်ဘာသာသွားလိုက်နော်"
"ရတယ်..လင်း..ကိုယ်ကောင်းနေပြီပဲ..လင်းအားမှလာပါ..ဒါဆိုကိုယ်ဖုန်းချလိုက်မယ်နော်..
.ညနေမှထပ်ဆက်မယ်."
မောင်ရယ်..တရက်ထက်တရက်သံယောဇဉ်ကြိုးလေးကခိုင်မာလာခဲ့ပြီနော်....
.လင်းလေမောင့်ကိုသံယောဇဉ်ဖြစ်နေမိပြီ
မောင်ရယ်...ဒီထက်သံယောဇဉ်ခိုင်မာလာမှာကြောက်နေမိတယ်...မောင်သာလင်းရောဂါသိခဲ့ရင်..
လင်းကိုထားခဲ့မှာလား..သနားသွားမလား
မောင်ကျွန်မခုအိပ်ရာထဲမှာ...သွေးသွင်းနေရတာသာ..သိခဲ့ရင်.........
ကျွန်မမောင်နဲ့...မတွေအောင်နေခဲ့ပါတယ်..ကျွန်မအတွက်မောင်စိတ်မဆင်းရဲစေချင်ဘူး.
..ကျွန်မအခုပိန်ညှောင်နေတာ
မောင်ကိုမတွေစေချင်ဘူး...
မောင်ဆီကစာနဲ့အတူလင်းပုံတူပန်းချီရောက်လာခဲ့တယ်
****************
မောင်ချစ်ရတဲ့လင်း
အဲလိုမောင်လိုပိုင်စိုးပိုင်နင်းသုံးလိုက်လို့စိတ်မဆိုးပါနဲလင်းရယ်
လင်းရယ်..ဖုံးကွယ်ထားနိုင်လိုက်တာ...မောင်သူငယ်ချင်းပြောပြလို့လင်းဆေးခန်းသွားပြနေတာ.
.သွေးသွင်းနေတာသိခဲ့ရတယ်
လင်းကိုကိုယ်နှိပ်စက်ခဲ့သလိုဖြစ်ခဲ့ပြီ...လင်းရယ်
လင်းကိုကိုယ်ချစ်တယ်
လင်းကိုယ့်နားမှာနေပါ.နေကောင်းအောင်နေပါလင်းရယ်
မနက်ခင်းတိုင်းကိုယ်နှတ်ဆက်သံလေးကြားတိုင်းလင်းတယောက်ပျော်ရွှင်ပါစေကွာ.......
လင်းကိုလွမ်းလှပြီ
မောင်ရင်ထဲကလင်းရယ်....
ကိုယ်တို့နှစ်ယောက်တယောက်ရင်ထဲကအသံကိုတယောက်ကြားနေရပါပြီလင်းရယ်
လင်းကိုကိုယ်ချစ်တယ်..
လင်းလည်းမောင်ကိုချစ်တာသိပါတယ်...လင်းကိုယ့်အနားပြန်လာခဲ့ပါ..
လင်းစိတ်မချမ်းသာအောင်ကိုယ်မလုပ်တော့ပါဘူး
လင်းလာချင်တဲ့အချိန်မှလာပါ
ကိုယ်ထာဝရစောင့်နေမှာပါ
ကျန်းမာအောင်နေနော်
လင်းကိုချစ်တဲ့မောင်
ကောင်းကင်***
*********************************
လင်းမနေနိုင်ခဲ့ပါဘူး...မောင်နားကဝေးရာထွက်သွားဖို့...မောင်နေကောင်းလားသိချင်တယ်.
.မောင်ဘယ်လိုနေလည်းသိချင်တယ်
မောင်ဆီလင်းလာခဲ့ပြီမောင်.....
မောင်ကလင်းကိုချစ်တယ်တဲ့
လင်းပျော်လိုက်တာ....လင်းစာရရခြင်းဟန်တောင်မဆောင်နိုင်ဘူးမောင်ရယ်
မောင်နဲ့အတူလှပတဲ့အချစ်ပန်းချီကားလေးတူတူဆွဲခွင့်ရတော့မယ်နော်....
"ဟဲ့မိလင်းအော်..နေကောင်းတာလည်းမဟုတ်..ဘယ်သွားမလိုလည်း.."
ဒေါ်လေးခေါ်သံကိုမကြားယောင်ဆောင်ခဲ့ပြီး...
လင်းလာပြီနော်...မောင့်ဆီ....မောင်ရယ်...အိုး..မူးလိုက်တာ...မောင်..လင်း..လင်းကိုကယ်ပါအုန်း...
လင်းကားမမောင်းနိုင်တောဘူး....အာားးးးးးး
"၀ုန်းးးး"
အသံနဲ့အတူ...လင်းလင်းတယောက်.........ခံစားမူဝေဒနာတွေမခံစားရဘဲ့ကောင်းကင်ဘုံမှာ.....
လင်းရဲ့အုတ်ဂူပေါ်မှာလင်းပုံတူလေးနဲ့အတူကောင်းကင်နှင်းဆီပန်းဆီလေးကနေရာယူထားပါတယ်
***လင်းလင်း***
အသက်(25)
ကောင်းကင်တယောက်ကတော့ပန်းချီလောကကိုစွန့်ခွာပြီး......သူချစ်သူအုတ်ဂူလေးနားမှာအရူးတယောက်လို
သူချစ်သူလေးအလာကိုစောင့်မျှော်နေရှာပါတယ်
လင်းနဲ့ကိုယ်တူတူကောင်းကင်မှာတူတူနေမယ်နော်...လင်းရေ
လင်းနဲ့ကောင်းကင်တို့မလှပတဲ့အချစ်ပန်းချီလေးတချပ်ကတော့မလှလိုက်ပါဘူး
ကြိုးစားပါဦးမည်
ရှင်းသန့်မေ
ဝေဖန်မူများကိုလက်ခံပါသည်။
ကာမေသုမိစ္ဆာစာရကံမထိုက်အောင်ပြုမူနေထိုင်ကြပါစို့။
အချစ်ကြောင့်ပူလောင်ရသလို
အချစ်ခံရလည်းပူလောင်ရတာပဲ
မချစ်ခံရလည်းပူလောင်ရတာပဲ
ကိုယ်ကချစ်လည်းပူလောင်ရသလို
ကိုယ်ကိုမချစ်လည်းကိုယ်ကပူလောင်နေရတယ်။
သောကဆိုတာအမျိုးမျိုးရှိပါတယ်
စီးပွားရေးကြောင့်သောကဖြစ်
ငွေကြေးကြောင့်ဖြစ်
စားဝတ်နေရေးအတွက်ဖြစ်ကြ
အဲဒီထက်အချစ်ကြောင့်ပူလောင်နေသူတွေများပါတယ်။
အချစ်ကြောင့်အရက်သောက်တယ်
အချစ်ကြောင့်ခံစားနေရတယ်ဘာကိုမှလုပ်ချင်စိတ်မရှိဒါဟာလည်းသောကထဲကသောကတခုပါပဲ။
ရယူလိုခြင်းအချစ်နဲ့ချစ်ရင်တော့ပူလောင်ခြင်းကိုခံစားနေရမှာပဲ..
