Tuesday, December 24, 2013

ကျမချစ်သည် ချစ်နေသေးသည် သို့ပေမယ် စွန့်လွတ်လိုက်တော့မည်:(

ကျမသည်ချစ်သူအတွက် ချစ်သူဖြစ်သလို ကျမသည်ချစ်သူအတွက်သူငယ်ချင်းကောင်းဖြစ်သည်။
ကျမသည်ချစ်သူအတွက်အမတစ်ယောက်ဖြစ်သလို ကျမသည်ချစ်သူအတွက်ညီမတစ်ယောက်လည်းဖြစ်ခဲ့သည်။

သူ့အတွက် စိုးရိမ်မှုများစွာ၊ခံစားချက်တွေများပြားစွာဖြင့် ကျမရဲ့အချိန်များစွာသည်သူအတွက်ဖြစ်တည်ခဲ့သည်။

သူဝမ်းနည်းအားငယ်ချိန်မှာကျမသည်အမတစ်ယောက်လိုဖေးမခဲ့သလို သူပျော်ရွှင်ချိန်တွေမှာ ညီမတစ်ယောက်လို သူစိတ်ကြည်နူးနေချိန်မှာချစ်သူတစ်ယောက်လိုသူ့အနားခစားနေခဲ့သည်။

သူရဲ့ချစ်သူဖြစ်ရခြင်းကိုဒီကမ္ဘာပေါ်တွင် ပျော်ရွှင်စရာဟာ သူ့ရင်ခွင်လို မှတ်ယူနေမိခဲ့သည်။
.ကျွန်မ၏ ချစ်ခြင်းသည် သူနှလုံးသားတွင်ဖြစ်တည်ပြီး
သူအချစ်သည် ကျမနှလုံးသားတွင်ဖြစ်တည်နေတယ်လို့မှတ်ယူပြီးသစ္စာတရားကို သူတစ်ယာက်ထံအပ်နှံခဲ့ဖူးသည်….။

သူ့ဖုန်းသံတွေကြားတိုင်းဘယ်နေရာရောက်ရောက် မအားလပ်တဲ့ အချိန်တွေထဲကသူအတွက်အချိန်ပေးခဲ့ဖူးသည်။

ကျမအသက်ရူသံတချက်မြည်တိုင်းသူအတွက်ရင်ခုန်ခဲ့ဖူးသည်။
ကျမရူးသွပ်ခဲ့သလောက် ကျမသစ္စာရှိခဲ့သလောက်
သူအတွက် ကျမသည်သူကြိုးဆွဲရာ ရုပ်သေးရုပ်ဖြစ်မှန်းမသိပဲဖြစ်လာ
ခဲ့သည်။

သူ ရက်စက်လွန်းခဲ့သည်။

သူသိပ်ချစ်ပါသည်ဟု အကြိမ်ကြိမ် ကြွေးကြော်ဖူးသော ကျွန်မရှိနေပါရက်နဲ့နောက်ရင်ခွင်ခုန်ကူးခဲ့သည်။

လက်ခံနိုင်လောက်သော ဆင်ခြင်တချို့အသုံးပြုရင်း ယောင်္ကျားတို့ ပရိယာယ် ပိုင်နိုင်စွာသုံးရင်း

ကျွန်မ၏ ချစ်ခြင်းအားသူ အသုံးချခဲ့သည်။

သူအပေါ်နားလည်ပေးခဲ့တဲ့ကျမ
သူအပေါ်လေးစားခဲ့တဲ့ကျမသူ့လုပ်ရပ်တွေအား ကျမမယုံကြည်နိုင်ဖြစ်ခဲ့ရသည်။

ကျမကပဲခေတ်နောက်ကျနေခဲ့တာလားကျမကပဲခေတ်လွန်နေတာလား
ကျမသစ္စာဆိုသောအရာကို ကျမဘာသာပြန်မတတ်လောက်အောင် သူနဲ့ကျမှ ပြိုင်ဆိုင်မူဆိုတဲ့အဓိပ္ပါယ်မှာစကားလုံးအသစ်ထပ်တိုးလာခဲ့ရသည်။
ထိုအရာက "ရည်းစားပြိုင်"ကျမအတွက်စကားလုံးအသစ်အဆန်းဖြစ်လာခဲ့သည်။

အမှားမပြုခဲ့ဖူးသောကျွန်မ၏ ရပ်တည်မှုများအား ကျမသူအပေါ်ထားခဲ့ဖူးသည်စေတနာ
အကြင်နာ ချစ်ခြင်းကို သူထားခဲ့ခြင်းအတွက် သံသယ၀င်မိသည်။

ကျွန်မ၏ မှားယွင်းမှု တွေကို ဦးနှောက်ပျက်မတက် ကျွန်မ ဖွေရှာမိခဲ့သည်။ကျမဘာမှားခဲ့လဲ။
ကျမဘာများမှားခဲ့လေလဲ။ကျမရှေးဘ၀သူများသမီးရည်းစားကြားဝင်ပါမိလို့ပဲဖြစ်မိမည်။

ချစ်ခြင်းတွေဆုံဖူးသည့် ချစ်သက်တမ်းနေ့ရက်တွေကိုဝမ်းနည်းစွာ ပြန်တွေးမိသည်။
ကျွန်မအသည်းကြွေကွဲခြင်းကိုဘာမှမတက်နိုင်စွာ စိတ်ဆင်းရဲရင်း ထိုင်ကြည့်ခဲ့ရသည်။

