Monday, December 8, 2014

ဘာလိုသေးလဲအချစ်ရယ်


လာပါ အချစ်ရယ်
မင်းကဗျာတွေကို ငါကရေးပြီး
ငါ့ တေးတွေကိုမင်းကဆိုပေးလေ.
ဟောသည်
စမ်းချောင်းနံဘေးမှာ
တစ်ယောက်ရင်ခုန်သံ
တစ်ယောက်နားထောင်ရင်း
အတူတူ ခိုလှုံခဲ့ကြတာပေါ့.
တို့ရင်ခုန်သံအားလုံးဟာ
ဒီနေ့ မနက်ဖန်
အနာဂတ် ပစ္စုပ္ပန်အားလုံး
မင်းနှလုံးသားမှာ
ပန်းတပွင့်လို ပွင့်စေမယ်
မင်းရင်ခွင်ဦးမှာ
ငါ့နဖူးကို မှေးတင်ချင်မှေးတင်မယ်
တခါတလေလည်း
ငါ့ရင်ခွင်မှာ မင်းက ခေါင်းအုံးရင်း
တစ်ယောက်ရဲ့အချစ်ရိပ်တွေကို
တစ်ယောက်ဖတ်ကြတာပေါ့
ဟောသည်
ပင်လယ်ကြီးကဘယ်လောက်ကျယ်ပါစေ
ကောင်းကင်ကြီးဘယ်လောက်မြင့်ပါစေ
ငါတို့ ချစ်ခြင်းများနဲ့ကျော်ဖြတ်ကျတော့ပေါ့
ကဲ ...နောက်ထပ် ဘာလိုသေးလဲအချစရယ် ။
လေးစားလျက်
ရှင်းသန့်မေ

ပန်းသီးလေးသာဖြစ်မယ်ဆိုရင်


ဘုရားသခင် ဖန်ဆင်းလိုက်တဲ့
ချစ်သူဟာငါ့အတွက်
အာဒံဖြစ်သလို
ငါ့အတွက်
နံရိုးတစ်ချောင်းလည်းဖြစ်ရဲ့
ချစ်သူရယ်
မင်းကသာထာဝရပါလို့ပြောရင်
ကိုယ်ဟာသက်ဆုံးတိုင်
မင်းရဲ့ကျွန်ဖြစ်လိုက်ချင်မိသူပါ
ချစ်သူရယ်
မင်းကသာထာဝရ
ချစ်တယ်လို့ပြောရင်
ကိုယ်ကထာဝရထက်တစ်ရက်
ပိုချစ်မိသူရယ်ပါ။
ချစ်သူရယ်
ရင်ထဲကနှလုံးသားသာ
ပန်းသီးတစ်လုံးဖြစ်ခဲ့မယ်ဆိုရင်
ဧဝကအာဒံကိုကျွှေးသလို
တကိုက်ဖြစ်ဖြစ်
ချစ်သူကိုကျွေးချင်ပါတယ် ချစ်သူရယ်။


လေးစားလျက်
ရှင်းသန့်မေ

လွမ်းတယ်

မျှော်နေမိတယ်
မင်းလာမလားလို့
စိတ်ပူမိတယ်
မင်းနေကောင်းရဲ့လားလို့
တွေ့ချင်မိတယ်
မင်းမျက်နှာလေး
စောင့်နေမိတယ်
မင်းလာချိန်လေး
ရေးနေမိတယ်
မင်းအတွက်ကဗျာလေး။

လေးစားလျက်
ရှင်းသန့်မေ

မင်း ဘယ် မှာ လဲ ကွယ်




စိတ် တွေ အ ၇မ်း ပင် ပန်း နေ တဲ့ အ ချိန်
နူး ညံ့ တဲ့ အ ပြုံး နဲ့ ဖေး မ တတ် သူ ရေ
ခု တော့ မင်း ဘယ် မှာ လဲ ကွယ်
လော က ကြီး ကို အ ရှုံး ပေး ချင် နေ တဲ့ အ ချိန်
ချို သာ တဲ့ စ ကား လုံး တွေ နဲ့ အား ပေး တတ် သူ ရေ
ခု တော့ မင်း ဘယ် မှာ လဲ ကွယ်
အ ရာ ရာ အား လုံး မေ့ ထား ချင် တဲ့ အ ချိန်
အ နား မှာ အမြဲရှိနေပေးပြီးအားပေး တတ်တဲ့ သူရေ
ခု တော့ မင်း ဘယ် မှာ လဲ ကွယ်
စိတ် ဓါတ် တွေ အ ရမ်း ကျ ဆင်း နေ တဲ့ အ ချိန်
မင်း ကြင်နာတဲ့လက်တစ်စုံကြောင့်
ဖြတ် ကျော် ခဲ့ ရ တယ်
ဘယ် လို ကိစ္စတွေ ဖြစ် နေ ဖြစ် နေ
အ နား မှာ အ မြဲ ရှိ နေ ပေး ပြီး
အား ပေး ပါ မယ့် ဆို တဲ့ သူ ရေ
ခုတော့ မင်း ဘယ်မှာလဲ ကွယ် ။
လေးစားလျက်
ရှင်းသန့်မေ