ပေးဆပ်တဲ့အချစ်ဘာကိုမှမမျှော်လင့်တဲ့အချစ်နဲ့ချစ်ရင်တဘက်လူအတွက်လည်းချစ်ခံရတာအေးချမ်းသလို
ကိုယ်ချစ်နေသူအဖို့လည်းအေးချမ်းပါတယ်
ကိုယ်ကဒီဘ၀မှာချစ်ကံခေတာ..ဟိုးဘ၀ကသူများချစ်ခြင်းဖျက်ခဲ့လို့
ဒီဘ၀မှာ..တခါငါသူအချစ်ကိုမရရအောင်လုပ်မယ်
သူကိုမှငါချစ်မယ်သူကိုမရရင်ဆိုတဲ့ဒေါသအတ္တတရားမာနတရားထားလိုက်မယ်ဆို
နောင်ဘ၀ထက်ပြီးချစ်ကံခေနေအုန်းမှာပါပဲ.
ဟိုးဘ၀က သူများသားမယားပြစ်မှားခဲ့တယ်ဆိုဒီဘ၀ ကာမေသုမိစ္ဆာစာရကံထိုက်နေအုန်းမှာပဲ
အချစ်ကံခေနေမှာပဲ....ကျွန်မတို့မြတ်စွာဘုရားက..
ဒီဘ၀ကုသိုလ်..အကုသိုလ်အကျိုးကနောင်ဘ၀ကိုအကျိုးသက်ရောက်တယ်
ဟောကြားတော်မူခဲ့တယ်.ဘုန်းဘုန်းတွေကလည်းဟောကြားခဲ့တယ်...
ဒီဘ၀ချစ်ကံခေတယ်ဆိုနောင်ဘ၀ချစ်ကံမခေအောင်ဘာလုပ်သင့်လည်း...
သူများမိသားစုကိုမဖျက်ဆီးအောင်နေမယ်၊
သူများသားမယားကိုမပစ်မှားနေထိုင်မယ်၊
လူမှမဟုတ်ဘူးတိရစ္ဆာန်လေးတွေမိသားစုကိုလည်းမခွဲမိအောင်
ကာမေသုမိစ္ဆာစာရကံမထိုက်အောင်ပြုမူနေထိုင်မယ်
ဗုဒ္ဒ္ဒဘာသာရဲ့အရေးကြီးသိနားလည်ထားရမှာကံဆိုတာအလုပ်..ကိုယ်ကောင်းတာလုပ်ကောင်းကျိုးခံစားရသလို
မကောင်းတာလုပ်ခဲ့မကောင်းတာခံစားရမှာပါ။
ကိုယ်ကဒီဘ၀မှာ ကာမေသုမိစ္ဆာစာရကံမထိုက်အောင်ပြုမူနေထိုင်မယ်ဆို
ချစ်ကံခေခြင်းဘ၀မှလွတ်မြောက်နိုင်မှာပါ..
လူတိုင်းချစ်ခြင်းတရားမှပူလောင်မူကင်းနိုင်ကြပါစေ။
ကံငါးပါးထဲမှ တပါးဖြစ်တဲ့
ကာမေသုမိစ္ဆာစာရကံမထိုက်အောင်ပြုမူနေထိုင်နိုင်ပြီချစ်ကံခေခြင်းမှလွတ်မြောက်နိုင်ပါစေလို့
တောင်းဆုပြုရင်
ချစ်ကံခေခြင်းမှလွတ်မြောက်နိုင်ကြပါစေ။
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ
********ပိတောက်လေးငိုနေတယ်*************
တစ်နှစ်မှာတစ်ခါ..သူကတော့အချိန်မှန်လာမြဲပါပဲ...
အော်သူခမျာ..သစ္စာရှိချင်ပါရဲ့..သူပွင့်ချင်ပါတယ်..တစ်နှစ်တစ်နှစ်မှာတခါ..သူပွင့်ချိန်တိုင်းပေါ့..
အဖျက်မိုးကြောင့်..သူခမျာ..မပွင့်ရတော့..သူကိုလူတွေကသစ္စာမရှိဘူးတဲ့...
သူကပြောတယ်...