မမုန်းနိုင်ဘဲ အရှုံးတွေထဲ တိုးဝင်နေသည့် ကျမအတွက်အချိန်ကတော့ကုစားပေးနိုင်မည်ထင်မိသည်။

ကျွန်မ၏ ဒဏ်၇ာများ ရင့်ကျက်သွားသောအခါကျွန်မ အချစ်၊ကျွန်မ၏ အနာဂတ်
၊ကျွန်မ၏ လက်တွဲဖော်မဖြစ်လိုသောသူကို့
ကျမစွန့်လွတ်ဖို့ကြိုးစားရပေအုန်းမည်။

ကျမသူ့ကို ရူးခဲ့သည်။ကျမသူ့အချစ်မှာနစ်မြောခဲ့သည်။သို့ပေမယ့်သူနှင့်တန်ရာ သူနှင့်တူသူနဲ့နေပျော်သွားသည့်
သူ့အားတည်ငြိမ်စွာဖြင့်ပြုံးပြနှုတ်ဆက်နိုင်ဖို ကျမချစ်သည့် သူ့ကို သူပျော်ရွှင်နေသည့်ဘ၀လေးမှာပျော်စေဖို့အတွက်
့ကျွန်မ သူ့ကို ချစ်သည် ချစ်နေသေးသည် သို့ပေမယ့် သူလိုချင်သည့် သူမက်မောနေသည့်
သူအသိုက်မြုံလေးအတွက် ကျမနောင်ဘ၀မှာ ကျမ ရည်းစားပြိုင်ဆိုတဲ့စကားလုံး ထပ်မကြားလိုခြင်းကြောင့် ကျမသူကိုစွန့်လွတ်လိုက်တော့မည်။


