Tuesday, September 11, 2012

ချစ်သူများနေ့မှာမျှော်လင့်မိတဲ့...ချစ်စကားလက်ဆောင်တစ်ခွန်း

..ကျွန်မကိုချစ်တယ်လိုတစ်ကြိမ်..တစ်ခါထဲပြောခဲ့ဖူးတာပါ.
.ခင်မင်မူသံယောဇဉ်ပဲကြာရှည်ခဲ့ပေမယ့်... ကိုနဲ့ချစ်သူတွေမဖြစ်သေးပါဘူး။
ကိုက...ချစ်တယ်လို့..တစ်ခါတည်းပြောပြီး....
မေအတွက်.ကဗျာတွေသီ..မေအကြောင်းတွေ..အခါခါတွေးနေတယ်..မေကိုချစ်တယ်..
ဘယ်လိုပဲပြောပြော..မေကိုချစ်နေရင်းနဲ့..တစ်ယောက်ကို သူ သတိရနေတတ်သလားဆိုတာလေ...
အခါခါစဉ်းစားရင်း..   .... ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘူး၊
ခဏခဏလဲ စဉ်းစားနေမိတယ်.. ကျွန်မကို ချစ်နေရင်းနဲ့ တစ်ယောက်ကို အရင်မေတယောက်ကို သတိရနေတတ်သလားဆိုတာ... သူ့ရဲ့ အတွေးတွေထဲဘယ်မေကစိုးမိုးနေတာလည်း..အရင်မေတယောက်ကများ..
ရောက်နေဆဲလား၊နောက်ပြီး ကိုတယောက်အဝေးတနေရာမှာ... အားငယ်နေတဲ့ အချိန်မှာ
သူ့အတွေ့းထဲကို ဘယ်သူရောက်ရှိနိုင်လဲ ..နောက်ပြီး ... နောက်ပြီး.....အို..အတွေးတွေနဲ့ပါပဲ။
ချစ်မယ်လိုအခါခါစဉ်းစားတိုင်းလည်း..အဲဒီအတွေးကရောက်ရောက်လာတယ်...
ခံစားချက်တွေရဲ့ နောက်မှာ တောင့်တခြင်း၊မျှော်လင့်ခြင်းတွေ.... အတွေးထဲအမြဲရှိနေခဲ့တယ်..
သိချင်လွန်းတဲ့ ဆန္ဒလေးတစ်ခု ရှိသေးတယ်...... မေးမလို့လဲ အကြိမ်ကြိမ်အခါခါပြင်ဆင်ခဲ့မိတယ်......ပြောမယ်လို့စဉ်းစားတိုင်းလည်း
မိန်းကလေးဆိုတဲ့တံတိုင်းကာရံထားလို့...အတွေးမှာတင်ရပ်တန့်သွားခဲ့တယ်..
..ကိုချစ်သူများနေ့ရောက်တော့မယ်နော်...ကျွန်မအတွက်တော့.
ချစ်သူများနေ့မှာ..ဘာလက်ဆောင်မှမလိုချင်ပါဘူး....
မေအကြားချင်ဆုံးစကားလေးတစ်ခွန်းကတော့.....
မေရယ်..ကိုချစ်တယ်
ဆိုတဲ့...ချစ်လက်ဆောင်စကားလေးတစ်ခွန်းပါပဲ...
မေလည်းသူများတွေနည်းတူချစ်သူများနေ့မှာပျော်ပါရစေ။


ချစ်သူတိုင်းနူးညံ့သိမ်မွေ့တဲ့ချစ်ခြင်း
ဖြူစင်တဲ့ချစ်ခြင်းတွေ
ချစ်သူများနေ့မှာပိုင်ဆိုင်နိုင်ပါစေ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

****ပြည်ချစ်ဖခင်ကြားသိနိုင်ပါစေသော်(ပြည်ချစ်ဖခင်မွေးနေ့အမှတ်တရ)**

ပြည်ချစ်ဖခင်..ဒီနေ့ဆို ဖခင် အသက် (၉၇)နှစ်ပြည့်ခဲ့လေပြီ...
တိုင်းပြည်အတွက်..လူမျိုးအတွက်..ကိုယ်ကျိုးမဖတ်အသက်စွန့်ခွာသွားတဲ့...အိုဖခင်
အပင်တပင်ကိုစိုက်သာစိုက်ခဲ့ပြီး
...အော်အပင်လေးတွေအသီးအပွင့်ကိုတောင်ပျော်မသွားရှာတဲ့အိုဖခင်...အခုဆိုဆိုဒ်တိုင်းလိုလိုမှာပြည်ချစ်ဖခင်အတွက်
ကြိုးပမ်းစွာ ..ဂုဏ်ပြုနေကြတဲ့လူငယ်များစွာ...အဖေအတွက်..ဂုဏ်ပြုကြတယ်..အဖေ
အဖေကလူသာသေပေမယ့်...အဖေကိုချစ်တဲ့သားသမီးတွေစိတ်ထဲမှာအဖေကရှင်သန်နေဆဲပါ...
အဖေမှာခဲ့တဲ့
ဗမာပြည်သည်၊တို့ပြည်
ဗမာစာသည်၊တို့စာ
ဗမာစကားသည၊်တို့စကား..
တိုင်းပြည်အရပ်ရပ်မှာ..အကြောင်းကြောင်းကြောင့်ကိုယ့်တိုင်းပြည်ကိုစွန့်ခွာဝေးကွာနေရပေမယ့်လည်း..
.အဖေအတွက်တိုင်းပြည်ချစ်ပြည်သူများ၊လူငယ်များက
အဖေပေးခဲ့တဲ့စိတ်ဓါတ်၊အဖေပေးခဲ့မျိုးချစ်စိတ်ကတော့တိုင်းပြည်ချစ်လူငယ်များစွာရင်ထဲရှင်သန်နေဆဲပါအဖေ
အဖေရောက်ရာအရပ်ကနေ ..၀မ်းမြောက်ဝမ်းသာတွေရမြင်ရမှာပါ...
အဖေအတွက်..၀မ်းမြောက်ဝမ်းသာဂုဏ်ပြုနေကြတာ..အဖေအစားဝမ်းသာမျက်ရည်တောင်လည်မိပါတယ်....
အဖေအတွက်မွေးနေ့ဂုဏ်ပြုကဗျာတွေ၊အဖေမှတ်တမ်းတွေ၊အဖေဆောင်းပါးတွေပြန်လည်အသက်ရှင်လာတယ်အဖေ
ဒါကအဖေကိုမမေ့သေးတဲ့တိုင်းပြည်ချစ်လူငယ်များရဲ့စိတ်ကိုဖေဖေါ်လိုက်သလိုပါပဲ
အဖေပေးခဲ့ပြည်ထောင်စုစိတ်ဓါတ်လေးပါပဲအဖေရယ်။



အဖေရောက်ရာအရပ်ကနေ..ကျွန်ပ်တို့ပြုသမျှကောင်းမူအကျိုးများကို..အဖေကိုအမျှအတန်းပေးဝေပါတယ်
အဖေကြားသိနိုင်ပါစေသော်...




အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ

မေတ္တာစစ်နဲ့ချစ်မှာလား



တစ်ဦးကိုတစ်ဦး ချစ်ကြတဲ့ ``သံယောဇဉ်ဆိုတာ´´ ကြင်နာတတ်သော နှလုံးသားတွေရှိမှသာ ချစ်နိုင်ကြတာဖြစ်သောကြောင့် မိမိတို့၏ ချစ်ခြင်းမေတ္တာတွေကို တစ်ဦးကိုတစ်ဦး အပြန်အလှန်မေးခွန်းလေး တွေနှင့်မေတ္တာစစ်နဲ့ ချစ်မှာလားလို့ မေးလိုက်ကြရင် ချစ်သူတို့နှစ်ဦးအတွက် အကောင်းဆုံးသော မေးခွန်းလေးတွေဖြစ်လာမှာပါ လောကထဲမှာ ရှိကြတဲ့လူသားတွေ အားလုံးဟာ အချစ်နဲ့မကင်းကြပါဘူး ချစ်ခြင်းတရားတွေကို နားလည်တတ်ကြပြီဆိုရင်တော့ အဲဒီချစ်သူစုံတွဲလေးတွေဟာ မေတ္တာခရီးကို လျှောက်လှမ်းကြတဲ့အခါမှာတော့ နားလည်ခြင်း သည်းခံခြင်း ခွင့်လွှတ်ခြင်းတရားတွေက အကောင်းဆုံးသော အဖြေတစ်ခုကို ရလဒ်ကောင်းတွေအဖြစ် ဖော်ဆောင်ပေးနိုင်ပါလိမ့်မည်။
*******************************
အပြစ်ကင်းတဲ့ အဖြူရောင်နှလုံးသားကို ရောင်စုံတွေချယ်သပေးနိုင်တဲ့ အချစ်လို့ခေါ်တဲ့

ပန်းချီဆရာ
လက်ထဲကို အပ်လိုက်ရင် ကြင်နာမှုအပြည့်ရှိတဲ့ ပန်းချီဆရာက အဖြူရောင်နှလုံးသား စာမျက်နှာပေါ်မှာ ချစ်စရာကောင်းတဲ့ အချစ်ပန်းကလေးတွေပွင့်အောင် အကြင်နာလက်ကလေးနဲ့ တစ်ချက်လောက်ငဲ့စောင်းပြီး ရေးခြစ်လိုက်ရုံဖြင့် စွဲမက်စရာကောင်းလောက်အောင် အချစ်ဆိုတဲ့ ရောင်စုံပန်းချီကားလေး တစ်ချပ်ကို ပုံဖော်ရေးဆွဲ ပြနိုင်တာက သူ့နှလုံးသားမှာ`` မေတ္တာစစ်နဲ့ ချစ်တတ်တယ်´´ဆိုတာကို ပြသနေတာပေါ့။
အဲဒီလိုပဲ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြင်နာမှုတွေ ပေးနေသော ချစ်သူတို့နှစ်ဦးကလည်း မိမိတို့ ရဲ့ မေတ္တာခရီးမှာ အပြစ်ရှာပြီးတော့သွားနေမယ်ဆိုရင်တော့ ချစ်ခြင်းတရားတွေက အပြစ်ကင်းသွားမှာတော့မဟုတ်ပါဘူး။အပြစ်ကင်းတဲ့ ချစ်ခြင်းတရားတွေဖြစ်လာအောင်

ကြိုးစားကြမယ်ဆိုရင် အချစ်ဆိုတဲ့ နိယာမတရားပေါ်မှာ အပြစ်ရှာခြင်းလို့ခေါ်တဲ့ ဒေါသဥပဒေကိုလည်း မထားပါနှင့်။တစ်ဦးနှင့်တစ်ဦး အပြစ်ပုံချခြင်း မာနလို့ခေါ်တဲ့ ရှေ့နေကိုလည်း မငှားလိုက်ကြပါနှင့်။
***********************************
အပြစ်မြင်လို့ မချစ်ချင်ကြတော့တဲ့ အခါမှာပဲဖြစ်ဖြစ် မချစ်ချင်လို့ အပြစ်မြင်ကြတဲ့အခါမှာပဲဖြစ်ဖြစ် တစ်ယောက်နှင့်တစ်ယောက် မုန်းသွားကြပြီဆိုတဲ့ ``အမုန်းလက်နက်´´ တရားသူကြီးရဲ့ အမိန့်ချတာကိုလည်း မခံလိုက်ကြပါနှင့်။အပြစ်မြင်တတ်တဲ့ နှလုံးသားရှိသူတွေအနေနဲ့ မချစ်ခင်ကတည်းက ကြိုတင်ပြီးတော့ မိမိရဲ့ နှလုံးသားကို ဆန်းစစ်လိုက်ပါ ၊ ငါ့နှလုံးသားက အပြစ်ကင်းတဲ့ ချစ်ခြင်းတရားတွေ ရှိနေသော နှလုံးသားပိုင်ရှင်မှ ဟုတ်ကောဟုတ်ပါ့မလား တကယ်တမ်းလည်း ငါ့နှလုံးသားက အပြစ်မရှာပဲ အနှစ်ပါတဲ့ ချစ်ခြင်းတွေကို ပေးစွမ်းနိုင်ပါ့မလားဆိုတာကို ဆန်းစစ်ပြီး ငါဟာ ``မေတ္တာစစ်နဲ့ချစ်လို့မှဟုတ်ရဲ့လား´´ ။