ငါငိုကြွေးမိပါတယ်..လူတွေရယ်
ငါသစ္စာမရှိတာမဟုတ်ပါဘူး..ငါဘာသာငါမှပွင့်လို့မရတာ..မိုးနံ့မရပဲငါမှာပွင့်ခွင့်မှမရှိတာ
ရက်စက်လိုက်ကြတာငါ့ကိုသစ္စာမရှိဘူးလို့ပြောရက်လေခြင်း
ငါလေတစ်နှစ်မှာတခါတော့ပွင့်ဖူးချင်တာပေါ့
လူတွေအချစ်ကိုလည်းရချင်တာပေါ့
မြတ်ဘုရားမှာငါကိုကပ်တာလည်းငါခံယူချင်မိတာပေါ့
မေပျိုတွေဆံကေသာမှာလည်းပန်ဆင်သူဖြစ်ချင်မိတာပေါ့
ငါကိုလူတွေမွှေးနေတာလည်းခံယူချင်မိပါတယ်
ငါတန်ခူးနဲ့အတူတစ်နှစ်တခါလူတွေရှေ့မှာပျော်ချင်မိပါတယ်
ငါကသစ္စာမရှိဘူးလို့မစွပ်စွဲလိုက်ကြပါနဲ့
ငါခံနိုင်ရည်မရှိလို့ပါ
ငါလည်းပွင့်ဖူးချင်တာပေါ့
တနှစ်တခါ....................။
ဒီနှစ်တော့ပိတောက်ပျော်ပါသည်မိုးလေးရွာပေးလို့ပွင့်လန်းရပေသည်သင်္ကြန်မတိုင်မှီ
ပိတောက်လေးကိုမမုန်းကြပါနဲ့
ပိတောက်လေးသစ္စာရှိပါတယ်။
ပိတောက်ချစ်သူ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
********လောကဓံတရားကိုရဲရဲရင်ဆိုင်နိုင်ကြပါစေ********
လူ့ဘ၀ ခရီးသည် ခရောင်းလမ်းပမာ ကြမ်းတမ်းလှတယ် ဟုဆိုကြသည် ။
ဘ၀ခရီးလမ်း တစ်လျှောက်မှာ အခက်အခဲတွေ ၊ ဘေးဒုက္ခနှင့် ကံဆိုးမိုးမှောင်မှုတွေ ကြုံရမည် ၊
အနည်းနဲ့အများသာကွာခြားမည်။
ဘေးဒုက္ခနှင့် ကင်းလွတ်သူဟူ၍ မရှိနိုင် ။
 နားလည်ခြင်းက တစ်ကဏ္ဏဖြစ်၏ ။
ကံကြမ္မာဆိုး ကိုကိုယ်တိုင် ရင်ဆိုင်တိုးရသောအခါ
 ချစ်သူနဲ့ ကွေကွင်းရခြင်း ဆင်းရဲခြင်းလို့ဆိုကြတယ်။
ချစ်သောသူနဲ့ကွေကွင်းရခြင်းကလည်းတဒုက္ခ
မချစ်မနှစ်သက်သူကိုလည်းပိုင်ဆိုင်ရခြင်းလည်းတဒုက္ခလိုဆိုကြတယ်
ချစ်သောသူတစ်စုံတစ်ယောက်မျက်စိအောက်မှ ရုတ်တရတ် ကွယ်ပျောက်သွားတဲ့ အခါ ၊
အချိန်မတန်မီမှာ နှုတ်ဆက်ခွဲခွာပြေးသောအခါ ၊ မျှော်လင့်ချက်ပျောက်ဆုံး
တစ်လောကလုံးမှာ ငါ့ဘ၀တစ်ယောက်တည်းသာ ဆိုးတယ်ထင်မှတ်နေကြတယ်။
လောကဓံသည် ငါ့ကိုသာ ဆိုးနေတယ်ထင်ကြတယ်။ ငါဒုက္ခသည်သာအကြီးဆုံး ၊ ငါ့ဘ၀ ခရီးသည်သာ ခရောင်းလမ်းခရီး ။
ကြေကွဲ မဆုံးနိုင်။ ငါချည်းပဲလားမဟုတ်ပါဘူး။
 ဘေးပတ်ဝန်းကျင်မှာကြည့်ပါ ။ ကြေကွဲသူတွေ ၊ ပရိဒေ၀တောက်လောင်သူတွေ ၊အသည်းကွဲနေသူတွေ နှလုံးသည်း
 ခံစားရသူတွေ ၊ ခံစားဖူးသူတွေ ။
 မျက်နှာမှာ အလွမ်းဇတ်လမ်းကိုယ်စီမြင်ရလိမ့်မည် ။
လောကကြီးကား လွမ်းဆွတ်ကြေကွဲစရာတွေ ချည်းအစဉ်မပြတ်တွေနေရတာလား။ မဟုတ်ပါ ဘူး။
  လောက၌ အမြဲရှိနေ သော တရားရှစ်ပါး ရှိသည် ။
လောကဒံတရား၈ပါး
ပစ္စည်း ဥစ္စာ ရခြင်း
မရခြင်း ၊
အခြံအရံ ရှိခြင်း
မရှိခြင်း ၊
ကဲ့ရဲ့ ခံရခြင်း ၊
ချီးမွမ်း ခံရခြင်း ၊
ချမ်းသာခြင်း
ဆင်းရဲခြင်း ။
အကောင်းလေးပါး ၊ အဆိုးလေးပါး ။
လောကဓမ္မတာတရားသည် အကောင်းအဆိုးမျှတသော သဘောရှိပါသည် ။
လောကရှိလူသားမှန်သမျှ အကောင်းရော အဆိုးပါ ကြုံကြရမည်သာဖြစ်ပါသည် ။
 ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ ကြေကွဲဖူးသူ ၊ ပရိဒေ၀ တောက်
လောင်ဖူးသူ ၊ နှလုံးသားဆုံးပါးသလို ခံစားဖူးသူချည်းပင် ။ 
မိမိသာ တစ်ဖက်သက်ခံစားနေရတာလားမဟုတ်ပါ
ရင်ကွဲပတ်လက် ဖြစ်ရခြင်းရှိသလို ဟက်ဟက်ပက်ပက်
ရယ်မောရခြင်းလည်းရှိသလို၊ငိုကြွေးရခြင်းလည်းရှိတယ်။
 ဆင်းရဲခြင်းလည်းရှိသလို ချမ်းသာခြင်းလည်းရှိတယ်။
သေဆုံးခြင်းရှိသလို မွေးဖွားခြင်းလည်းရှိတယ်။
လောကဓံတရားများ ကြောင့် ဘ၀က ခရောင်းလမ်းပမာ ကြမ်းတမ်းတယ်လိုလူတွေကဆိုကြတယ်။
လောကဒဏ်တရားကြားမှာလူတိုင်းပျော်လည်းနေမပျော်နေရုန်းကန်လှုပ်ရှားလျှက်သာ။
