Wednesday, August 21, 2013

ပစ်တိုင်းထောင်



ဘ၀လောကဓံခရီး

အခက်အခဲတွေ့ကြုံလဲ

မကြောက်မရွံ့ဖြတ်ကျော်စဲ။

။။

သူကလေးကပုလို့တို

အထင်သေးတယ်ဆို

ပစ်တိုင်းထောင်လေးပဲ

ထောင်မြဲ ထောင်မြဲပဲ။

။။

ဘယ်နေရာလဲလဲ

ပစ်တိုင်းထောင်လေးပဲ

စိတ်ပျက်နေလို့အားတွေငယ်

သူ့ကိုကြည့်လိုက်ကွယ်

ဘယ်သောခါမှအားမလျော့

ပစ်တိုင်းထောင်လေးပေါ့

။။

ဘ၀ဆိုဒါတိုက်ပွဲပါ

တိုက်မြဲတိုက်ရမှာ

အရှုံးတွေလဲကြုံမှာပဲ

အားတွေသိပ်မငယ်နဲ့။

။။
ပစ်တိုင်းထောင်

ပစ်တိုင်းထောင်

ပစ်လိုက်တိုင်းကိုထောင်

လောကဓံကိုသူရင်ဆိုင်

အပြုံးကပိုင်ပိုင်

ခြေလက်အင်္ဂါမစုံလင်လဲ

သူ့အပြုံးချိနေမြဲ။
။။

ဘ၀တိုက်ပွဲရှုံးနိမ့်ရင်

မလဲမပြိုထမြဲပင်

စိတ်ဇွဲကိုအဖေါ်လုပ်

ငုတ်တုတ်ကလေး။

။။

သူအမြဲမတ်ရပ်လို့တည်

လေးစားလောက်ပါသည်

သူ့လိုလူဖြစ်တည်ရေး

တို့များကြိုးစားပေး။

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ
သူများကိုပဲအားပေးတတ်တယ်
ကိုယ်ဘာသာတော့မထနိုင်သေး:

ကျွန်မက နှင်းဆီပါကွယ်



ချစ်သူမွှေးချင်
နမ်းလိုပါလျှင်
မွှေးရနံ့သင်း
ပန်းကလေးပဲ
ဖြစ်လိုက်ချင်

ချစ်သူကမ်းလင့်
ခူးကာခြွေရင်
ဆူးမဲ့ပန်းလေး
ဖြစ်လိုက်ချင်

ချစ်သူနဲ့ဆို
လေပြင်းကြမ်းလည်း
ရဲရင့်ရင်ဆိုင်
ဖြတ်ကျော်ဝံ့သူ
ဖြစ်လိုက်ချင်

ချစ်သူတွက်ဆို
ဆူးပန်းပေမယ့်
မာန်မာနမဲ့
နှင်းဆီပန်းလေး
ကျွန်မပါကွယ်

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ
Photo: ((((ကျွန်မက နှင်းဆီပါ)))) ချစ်သူမွှေးချင် နမ်းလိုပါလျှင် မွှေးရနံ့သင်း ပန်းကလေးပဲ ဖြစ်လိုက်ချင် ချစ်သူကမ်းလင့် ခူးကာခြွေရင် ဆူးမဲ့ပန်းလေး ဖြစ်လိုက်ချင် ချစ်သူနဲ့ဆို လေပြင်းကြမ်းလည်း ရဲရင့်ရင်ဆိုင် ဖြတ်ကျော်ဝံ့သူ ဖြစ်လိုက်ချင် ချစ်သူတွက်ဆို ဆူးပန်းပေမယ့် မာန်မာနမဲ့ နှင်းဆီပန်းလေးကျွန်မပါကွယ် ကဗျာချစ်သူများအားလေးစားလျက် ရှင်းသန့်မေ်

Monday, August 19, 2013

တင်ဆက်သူများ

မတူတဲ့အရပ်ကနေ

မတူတဲ့သံစဉ်ရေးစပ် ရင်း

တူညီတဲ့ခေါင်းစဉ်တခုအောက်မှာ

မတူညီတဲ့ ရသစုံကို တင်ဆက်ကြမယ်

ကလောင်သွားတွေထက်ထက်နဲ့

ကိုယ်ထက်သန်ရာ အနုပညာနဲ့

အသိပညာ ဗဟုသုတ

ရူထောင့်စုံစွာ

စာဖတ်သူများကိုဝေမျှမယ်

တို့ကလောင်သွားတွေ

တိုင်းပြည်အရေး တထောင့်တနေရာကနေအကျိုးပြုကြမယ်

မှန်ကန်တဲ့စိတ် မှန်ကန်တဲ့ အနုပညာ

မှန်ကန်တဲ့စာသားနဲ့

အလင်းပြကြမယ်

တင်ဆက်သူများ သက်သက်မဟုတ်

အမှောင်ထဲကလူကိုအလင်းဆောင်

တင်ဆက်သူများဖြစ်အောင် တင်ဆက်ကြမယ်


စာပေအရောင်ထွန်းလင်းပြောင်လို့ တင်ဆက်သူကောင်းများဖြစ်ကြပါစေ။

အားလုံးချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
Like · · Unfollow P