လေးစားလျက်
ရှင်းသန့်မေ
Photo: :(ကျမချစ်သည် ချစ်နေသေးသည် သို့ပေမယ် စွန့်လွတ်လိုက်တော့မည်:( ကျမသည်ချစ်သူအတွက် ချစ်သူဖြစ်သလို ကျမသည်ချစ်သူအတွက်သူငယ်ချင်းကောင်းဖြစ်သည်။ ကျမသည်ချစ်သူအတွက်အမတစ်ယောက်ဖြစ်သလို ကျမသည်ချစ်သူအတွက်ညီမတစ်ယောက်လည်းဖြစ်ခဲ့သည်။ သူ့အတွက် စိုးရိမ်မှုများစွာ၊ခံစားချက်တွေများပြားစွာဖြင့် ကျမရဲ့အချိန်များစွာသည်သူအတွက်ဖြစ်တည်ခဲ့သည်။ သူဝမ်းနည်းအားငယ်ချိန်မှာကျမသည်အမတစ်ယောက်လိုဖေးမခဲ့သလို သူပျော်ရွှင်ချိန်တွေမှာ ညီမတစ်ယောက်လို သူစိတ်ကြည်နူးနေချိန်မှာချစ်သူတစ်ယောက်လိုသူ့အနားခစားနေခဲ့သည်။ သူရဲ့ချစ်သူဖြစ်ရခြင်းကိုဒီကမ္ဘာပေါ်တွင် ပျော်ရွှင်စရာဟာ သူ့ရင်ခွင်လို မှတ်ယူနေမိခဲ့သည်။ .ကျွန်မ၏ ချစ်ခြင်းသည် သူနှလုံးသားတွင်ဖြစ်တည်ပြီး သူအချစ်သည် ကျမနှလုံးသားတွင်ဖြစ်တည်နေတယ်လို့မှတ်ယူပြီးသစ္စာတရားကို သူတစ်ယာက်ထံအပ်နှံခဲ့ဖူးသည်….။ သူ့ဖုန်းသံတွေကြားတိုင်းဘယ်နေရာရောက်ရောက် မအားလပ်တဲ့ အချိန်တွေထဲကသူအတွက်အချိန်ပေးခဲ့ဖူးသည်။ ကျမအသက်ရူသံတချက်မြည်တိုင်းသူအတွက်ရင်ခုန်ခဲ့ဖူးသည်။ ကျမရူးသွပ်ခဲ့သလောက် ကျမသစ္စာရှိခဲ့သလောက် သူအတွက် ကျမသည်သူကြိုးဆွဲရာ ရုပ်သေးရုပ်ဖြစ်မှန်းမသိပဲဖြစ်လာ ခဲ့သည်။ သူ ရက်စက်လွန်းခဲ့သည်။ သူသိပ်ချစ်ပါသည်ဟု အကြိမ်ကြိမ် ကြွေးကြော်ဖူးသော ကျွန်မရှိနေပါရက်နဲ့နောက်ရင်ခွင်ခုန်ကူးခဲ့သည်။ လက်ခံနိုင်လောက်သော ဆင်ခြင်တချို့အသုံးပြုရင်း ယောင်္ကျားတို့ ပရိယာယ် ပိုင်နိုင်စွာသုံးရင်း ကျွန်မ၏ ချစ်ခြင်းအားသူ အသုံးချခဲ့သည်။ သူအပေါ်နားလည်ပေးခဲ့တဲ့ကျမ သူအပေါ်လေးစားခဲ့တဲ့ကျမသူ့လုပ်ရပ်တွေအား ကျမမယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ ကျမကပဲခေတ်နောက်ကျနေခဲ့တာလားကျမကပဲခေတ်လွန်နေတာလား ကျမသစ္စာဆိုသောအရာကို ကျမဘာသာပြန်မတတ်လောက်အောင် သူနဲ့ကျမှ ပြိုင်ဆိုင်မူဆိုတဲ့အဓိပ္ပါယ်မှာစကားလုံးအသစ်ထပ်တိုးလာခဲ့ရသည်။ ထိုအရာက "ရည်းစားပြိုင်"ကျမအတွက်စကားလုံးအသစ်အဆန်းဖြစ်လာခဲ့သည်။ အမှားမပြုခဲ့ဖူးသောကျွန်မ၏ ရပ်တည်မှုများအား ကျမသူအပေါ်ထားခဲ့ဖူးသည်စေတနာ အကြင်နာ ချစ်ခြင်းကို သူထားခဲ့ခြင်းအတွက် သံသယ၀င်မိသည်။ ကျွန်မ၏ မှားယွင်းမှု တွေကို ဦးနှောက်ပျက်မတက် ကျွန်မ ဖွေရှာမိခဲ့သည်။ကျမဘာမှားခဲ့လဲ။ ကျမဘာများမှားခဲ့လေလဲ။ကျမရှေးဘ၀သူများသမီးရည်းစားကြားဝင်ပါမိလို့ပဲဖြစ်မိမည်။ ချစ်ခြင်းတွေဆုံဖူးသည့် ချစ်သက်တမ်းနေ့ရက်တွေကိုဝမ်းနည်းစွာ ပြန်တွေးမိသည်။ ကျွန်မအသည်းကြွေကွဲခြင်းကိုဘာမှမတက်နိုင်စွာ စိတ်ဆင်းရဲရင်း ထိုင်ကြည့်ခဲ့ရသည်။ မမုန်းနိုင်ဘဲ အရှုံးတွေထဲ တိုးဝင်နေသည့် ကျမအတွက်အချိန်ကတော့ကုစားပေးနိုင်မည်ထင်မိသည်။ ကျွန်မ၏ ဒဏ်၇ာများ ရင့်ကျက်သွားသောအခါကျွန်မ အချစ်၊ကျွန်မ၏ အနာဂတ် ၊ကျွန်မ၏ လက်တွဲဖော်မဖြစ်လိုသောသူကို့ ကျမစွန့်လွတ်ဖို့ကြိုးစားရပေအုန်းမည်။ ကျမသူ့ကို ရူးခဲ့သည်။ကျမသူ့အချစ်မှာနစ်မြောခဲ့သည်။သို့ပေမယ့်သူနှင့်တန်ရာ သူနှင့်တူသူနဲ့နေပျော်သွားသည့် သူ့အားတည်ငြိမ်စွာဖြင့်ပြုံးပြနှုတ်ဆက်နိုင်ဖို ကျမချစ်သည့် သူ့ကို သူပျော်ရွှင်နေသည့်ဘ၀လေးမှာပျော်စေဖို့အတွက့် ကျွန်မ သူ့ကို ချစ်သည် ချစ်နေသေးသည် သို့ပေမယ့် သူလိုချင်သည့် သူမက်မောနေသည့် သူအသိုက်မြုံလေးအတွက် ကျမနောင်ဘ၀မှာ ကျမ ရည်းစားပြိုင်ဆိုတဲ့စကားလုံး ထပ်မကြားလိုခြင်းကြောင့် ကျမသူကိုစွန့်လွတ်လိုက်တော့မည်။ လေးစားလျက် ရှင်းသန့်မေ