ရှင်းလည်းကြိုးစားနေတုန်းပါပဲ
ယက်ကန်ယက်ကန်နဲ့လေ
ဗေဒါပင်လေးလို
လောကဓံကိုကြံ့ကြံ့ခံနိုင်ကြပါစေ။
ဆရာဇော်ဂျီရဲ့ဗေဒါလမ်းကဗျာထဲကလို
ပန်းပန်လျှက်ပဲ
ညိုပြာပြာ လတာပြင့် ခြေရင်း ။
လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း ။
ဆင်းရလည်း မသက်သာ ။
အုန်းလက်ကြွေ ရေပေါလော ၊ မျောစုန်လို့လာ ။
အဆင်းနဲ့ အလာ ၊ မဗေဒါ အထွေး ။
အုန်းလက်ကြွေ သူ့နံဘေး ၊ ဆောင့်ခဲ့ရသေး ။
ဆောင့်ခဲ့လည်း မသက်သာ ။
နောက်တချီ ဒီတစ်လုံးက ၊ ဖုံးလိုက်ပြန်ပါ ။
မြုပ်လေပေါ့ ပေါ်မလာ ၊ မဗေဒါအလှ ။
တလံကွာ လှိုင်းအကြွ ၊ ပေါ်လိုက်ပြန်ရ ။
ပေါ်ပြန်လည်း မသက်သာ ။
ချောင်းအဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ ။
ဘဲအုပ်မှာ တရာ နှစ်ရာ
ဗေဒါက တပင်ထဲ (တည်း) ။
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ ၊ ပန်းပန်လျှက်ပဲ ။
လောကဒင်္ဏကိုကြံ့ကြံ့ခံနိုင်တဲ့လူသားတွေဖြစ်နိုင်ကြပါစေ။
ချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
*****ကံဆိုးမလေးမေလေးရယ်****
ဟိုးးအဝေးမိုးကောင်းကင်ကိုကြည်ရင်းမေလေးစဉ်းစားနေမိတယ်
ကိုကိုဘာကြောင့်မေလေးနဲ့ဝေးရာထွက်ပြေးသွားခဲ့တာလည်းဆိုတာမေလေးစဉ်းစားလို့မရဘူး
မေလေးကိုချစ်တယ်လို့တခါမှမပြောခဲ့ပေမယ့်ကိုကိုမျက်ဝန်း၊ကိုကိုအပြောအဆို
ကိုကိုအကြည့်တွေကြောင့်မေလေးရင်ခုန်တတ်ခဲ့ပါပြီမေလေးအချစ်ဆိုတာကိုခံစားတတ်ခဲ့တယ်
ကိုကိုတယောက်ကတော့ဒါတွေမသိတာလားမသိချင်ယောင်ဆောင်နေခဲ့တာမေလေးစဉ်းစားလိုမရပါဘူး။
မေလေးနဲ့တွေရင်ကိုကိုကရီစရာစကားအားပေးစကားတွေပြောတတ်တဲ့ကိုကို
အမြဲတမ်းအားငယ်တတ်တဲ့မေလေးကိုအားငယ်နေရင်လည်းအားမငယ်အောင်
မေလေးငိုနေရင်ဘေးကအမြဲချော့ပေးတတ်တဲ့ကိုကိုခုတော့မေလေးကိုထားပြီးမေလေးနဲ့ဝေးရောထွက်သွားခဲ့ပြီ။
မေလေးငိုနေရပြီကိုကိုရယ်ကိုကိုအားပေးမူကိုကိုဂရုစိုက်မူကိုမေလေးလိုချင်မိပါတယ်သူငယ်ချင်းခင်လေးက
"မေလေးရယ်နင်ကပျော်ပျော်နေစမ်းပါဟာ.."
"သူကြင်မှကိုယ်ကြင်ပေါ့..နင်ကိုမချစ်လို့ထားသွားခဲ့တာသွားစမ်းပါနင်မျက်ရည်တွေသုတ်လိုက်"
"ငါကိုကိုကအဲဒီလိုလူစားမဟုတ်ဘူး ခင်လေး သူမှာအကြောင်းတခုခုရှိလို့သာငါ့ကိုထားခဲ့တာနေမယ်"
ပြီးတော့ငါနဲ့သူကချစ်သူတွေမှမဟုတ်တာခင်လေးရယ်ငါကသာချစ်နေတာသူကချစ်နေလားဆိုတာတောင်
ငါမသေချာပါဘူး..ငါရူးချင်တယ်ခင်လေးရယ်ငါသူကိုဘယ်လိုဖြစ်လို့အဲလောက်ချစ်မိသွားမှန်းငါမသိလိုက်ဘူး
အချစ်ဆိုတဲ့အရာကဘယ်အချိန်ဝင်မှန်းတောင်မသိလိုက်ခင်မှာပဲငါအခုခံစားနေရပြီခင်လေး"
"အော်မေလေးရယ်..ငါဘယ်လိုနှစ်သိမ့်ပေးရမလည်း..အချစ်ဆိုတာကိုငါတောင်ကြောက်လို့ရှောင်နေတာ
နင်လိုအသည်းနုတဲ့လူကိုမှဖြစ်ရလေဟယ် နင်ကျန်းမာရေးလည်းဂရုစိုက်အုန်းနင်ကသူများတွေလို
နည်းနည်းခံစားတာနဲ့ဘုန်းဘုန်းလဲတတ်တာနင်သိပ်မခံစားပါနဲ့'
"ခင်လေးရယ်ငါထိန်းပါတယ်ထိန်းလို့မရဘူး..သူနဲ့ဆုံစည်းနေကျအချိန်ဆိုငါနေလို့ကိုမရဘူးခင်လေးရယ်"
သူဂရုစိုက်မူကြင်နာမူတွေကိုသိလာလေလေလိုချင်မိလေပဲ...သူမရှိတော့မှသူတန်ဖိုးပိုသိလာတယ်ဟာ
ခင်လေးရာနင်သိပါတယ်ငါဘ၀မှာငါကိုဂရုစိုက်မယ့်လူဆိုလိုငါအမေကလွဲပြီးဘယ်သူမှမရှိပါဘူး.
.ငါငယ်ငယ်တည်းကဖေဖေမရှိတော့ငါဘ၀ငါကျောင်းခဲ့ရတာ၊ငါစိတ်ဓါတ်မာခဲ့ပါတယ်...
ဘ၀ဘယ်လောက်ကြမ်းကြမ်းငါကူးခတ်နိုင်ခဲ့ပါတယ်
ငါအခုမခံစားနိုင်တောဘူး..ငါနေမကောင်းလည်းဘယ်သူမှမသိစေရဘူးနင်သိပါတယ်ဟာ"
"အမလေးသိမေလေးမ..နင်တော်တော်လေးကိုခံနိုင်ရည်ရှိတယ်နော်..