****************************
အဲဒီလိုကိုယ့်ရဲ့မသိစိတ်က ဖြစ်ပေါ်နေတဲ့ နှလုံးသားကို ကိုယ်ကိုယ်ပြန်လည်ကာ မေးမြန်းစိစစ်ပြီးမှ ကိုယ်ကိုယ်တိုင်က သူ့အပေါ်ကို တကယ်တမ်း မေတ္တာစစ်နဲ့ ချစ်လို့ရပြီဆိုရင် ကိုယ်ချစ်နေရတဲ့ တစ်ဘက်သူဆီက ထွက်ပေါ်လာမည့် ချစ်ခြင်းတရားတွေကိုလည်း သေချာစွာလေ့လာသင့်ပါတယ်။သူ့ဘက်ကလည်း ငါ့အပေါ်ကို သံယောဇဉ်နှောင်ကြိုးလေးတွေနဲ့ နောင်အခါ ဘယ်တော့မှ မရိုးရအောင် အတိုးချလို့ချစ်လာခဲ့ရင် ကိုယ့်ဘက်ကနေ ပေးဆပ်ရမည့်မေတ္တာတရားကို လည်း ကိုယ်ကပေးဆပ်နိုင်ခြင်း ရှိသလား ၊မရှိဘူးလားဆိုတာကို မိမိရဲ့ နှလုံးသား(မသိစိတ်)ကလေးကိုလည်း သေချာမေးကြည့်လိုက်ပါဦး။ငါ့ဘက်ကလည်း သူ့အပေါ်ကို ``မေတ္တာစစ်နဲ့ချစ်မှာလား´´ဆိုတဲ့ခေါင်းစဉ်တပ်ပြီး မေးခွန်းထုတ်လိုက်ကြပါ။ ပြီးတော့ သူ့ဘက်ကလည်း ငါ့အပေါ်ကို တကယ်ပဲ ``မေတ္တာစစ်နဲ့ ချစ်မှာလား´´အပြန်အလှန်မေးခွန်းလေးတွေနှင့် အားလုံးပဲ အပြစ်ကင်းတဲ့ ချစ်ခြင်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ချစ်သူများနေ့မှာချစ်သူတိုင်းအပြစ်ကင်းတဲ့ ချစ်ခြင်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

မေမေ့မေတ္တာ





အမေဆိုတဲ့အသံကိုကြားလိုက်ရုံဖြင့်လူတိုင်းရင်မှာ
အမေနဲ့ပါတ်သက်ပြီးတော့ခံစားချက်ကလေးတော့ရှိကြမှာပါ
ဒီကမ္ဘာလောကကြီးထဲမှာ ကျေးဇူးတရားတွေမေတ္တာတရားတွေကြီးမားတဲ့ပုဂ္ဂိုလ်ကိုပြပါဆိုလျှင်
အမေမှတစ်ပါးအခြားမရှိပါဘူး။
အမေ့ရဲ့မေတ္တာတရားတွေဟာတန်ဘိုးဖြတ်လို့မရအောင်ကြီးမားခဲ့တာပါ
သားသမီးတွေအပေါ်ကိုမေတ္တာတရားတွေအပြည့်အ၀ထားပြီးချစ်ပြခဲ့တာကအမေပါ
ပဋိသန္ဓေတည်ကတည်းကနေပြီးတော့မေတ္တာဓာတ်တွေအပြည့်အ၀နဲ့လူ့လောကထဲကို
သားတွေသမီးတွေအပြစ်ကင်းစွာနဲ့ရောက်လာအောင်ကြီးမားတဲ့မေတ္တာနဲ့စောင့်ရှောက်ပေးခဲ့တာကအမေပါ-
--အမေ့ရဲ့မေတ္တာပန်းကလေးကတော့ဘယ်ပန်းနဲ့
မှမတူအောင်လှခဲ့တာပါ လောကမှာဖူးပွင့်ဝေဆာလှပနေကြတဲ့ပန်းကလေးတွေတောင်မှ
အမေ့ရဲ့ မေတ္တာ ပန်းကလေးကိုလိုက်လို့မမီပါဘူး
ကမ္ဘာမှာတန်ဘိုးအကြီးမားဆုံးပန်းကလေးကတော့ အမေ့ရဲ့မေတ္တာပန်းကလေးပါပဲ။
ပန်းကလေးတွေကိုမြတ်နိုးတတ်သလိုအလှအပဆုံးဖြစ်တဲ့အမေ့ရဲ့မေတ္တာပန်းကလေးကိုလည်းမေ့မထား
သင့်ပါဘူး။ပန်ထားသင့်ကြပါတယ် အမေ့ရဲ့မေတ္တာပန်းကလေးက လှလည်းလှမွှေးလည်းမွှေးလို့မို့တစ်ခြား
တစ်ခြားသောပန်းကလေးတွေထက်သာလွန်မြငိ့မြတ်တဲ့ တကယ့်တော်ဝင်ပန်းကလေးမို့
အမေ့ကိုဂုဏ်ပြုသောအားဖြင့်ကျေးဇူးတရားတွေကိုသိသောအားဖြင့်
မေတ္တာတရားတွေကိုနားလည်သောအားဖြင့်အမေ့ရဲ့မေတ္တာပန်းကလေးကိုပန်ထားသင့်ပါတယ်။။။
**************************************************

တစ်ချို့သောသားသမီးတွေကအမေနဲ့အနီးကပ်နေရလေတော့ အမေ့ရဲ့ကြီးမား
လှတဲ့တန်မေတ္တာတန်ဘိုးကိုမသိကြဘူးလေ။။ကျွန်ုပ်ကတော့အမေနဲ့ဝေးနေခဲ့ရတော့
တကယ့်မေတ္တာရှင်ဖြစ်တဲ့အမေ့ကိုအချိန်ရှိသမျှ သတိရ တမ်းတနေခဲ့ရသူပါ အမေနဲ့ဝေးနေရတဲ့ကျွန်ုပ်က
အမေ့ကိုသတိရလို့ ငိုခဲ့ရတဲ့မျက်ရည် ပူဆွေးရတဲ့သောကတွေဖြင့်မနည်းတော့ပါဘူးလေ။
အမေကလောကမှာ
ငါ့သမီးကအလှဆုံးအချောဆုံးလို့ပြောခဲ့တဲ့စကားသံလေးကိုကြားယောင်မိတိုင်း
လွမ်းမျက်ရည်ဘယ်ညာဝိုင်းလို့ အတိုင်းမသိဝမ်းနည်းမိပါတယ်အမေ--ရယ်။