ဒီဇင်ဘာက နှင်းခဲတွေလိုအေးစက်လွန်းတယ် အဖေရယ်



Photo: အဖေဒီဇင်ဘာက နှင်းခဲတွေလိုအေးစက်လွန်းတယ် အဖေရယ် လူဆိုတာ ပျော်ရာမှာမနေရ တော်ရာမှာနေရတယ်တဲ့။ အဖေသမီးတော်ရာမှာနေပါတယ်။ဘယ်မှာနေနေ မပျော်ဘူးဖြစ်နေတယ် အဖေ ။ သမီးအတွက်ဘယ်နေရာဟာ သင့်တော်မယ်ဆိုတာလဲ မသိသေးဘူး ။ လောကကြီးမှာနေကိုမပျော်တော့ဘူး။ဘာမှကို လုပ်မှမလုပ်ချင်တော့တာ မလုပ်တာအကောင်းဆုံးပေါ့ ။ တခါတလေမှာ လောကကြီးက ချောင်းဆိုးရင်ကျပ် ငှက်ဖျားတက်တတ်သေးတယ် သူရင်ကျပ်ရင် သမီးလည်းရင်ကျပ်တတ်လာတယ်။ သူချောင်းဆိုးပြတော့ သမီးလည်းချောင်းဆိုးတတ်လာတယ်။ ပတ်ဝန်ကျင်အရောင်ပေါ်ကြည့်ပြီးအရောင်ပြောင်းတတ်တယ်ဆိုတာဒါကိုပြောတာလည်းမသိုဘးအဖေရယ်။ သမီးစိတ်အရမ်းပင်ပန်းနေတယ်။ သမီးဘာမှမလုပ်ချင်သလို ဘယ်သူနဲ့ မှ စကားမပြောချင်ဘူး ။ တစ်ယောက်တည်းပဲနေချင်နေတယ် ။ လူသူကင်းတဲ့ နေရာတခုခုမှာသစ်ပင်ရိပ်လေးမှီပြီးအကြာကြီးထိုင်နေချင်တယ် ။ လောကကြီးကဒါတောင်မျက်နှာပေးမယ်မထိငဘူးအဖေ။ နေပူချင်ပူနေအုန်းမှာ။ မိုးရွာတဲ့အချိန်ဆို စာအုပ်လေးတအုပ်လေးနဲ့ အိမ်ခန်းတွင်းမှာစာလေးဖတ်ချင်တယ်။ ဒီလိုလုပ်ဖိုလောကကြီးကမျက်နှာပေးမယ်မထင် မိုးယိုချင်ယိုနေအုန်းမှာအဖေရယ်။ ဒါတွေကသမီးစိတ်ကူးသက်သက်ပါပဲ အဖေ ။ သံစဉ်တချို့  နားဆင်လို့  စိတ်ကူးတွေထဲ စီးမျောချင်ပေမယ့် သမီးဘ၀က စိတ်ကူးယဉ်ခွင့်မပေးဘူး။ အချိန်တွေက ကုန်လွယ်လိုက်တာ ဘယ်လိုကုန်သလဲမမေးပါနဲ့  မသိဘူး ။ သူ့ ဟာသူ ကုန်သွားတာ ။အသက်တွေက ကြီးလာတယ် ။ မျှော်လင့်ချက်တွေ ပါးလာတယ် ။ လက်တွေ့ ဆန်လာတယ် ။ ဆာလောင်မွတ်သိပ်ပြီး အရူးထလာတယ် ။ ခံစားချက်တွေများလာတယ်။ဒဏ်ရာတွေကို မြေမြုပ်ပစ်လို့ရရင်ကောင်းမယ်အဖေရယ်။ သမီးငြိမ်ငြိမ် ခပ်ကုပ်ကုပ်လေးပဲ နေချင်မိတော့တယ် အဖေ။ ဘယ်သူနဲ့ မှ မပြောချင်တော့တာမဟုတ်သမီးပြောလိုက်ရင်သမီးစကားတွေမတည်မြဲတတ်တာများတော့မပြော၇ဲတော့တာပါအဖေရယ်။ မျှော်လင့်သမျှ အရာရာက ပါးပါားလာတော့ကိုယ့်ကံကြမ္မာကိုယ်တောင်မယုံရဲတော့ဘူးအဖေ။ ကံကြမ္မာလှည့်ကွက်ထဲ စေလိုရာစေ နေသားတကျ နေရတာပါပဲ အဖေ ။ကံတရားရိုက်ချက်ကသမီးးအတွက်ပြင်းလွန်းလှတ်ယအဖေရယ်။ လူဆိုတာ မျှော်လင့်ချက်တွေနဲ့  အသက်ရှင်ရတာတဲ့။ သမီးမျှော်လင့်ချက်တွေပါးပါးလာတော့သမီးဘယ်အရာမှမမျှောင်လင့်ချင်တော့ဘူးအဖေ။ အသက်ရှင်နေခြင်းအသက်သေခြင်းထက်တော့ပိုပြီးသက်တောင့်သက်သာရှိတယ်မဟုတ်လားအဖေတခါတလေသမီးအဖေနောက်လိုက်ချင်မိတယ်။ဒါပေမယ့်အဖေပြောဖူးတယ် ယမမင်းစစ်မေးတဲ့အခါ မင်းလူပြည့်မှာဘာလုပ်ခဲ့ပြီးပြီလဲ ကုသိုလ်ဘာလုပ်ပြီးပြီလဲ သမီးခုထိမဖြေတတ်သေးဘူးအဖေ။ အဲဒီမျှော်လင့်ချက်ဆိုတာတွေနဲ့ ပဲ နေတိုင်းကိုဖြတ်သန်းနေကြရတာမဟုတ်လား။ လူတစ်ယောက်နဲ့ တစ်ယောက် တော့ ဘယ်တူပါ့မလဲလေ ။ မျှော်လင့်ထားတာတွေ ဖြစ်မလာတော့လဲ ဘဝဆိုတာက ဆားမပါတဲ့  ဟင်း ။ တခါတလေ စိတ်ပျက်လာတယ် ။ ဘာမှမလုပ်ချင်တော့ဘူး ။ ဆင်းရဲတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ ချမ်းသာတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ မျှော်လင့်တာတွေ ဖြစ်မလာတော့လဲ စိတ်ကူးထားတာတွေလဲအလကားပဲလေ ။ စိတ်ချမ်းသာရင်တော်ပါပြီ ။ နေတတ်သလိုပဲနေတော့မယ်လေ ။ ဘယ်သူ့ ကိုမှစိတ်အနှောင့်အယှက်မပေးချင်ဘူး ။ ထင်သလိုမဖြစ်တဲ့ဘ၀မှာ ဖြစ်ချင်တာဖြစ်မနေဖိုဆုံးမဖူးတဲ့အဖေစကားအရ သမီး ဆင်ခြင်နေပါတယ်။ ခုတော့ အဖေ သမီးအတွက်အရာရာမျှော်လင့်ချက်မဲ့လွန်းတာတော့အမှန်ပဲ အဖေရယ် ဒီဇင်ဘာဆိုတာ့ သမီးအတွက် အထီးကျန်ဆန်သလို သမီးအတွက် မလှပတဲ့လတစ်လပဲအဖေရယ် 'ဒီဇင်ဘာကသမီးအတွက်နှင်းခဲတွေလိုအေးစက်လွန်းတယ် အဖေရယ်