နင့်အမေရန်ကုန်လာတုန်းကသာနင်ရောဂါမဖြစ်ရင်ငါသိမှာ
မဟုတ်ဘူး..အတူတူနေတဲ့ငါတောင်မသိဘူးနင်တော်တော်နေနိုင်တယ်...
နင်တခုခုဖြစ်နာမှခြေမကိုင်မိလက်မကိုင်မိနင်ဖြစ်တုန်းကနင်ကဘာဖြစ်လို့ဖြစ်မှန်းမသိ.
.တော်သေးတာပေါ့..နင်အမေရှိလို့...မေလေးရေနင်ဘ၀ခရီးလမ်းကိုတောင်
လျှောက်လှမ်းနိုင်နေတာပဲ...ခုလည်းနင်ဖြတ်နိုင်မှာပါမေလေးရယ်.....နင်ကိုကိုနင်ဆီတနေ့ပြန်လာမှာပါ
နင်သာနေကောင်းအောင်လုပ်...တော်ကြာနင်ကိုကိုလာတဲ့အချိန်နေမကောင်းဖြစ်နေမယ်
"မေလေးရေ.."
"ဒေါက်..ဒေါက်"
"အောက်ကခေါ်နေတယ်နင်ကိုအဆောင်မူးအသံကြားတယ်..ဖုန်းလာလို့လားမသိဘူး..သွားလိုက်ဦး"
"အင်း..ခဏငါသွားလိုက်ဦးမယ်...."
မေလေးအောက်ကိုဆင်းတော့...မထင်မှတ်လိုက်မိဘူး...
ကိုကို့ညီမ..အောက်မှာရောက်နေတယ်...
"မမေလေး...ဖြူကိုမှတ်မိလား..."
"အင်း..ညလေးမှတ်မိတာပေါ့
..ပြောလေဘာဖြစ်လို့မေလေးဆီရောက်တာ..ကိုကိုဘာများဖြစ်လို့လည်း..
ဒါမှမဟုတ်ဘာကိစ္စလည်း...."
"ဟုတ်..မမေလေးကိုကိုစိတ်နာနေမှာပဲနော်..မပြောမဆိုထားသွားလို့...ကိုကိုပြောပါတယ်ဖြုကို.
.မမေလေးအကြောင်းကောသူမမေလေးကိုဘယ်လောက်ချစ်တာတွေကောကိုကိုပြောပြခဲ့ပါတယ်..
ကိုကိုသနားပါတယ်မမမေလေးရယ်..သူလေမမမေလေးကိုသနားလို့မမမေလေးဘ၀ထဲကထွက်သွားခဲ့တာပါ.
..ကိုကိုမှာရောဂါရှိတယ်လေ..ကိုကိုကဆရာဝန်နဲ့အမြဲ
ဆေးခန်းပြနေရတာ..သွေးသွင်းနေရတာလေသူရောဂါကြောင့်မမေလေးကိုထားခဲ့တာ.
.သူချစ်တာကိုပြောလိုက်ရင်မမေလေးတနေ့ကြကျန်ခဲ့မှာသူစိုးရိမ်တယ်လေ...သူဘ၀ထဲကိုဆွဲမသွင်းရက်ဘူး.
.မမေလေးကိုချစ်ရက်နဲ့သူထားခဲ့တာခုလည်းခုသူဆေးရုံတတ်နေရတယ်လေ
ဖြူသူခံစားနေရတာမကြည့်ရက်လို့မမေလေးဆီလာခဲ့တာ...ဖြူကိုကိုဆီလိုက်ကြည့်ပေးပါနော်"
မေလေးမျက်ရည်တွေကျနေမိတယ်ကိုကိုရယ်ဖြစ်မှဖြစ်ရလေတယ်မေလေးကိုသာအားပေးနေတာ
ကိုကိုကရောဂါတဖတ်နဲ့ကိုမေလေးမရိပ်မိခဲ့မိဘူးကိုကိုရယ်ခွင့်လွတ်ပါ..
ကိုကိုကိုအပြစ်တင်နေမိတာမေလေးမသိအောင်ထွက်သွားလို့
"ဖြူလေးမေလေးကိုကိုဆီလိုက်ကြည့်ချင်တယ်"
"လိုက်ခဲ့လေမေလေး.."
"ခဏနော်..မေလေးအကျီင်္လဲပြီးလိုက်ခဲ့မယ်"
မေလေး..သူငယ်ချင်းခင်လေးကိုခေါ်ပြီးဆေးရုံလိုက်သွားခဲ့တယ်..ဟိုရောက်တော့
..ကိုကိုကမျက်လုံးပြူးကြည်နေပြီ..
ဖြူလေးကို..
"ဲဖြူလေးငါနင်ကိုအတန်တန်မှာထားသားနဲ့နင်အပိုတွေလုပ်တယ်"
"ကိုကိုဖြူလေးကိုအဲလိုတော့မပြောပါနဲ့မေလေးလိုက်ချင်တယ်ဆိုလိုဖြူခေါ်လာတာပါ.
..မေလေးကိုမတွေချင်လည်းမေလေးပြန်ပါမယ့်...ကိုကိုစိတ်ချမ်းသာအောင်ကျန်းမာအောင်နေခဲပါ..."
ကိုကိုရယ်ပြောရက်လိုက်တာမေလေးကိုတွေ့တာတောင်ဝမ်းမသာနိုင်ဘူး..
ဘာလို့အဲလောက်တောင်ဖြစ်ရတာလည်းကိုကိုရယ်
မေလေးမှာဘာအပြစ်တွေရှိလို့လည်း....
"မေလေးသတိထားဦး...နင်အရမ်းမခံစားနဲ့လေ..ငိုချင်ငိုလိုက်..အောင့်မထားနဲ့.....မေလေး
..ဟဲ့မေလေးးးးအိုးးးးးးးးး"
"မေလေးတယောက်လောကကြီးနဲ့သူကိုကိုထားသွားခဲ့ပါပြီ.......
ဖြစ်မှဖြစ်ရလေမေလေးရယ်..