အခြေအနေမပေးလို့အမေနဲ့ဝေးခဲ့ရတယ်ဆိုပေမယ့် ခွဲခွါချင်လို့ ခွဲခွါခဲ့ရတာမှ
မဟုတ်ပဲအမေရယ်----မလွှဲသာလို့ခွဲခွါခဲ့ရတယ်ဆိုပေမယ့်
အမေ့ရဲ့ကြီးမားတဲ့ကျေးဇူးတရားတွေ တုနှိုင်းမရ
တဲ့မေတ္တာတရားတွေကို မသိလို့ကျောခိုင်းခဲ့တာမှမဟုတ်ပဲ အမေ--ရယ်။
ဒီကမ္ဘာလောကကြီးထဲမှာ သိပ်လှပါတယ်သိပ်ချောပါတယ် ပြောတဲ့ အမျိုးသမီးတွေရဲ့အလှကတော့
အမေ့ရဲ့မေတ္တာအလှကလေးကို မမီပါဘူးအမေ-------။
****************************************************************
အမေသာ ဒီကမ္ဘာလောကကြီးထဲမှာ အလှဆုံး အချောဆုံးပါ
အမျိုးသမီးတွေထဲမှာတော့ အမေဟာ မေတ္တာအလှဘုရင်မတစ်ပါးပါအမေ--------။
အမေရယ်-----ဒီဘ၀မှာ သမီးနဲ့အမေဟာ မမျှော်လင့်ပဲကံဧည့်သည်အဖြစ်နဲ့ ကြုံခဲ့ဆုံခဲ့ကြတယ်ဆိုရင်
ဖြစ်လေရာဘ၀တိုင်းမှာအမေရယ်-------အေးမြတဲ့ အမေ့ရဲ့ရင်ခွင်ထဲမှာ
ကံဧည့်သည်အဖြစ်နဲ့ နောက်ထပ်တစ်ဖန်လာလည်ခွင့်ပြုပါလား အမေ--------။
အမေ----မြင့်မိုရ်တောင်ကြီးကဘယ်လောက်ပဲ မြင့်တယ်ပြောပြော
အမေရဲ့ကြီးမားတဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ မြင့်မိုရ်တောင်ကြီးက လိုက်လို့မမီ
အလိုလိုနိမ့်ကျသွားတယ်အမေ။ စင်္ကြာဝဠာတစ်ခုလုံးမှာရှိတဲ့ကြယ်ကလေးတွေကလည်းဘယ်လိုပင်များများ အမေ့ရဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့ဘာဆိုဘာမျှမပြောပလောက်အောင်ကို
အလိုလိုနည်းသွားခဲ့ရပြီလေ၊ကမ္ဘာမြေပြင်တစ်ခုလုံးမှာရှိတဲ့သစ်ပင်တွေကလည်းများလိုက်ပါဘိ
-ဒါပေမယ့်အမေ့ရဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့
အဲဒီသစ်ပင်လေးတွေကလိုက်လို့မမီပြန်ဘူး အမေ။
******************************************************

မြစ်၊ချောင်း၊အင်း၊အိုင်၊ပင်လယ်၊သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကလည်းခပ်လို့ဖြင့်မကုန်နိုင်
များပြားလှတဲ့ရေတွေနဲ့ပြည့်နေပေမယ့်အမေ့ရဲ့ကြီးမားလှတဲ့ကျေးဇူးတရားတွေနဲ့နှိုင်းဆလိုက်ပြန်တော
့လည်း အဲဒီရေတွေက ကောင်းကင်ကနေကျလာတဲ့မိုးစက်မိုးပေါက်ကလေးလောက်သာရှိတော့တယ်အမေ----
**ပြိုင်လာတိုင်းအနိုင်ရ
နှိုင်းဆလို့ဖြင့်ဘယ်မမြင်
ကျေးဇူးဂုဏ်အင်တွေ

ကြီးမားတဲ့ မေတ္တာဓာတ်တွေ
ပြည့်ဝနေတဲ့ အမေ့ရဲ့ရင်ခွင်ထဲမှာ

ကံဧည့်သည်အဖြစ်နဲ့
နောက်တစ်ခါလာလည်ဦးမယ်ဆိုလည်း
ကြည်ဖြူစွာနဲ့လက်ခံပေးမှာက အမေပါ-





အမေအားလုံးကျန်းမာပါစေ

အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

♥♥♥ချစ်သူဆီ....ချစ်သ၀ဏ်လွှာလေးပါးလိုက်တယ်♥♥♥


ချစ်ရသူရေ......
ချစ်သူမြို့တော်လေးမှာ..သူငါအပြိုင်.
.ကိုယ်ချစ်ရသူကိုဘယလိုချစ်ကြောင်း.
.ချစ်သူလေးကကိုယ့်ဘ၀အတွက်
ဘယ်လိုအရေးပါးကြောင်းရေးထားလိုက်ကြတာ...
အို..ချစ်ခြင်းတွေပြည့်နေပါရောလေ....
ချစ်သူရေ....ရှင်းလည်းလေ..ချစ်ရသူလေးအတွက်..ချစ်သ၀ဏ်လွှာလေးတစောင်ပေးလိုက်ချင်ပါရဲ့
.စာပန်းချီတွေရေးဖွဲ့လို့တောင်မကုန်နိုင်အောင်ပါပဲ..ချစ်ရသူရေ


အချစ်ကိုလူတွေကဘယ်လိုပင်ဖွဲ့ဖွှဲ.....တို့နှစ်ယောက်အချစ်က....နယ်မြေတွေခြားပေးမယ့်.
..တို့နှစ်ယောက်ကိုဆက်သွယ်ပေးတဲ့..
ဟောဒီ.....လေလှိုင်းလေးရှိတယ်လေ....
လေလှိုင်းလေးကတောင်တို့နှစ်ယောက်ကိုသ၀န်တိုနေကြပြီ..ချစ်ရသူရေ....
ကွန်ပျူတာလေးကတောင်...ကြည့်မရဖြစ်နေပြီ....
ဘ၀တခု..ရည်မှန်းချက်တခုကြောင့်သာ...ဝေးနေရပေမယ့်...တို့နှစ်ယောက်နှစ်လုံးသားက..နီးနေပါတယ်ချစ်သူ။