Thursday, June 19, 2014

ဖျားတယ်



အိပ်မက်တွေ ဖျားတယ်
မျှော်လင့်ခြင်းတွေ ဖျားတယ်
အချစ်တွေ ဖျားတယ်
အမုန်းတွေ ဖျားတယ်
အလွမ်းတွေဖျားတယ်
အဆွေးတွေဖျားတယ်
ပျော်ရွှင်ခြင်းတွေ ဖျားတယ်
ခင်မင်မှုတွေ ဖျားတယ်
ငိုကြွေးမူတွေဖျားတယ်
လောကနိတိတွေ ဖျားတယ်
ကျင့်ဝတ်တွေ ဖျားတယ်
စည်းကမ်းတွေ ဖျားတယ်
လူမူရေးတွေ ဖျားတယ်
အကြည်ဓာတ်တွေ ဖျားတယ်
သံယောဇဉ်တွေ ဖျားတယ်
မျှော်လင့်ချက်တွေ ဖျားတယ်
ငြိမ်းချမ်းရေးတွေဖျားတယ်
ဖျားနာခြင်းတွေ ဖျားတယ်
ဖျားတယ်
စိတ်ဖျားတာကတော့အဆိုးဆုံးပဲ။

လေးစာလျက်
ရှင်းသန့်မေ

Monday, February 17, 2014

လောဘကြောင့် ဒဏ်သင့်သူ



အန်တီဒီနေ့ဘာကောင်းလဲ

၂ကောင်းတယ်ပြောတာပဲအေ
၂ပတ်ထားတယ်ကျုပ်တော့

မနေ့ကအဘဆီသွားတွက်တော့
သုံးကွက်ပေးလိုက်တယ်
ကျမတော့ အဘပေးလိုက်တာထိုးထားတယ်

ဟုတ်လားပြောအန်တီလည်းထိုးလိုက်မယ် နှစ်လုံးမပိတ်ခင်လေး

၂၅
၂၇
၂၉တဲ့ကျမတော့ဒီသုံးကွက်ကိုအပိုင်
တကွက်ကို ၂၀၀၀ကျပ် ပတ်လည်ထိုးထားတယ်

အေး အန်တီလည်းပတ်လိုက်မယ်
အိမ်ကညီးအန်ကယ်ကမကြိုက်ဘူး အန်တီကဈေးဖိုးကခိုးခိုးပြီးထိုးတာ
ညီးထိုးတာကောင်းတယ်ပေါက်ရင်တချီးတည်းပဲအားကျတယ်အေ
အန်တီကတော့အိမ်ကဟာကြီးကြောက်ရတယ် ခုတောင်တကွက် ၂၀၀
ဖိုးနဲ့၂ကိုပတ်ထားတာ၁၀ ကွက် ခုညီးပေးတဲ့သုံးကွက် ဒီနေ့ဈေးဖိုးအတော်လျော့သွားပြီ
ဘယ်လိုအကြောင်းပြရမှန်းမသိတော့ဘူးအေ သွားပြီ သွားပြီ ပြေးထိုးအုန်းမှဈေးလည်းပြေးရအုန်းမယ်

ကျမစိတ်ထဲဟိုဘက်လမ်းကမိလှအကြောင်းတွေးရင်း သူများယောကျာ်းတွေများဘာမမပြောဘူး အိမ်ကဟာနဲ့ကွာပ စိတ်ထဲတွေးရင်း နှစ်လုံးထိုးမည့်အိမ်ဆီသွားနေမိတော့သည်။

ကောင်လေးဒီသုံးကွက် ထပ်ပတ်လိုက်၂၀၀ဖိုးဆီ

အဒေါ်ကြီးခုနက၂ပတ်ပြီးပြီမလား

အော်ဒါကအဘပေးတာတဲ့ဟိုဘက်လမ်းကမိလှပေးတာ ဒါကြောင့်ထပ်ပတ်တာ

အော်

ကျမလည်းနှစ်လုံးထိုးပြီးပြီချင်းဈေးပြေး
ဝယ် အိမ်အမြန်ပြန်ချက်ပြုတ်
နေ့လည်အိမ်ကဟာကထမင်းပြန်စားမှာဆိုတော့