ကိုကိုသာနင်ဒီလိုဖြစ်တာသိခဲ့မယ်ဆို...........................
ကံဆိုးမလေးမေလေးရေဒီဘ၀ချစ်ကံခေပေမယ်နော့င်ဘ၀ဆက်တိုင်းချစ်တဲ့သူနဲ့ပေါင်းရပါစေ
မေလေးရေ....
ပရဟိတ...ချစ်ခြင်း
သံယောဇဉ်ဆိုတာအချိန်တွေတရက်ပြီးတရက်ကြာလာတာနဲ့အမျှ
တိုးတိုးလာပါတယ်သူ့ကိုသံယောဇဉ်ခင်တွယ်မူတွေကတရစ်ပြီး
တရစ်တိုးနေတော့တာပါပဲ။
သံယောဇဉ်ဆိုတာတချို့လူတွေကလိုက်ရှာမှ တွေ့တတ်ကြပြီး
တစ်ချို့လူတွေအတွက်ကတော့ ထိုင်နေရင်းနဲ့ သံယောဇဉ်က
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်ပါတယ်။ဒါပေမယ့်ရှင်းအတွက်ကတော့
သူကိုတွေရှိမိတာပါ။အဲဒီချိန်မှစလို့ရှင်းကို
တစ်ရစ်ပြီးတစ်ရစ် ရစ်ပတ်နေတဲ့ သူရဲ့ သံယောဇဉ်ကြိုးလေးကတော့ ဘယ်လိုမှထိန်းချုပ်လို့မရနိုင်ခဲ့ပါဘူး။
သံယောဇဉ်ဖြစ်နေမိခဲ့တာလေ။  ဒါကို ရှေးရေစက်လို့ ခေါ်ချင်လည်း ခေါ်ဆိုနိုင်သည်ပေါ့။
ရှင်း ကိုသူ နှင့် တွေ့ဆုံပေးသည့်ရှေးရေစက် ဆိုတာကိုလည်း အလိုလိုကျေးဇူးတင်မိပါတယ်။
ဒါပေမယ့် တချိန်ချိန်မှာ ရှေးရေစက် ပျက်ပြယ်သွားမှာကိုလည်း ရှင်း ကြောက်နေမိတယ်။
သူအတွက်ကြောင့်ပျော်ရွှင်မူတွေရနေခဲ့တယ်။ချစ်ခင်မူတွေရနေခဲ့တယ်။
အောင်မြင်မူမှတ်တိုင်တွေရနေခဲ့တယ်။
ရှင်းလေသူကိုအတိုင်းအဆမသိချစ်နေခဲ့တယ်။မြတ်နိုးနေခဲ့မိတယ်။
လူတိုင်းကတော့ကိုယ်ချစ်ခြင်းတွေကိုအပြိုင်အဆိုင်အမျိုးမျိုးဖွင့်ဆိုလိမ့်မယ်
ရှင်းကတော့သူကိုချစ်တဲ့ချစ်ခြင်းကိုရိုးရိုးလေးပဲဖွင့်ဆိုချင်တယ်။ အတ္တနှင့် ယှဉ်ပြီး ရယူဖို့မစဉ်းစားဘူး
သူကိုရှင်း အချစ်ကိုသာလှူချင်မိတာပါ။ချစ်သူရယ်ငါအချစ်ကိုမင်းကို လှူနေတယ်။
မင်း ကျေနပ်စွာဖြင့် လက်ခံ၍ ဖြေးဖြေးချင်း စားသုံးပါကွယ်။
သူကိုအဲလောက်ထိကိုချစ်နေမိတာပါ
သူသည်ရှင်းအတွက်တော့သံယောဇဉ်နှောင်ကြိုးလေးတစ်မျှင် ပါ။
သူကို ရှင်းရဲ့ချစ်ခြင်းတွေသာပေးနေတာပါ။
သူအချစ်ကိုတော့မရယူချင်ပါဘူး။သူကိုအပူမပေးရက်တာပါလေ..
လူတိုင်းကတော့ရှင်းကိုအချစ်ရူးထင်နေလိမ့်မယ်။
ချစ်သူရယ်
ရှင်း အချစ်ကသူ၏ မနက်ဖြန်အတွက် အင်အားများစွာကို တိုးပွားပေးနိုင်သည့်ပြင် ရှင်းအချစ်က
သူအတွက် ဘေး ကင်းမယ်လို့အာမခံပါတယ်။
ရှင်းရဲ့ပရဟိတ ချစ်ခြင်းအတွက်လည်းသူ လုံခြုံအေးချမ်းစွာရှိပါလိမ့်မည်လို့ယုံကြည်မိတယ်။
သူအတွက်ရှင်းချစ်ခြင်းကတော့ပရဟိတချစ်ခြင်းလို့သာတင်စားချင်ပါတော့တယ်။
 အားလုံးကိုချစ်ခင်လေးစားလျှက်
လူတိုင်းချစ်ခြင်းနဲ့ပြည့်စုံပါစေ
ရှင်းသန့်မေ
****ကျွန်မဘ၀မီးအိမ်ရှင်လေး****
ကည်လင်တောက်ပနေတဲ့ မိုးကောင်းကင်ကြီးကို ကျွန်မ
မျက်စိတစ်ဆုံ ငေးကြည့်နေရင်း နွေးထွေးတဲ့လေညင်းလေးတွေကလဲ
ကျွန်မရဲ့ စိတ်တွေကို အဝေးတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့တယ်
ဒါပေမဲ့ ကျွန်မရင်ထဲမှာခံစားနေရတယ် ဖြစ်ချင်ခဲ့တဲ့အရာလေးတစ်ခုကတော့
ကျွန်မအခုချိန်မှာသူ ရဲ့လက်ကလေးကိုတွဲပြီး
ဟိုးအဝေးက ကောင်းကင်ကြီးဆီကိုထွက်ပြေးသွားလိုက်ချင်တယ်။။။။။။
ကျွန်မ ဝမ်းနည်းနေချိန် မှာဆိုရင်သူက ကျွန်မကို အမြဲတမ်းအားပေးနေတဲ့ သူတစ်ယောက်ပေါ့