ချစ်သူရေ...တို့နှစ်ယောက်သစ္စာတွေခိုင်မြဲစို့နော်...
ချစ်သူရေ...
ရှင်းရဲ့ဆန္ဒကလေ....ကိုယ်ချစ်သူကိုပဲတဘ၀လုံးချစ်ချင်တယ်..
.ချစ်သူဆိုတာ..ရင်ထဲကအချစ်စစ်၊အချစ်မှန်၊
မြတ်နိုးတွယ်တာမူတွေနဲ့နားလည်မူ..သံယောဇဉ်ကိုအခြေခံပြီးတည်ဆောက်ခဲ့ပြီမှ
ချစ်သူဆိုတာဖြစ်လာခဲ့တာနော်...
ချစ်သူရယ်ဖြစ်လာပြီဆို....ကိုယ်ဘ၀လက်တွဲဖေါ်အဖြစ်သတ်မှတ်လိုက်ပြီဆိုမှတော့ဘ၀အတွက်
ရည်ရွယ်ချက်ရှိလာပြီအနာဂတ်ရှိလာပြီ  ကိုယ်ချစ်သူပေါင်းဖတ်ဖို့ဆန္ဒတွေရှိလာပြီ
ချစ်သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘ၀အတွက်
ရှေ့ဆက်ဘာပြင်ဆင်ကြမှာလဲဘယ်လိုနေမှာလဲအများကြီးပေါ့
ချစ်သူကအလုပ်တွေများလိုမေ့နေရင်တောင်စိုးရိမ်ပူပန်မူအပြည့်ပေါ့အဲလိုအချိန်မှာ
ချစ်သူကများအဆက်ဖြတ်သွားရင်တော့
ရှင်းအနာဂတ်ပျောက်သွားနိုင်တယ်၊စိတ်ကူးအိမ်မက်တွေပျက်ယွင်းသွားလိမ့်မယ်ချစ်သူရယ်


ချစ်သူမှာလှတာမလှတာမရှိဘူး၊ဂုဏ်မရှိဘူး၊ပြိုင်ဆိုင်မူမရှိဘူး၊မာန်မာနကင်းမဲ့တယ်
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်၊သစ္စာခိုင်မြဲကြတယ်
အချစ်အတ္တလည်းမရှိဘူးချစ်သူ့ကိုချစ်နေရရင်ပဲကျေနပ်ပါတယ်...ချစ်သူ်
ကိုယ်ကချစ်သလိုကိုယ်ချစ်သူကဂရုစိုက်တာ၊ကြင်နာတာ၊မြတ်နိုးမူရချင်တယ်
ဒါမိန်းကလေးတွေသဘာဝလေ
ချစ်သူကိုလည်းပြန်ချစ်စေချင်တယ်ကိုယ်ချစ်သလောက်ပေါ့....
သံယောဇဉ်တေ၊ွမေတ္တာတွေ၊တွယ်တာမူတွေ၊တမ်းတမူတွေ၊သတိရမူတွေ၊
လွမ်းဆွတ်တွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
ချစ်သူအတွက်အရာရာကိုရင်ဆိုင်ရဲလာတယ်
မိဘတွေကချစ်သူကိုမတွေဖိုတားရင်တောင်အမျိုးမျိုးအကြောင်းပြချက်နဲ့ချစ်သူကိုတွေချင်တယ်
အမှားတခုခုလုပ်ခဲ့ရင်တောင်ခွင့်လွှတ်နိုင်တယ်.....ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့


ချစ်သူကိုပျော်ရွင်မူတွေပေးချင်တယ်
ချစ်သူနဲ့တွေ့ရင်....ရင်တွေခုန်နေတာမိတာပေါ့ချစ်သူရယ်....
ချစ်သူရယ်....
ရှင်းကလေ..ချစ်သူအတွက်ပထမဆုံးချစ်သူမဟုတ်ခဲ့ရင်တောင်...နောက်ဆုံးချစ်သူဖြစ်ပါစေရှင်။
ချစ်သူအတွက်
ချစ်သူဆိုဒ်လေးတဆင့်
ချစ်သ၀ဏ်လွှာလေးပါးလိုက်တယ်။
ချစ်သူတိုင်းအတွက်မျှော်လင့်ချက်မနက်ဖန်တိုင်းကရှင်သန်နေမှာပါ
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ

****ကျေးဇူးမဆပ်နိုင်ရင်နေ...ကျေးဇူးမကန်းစေနဲ့သားရေ*****

"သာထက်..သာထက်..ဟဲ့….သြော်.
.ဒီကောင်လေးဘယ်ချောင်မှာအလေလိုက်နေလည်း..နာမည်ကသာသာထက်တဲ့..လူကတုံးသလားမေးနဲ့"

ကျွန်တော့်မိထွေးအသံကြားကြားချင်းကျွန်တော်ပြေးထွက်လာမိတယ်။

မိထွေးကမထင်ရင်.. မထင်သလိုရိုက်တဲ့အပြင်..ဖေဖေကိုလည်းတိုင်တယ်။

ဖေဖေကကျွန်တော်ကိုရိုက်တယ်။

"ဗျာ..အမေလေး"

"ဗျာ..လုပ်နေနဲ့..မထုံတတ်သေးနဲ့..တိုင်ကီမှာ..ရေမရှိတာမမြင်ဘူးလား..ဘာလုပ်နေလည်း...

သွားရေသွားထည့်စမ်း..စာကျက်တယ်စာကျက်တယ်နဲ့...အလုပ်ကိုမလုပ်ချင်ဘူး.."

"ကျွန်တော်စာမေးပွဲရှိလို့ပါအမေလေး"

"အော်..ဒါဆိုငါကထည့်ရမယ်ပေါ့..."

"ကိုကိုရှိတာပဲ..ဟိုမှာကိုကိုအိပ်နေတယ်.."

"ဘာနင်ကငါကို..ပြန်ပြောတယ်.အကိုကိုလည်းခို်င်းတယ်..ငါလုပ်လိုက်၊ရသေတော့မယ်..သွားစမ်း"

ကျွန်တော်ဘာတတ်နိုင်မှာလည်း..ကျွန်တော်ဘ၀မှာ..အားကိုးစရာအမေလည်းမရှိတော့ဘူး။

ဖေဖေကလည်းမိထွေးကိုကြောက်ရတယ်။ ကျွန်တော်ကိုပဲဆူတယ်။
တစ်ခုခုဆို..ဖေဖေကအရင်ကတော့..မီးရထားရုံးမှာစာရေးပါ။
ခုတော့.အရက်သမားဖြစ်နေတယ်လေ...အလုပ်ကလုပ်လိုက်မလုပ်နဲ့
ကျွန်တော်မိထွေးကအပြောဆိုးတာနဲ့..သူသားကိုချစ်တာရယ်..ဒါပဲရှိပါတယ်။
ကျွန်တော်ကိုကျောင်းတော့ထားပေးပါတယ်...အမေလေးကမုန့်ဟင်းခါးရောင်းတယ်။
ကိုကိုလင်းထက်ကတော့...ဘာမှမလုပ်ဘူး....တစ်လမှာ(၁၅)ရက်လောက်လုပ်တယ်
15ရက်မလုပ် အမေလေးဆီလက်ဖြန့်တောင်း...ကိုကိုနဲ့ကျွန်တော်က..10နှစ်ကွာတယ်လေ။

