Wednesday, July 24, 2013

မြတ်နိုးလျှက်ပါမောင်




ကဗျာဆန်ဆန်မပြောတတ်ပေမယ့်

အမြဲနားလည်ပေးတတ်သူမို့

မြတ်နိးလျှက်ပါမောင်...။


ဝါသနာတူစရိုက်ကွဲပေမယ့်

စာနာစွာညှိယူပေးတတ်သူမို့

တန်ဖိုးထားလျှက်ပါမောင်...။




အကြင်နာကိုလူမြင်အောင်မဖွင့်ပြတတ်ပေမယ့်

စေတနာရင်မှာတွေ့တာမို့

ရိုးသားတဲ့ချစ်ခြင်းတွေအတွက်

လေးစားလျှက်ပါမောင်...။


သံယောဇဉ်တွယ်တာ တာတွေ

မြင်အောင်မပြတဲ့မောင့်ကို

အကြင်နာပိုအချစ်တွေတိုးလို့

မြတ်နိုးလျှက်ပါမောင်...။



စာဖတ်သူများအားးအစဉ်လေးစားလျှက်
ရှင်းသန့်မေ

မုန်တိုင်းကြားက ပန်းလေးများငြိမ်းချမ်းကြပါစေ



စစ်စနစ်ဆိုးဂယက်ကြောင့်

နှစ်ဦး၊ နှစ်ဖက်

ဆုံးရှုံးနစ်နာများလှပြီ

တိုက်ပွဲသဘောတရား

သေနင်္ဂဗျူဟာများကြောင့်

တိုက်ပွဲဖြစ်ပေါင်းများလှပြီ

ဘယ်သူနိုင်နိုင်

ဘယ်သူရှုံးရှုံး

ဆုံးရှုံးရတာ

တို့သွေးချင်းတွေပါ

အော်ဟစ်ငိုသံငြီးတွားသံ

နေရာအနှံ့ပြည့်နက်နေ

အမှန်တရား မြတ်နိုးသူနဲ့

အာဏာလက်ကိုင်ထားသူတို့

တိုက်တဲ့ပွဲမှာ

အနာဂါတ်အတွက်

အပြစ်မဲ့ပန်းကလေးများ

အရိပ်မဲ့ရ

လူသားတို့ကြောင့်ဖြစ်တဲ့စစ်ပွဲ

လူသားများက ရပ်တန့်ပေးကြပါ

အပြစ်မဲ့ လူမမယ်ကလေး

အားငယ်စွာ ငိုရှိုက်သံတို့အစား

စာသင်ကျောင်းရှေ့

နိုင်ငံတော်အလံတော်အောက်

အားမာန်တက်ကြွစွာ

သီဆိုလိုက်သည့် နိုင်ငံတော်သီချင်းသံ

မြန်ပြည်မြောက်ဖျားမှစတင်ပြီး

မြန်ပြည်နောက်ခြမ်းတိုင်

အပြစ်မဲ့နေလောင်းပန်းကလေးများအသံ

မိုးထိအောင်ညံလွှင့်ပျံနိုင်ပါစေ

ကလေးငယ်အားလုံးဘ၀များ ငြိမ်းချမ်းသာယာပါစေ။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

အတိတ်ကအချစ်နေ့စွဲ




ကုန်ဆုံးခဲ့တဲ့နေရက်တွေ

ပြန်ငဲ့စောင့်ကြည့်မိတော့

အလွမ်းတွေက ငါ့ကို

လက်ယက်ခေါ်နေတယ်

ရခဲ့ဖူးတဲ့ အကြင်နာတွေ

ပြောဖူးခဲ့တဲ့ချစ်စကား

ကြည်နူးဖူးတဲ့နေ့စွဲ

ပျော်ခဲ့ကြတဲ့ နေ့ ရက်

ဟိုး....အတိတ်မှာကျန်ခဲ့ပေါ့

အတိတ်ဆိုတာ

အတိတ်မှာကျန်ခဲ့ပေမယ့်

တစ်ခါတစ်ခါ

တွေးလိုက်တိုင်း

ရင်ထဲမှာနာကျင်

အတိတ်တွေက ပစ္စုပ္ပန် ကို

လာလာရိုက်ခတ်နေတယ်

ခိုင်မာတဲ့ဆုံးဖြတ်ချက်

မပြတ်သားမိတဲ့ငါစိတ်

ချစ်သူ ဆိုတဲ့ ခေါင်းစဉ်အောက်

အတုံးအရုန်းနဲ့ လဲကျသွားခဲ့တာ

ငါ့ရဲ့ အားနည်းချက်ပဲထားလိုက်ပါတော့....။


စာဖတ်သူများအားလေးစားလျှက်
ရှင်းသန့်မေ

((((ပျော်ပါစေ ချစ်သူ)))