ဆေးသားပြယ် ပန်းချီကားတချပ်



ချစ်သူ

ငါ့အချစ်က စာမဖွဲ့ လောက်ပေမဲ့

နင့်ကိုချစ်ခဲ့ တဲ့အချစ်

ဘယ်သူပြိုင်ပြိုင်ယှဉ်ရဲတယ်ချစ်သူ

ချစ်ခဲ့ဖူးတဲ့အချစ်

ရင်းနှီးခဲ့တဲ့နှလုံးသား

မြတ်နိုးခဲ့ဖူးတဲ့အကြင်နာ

နင့်အတွက် စာမဖွဲ့လောက်ပေမယ့်

ငါ့အတွက်တော့စွန့်စားမူတခုပါပဲ

ခုတော့

မင်းရဲ့ ဥပေက္ခာကြောင့်

လျှောက်ခဲ့ ဘူးတဲ့လမ်းကလေးမှာ

အထီးကျန်စွာ လျှောက်လှမ်းရင်။

ခုတော့ နားခိုရာမဲ့နေပြီ

အတိတ်ဆိုတာ အိပ်မက်တခုရယ်သာ

အဲဒီအိပ်မက်ကို ထာဝရသိမ်းထားလိုက်တော့မယ်

ဆွဲခဲ့ဖူးတဲ့ အချစ်ပန်းချီကားတချပ်က

ဆေးသားတွေပျက်ပြယ်

ခုတော့ အချစ်ပန်းချီးကားလေးပျောက်ကွယ်

ဘာမှန်းမသိတဲ့ပန်းချီးကားတချပ်ဖြစ်နေပေါ့

ငါ့အတွက်နင့် နှလုံးသားက

အရောင်ပြယ်ပြီပေါ့ချစ်သူ

ကြေကွဲဖွယ်ရာကောင်းတဲ့

ပန်းချီးကားတချပ်အတွက်

ငါရဲ့ နှလုံးသားလေးဒဏ်ရာဖြစ်ကျန်ခဲ့ပေါ့

ရေးဆွဲဖူးတဲ့ကောက်ကြောင်းတွေကိုမေ့ ပြီး

နှလုံးသားဒဏ်ရာအတွက်

ငါအသည်းတံခါးကိုထာဝရသော့ခတ်လိုက်ပြီ။



ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

ဖွဲလို့မမှီ မိဘဂုဏ်ရည်



ရင်သွေးအချစ် ပန်းတပွင့်နှယ်

ကြီးမားမေတ္တာ ရင်နှစ်လွှာမှာ

ယုယပိုက်ထွေး တုနှိုင်းမရှိ

မိဖရင်ခွင် ဥယျာဉ်ခြံတွင်

ပွင့်ဖူးတူညီ ပန်းမျိုးစုံတို့

သီတာရေစင် ရောင်စုံပန်းများ

လှပလွန်းစွာ အမျိုးစုံညီ

ဖူးပွင့်ကြသည်။

ကမ္ဘာ့ရပ်ရွာ ရင်ခွင်ကျယ်မှာ

အချစ်တေးသီ ကကြိုးချည်လည်း

အနှိုင်းမဲ့သခင် လင်္ကာရှင်တို့

မြင့်မိုရ်ထက်မြင့် တုနှိုင်းမမှီ

လင်္ကာသီလည်း ဖွဲ့လို့မမှီ

မိဘမေတ္တာ ရင်ခွင်သာတည်း။



ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

အလွမ်းရင့်ရင့်




အလွမ်းရယ်ရင့်

လွမ်းပွင့် လဲကြွေ

ဆွေးရိပ်ဝေဒနာ

သူ..မသနား

ရင်ထဲကအချစ်

မေ့ပစ်မရ

တသသရှိတုန်း

မျှော်ခဲ့ တဲ့ ချစ်သူ

အလွမ်းတွေ...ထားခဲ့ ပြီလား...။

လွမ်းနေဆဲပါ.

ဖော်ကွာတမ်းချင်း

အလွမ်းတွေပွေ့ ဖက်

သောကကဗျာ

ရေးသီလို့ကောင်းနေတုန်းပါဘဲ ..။

တွေ့ ဆုံကြုံကွဲ

ဖြစ်မြဲဓမ္မတာ

သံသရာထဲ

ပူလောင်အမြိုက်

တွေးရင်းမချိ

ငြိမိသည့် ...နှလုံးသား

အချစ်..လုံးပါးပါးခဲ့ပြီ လေ....။

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

ကြယ်ကြွေညဆုတောင်း



ကြယ်အလင်းနဲ့ 

ငေးရင်းတမ်းတ

မှုန်ဝါးဝါးနဲ့

ညရဲ့ အလယ်

အိပ်မရည

စိတ်လွင့် နေတဲ့ 

ည ရဲ့ ဒိုင်ယာရီမှာ

စာစီခဲ့ တာနေ့တိုင်းပါပဲလေ။

လမင်းကမသာ

ကြယ်ညအလင်း

အိပ်ခြင်းကိုကျော်ဖြတ်

လွမ်းတတ်ခဲ့ တာကြာပြီ ။

ရာသီလည်းကူး

ရူးမတတ်ခံစား

ကြယ်လေးတွေရယ်

ရင်မှာရှိသမျှ

အဝေးကချစ်သူဆီ

အလွမ်းတွေ ပို့ပေးပါကွယ်။

ချစ်တာလဲမဖျက်

သစ္စာလည်းမပျက်

ရတက်ပွေရင်ထဲ

ဝေခွဲမရအလွမ်း

အိပ်မရညအစဉ်

့ ကြယ်ကြွေညတိုင်း.

လွမ်းဆွတ်ခြင်းဝေးပါစေ

.ချစ်သူရယ် ဆုတောင်းနေပါတယ်နော်..။ ။

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