အမေလေးရဲ့ကျေးဇူးကြောင့်...မေမေဆုံးပြီးပေမယ့်လည်း...ကျွန်တော်ကျောင်းဆက်တက်ခွင့်ရခဲ့ပါတယ်။
ကျွန်တော်ခု..10တန်းတတ်နေတာပါ။ကိုကိုကတော့ဆယ်တန်းတစ်ဘုန်းဘုန်းကျလို့
ကျောင်းမတတ်ဖြစ်တော့ဘူးလေ။အမေလေးကိုကျောင်းမသွားခင်ကူ..ကျောင်းသွား..
အမေလေးကိုတခါတလေစိတ်ဆိုးမိတယ်။
ကျွန်တော်ချည်းပဲခိုင်းနေတယ်။ ကိုကိုကျမခိုင်းတော့ စိတ်ဆိုးမိတယ်။

ဖေဖေကလည်းကျွန်တော်ကိုပဲဆူတယ်။
ဖေဖေကကျွန်တော်စိတ်ကိုသိလိုလားမသိဘူး..ဆုံးမခဲ့ပါတယ်။
"သားလေး..အမေလေးကိုစိတ်မဆိုးရဘူးနော်..သူကျောင်းထားပေးလို..သားကျောင်းတတ်နေရတာ။
သူကျေးဇူးသားအပေါ်များကြီးရှိတယ်သား၊
ကျေးဇူးဆိုတာမဆပ်နိုင်ရင်နေ...ကျေးဇူးမကန်းစေနဲ့နော်။
ဖေဖေကိုလည်းစိတ်မဆိုးပါနဲ့သားရယ်၊ သားကိုဆူချင်လို့မဟုတ်ပါဘူး။
ဖေဖေဆူလိုက်တော့..သူများမဆုတော့ဘူးပေါ့၊ သားလေးကလိမ္မာပါတယ်နော်"

ဖေဖေပြောရင်မျက်ရည်တွေကျလာတယ်။ ကျွန်တော်လေ..ဖေဖေကိုတအံ့တသြကြည့်မိတယ်။
မေမေဆုံးတုန်းကတခါ...ငိုတယ်...ခုတခါငိုတယ်။ သြော်….ဖေဖေရယ်…

"ကျွန်တော်ကြိုးစားပါမယ်ဖေဖေ..ဖေဖေအားကိုးရတဲ့သားတယောက်ဖြစ်အောင်သားကြိုးစားပါမယ်။
အမေလေးကိုလည်းစိတ်မဆိုးပါဘူး။ မေလေးကျေးဇူးကိုလည်းဆပ်နိုင်အောင်ကြိုးစားပါမယ်"

အားလုံးကိုလေးစားချစ်ခင်လျှက်
ကြိုးစားပါဦးမည်
ရှင်းသန့်မေ

***♥♥♥အွန်လိုင်းချစ်သူ♥♥♥***



ချစ်သူမြို့တော်လေးကိုအကြောင်းပြုပြီး…အွန်လိုင်းအချစ်ဇာတ်လမ်းလေးတပုဒ်ဖြစ်လာခဲ့တယ်။
တွေဆုံပုံက..ဒီလို..ချက်ရွန်းထဲမှာပေါ့ သူနဲ့ဆုံစည်းပုံလေးက
သူဆိုတဲ့ကောင်လေးက မအူမလည်လေးလေခုမှချက်ရွန်းထဲဝင်ဘူးတာ
ဟဲဟဲ….ရှင်းကတော့ချက်ရွန်းသူလေးပေါ့ …ဆရာမကြီးလေ…ခိခိ
သူကရှင်းကို
သူ-  ဟိုင်း ရှင်းသန့်မေခင်ဗျ
 ရှင်း-  ဟိုင်း သူငယ်ချင်း
သူ- မင်္ဂလာပါခင်ဗျ
ရှင်း- မင်္ဂလာပါရှင့်
သူ-နေကောင်းလား
ရှင်း-နေကောင်းပါတယ်ရှင့်
သူ-ဟုတ်ကဲ့ ကျတော်က အခုမှစ၀င်တာပါ ဒီဆိုဒ်ကို
ကျတော်နဲ့စကားပြောပေးလို့ကျေးဇူးနော်။
ရှင်း-ဟုတ်ကဲ့ရှင်းတို့ချစ်သူမြို့တော်လေးကလည်း
သူငယ်ချင်းကိုကြိုဆိုပါတယ်ရှင်။
သူ-ဟုတ်ကျေးဇူးတင်ပါတယ်..ဒါနဲ့ ရှင်းလိုခေါ်မယ်နော်ရလား
ရှင်း-ဟုတ်ရပါတယ်အားလုံးကအဲလိုပဲခေါ်ပါတယ်
သူ-ကျေးဇူးပါ ကျတော်ကမလေးကပါ
ရှင်းကကော
ရှင်း-ရှင်းကရန်ကုန်ကပါ
သူ-ရှင်းကဘာလုပ်တာလည်း ဒီိဆိုဒ်ဝင်တာကြာပီးလား ရန်ကုန်မှာဘာလုပ်လည်း
ရှင်း-အယ်…မေးတာကလည်းများလိုက်တာ ဘာကစဖြေရမှာလည်း
သူ-အဟိ (ရှက်ရယ်ရယ်သံ)
ရှင်း-ကဲတခုချင်းဖြေမယ် နော် ခုမှအင်တာဗျုးနဲ့လာတိုးနေတယ် 
သူ- 
ရှင်း-ရှင်းကဆရာမလုပ်တယ်။
ဒီိဆိုဒ်မှာတော့ ကဗျာဆရာမလေး ခစ်ခစ်
(ကိုယ်ဘာသာသတ်မှတ်တာ ကဗျာရူးနေတာလေ)
သူ-အော် ..တော်တာပေါ့ ကျတော်ကမလေးမှာအလုပ်လုပ်တယ် ကုမ္မဏီတခုမှာ
သီချင်းဆိုချင်လွန်းလို သီချင်းတွေလေ့ကျင်တယ်(အဆိုတော်ရူးပေါ့)
ရှင်း-အော်….ကောင်းတာပေါ့ဖြစ်ချင်တာကြိုးစားရင်ဖြစ်နိုင်တာပေါ့
ကြိုးစားဖို့ပဲလိုတယ်(ဆရာကြီးလေသံနဲ့)
သူ-
အဲလိုနဲ့ ချက်ရင်းချက်ရင်းပိုရင်းနှီးလာတယ် မေလ်းတွေဖလှယ်ဖြစ်သွားကော..
အဲလိုနဲ့သံယောဇဉ်ခိုင်မာလာတယ်။
သူအတွက်ရှင်းက သီချင်းရေးပေးလိုက်တယ် မတတ်တခေါက်လေးပါ
သီချင်းနာမည် က…..
"ကြွေပါစေ"တဲ့
ဟိဟိ သိတယ်နော် ဇော်ပိုင်ဆိုထားတာလေ…
သူကအရမ်းကြိုက်သွားကောအဲလိုနဲ့သူအတွက် သီချင်းတွေများစွာသီကုံးရင်းနဲ့
သူကိုချစ်မိသွားတယ် သူကတော့
 သူဂီတသူအလုပ်လောက်ပဲသူကစိတ်ဝင်စားတာလေ….
တနေ့မှာတော့ သူ ပြန်လာတောမယ် ရန်ကုန်ကိုပြောတော့ရှင်းပြောလိုက်တာ
….ရင်တွေလည်းအရမ်းခုန်နေတာပေါ့နော် ……
သူ-ရှင်းကိုယ်ရန်ကုန်လာတောမယ်မေမေကလှမ်းခေါ်နေပြီ အလုပ်ကလည်း စာချုပ်သက်တမ်းပြည့်ပြီ
ရှင်း-ဟုတ်လား ဒါဆိုပျော်စရာကြီးပေါ့ပြန်လာရင် သူအတွက်သီချင်းလက်ဆောင်များကြီးပေးမယ်
သူ-အင်းဆိုမယ်လေ ခုတောင်ရှင်းပေးထားတဲ့
သီချင်းတွေအသံသွင်းထားတာပို့လိုက်တယ်ပရိုဂျုဆာသူငယ်ချင်းတယောက်ဆီ
ရှင်း-ဟုတ်လားကောင်းတာပေါ့ အောင်မြင်ပါစေ သူရယ်
အဲလိုနဲ့သူလည်း ပြောပြီးပျောက်သွားလိုက်တာ ခုထိ ကို အွန်လိုင်းကနေပျောက်သွားတာပါပဲ …..
သူဆိုတဲ့သူကို သူငယ်ချင်းသံယောဇဉ်ကနေ အချစ်သံယောဇဉ်ပါသွားမိတယ်
အော် …တဘက်သက်ချစ်မိသူရှင်းမှာတော့….အဝေးရောက်နေသူတယောက်ရောက်ရာအရပ်မှာ
ကျန်းမာပါစေဆုတောင်းရင်း……မျှော်လင့်နေတာပေါ့