အဆုံးသတ်ကိုသိရက်

ဇွတ်တိုးမိတဲ့ ပိုးဖလံငယ်

အပြုံးမပျက်ပဲ

လျှောက်ခဲ့တဲ့ အချစ်တခု

အရှုံးသက်သက်နဲ့ 

ဆက်လျှောက်နေခဲ့မိတယ်

မတူညီတဲ့ အယူအဆ

ကွဲပြားနေတဲ့ ခံယူချက်တွေက

တံတိုင်းကြီးတစ်ခုပမာ

ကာထားနေမှတော့

ကွာခြားတဲ့ ငါတို့ ဘ၀တွေ

တစ်ကမ္ဘာခြားခဲ့ပြီပေါ့

ပျော်ရွှင်ခဲ့ဖူးကြတာ

ချစ်ခဲ့ကြတာတွေ

အိပ်မက်တစ်ခုသာဖြစ်မယ်ဆို

အဲ့ဒီအိပ်မက်က

ငါဘယ်တော့မှ မနိုးထပါရစေနဲ့တော့

ရခဲ့ဖူးတဲ့ အကြင်နာတွေ

နွေးထွေးတဲ့ အချစ်တွေ

နှလုံးသားတစ်ထောင့်တစ်နေရာမှာ

ထာဝရရှင်သန်နေဦးမှာပါ

ချစ်တိုင်းလဲမညား

ညားတိုင်းလည်းမချစ်တဲ့လောကမှာ

ချစ်ခွင့်မရှိတော့ပေမယ့်

ငါ.သိပ်ချစ်ခဲ့တဲ့ နင်တယောက်.

ပျော်ရွှင်ပါစေ.....။


စာဖတ်သူများအားလေးစားလျှက်
ရှင်းသန့်မေ

((((မေတ္တာတရား))))



ဘ၀လောကဓံ

လှိုင်းလေထန်လည်း

အားမာန်မချ

ရှေ့သို့ရောက်အောင်

စိတ်ကဆောင်ကျဉ်း

အားမာန်အပြည့်ချီတက်မည်။

လောကဓံကြား

မနာလိုသူ

မလိုမုန်းထား

အတ္တများကြား

စိတ်အားမငယ်

မေတ္တာတရား

စိတ်ဝယ်ထားကာ

ရှေ့ဆက်လို့သာလျှောက်လှမ်းမည်။

လောကအလယ်

များတကာလို

ဘ၀ဒုက္ခ

တွေ့ကြုံရလည်း

မလျှော့ဇွဲဖြင့်

အားသစ်ချီကာ ရှေ့ဆက်မည်။

လောကအလယ်

လူသူအများ

စိတ်ထားပြောင်းလည်း

ငါ့ရဲ့စိတ်ထား

ပြောင်းမသွားအောင်

ဘ၀ဆုံးထိထိန်းသိမ်းမည်။

လောကအလယ်

လူတို့ပေါ်တွင်

မေတ္တာတရား

လက်ကိုင်ထားကာ

ပေးဆပ်လိုက်မယ်

လူနတ်သတ္တ၀ါအကုန်ရစေသား။




ကြိုးစားနေဆဲပါ
စာဖတ်သူများအားလေးစားလျက်
ရှင်းသန့်မေ

(မမေ့ဘူးကွယ်)



မမေ့ဘူးကွယ်
မင်းရယ့်သံတွေ

မမေ့ဘူးကွယ်
မင်းအကြင်နာ

မမေ့ဘူးကွယ်
မင်းဖေးမမူ

မမေ့ဘူးကွယ်
မင်းရဲ့အသံ

မမေ့ဘူးကွယ်
မင်းအချစ်တွေ

မမေ့ဘူးကွယ်
မင်းရဲ့အရိပ်

မမေ့ဘူးကွယ်
မင်းရဲ့မျက်နှာ

မမေ့ဘူးကွယ်
မင်းပုံရိပ်တွေ
ထာဝရရင်မှာ
တံဆိပ်ခတ်ထားလိုက်ပြီ
ကျန်းမာပျော်ရွှင်ပါစေချစ်သူရယ်

လေးစားလျက်
ရှင်းသန့်မေ

((((ဥပေက္ခာမိုး))))




ငါတို့နှစ်ယောက်ရဲ့လမ်းမှာ

အချစ်မိုးလည်းသည်းခဲ့ဘူးတယ်။

ငါတို့နှစ်ယောက်လမ်းမှာ

အလွမ်းမိုးလည်းသည်းခဲ့ဖူးတယ်။

ခုတော့ငါတို့နှစ်ယောက်လမ်းမှာ

သံသယမိုးတွေရွာချ

မာနမိုးထပ်ဆင့်ရွာသွန်း

ို့ဥပေက္ခာမိုးရွာသွန်းလိုက်တော့

တို့နှစ်ယောက်ဝေးခဲ့ရပြီပေါ့

တမ်းတမိုးတွေကရွာသွန်းဆဲပါပဲ။

လေးစားလျက်
ရှင်းသန့်မေ