Wednesday, July 24, 2013

(ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်




သူငယ်ချင်းတို့ ရေ

မိုးစိုမှာကြောက်လို့

မိုးတိတ်မှ အပြင်ထွက်မဲ့

စိတ်ဓါတ်တွေနဲ့ တော့

ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

ယုံကြည်ချက်ကိုယ်စီထမ်း

ကမ္ဘာသစ်ဆီသွားမယ့်လမ်းဟာ

ကြမ်းတော့ကြမ်းလိမ့်မယ်

ဆိုးချင်ဆိုးလိမ့်မယ်

ကမ္ဘာသစ်ရောက်ဖို့

ငါတို့ကြောက်သွေးတွေ

ဖေါက်ထုတ်ထားရမယ်

ရဲရဲတောက်သွေးနဲ့

အနာဂါတ်အတွက်

တောက်ပတဲ့အလင်းရောင်တွေ့ဖို့

အရှေ့ကိုဘဲတည့်တည့်ကြည့်ပြီး

ရဲရဲဝံ့ဝံ့ လျှောက်ရအောင်

သူငယ်ချင်းတူညီတဲ့ဆန္ဒနဲ့

လမင်းကြီးကိုမြင်ချင်ရင်တော့

ကြယ်စင်တွေပြိုင်တူတောက်ပဖို့တော့လိုလိမ့်မယ်။


ပြိုင်တူတွန်းရင်ပန်းတိုင်ရောက်မြန်လိမ့်မယ်။


လေးစားလျှက်
ရှင်းသန့်မေ

(((((((ရှိနေပေးပါ ချစ်သူရယ်))))))



မိုးရာသီရောက်ပြီနော်ချစ်သူ.

မိုးစက်ကလေးတွေအောက်မှာ

ပျော်ရွှင်ခဲ့ဖူးတဲ့အချိန်လေးတွေ.

သာယာချိုမြတဲ့တေးသွားလေးလို.

မင်းပြောခဲ့တဲ့အားပေးစကားတွေ

ပုံပြင်တစ်ပုဒ် မဖြစ်ပါရစေနဲ့ ချစ်သူ.

မင်းကြောင့်စိတ်ကူးယဉ်အားတက်ခဲ့ရတဲ

့ ငါ့ရဲ့နေ့ရက်တွေကို

အိပ်မက်တစ်ခုလို မဖြစ်ပါရစေနဲ့

ချစ်သူရယ်

မာန နဲ့ သိက္ခာ

မင်းအတွက်အရှုံးထား

နှလုံးသားမှာ ကမ္ဓည်းထိုး

မင်း ကို မြတ်နိုးစွာချစ်မိသွားလို့ ပါ

ငါ့ရှိမှ ပြီးပြည့်စုံမယ်ပြောတတ်တဲ့မင်း

ငါ့အတွက်တော့မင်းရှိမှဖြစ်မယ်.

မင်းမရှိရင်တော့

ငါ့နေ့ရက်တွေကအသက်မ၀င်နိုင်ဘူး

ငါအတွက်ရှိနေပေးပါချစ်သူရယ်။

လေးစားလျှက်
ရှင်းသန့်မေ

(((ဘ၀ဆုံးတိုင်..မမေ့ကြေးနော်))



ချစ်သူရဲ့ချစ်တယ်ဆိုတဲ့စကား

ပျားရည်လိုချို

နားဝယ်မှာစို

မျက်ဝန်းမှာရှက်သွေး

ရင်မှာတလျှပ်လျှပ်ခုန်

ယုံလောက်အောင်ပြောတတ်သူ

ပြည့် လျှံတဲ့ အကြင်နာ

နှလုံးသားရင်ခုန်သံ

ဗြောင်းဆန်နေပါရောလား

သစ်စိမ်းလည်းမချိုးနဲ

့မျက်မုန်းလည်းမကျိုးနဲ့ 

တစ်သက်လုံးအချစ်တွေနဲ

ချစ်စံအိမ်လေးတည်ဆောက်စို့နော်

့မခွဲအတူတူ

အပူတွေဝေကာမျှ

ဘ၀ရဲ့လက်တွဲဖေါ်

စိတ်ခြင်းလည်းညီ

ရင်ချင်းလည်းထိလို့ 

သစ္စာတွေခိုင်မြဲ

ဘ၀ဆုံးတိုင်ချစ်မယ်

မမုန်းကြေး.မမေ့ ကြေးနော်..။ ။

ကဗျာချစ်သူများအားလေးစားလျက်
ရှင်းသန့်မေ

((((အပြစ်လို့ဆိုမလား)))))



တွေဆုံမှု့က

သံယောဇဉ်အစပြု

ဖြူ စင် စွာ ချစ် ခဲ့ ရုံ

မျက်လုံးချင်းငြိ

.ရင်ဘက်ချင်းငြိခဲ့တာ

အပြစ်လို့ဆိုမလား

ချစ်ခဲ့တာ

အထူးဆန်းလည်း

မဟုတ် ခဲ့ ပါ ဘူး

ကြည်နူးပုံရိပ်

တရိပ်ရီပ်

မြတ်နိုးချင်းသက်သက်သာ

ချစ်ခြင်းကိုပျိုးမိတာ

အပြစ်လို့ဆိုမလား

ယုံ ကြည် မှု့ဆိုတာ

နှစ်ယောက်ရင်ဘက်ထဲက

အမှတ်တံဆိပ်

အတုဖြစ်ခဲ့တာ

အပြစ်လို့ဆိုမလား

အချစ်ပုံပြင်တပုဒ်

အဆန်းတော့မဟုတ်

သိပ် မျှော် လင့် တာ တော့

မဟုတ်ခဲ့ပါဘူး

သ တိ ရ တတ် ရုံ

သံယောဇဉ် ကို

အပြစ် လို့ဆိုမလား။
စာဖတ်သူအားလုံးကိုအစဉ်လေးစားလျှက်

ရှင်းသန့်မေ

(((GOOD BYE ချစ်သူ)))