ချက်ပြုတ်ရင်းနာရီကလည်းတကြည့်ကြည့်နှလုံးထီက ၁၁နာရီဆိုထွက်တော့မှာ
ဘာဂဏန်းထွက်ပါလိမ့်တွေးနေတုန်းမှာ

အိမ်ကယောကျာ်းကပြန်လာပြီး

မိန်းမရေဘာချက်

ဂဏန်းထွက်တယ်

ဘယ်လို မင်းဘာပြောလိုက်တာ

ဟို ဟို မှားလို ဘဲဥချက်တယ်

ဒီဘဲဥကမထွက်တော့ပါလား

ရှင်ကလာ်းရှင်ပေးတဲ့ပိုက်ဆံနဲ့ဆန်ဆီဆားငရုပ်ကြက်သွန်အကုန်ဝယ်ရတာ ဘယ်လောက်မလဲ
ရှင်ရေချိုးလိုက်
ကျမထမင်းခူးထားလိုက်မယ်

အေးကွာဗိုက်ကဆာနေပြီ

တော်သေးကျမယောင်ပြီးထွက်သွားတာသူမသိလိုက်လို့တော်သေးတယ်

နို့မို့ ဈေးဖိုးထပ်စစ်ပေါ်ကုန်မှဖြင့်

ထမင်းခူးရင်း ဘာဂဏန်းထွက်လည်းမျှော်နေမိသည်။

အိမ်ရှေ့ဆိုင်က မယ်မြကိုသွားမေးအုန်းမှပါ

ကျမလည်တဆန့်ဆန့်ဖြစ်နေတာ
အိမ်ကယောကျာ်းကရိပ်နေပုံ

မိန်းမဘာဖြစ်နေတာလဲ

ဘာမှမဖြစ်ပါဘူးဝမ်းသွားနေတာဗိုက်သိပ်မကောင်းလို့ စိတ်ထဲမကြည်သာဘူး

ဒါဆိုဆေးသွားပေးရမလား

နေနေရှင့်ထမင်းရှင်စားပါသက်သာသွားလိမ့်မယ်

ကျမယောကျာ်းကကျမအပေါ်ဂရုစိုက်တတ်သူပါ။

သို့ပေမယ့်ကျမချဲထိုးတာသာကြည့်မိုးမီးလောင်မည်ဖြစ်သည်။

တခါတုန်းကကျမချဲထိုးတာသိပြီး
မင်းငါကိုဖြတ်မလားချဲကိုဖြတ်မလား
လင်မယားကွဲတဲ့အထိဖြစ်ခဲ့သည်။

သူထမင်းစားနေတုန်းမှာကျမမယ်မြဆီသွားမေးအုန်းမှပါ။

မယ်မြဘာထွက်သွားလဲ

အမ ၂၇တဲ့

ဟေ ဟုတ်လားဝမ်းသာလိုက်တာ
အမထိုးထားလို့လား

အေး သွားလိုက်အုန်းမယ်အေအိမ်ကလူကြီးမသိအောင်ခဏထွက်လာတာ

ဟုတ်အမ

မိန်းမဘယ်သာံးတာလဲ
ဝမ်းမကောင်းလည်းဆိုသေးအိမ်မှာမနေဘူးယောကျာ်းအလုပ်ပြန်သွားတော့မယ်

ညနေကျဘာမှမချက်နဲယောကျာ်းမိန်းမအတွက်တခုခုဝယ်လာမယ် ဝမ်းသွားနေတာ နားနားနေနေ နေလိုက်

အင်းယောကျာ်းစောစောပြန်ခဲ့

ကျမယောကျာ်းလည်းထွက်ပသွား ကျမချဲထိုးတဲ့ကောင်လေးဆီထွက်လာလိုက်သည်။

လမ်းမှာမိလှနဲ့ထပ်တွေ့သည်။

အန်တီပေါက်တယ်မလား

အေးညီးကောပေါက်တယ်မလား

သွားထုတ်ရအောင်

ချဲဒိုင်ကောင်လေးဆီရောက်တော့
နှစ်ယောက်သားပြုံးနေပုံထောက်ပေါက်လိုနဲ့တူတယ် ခဏစောင့် ကျနော်ပိုက်ဆံတွက်ပြီးပေးမယ်

အဲဒီအချိန်မှာပဲ
ရဲတွေရောက်ရှိလာခဲ့သည်

ကျမတို့လည်းချဲဒိုင်ကောက်လေးနဲ့အတူ ဘုမသိ ဘမသိစွာ ချဲလက်မှတ်ကိုင်ဆောင်မူဖြင့်စခန်းသို့ပါလာခဲ့သည်။