လူဆိုတာ ပျော်ရာမှာမနေရ တော်ရာမှာနေရတယ်တဲ့။
အဖေသမီးတော်ရာမှာနေပါတယ်။ဘယ်မှာနေနေ မပျော်ဘူးဖြစ်နေတယ် အဖေ ။
သမီးအတွက်ဘယ်နေရာဟာ သင့်တော်မယ်ဆိုတာလဲ မသိသေးဘူး ။
လောကကြီးမှာနေကိုမပျော်တော့ဘူး။ဘာမှကို လုပ်မှမလုပ်ချင်တော့တာ မလုပ်တာအကောင်းဆုံးပေါ့ ။


တခါတလေမှာ လောကကြီးက ချောင်းဆိုးရင်ကျပ် ငှက်ဖျားတက်တတ်သေးတယ်
သူရင်ကျပ်ရင် သမီးလည်းရင်ကျပ်တတ်လာတယ်။
သူချောင်းဆိုးပြတော့ သမီးလည်းချောင်းဆိုးတတ်လာတယ်။
ပတ်ဝန်ကျင်အရောင်ပေါ်ကြည့်ပြီးအရောင်ပြောင်းတတ်တယ်ဆိုတာဒါကိုပြောတာလည်းမသိုဘးအဖေရယ်။

သမီးစိတ်အရမ်းပင်ပန်းနေတယ်။ သမီးဘာမှမလုပ်ချင်သလို ဘယ်သူနဲ့ မှ စကားမပြောချင်ဘူး ။ တစ်ယောက်တည်းပဲနေချင်နေတယ် ။ လူသူကင်းတဲ့ နေရာတခုခုမှာသစ်ပင်ရိပ်လေးမှီပြီးအကြာကြီးထိုင်နေချင်တယ် ။
လောကကြီးကဒါတောင်မျက်နှာပေးမယ်မထိငဘူးအဖေ။
နေပူချင်ပူနေအုန်းမှာ။

မိုးရွာတဲ့အချိန်ဆို စာအုပ်လေးတအုပ်လေးနဲ့ အိမ်ခန်းတွင်းမှာစာလေးဖတ်ချင်တယ်။
ဒီလိုလုပ်ဖိုလောကကြီးကမျက်နှာပေးမယ်မထင် မိုးယိုချင်ယိုနေအုန်းမှာအဖေရယ်။ ဒါတွေကသမီးစိတ်ကူးသက်သက်ပါပဲ အဖေ ။ သံစဉ်တချို့  နားဆင်လို့  စိတ်ကူးတွေထဲ စီးမျောချင်ပေမယ့် သမီးဘ၀က စိတ်ကူးယဉ်ခွင့်မပေးဘူး။

အချိန်တွေက ကုန်လွယ်လိုက်တာ ဘယ်လိုကုန်သလဲမမေးပါနဲ့  မသိဘူး ။ သူ့ ဟာသူ ကုန်သွားတာ ။အသက်တွေက ကြီးလာတယ် ။ မျှော်လင့်ချက်တွေ ပါးလာတယ် ။ လက်တွေ့ ဆန်လာတယ် ။ ဆာလောင်မွတ်သိပ်ပြီး အရူးထလာတယ် ။ ခံစားချက်တွေများလာတယ်။ဒဏ်ရာတွေကို မြေမြုပ်ပစ်လို့ရရင်ကောင်းမယ်အဖေရယ်။

သမီးငြိမ်ငြိမ် ခပ်ကုပ်ကုပ်လေးပဲ နေချင်မိတော့တယ် အဖေ။ ဘယ်သူနဲ့ မှ မပြောချင်တော့တာမဟုတ်သမီးပြောလိုက်ရင်သမီးစကားတွေမတည်မြဲတတ်တာများတော့မပြော၇ဲတော့တာပါအဖေရယ်။

မျှော်လင့်သမျှ အရာရာက ပါးပါားလာတော့ကိုယ့်ကံကြမ္မာကိုယ်တောင်မယုံရဲတော့ဘူးအဖေ။ ကံကြမ္မာလှည့်ကွက်ထဲ စေလိုရာစေ နေသားတကျ နေရတာပါပဲ အဖေ ။ကံတရားရိုက်ချက်ကသမီးးအတွက်ပြင်းလွန်းလှတ်ယအဖေရယ်။