သူသာကျွန်မဘဝရဲ့ မီးအိမ်ရှင်းလေးပါ
သူချစ်ခြင်းသာကျွန်မရမယ်ဆိုရင် ကျွန်မ အရာအားလုံးကို
စွန့်လွတ်အဆုံးရှုံးခံရဲတယ်
"မြူဘာဖြစ်နေတာလဲ မျက်နှာလဲ မကောင်းပါလား နေမကောင်းဘူးလား"
"ကောင်းပါတယ် အိပ်ရေးပျက်တာများလို့ မရွှင်မလန်းပဲဖြစ်နေတာပါ"
|"မှန်းစမ်း နဖူးကိုစမ်းကြည့်ရအောင်"
"ဟာ ..နင်ကလဲ "
"ကဲပါ ရှက်မနေနဲ့ကိုတော့မပူပါဘူး ကဲ ဒီလိုလုပ် စိတ်ညစ်တာလေးတွေပျောက်သွားအောင်
ကိုတို့တစ်ခုခုသွားစားကြမယ်လေ"
"ကောင်းသားပဲ"
အဲလိုလေးတွေဂရုစိုက်တတ်ခဲ့တာသူကကျွန်မအပေါ်ကိုလေ
ကျွန်မအားငယ်နေချိန်မှာ ဆိုရင်တော့ သူက အားပေးဖ်ာပေါ့ ကျွန်မစိတ်ညစ်နေတဲ့
အချိန်မှာဆိုရင်လဲ သူက ကျွန်မပျော်ရွှင်အောင် လုပ်ပေးတက်တဲ့သူတစ်ယောက်ပေါ့
သူနဲ့တွေ့ရင်လဲ ကျွန်မဟာအရမ်းပျော်ရွှင်နေတဲ့သူတစ်ယောက်ပေါ့ ဘာကြောက့်လဲဆိုတော့
သူက ကျွန်မကိုပျော်ရွှင်အောင်ထားတယ်လေ။။။
သံယောဉ်ဇဉ်ဆိုတဲ့ ကမ္ဘာလေးက အချိန်ကြာလာတာနဲ့အမျှ အချစ်ဆိုတဲ့ကမ္ဘာလေးသို့
ကူးပြောင်းကြစမြဲပါ ဒါပေမဲ့ကျွန်မသိလိုက်တယ် သူ့ကိုကျွန်မချစ်နေမိတယ်ဆိုတာကိုပဲ သူ့ရဲ့
အပြုံးကတော့ ကျွန်မအတွက်တော့ ဟန်ဆောင်မှူတွေကင်းမဲ့လှပါတယ် သေချာတယ်
ကျွန်မသူ့ကို ချစ်မိနေပြီ ဖွင့်ပြောဖို့ကလဲ ကျွန်မက မိန်းမသားလေ အို
မိန်းမသားဖြစ်ရတာလဲမလွယ်ပါလား
"လင်းလင်း"
"အင်း ပြောလေ မြူ"
"မနက်ဖြန်ဘာနေ့လဲသိလား"
"အင်းမနက်ဖြန်...မနက်ဖြန် sunday လေ ဘာဖြစ်လို့လဲမြူရဲ့"
"အော်...ဘာမှမဟုတ်ပါဘူးမေးကြည့်တာပါ မနက်ဖြန်နင်အားလား"
"မနက်ဖြန်ငါမအားဘူးမြူ..ချိန်းထားတာရှိလို့"
"အော်အေးအေး..ဒါဆိုလည်းနေတော့ငါဘာသာသွားလိုက်မယ်"
ကျွန်မလေ၀မ်းနည်းသွားမိတယ်သူကျွန်မမွေးနေ့ကိုမေ့နေခဲ့တယ်.ကျွန်မလေသူမွေးနေ့ကို
တရက်မှမမေ့ပါဘူး.သူမွေးနေ့ရက်တိုင်းကျွန်မသူအတွက်ကုသိုလ်တွေအမြဲလုပ်ဖြစ်ခဲ့တယ်
"မြူ..ဟဲ့အော်..ဘယ်လိုဖြစ်နင်စိတ်မကြည်ဘူးလား
လာကစားကွင်းသွားမယ်"
သူရဲ့ဂရုစိုက်မူရတော့လည်းသူကိုစိတ်ဆိုးမိတာကျွန်မမေ့သွားခဲ့ပါတယ်
အဲနေ့တနေ့လုံးကျွန်မအရမ်းပျော်ရွှင်ခဲ့ပါတယ်သူရဲ့ဂရုစိုက်မူအလိုလိုက်မူ
ကစားကွင်းကနေညနေစောင်းထိဆော့ခဲ့ပြီးအအေးဆိုင်ထိုင်ခဲ့ပါတယ်နောက်
ကျွန်မကိုအိမ်လိုက်ပို့ပေးခဲ့ပါတယ်။
.နောက်နေ့မနက်ကတော့ကျွန်မတယောက်တည်းဘုရားကိုသွားဖြစ်ခဲ့ပါတယ်
ဘုရားသွားဆွမ်းချိုင့်ပို့ပြီးကျွန်မအိမ်မှာပဲအချိန်တွေကုန်ဆုံးစေခဲ့ပါတယ်
ည(၈)နာရီရောက်တော့ဖုန်းသံကြားလို့သွားကိုင်မိချိန်မှာတော့
"ဟလို"
"ဟလို ...မြူ..မြူလား"
"အင်း..လင်းလင်း..မြူပါ ပြောလေ ဘာဖြစ် အသံကလည်း နင်မူးနေတာလား "
အေး..ဟုတ်တယ်မြူ..ငါခံစားနေရတယ်ဟာငါကိုခွင့်လွတ်ပါဟာ..ငါလေငါဒီနေအရမ်းမူးနေတယ်
ငါချစ်သူကငါကိုမချစ်ဘူးတဲ့မြူရယ်.ငါလေအရမ်းခံစားရတယ်..ဒီနေ့သူကအဖြေပေးမယ်ဆိုလို့
ငါသွားခဲ့တာ..ဟိုရောက်တော့...သူက..ငါ..ငါကိုသူချစ်သူနဲ့မိတ်ဆက်ပေးတယ်ဟာ.....
မြူငါ..ငါဘာဆက်လုပ်ရမလည်းး....ငါအရမ်းစိတ်ညစ်တယ်...အေ့..."