………………………………………………………………………………………………………………………..
သူဆိုတဲ့သူကို..
သိပ်မကြာပါဘူး နောက်လေးလလောက်လည်းနေကော သူဆိုတဲ့သူနဲ့
ပြန်လည်ဆုံစည်းခဲ့တယ်လေ
သူကအွန်လိုင်းပေါ်တတ်လာခဲ့တယ်လေ ရှင်းမထင်မှတ်ထားခဲ့ပါဘူး အဲဒီနေ့က
 မှတ်မှတ်ရရ ဒီဇင်ဘာလအစ1ရက်နေ့ပေါ့
သူ- ရှင်းလေး
ရှင်း- :O
သူ-ရှင်းလေးနေကောင်းလား
ရှင်း-ဟုတ် …ဟုတ်ကောင်းပါတယ်
သူကောနေကောင်းလား
သူ-အင်းကောင်းပါတယ် ကိုယ်ရန်ကုန်ရောက်နေတာကြာပီ စီးပွားရေးတွေလုံးပန်းနေလို့
အွန်လိုင်းလည်းမသုံးဖြစ်တောလို့လေ
ရှင်း-အော်ဟုတ်လား ဒါဆိုသီချင်းမဆိုဖြစ်တော့ဘူးလား
သူ-အင်း မဆိုဖြစ်တောဘူး စီးပွားရေပဲလုံးပန်းတောမယ်
ရှင်း-အော်ကောင်းပါတယ် ကြိုးစားပေါ့ စီးပွားရေသမားဖြစ်အောင်
သူ-အင်းရှင်းကိုတွေလို့နှုတ်ဆက်လိုက်တာ ရှင်းကို သတိရနေတာ
ရှင်း-အင်းရှင်းသတိရတာပါ ရုတ်တရက်ပျောက်သွားတော့ဘာများဖြစ်လည်းလို့လေ
သူ-ရှင်းကိုပြောတယ်လေရန်ကုန်ပြန်လာမယ်လိုရက်အတိအကျသာမပြောတာလေ
ရှင်း -အင်း ရှင်းလည်း ထင်တော့ထင်ပါတယ်လေ အွန်လိုင်းမှာမတွေတော့စိတ်ပူသွားတာ
သူ-အင်းစိတ်ပူနဲ့နော် ရှင်းကိုကိုယ်လာတွေ့မယ်
ကိုယ်ဖုန်းနံပါတ်ယူထားလိုက်လေရှင်းဖုန်းနံပါတ်လည်းပေးလေ
တို့တွေတွေ့တာပေါ့ ရှင်းအတွက်လက်ဆောင်ပါလာတယ် ရှင်းနဲ့တွေ့မှပေးမယ် လို့ သိမ်းထားတယ်
ရှင်း-ရှင်းကိုသတိရပေးလို ကျေးဇူးနော် (စိတ်ထဲမှာတော့အရမ်းပျော်သွားတာပေါ့
ရှင်းချစ်မိသူကရှင်းကိုမမေ့လိုလေ)
သူ-ကိုယ့်ဖုန်းနံပါတ် က (0943-******)မှတ်ထားလို်က်နော်
ရှင်း-အင်း ရှင်းဖုန်းက C/O (01-******)ဆက်လိုက်လေ မနက်ပိုင်းဆိုအိမ်မှာရှိတယ်
သူ-အင်းကိုယ်ဆက်လိုက်မယ်နော် ကိုယ်အခု နယ်ရောက်နေလိုလေ ကိုယ်ပြန်လာရင်
ဆက်လိုက်မယ်နော်
ရှင်း-ဟုတ်ကဲ့ ဒီဇင်ဘာ 24ရက်နေ့မှာချစ်သူ မြို့တော် အတွက်မန်ဘာတွေဆုံပွဲရှိတယ် လာခဲ့ပါလား
သူ-အင်းကိုယ်ရန်ကုန်မှာရှိရင်လာခဲ့မယ်လေ
ရှင်း-ဟုတ်သီချင်းဆိုပေးပါလား အမှတ်တရအဖြစ်
သူ-ကိုယ်ကြိုးစားကြည့်မယ်လေ
ရှင်း-အင်းမျှော်နေမယ်နော်
သူ-ရှင်းကိုယ်အောက်တော့မယ်နော် ကိုယ်ဖုန်းဆက်လိုက်မယ် ဒီကြားထဲ
တာတာ
ရှင်းလေးပျော်ရွှင်ပါစေနော် ။
ရှင်း- သူလည်းတူတူပဲနော်။
အဲလိုနဲ သူအောက်သွားခဲ့တယ် ရှင်းလေး သူနဲ့ပြန်တွေ့လို့အရမ်းပြောတာပဲလေ သူက မြို့တော်မှာ
လူချစ်လူခင်အရမ်းများတယ်ရှင်းမနာလိုတောင်ဖြစ်မိတဲ့အထိပဲလေမချက်တတ်တုန်းကတော့
ရှင်းကိုဆရာတင်ခဲ့တယ်နောက်ပိုင်းကျသူကို….လူချစ်လူခင်ပေါလာခဲ့တယ်
…..သူကိုမိန်းကလေးတွေကခင်သလို
ယောကျာ်းလေးတွေကအရမ်းခင်တယ်… သူပျောက်သွားခဲ့မယ့်လည်း …..သူကို သတိရကြတဲ့အထိလေ
အော် ..သူငယ်ချင်းဆိုတာ လည်း အမှတ်ရစရာတခုတည်းမှာအပါအ၀င်ပါပဲလေ ..
………………………………………………………………………………………………………………