လူဆိုတာ မျှော်လင့်ချက်တွေနဲ့  အသက်ရှင်ရတာတဲ့။
သမီးမျှော်လင့်ချက်တွေပါးပါးလာတော့သမီးဘယ်အရာမှမမျှောင်လင့်ချင်တော့ဘူးအဖေ။
အသက်ရှင်နေခြင်းအသက်သေခြင်းထက်တော့ပိုပြီးသက်တောင့်သက်သာရှိတယ်မဟုတ်လားအဖေတခါတလေသမီး
အဖေနောက်လိုက်ချင်မိတယ်။ဒါပေမယ့်အဖေပြောဖူးတယ် ယမမင်းစစ်မေးတဲ့အခါ မင်းလူပြည့်မှာဘာလုပ်ခဲ့ပြီးပြီလဲ ကုသိုလ်ဘာလုပ်ပြီးပြီလဲ သမီးခုထိမဖြေတတ်သေးဘူးအဖေ။

အဲဒီမျှော်လင့်ချက်ဆိုတာတွေနဲ့ ပဲ နေတိုင်းကိုဖြတ်သန်းနေကြရတာမဟုတ်လား။ လူတစ်ယောက်နဲ့ တစ်ယောက် တော့ ဘယ်တူပါ့မလဲလေ ။ မျှော်လင့်ထားတာတွေ ဖြစ်မလာတော့လဲ ဘဝဆိုတာက ဆားမပါတဲ့  ဟင်း ။ တခါတလေ စိတ်ပျက်လာတယ် ။ ဘာမှမလုပ်ချင်တော့ဘူး ။ ဆင်းရဲတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ ချမ်းသာတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ မျှော်လင့်တာတွေ
ဖြစ်မလာတော့လဲ စိတ်ကူးထားတာတွေလဲအလကားပဲလေ ။ စိတ်ချမ်းသာရင်တော်ပါပြီ ။ နေတတ်သလိုပဲနေတော့မယ်လေ ။ ဘယ်သူ့ ကိုမှစိတ်အနှောင့်အယှက်မပေးချင်ဘူး ။ ထင်သလိုမဖြစ်တဲ့ဘ၀မှာ ဖြစ်ချင်တာဖြစ်မနေဖိုဆုံးမဖူးတဲ့အဖေစကားအရ သမီး ဆင်ခြင်နေပါတယ်။

ခုတော့ အဖေ သမီးအတွက်အရာရာမျှော်လင့်ချက်မဲ့လွန်းတာတော့အမှန်ပဲ အဖေရယ်

ဒီဇင်ဘာဆိုတာ့ သမီးအတွက် အထီးကျန်ဆန်သလို သမီးအတွက် မလှပတဲ့လတစ်လပဲအဖေရယ်

'ဒီဇင်ဘာကသမီးအတွက်နှင်းခဲတွေလိုအေးစက်လွန်းတယ် အဖေရယ်
လေးစားလျက်
ရှင်းသန်မေ

ရာဇ၀င်များရဲ့သတို့သမီး


Photo: ရာဇ၀င်များရဲ့သတို့သမီး မေခ မလိခ ရင်ငွေ့ကပေါက်ဖွားလာ မိဘနှစ်ပါးလုံး ချစ်မငြီး ရာဇ၀င်များရဲ့သူတို့သမီး။ ဖွင့်ဖွင့်ထွားထွား ၀င့်ကြွားလှတဲ့ အလှတရားများနဲ့ ရာဇ၀င်များရဲ့သတို့သမီး။ အားမာန်ကိုတင်း သွေးချင်းတို့ရဲ့ချစ်ခြင်းနဲ့ စီးမြဲတိုင်းစီးနေပါတဲ့ ရာဇ၀င်များရဲ့သတို့သမီး။ လူ့မိစ္ဆာများ အလှတရားခြေဖျက် သွေးသောက်ချင်တဲ့ ရာဇ၀င်များရဲ့သတို့သမီး။ ကိုလိုနီလက်ထက်လည်း အပျိုရည်မပျက် ဖက်ဆစ်လက်ထက်လည်း အပျိုရည်မပျက်ခဲ့ပါပဲနဲ့ ကာလနဂါးလက်ထက်မှာမှ အပျိုရည်ပျက်လုလုဖြစ်နေသော ရာဇ၀င်များရဲ့သတို့သမီး။ မင်းမျက်ရည်မြေမခ မင်းသွေးအထိမခံ ငါတို့သွေးနဲ့ကာကွယ်မယ်။ လေးစားလျက် ရှင်းသန့်မေ

မေခ မလိခ
ရင်ငွေ့ကပေါက်ဖွားလာ
မိဘနှစ်ပါးလုံး ချစ်မငြီး
ရာဇ၀င်များရဲ့သူတို့သမီး။

ဖွင့်ဖွင့်ထွားထွား
ဝင့်ကြွားလှတဲ့
အလှတရားများနဲ့
ရာဇ၀င်များရဲ့သတို့သမီး။

အားမာန်ကိုတင်း
သွေးချင်းတို့ရဲ့ချစ်ခြင်းနဲ့
စီးမြဲတိုင်းစီးနေပါတဲ့
ရာဇ၀င်များရဲ့သတို့သမီး။

လူ့မိစ္ဆာများ
အလှတရားခြေဖျက်
သွေးသောက်ချင်တဲ့
ရာဇ၀င်များရဲ့သတို့သမီး။

ကိုလိုနီလက်ထက်လည်း
အပျိုရည်မပျက်
ဖက်ဆစ်လက်ထက်လည်း
အပျိုရည်မပျက်ခဲ့ပါပဲနဲ့
ကာလနဂါးလက်ထက်မှာမှ
အပျိုရည်ပျက်လုလုဖြစ်နေသော
ရာဇ၀င်များရဲ့သတို့သမီး။