ဘုန်း....(..ဖုန်းခွက်လွတ်ကျသံ)
"ဟဲ့..အော်..ဖုန်းလွတ်ကျသွားတာတူတယ်..."
ကျွန်မဘာပြောရမလည်း..ကျွန်မသူကိုဘယ်လိုအားပေးရမလည်း...ဒီအချိန်မှအပြင်ထွက်ရင်
လည်းမေမေကဆူမှာ..သူကိုကျွန်မစိုးရိမ်နေမိတယ်...သူဘယ်လိုနေရှာမလည်း...
ကျွန်မတညလုံးဖုန်းနားကမခွာပဲထိုင်နေခဲ့မိတယ်သူများဖုန်းပြန်ဆက်လာလေမလား..
ကျွန်မမနက်(၆)နာရီကျတော့မနေနိုင်တော့ဘူးမေမေကိုပြောပြီးအပြင်ထွက်လာမိခဲ့တယ်
သူအိမ်ကိုပေါ့..
"ဒေါက်..ဒေါက်"
ကျွန်မဘယ်လိုခေါက်ခေါက်သူကမနိုးလာပါဘူး..ကျွန်မအချိန်ကြာအောင်သူအခန်းရှေ့ထိုင်စောင့်
လိုက်ရတယ်သူကမနက်(၁၀)နာရီမှနိုးလာခဲ့တယ်..သူတံခါးဖွင့်ဖွင့်ချင်း
'မြူ..နင်ဘယ်အချိန်တည်းကရောက်နေတာလည်းဘာဖြစ်လို့လည်း..ဘာကိစ္စရှိလို့လည်း..
နင်တခုခုဖြစ်လို့လား .."
သူကကျွှန်မကိုပြန်မေးနေတယ်...
"ငါခေါင်းမူးနေတယ်ဟာညကတော်တော်မူးသွားတယ်..နင်ခဏထိုင်နော်
ငါမျက်နှာသစ်လိုက်မယ်"
သူမျက်နှာသစ်နေတုန်းကျွန်မကော်ဖီဖျော်ပေးလိုက်တယ်သူအတွက်
သူရယ်နင်ဟန်ဆောင်ကောင်းနေတာလားနင်ဘာဖြစ်လို့မပြောတာလည်း
ငါအတွက်စိတ်ပူနေလို့လား ငါရင်ဘတ်ထဲနင်မြင်နေတာလား သူရယ်
"မြူဘာလုပ်နေတာလည်း အော်နင်ကလည်း အိမ်မှာဘာမှရှိဘူးဟ.အပြင်သွားစားမယ်လေ"
"အင်းပါ....စားပါမယ်နင်ခေါင်းမူးနေတယ်ဆိုလိုကော်ဖီဖျော်လိုက်တာ..."
"အဲဒါတွေကြောင့်ငါသူငယ်ချင်းလေးကိုချစ်နေရတာ"
ဆိုပီးကျွန်မပါးဖောင်းဖောင်းကိုသူလာဆွဲပါတယ်...တခါတလေသူကအဲလိုပဲ
ကျွှန်မကိုသူညီမလေးလို..တခါတလေကျတော့လည်း
..ကျွန်မသိက္ခာကျမှာအရမ်းကြောက်တာလေလမ်းသွားရင်တောင်ကျွန်မနဲ့ယှဉ်မသွားလို့
ကျွှန်မအတင်းပြောယူမှခုတူတူလျှောက်တာ တော်ကြာနေသူများမြူကိုထင်မှာစိုးလို့တဲ့လေ
သူအိမ်ကိုတောင်မလာခိုင်းဘူး လေ ကျွန်မအတွက်သူကတော့မီးအိမ်ရှင်လေးဖြစ်သလို
လေးစားစရာသူငယ်ချင်းယောက်ျားလေးပါ..သူကိုကျွန်မလေးလည်းလေးစားသလို
ချစ်လည်းချစ်တယ်..သူအခုအားငယ်နေတဲ့အချိန်သူကအားပေးချင်နေမိတယ်လေ
                     ကျွန်မကြေကွဲအားငယ်နေချိန်မှာသူရဲ့  အားပေးမူ ရယ်မောစရာပျက်လုံးတစ်ချို့ ကြောင့် ပြုံးခဲ့ဖူးတယ်ခဲ့ရတယ်။
ခုချိန်မှာ သူပြုံးအောင် ကျွန်မစွမ်းဆောင်နိင်ပမလား..ဒဏ်ရာသက်သာတဲ့ဆေးတစ်ချို့ တော့သူအတွက်ပေးချင်မိတယ်
သူခဏသက်သာလိုညားပေါ့.....။
သူရယ်ကျွန်မ ကသူအတွက် အကောင်းဆုံးသမားတော် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်သူအတွက်ကျွန်မအချစ်ကသူအတွက်တော့
ပေးဆပ်ပြီးချစ်မယ့်အဖြူရောင်အချစ်သန့်သန့်လေးပါ။
သူကိုကျွန်မချစ်နေတာသူမသိလည်းနေပါစေ သူဒဏ်ရာပျောက်ကင်းဖို့သာကျွန်မဆုတောင်းနေမိတော့တယ်...
အချစ်ဆိုတာ ကိုယ်ချစ်တာကိုသူသိမှမဟုတ်ပါဘူးလေ သူအပေါ်ပေးဆပ်နေရင်းကိုကျေနပ်နေခြင်းကလည်း
အချစ်ပဲလို့ကျွန်မယုံကြည်လိုက်မိတယ်..သူသိသည်ဖြစ်..မသိသည်ဖြစ် ..ကျွန်မချစ်ခြင်း က
ရှိနေမယ်..ဖြစ်တည်နေမယ် ..ချစ်နေမယ် ဆိုတာပါပဲ.....
ချစ်သူတိုင်းအတွက် ကိုယ်ချစ်ရသူက ကိုယ်အတွက် မီးအိမ်ရှင်လေးပါပဲ
ချစ်သူတိုင်း စစ်မှန်ချစ်ခြင်းရရှိနိုင်ပါစေ။
အချစ်ရဲ့အေးမြခြင်းကိုခံစားရရှိနိုင်ပါစေ။
အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