ကျမယောကျာ်းလာနိုးနိုးသာမျှော်နေမိသည်။

တကယ်တမ်းရောက်လာသူက ကျမတို့အိမ်ရှေကမယ်မြ

အမယောကျာ်းကမလာဘူးကျမကိုအာမခံထုတ်ခိုင်းလိုက်တယ်
ပြီးတော့စာတစ်စောင်ပေးလိုက်တယ်

မိန်းမ

ငါကဘယ်က်ေရှာရှာအိမ်ရှင်မဖြစ်တဲ့မင်းက ဥစ္စာဖြိုစားဖိုကတဲထိန်းသိမ်းရမှာကမင်းလေ
ခုတော့ငါကအိပ်ပေါက်နဲ့ဖားကောက်မိသလိုပဲဒါကြောင့် မင်းလည်းမင်းဘဝနဲ့မင်းနေခဲ့တော့

မင်းရဲ့ယောကျာ်းမောင်ဘ

ကျမရှိုက်ကြီးတငင်ငိုနေမိသည်။

သားသမီးမရှိလို့ကျမအပေါ်ဂရုစိုက်တဲ့ကျမယောကျာ်း ကျမအားပစ်ခွာသွားပြီ။

စိတ်ကွယ်ရာမရှိဆိုတဲ့စကားတကယ်မှန်ပါလားနော်

ကျမအုမင်မှန်ရနေပါပြီ။အရင်လိုလည်းမမိုက်တော့ပါ။ကျမယောကျာ်းမရှိတဲ့နောက်ပိုင်း

ကိုယ့်ဝမ်းစားရှာဖွေရင်း တရားလည်းအားထုတ်ရင်းကျမဘဝကိုဖြတ်သန်းနေမိသည်။

ကျမဆီသတင်းဆိုးတခုကရက်စက်စွာကျရောက်လာသည်။

ကျမယောကျာ်းအက်စီးဒင့်ဖြစ်လို့ဆုံးပြီ

ကျမဘဝပျောက်ဆုံးသွားသလိုခံစားလိုက်ရသည်။

ဒီနေရက်လည်ဆွမ်းသွပ်ပြီးခဲ့ပြီ
ကျမယောကျာ်းပေးခဲ့တဲအိမ်လေးကိုရောင်းပြီး ကျမသာသနာဘောင်ထဲဝင်လာလိုက်တော့သည်။

တကယ်တော့ကျမလောဘကြောင့်
ဖြစ်ရတာ။

လောဘကြောင့်ကျမဆုံးရှူံးမူရလာဒ်ကအများအပြားပင်

ကျမပြောလိုက်ချင်ပါရဲ့လူသားအားလုံးကို
ငါးစားကိုသာမြင်ပြီးငါးမျှားချိတ်ကြောင့်ကိုယ့်ဘဝတခုလုံးပြောင်းလဲသွားစေတာ
ကျမဘဝလက်တွေ့ပင်ဖြစ်ကြောင်းကိုပြောပြချင်မိပါတော့သည်။

လေးစားလျက်
ရှင်းသန့်မေ

ထပ်တူကျတဲ့ဆန္ဒ



ပန်းခင်းလမ်း
မဟုတ်ပေမဲ့
ငြိမ်းချမ်းမှု့ တွေနဲ့ 
သာယာစိမ်းစိုတဲ့
လမ်းတခု
တွဲလက်ယှဉ်ပြီး
လျှောက်လိုက်ချင်ရဲ့။

ပန်းခင်းလမ်း
မဟုတ်ပေမဲ့
အေးချမ်းမှု့ တွေနဲ့ 
သာယာစိုပြေတဲ့
လမ်းတခု
အတူယှဉ်တွဲပြီး
လျှောက်လှမ်းလိုက်ချင်ရဲ့။

ပန်းခင်းလမ်း
မဟုတ်ပေမဲ့
အေးအတူပူအမျှ့နဲ့
သာယာလှုပတဲ့
ဘဝလမ်းတခု
တွဲလက်ယှဉ်ပြီး
တည်ဆောက်လိုက်ချင်ရဲ့။

အလှမ်းဝေးတဲ့
တို့နှစ်ယောက်
စိတ်ကူး ပီတိတွေနဲ့ 
စိတ်ထဲ ဖြစ်ပေါ်လာတာတဲ့
အချစ်အိမ်မက်တွေနဲ့အတု
မပြောင်းလဲတဲ့
အချစ်ခံစားမှု
ချစ်သူနဲ့ နှစ်ကိုယ်တွဲ
လျှောက်ချင်တဲ့ ဆန္ဒ
တူနှစ်ကိုယ်စိတ်မှာ
ထပ်တူကျနေခဲ့တယ်။

လေးစားလျက်
ရှင်းသန့်မေ