မင်းမျက်ရည်မြေမခ
မင်းသွေးအထိမခံ
ငါတို့သွေးနဲ့ကာကွယ်မယ်။

လေးစားလျက်
ရှင်းသန့်မေ

ဖွဲ့ဆိုမကုန် မိဘဂုဏ်

သန္ဓေစတည်

ပူချည်ဖန်ခါး

ရှောင်ကာရှားလျက်

ကိုးလရင်လွယ်

ဆယ်လဖွားဖြင့်

သေမင်းအန်တု

သက်ကိုလု၍

မွေးဖွားနိုင်အောင်

လူ့ဘောင်သယ်ဆောင်

လူ့ဖြစ်ပေးလို့

ကျေးဇူးကြီးပေတို့မေမေ။

ဖဝါးလက်နှစ်လုံး

မွေးခင်းမှသည်

အစချီလျက်

လူလယ်တင့်တယ်

ဝင့်ကြွားစေရန်

နှဖူးချွေးစက်

ခြေမထက်သို့

ချောင်းလိုအသွင်

သွင်သွင်စီးလည်း

ငြိုငြင်မပျက်

အပြုံးဖက်၍

သားတို့ဝမ်းစာ

မလစ်ဟင်းအာင်

လုပ်ဆောင်ပေးပေတို့ဖေဖေ။

သားသမီးလိုအင်

ဟူသမျှကို

ကိုယ်ပင်မရှိ

မွဲသော်ငြားလည်း

မရှိရှိအောင်

ရအောင်ကြံ၍

ဖြည့်စွမ်းတတ်ပေတို့ဖေဖေ။

မကောင်းကိုတား

ကောင်းကိုညွှန်၍

ချော့ခြောက်မာယာ

နည်းမျိုးစုံဖြင့်

စိတ်ရှည်သင်ပေတို့မေမေ။

နှိုင်းမဲ့စေတနာ

မိဘမေတ္တာကို

ကဗျာလင်္ကာ

တုကာနှိုင်းလည်း

ဖွဲ့ဆိုမတတ်

ကျေးဇူးကြီးပေမိဘဂုဏ်အင်တွေ။


လေးစားလျက်
ရှင်းသန့်မေ

Photo: ဖွဲ့ဆိုမကုန် မိဘဂုဏ် သန္ဓေစတည် ပူချည်ဖန်ခါး ရှောင်ကာရှားလျက် ကိုးလရင်လွယ် ဆယ်လဖွားဖြင့် သေမင်းအန်တု သက်ကိုလု၍ မွေးဖွားနိုင်အောင် လူ့ဘောင်သယ်ဆောင် လူ့ဖြစ်ပေးလို့ ကျေးဇူးကြီးပေတို့မေမေ။ ဖဝါးလက်နှစ်လုံး မွေးခင်းမှသည် အစချီလျက် လူလယ်တင့်တယ် ဝင့်ကြွားစေရန် နှဖူးချွေးစက် ခြေမထက်သို့ ချောင်းလိုအသွင် သွင်သွင်စီးလည်း ငြိုငြင်မပျက် အပြုံးဖက်၍ သားတို့ဝမ်းစာ မလစ်ဟင်းအာင် လုပ်ဆောင်ပေးပေတို့ဖေဖေ။ သားသမီးလိုအင် ဟူသမျှကို ကိုယ်ပင်မရှိ မွဲသော်ငြားလည်း မရှိရှိအောင် ရအောင်ကြံ၍ ဖြည့်စွမ်းတတ်ပေတို့ဖေဖေ။ မကောင်းကိုတား ကောင်းကိုညွှန်၍ ချော့ခြောက်မာယာ နည်းမျိုးစုံဖြင့် စိတ်ရှည်သင်ပေတို့မေမေ။ နှိုင်းမဲ့စေတနာ မိဘမေတ္တာကို ကဗျာလင်္ကာ တုကာနှိုင်းလည်း ဖွဲ့ဆိုမတတ် ကျေးဇူးကြီးပေမိဘဂုဏ်အင်တွေ။ လေးစားလျက် ရှင်းသန့်မေ

*လူအို*

Shin Thant May Myinttarshinmalay's photo.

နွေဦးရွက်ကြွေတွေက
လူအိုရုံတွေလိုပဲ
အထီးကျန်ခြင်း
ဆိတ်ငြိမ်ခြင်း အပြည့်နဲ့
ဟိုလူးဒီလွန့်
နားခိုရာကင်း
ရွက်ကြွေတွေဆိုတာ
ဖူးရာကပွင့်
ပွင့်ရာက၀ါ
ဝါရာကညိုး
ညိုးရာကကြွေခဲ့တာပါ
လူအိုတွေဆိုတာ
တချိန်ကလူပျိုတွေဖြစ်ခဲ့တာပါ
မီးစာတွေလဲကုန်ပြီ
ဆီတွေလဲခမ်းပြီ
စိတ်ကတော့မခမ်းသေးဘူးလေ
သူ့မှာလဲသူ့အတွေး
ကလေးလိုပဲ တွေးချင်တွေးမယ်
မပစ်ပယ်ပါနဲ့
နားလည်ပေးပါ
အိုသူတွေရှိလို့
ပျိုသူတွေရှိတာပါ
နားလည်ပေးပါ
ဒီနေ့အသုံးအဆောင်တွေက
လူအိုတွေလုပ်ခဲ့တဲ့
ဆန်းသစ်ခြင်းတွေပဲ
ယနေ့အသုံးအဆောင်တွေကလည်း
တချိန်ကျရင်ထိုနည်းအတိုင်း
အိုနေမှာပဲ
သင်မမေ့ပါနဲ့
ဒီနေ့မှာသင်ဟာပျိုရွယ်နေပေမယ့်လည်း
နောင်တချိန်မှာအိုသူဖြစ်မှာပဲလေ
သံသရာကတပတ်လည်နေမှာပဲ
သင်မမေ့ပါနဲ့
ပျိုပြီးရင်အိုမြဲပဲ။