အဲလိုနဲ့ တပတ်လောက်မှာသူကဖုန်းဆက်လာခဲ့တယ် ရှင်းအားလားတဲ့ 
ကိုယ်တို့တွေရအောင်တဲ့နဂိုတည်းက
တွေချင်နေတာ လေရှင်းကသူကို အားတယ်ပေါ့ (အဟိမိန်းမဈေးကျလိုက်တာနော် မူတောင်မူဘူး အဟိ)
အဲလိုနဲ့ ဒီဇင်ဘာ 8ရက်နေ့ညနေ့မှာ သူနဲ့  J Donut ဆိုင်မှာတွေခဲ့တယ်
သူကိုလည်းရှင်းကတွေ့ဘူးတယ်
ရှင်းကလည်း သူကိုတွေ့ဘူးတယ်လေ အော် …ပြောဖို့မေ့လို့နော်
် (ရှင်းတို့က vzo ချက်တာတော့ဟုတ်ဘူးတယောက်ဓါတ်ပုံတယောက်ဖလှယ်ကြတာလေ )
ဆိုင်မှာတွေ့တော့သူကအရင်ရောက်နေခဲ့လေ သူကဆိုင်မှာထိုင်စောင့်နေခဲ့တယ်
ရှင်းကိုလည်းတွေ့ရော်
" ရှင်း " ဘာသောက်မလည်း
"ice coffee " ပဲသောက်မယ်လေ
"အိုကေ ခဏနော် ကို သွားမှာလိုက်မယ်"
သူအအေးသွားမှာချိန် သူကို လိုက်ကြည့်မိတယ် ရှင်းရင်တွေခုန်နေမိတာပေါ့နော်
သူပြန်အလာ မသိသလိုနဲ့ဟိုဘက်လှည့်နေလိုက်တယ် ဟိဟိ
"ရှင်း " ဘာငေးနေတာလည်း
"ဘာမှမဟုတ်ပါဘူး ဟိုတွေး ဒီတွေးပါပဲ"
"အော်..ရှင်း ဘယ်အချိန်စာသွားသင်ရတာလည်း "
နေ့လည်လေ ဒီနေ့ကပိတ်လို့လေ စနေ တနင်္ဂနွေဆိုသင်ဘူး
"အော် ..နားနေတာပေါ့ ဒါဆို "
"အင်း…..အော်လာခဲ့နော် 24ရက်နေ့ သီချင်းဆိုပေးရမယ် ရှင်းအတွက်လက်ဆောင်အဖြစ်"
"အင်းပါ လာခဲ့မယ်နော် "
"ဟုတ် ရှင်းဒါဆိုပြန်လိုက်ဦးမယ် နော် "
"အင်း သွားလေကိုယ်လိုက်ပို့မယ် "
"ဟုတ်"
အဲဒါနဲ့ သူနဲ့ရှင်း ဆိုင် ကနေ ထွက်လာပြီး သူကရှင်းကို အိမ်လိုက်ပို့ခဲ့တယ်လေ
သူလမ်းထိပ်မှာချပေးပြိး
"ရှင်း ..ကိုယ်ပြန်ပီ တာတာနော် ကိုယ်လာခဲ့မယ် 24ရက် "
"ဟုတ် ဖုန်းဆက်လိုက်လေ တရက်အလို "
အဲလိုနဲ့ သူပြန်သွားခဲ့တယ် လေ
ကြားထဲမှာသူကဖုန်းတခေါက် ဆက်တယ် သူ နယ် အလုပ် ကိစ္စနဲ့နယ်သွားမလို့ အမှီပြန်လာမယ်

24ရက်နေ့မှာ…သူဆက်ဆက်လာခဲ့ပါတယ်..ရှင်းအတွက်ပန်းစည်းလေးတစ်စည်းရယ်…
မွေးပွရုပ်ကြီးကြီး…တရုပ်ရယ်..လက်ဆောင်အဖြစ်ပေးတော့…ရှင်းကဖတ်ထားလိုက်မိတယ်…
သူက…နားနားကပ်ပြီး…ဟေ့သိပ်မဖတ်နဲ့..ကိုယ်မနာလိုဘူးနော်….
ကိုနဲ့အရုပ်နဲရန်သူဖြစ်တောမှာပဲဆိုပြီးတိုးတိုးလေး…..ချစ်တယ်ပြောသွားခဲ့တယ်
.ရှင်းအကြား ချင်ဆုံးစကားလေးပါပဲ

"ရှင်းလေးရယ်…ချစ်တယ်တဲ့"

အွန်လိုင်းချစ်သူရယ်….ခုတော့အပြင်မှာ…တကယ်ချစ်ခွင့်ရခဲ့ပြီနော်……
 

 
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ
အွန်လိုင်းချစ်သူများသန့်စင်တဲ့ချစ်ခြင်းနဲ့ချစ်နိုင်ကြပါစေ
လိမ်ညာတဲ့ချစ်ခြင်းနဲ့ကင်းဝေးပါစေ
အွန်လိုင်းအချစ်ဆိုတာယုံရလားဆိုတာတော့
လူနှစ်ယောက်လုံးပေါ်မူတည်ပါတယ်လို့ထင်ပါတယ်
ကြိုးစားပါဦးမည်။