နင့်နေအောင်ချစ်သလို

ရင်ပွင့်မတတ်လည်းခံစားရတယ်

နှလုံးသားကဒဏ်ရာ

ငါ့တသက်တာအမှတ်တရပေါ့။

ချစ်ခဲ့ဖူးတဲ့အချစ်

မြတ်နိုးဖူးတဲ့အကြင်နာ

လွမ်းခဲ့ဖူးတဲ့သူ့ပုံရိပ်

တိမ်တွေလိုပျောက်ကွယ်သွားပြီ။

ချစ်ခဲ့ဖူးတဲ့အချစ်က

တိမ်တွေလိုရွေ့လျား

ဖမ်းဆုပ်လို့မရမှတော့

ထိန်းချုပ်မထားတော့ဘူး

ချစ်ခဲ့ဖူးတဲ့အချစ်အတွက်

တသက်စာအတွက်အမှတ်တရပါပဲ။

ကွဲအက်သွားတဲ့အသည်း

ပြန်ဆက်ဖို့တော့မဖြစ်နိုင်မှတော့

အသက်ပေးလောက်အောင်ချစ်ခဲ့ပေမဲ့

မေတ္တာပြယ်ခဲ့လေတော့

နောင်သံသရာအထိမင်းအချစ်ကို

ရူးသွပ်မနေတော့ဘူး

ချိုမြိန်ဖူးတဲ့ အချစ်

လွမ်းဆွတ်ခဲ့ဖူးတဲ့ အရိပ်ထဲက

ထာဝရရုန်းထွက်လိုက်ပြီ

မင်းဆက်လျောက်မယ့်လမ်းဖြောင့်ဖြူးပါစေ။


ချစ်သူတိုင်းအချစ်စစ်နဲ့ဆုံစည်းနိုင်ကြပါစေ
ကဗျာချစ်သူတိုင်းအားလေးစားလျက်
ရှင်းသန့်မေ

♫♥♫♥♫အလွမ်းကိုစာဖွဲ့.ကဗျာသက်သေတည်မည်♫♥♫♥




အလွမ်းတွေစာဖွဲ့ 

ကဗျာနဲ့ သက်သေတည်

အလွမ်းဝေဒနာရယ်ရင့်

ချစ်သူအရိပ်အယောင်

အနားမှာရှိနေသယောင်ပေါ့ 

အပြေးဘဲလာချင်မိတယ်

ချစ်တယ်တစ်အား

ငြိတွယ်စကားတွေနဲ့ 

နှလုံးသားမှာအရာထင်

မျှော်မှန်းရင်းကြေကွဲ

အစွဲအလန်းများနဲ့ 

အသဲကျွမ်းလုဒီရင်မှာ

ချစ်သူအတွက်

အချစ်မေတ္တာကုဋေကဋာမကရှိနေတယ်



ချစ်သူအတွက်
ချစ်ကဗျာနဲ့ဖွဲတည်
တည်မြဲသောသစ္စာ
ခိုင်မြဲသောမေတ္တာ
အလွမ်းကိုစာဖွဲ့
ကဗျာသက်သေတည်မည့်
ကဗျာတပုဒ်
ဖန်ဆင်းလိုက်တယ်
ကဗျာဖတ်သူကြည်နူးစေသော်


အားလုံးကိုချစ်ခင်လေးစားလျှက်
ရှင်းသန့်မေ
3

((((sorry တဲ့လား ချစ်သူ)))



ရင်ဘက်ချင်းထပ်တူညီလို့

နှလုံးသားချင်းနားလည်

မျက်ဝန်းခြင်းဖလှယ်

အနုအရွစကားလုံးနဲ့

ချစ်စကားတွေတီတီတာတာဆို

ဂရုစိုက်ကြင်နာမူခါခါပြော

ချစ်စကားအကြိမ်ကြိမ်ဆို

အနားမှာအမြဲရှိနေမယ်အခါခါဆို

တူနှစ်ကိုယ်ရည်စူး

အနာဂါတ်အတွက်မျှော်မှန်း

ချစ်စံအိမ်တည်ဆောက်မယ်လို့

အိပ်မက်တွေအခါခါပျိုး

ဘ၀ခရီးလမ်းစိတ်တူကိုယ်တူ

ဘ၀သစ်ကိုတည်ဆောက်မယ်တဲ့

အော်..ကံကြမ္မာကဖန်လာလေလား

မြှားနတ်မောင်ပြုစားလိုက်လေလား

"ဆော်ရီးပါချစ်သူတဲ့လား"

အမှတ်တရနေ့တွေအတွက်ကျေးဇူးပါတဲ့

မကြင်နာသူကထားရက်လို့ပစ်ခွာ

စိမ်းစားစွာရက်စက်နိုင်လေတော့

အချစ်ဆိုတာ မင်းတောင်းပန်ရုံနဲ့

ပြန်ရုပ်သိမ်းပေးရတဲ့အရာလား

sorry တဲ့လားချစ်သူ

စာဖတ်သူများအားလေးစားလျှက်
ရှင်းသန့်မေ