လေးစားလျက်
ရှင်းသန့်မေ

Shin Thant May Myinttarshinmalay's photo.
 

@လိုအပ်ချက်@


မနေ့က စကားကျတော
့ ဘုရားပဲတည်တော့မလိုလို

မနေ့ကစကားကျတော့
ဆင်းရဲမွဲတေမူ
ပပျောက်တော့မလိုလို

မနေ့ကစကားကျတော့
ခေါင်းလောင်းသံတညံညံ
မိုးယံသို့လွင့်တော့မလိုလို

မနေ့ကစကားကျတော့
စစ်ပွဲတွေ
ငြိမ်းအေးချမ်းတော့မလိုလို

မနေ့ကစကားကျတော့
လူမွဲတွေ
သူဌေးဖြစ်တော့မလိုလို

မနေ့ကစကားကျတော့
လူတန်းစားအားလုံး
လူ့အခွင့်အရေးတန်းတူရတော့မလိုလို

လို လို လို
ခုတော့
လိုအပ်ချက်များစွာဖြင့်
ငါလည်းလိုနေသေးတယ်
ကလောင်တံလေးလဲ စုတ်နေပြီ။

လေးစားလျက်
ရှင်းသန့်မေ

ဆန္ဒကို သိက္ခာနဲ့ထိန်းကြပါ


ကိုယ့်ကတိ ကိုယ်မနိုင်တဲ့
ရာဇ၀င်တွေလဲ ငါ့မှာ ရှိဖူးတယ်

ကိုယ်သစ္စာ ကိုယ်မတည်တဲ့
ရာဇင်တွေလဲ ငါ့မှာရှိဘူးတယ်

ကိုယ့်အချစ်ကိုယ်လှည့်စားတဲ့
ရာဇဝင်တွေလဲ ငါမှာရှိဘူးတယ်

ကိုယ့်သိက္ခာကိုယ်မစောင့်ထိန်း
ရာဇဝင်တွေလဲ ငါ့မှာရှိဘူးတယ်

ဘယ်သူက ဘယ်သူ့ ကို
ကတိတည်တယ်ဆိုတာထက်

ဘယ်သူကဘယ်သူကို
သစ္စာရှိတယ်ဆိုတာထက်

ဘယ်သူကဘယ်သူကို
ချစ်တယ်ဆိုတာထက်

ဘယ်သူကဘယ်သူကို
သိက္ခာထိန်းတယ်ဆိုတာထက်

လူတိုင်းကကိုသမိုင်းကိုယ်
ရေးထွင်းနေကြတာ

ဆန္ဒရှိပေမယ့်
သိက္ခာကိုယ်ထိန်းသင့်သလို

ဆန္ဒရှိပေမယ့်
အရှက်ကိုထိန်းသင့်တယ်။


လေးစားလျက်
ရှင်းသန့်မေ
Photo: ဆန္ဒကို သိက္ခာနဲ့ထိန်းကြပါ ကိုယ့်ကတိ ကိုယ်မနိုင်တဲ့ ရာဇ၀င်တွေလဲ ငါ့မှာ ရှိဖူးတယ် ကိုယ်သစ္စာ ကိုယ်မတည်တဲ့ ရာဇင်တွေလဲ ငါ့မှာရှိဘူးတယ် ကိုယ့်အချစ်ကိုယ်လှည့်စားတဲ့ ရာဇဝင်တွေလဲ ငါမှာရှိဘူးတယ် ကိုယ့်သိက္ခာကိုယ်မစောင့်ထိန်း ရာဇဝင်တွေလဲ ငါ့မှာရှိဘူးတယ် ဘယ်သူက ဘယ်သူ့ ကို ကတိတည်တယ်ဆိုတာထက် ဘယ်သူကဘယ်သူကို သစ္စာရှိတယ်ဆိုတာထက် ဘယ်သူကဘယ်သူကို ချစ်တယ်ဆိုတာထက် ဘယ်သူကဘယ်သူကို သိက္ခာထိန်းတယ်ဆိုတာထက် လူတိုင်းကကိုသမိုင်းကိုယ် ရေးထွင်းနေကြတာ ဆန္ဒရှိပေမယ့် သိက္ခာကိုယ်ထိန်းသင့်သလို ဆန္ဒရှိပေမယ့် အရှက်ကိုထိန်းသင့်တယ်။ လေးစားလျက်ရှင်းသန့်မေ